အပိုင်း ၁၉၃
Viewers 29k

Chapter 193


"ဟယ်လို...ရှောင်ရှင်း.... မာမားကိုလွမ်းနေပြီလား..."


 ရှအန်း အိပ်ယာပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ရင်းနှီးသောလေသံဖြင့်ပြောလိုက်သည်။


အခြားတစ်ဖက်မှ ကောင်လေးက ပျော်ရွှင်နေသောအသံဖြင့်ပြောလာသည်။

 " ဟုတ်ကဲ့....ရှောင်ရှင်း မာမားကိုလွမ်းနေပြီ....ဘယ်အချိန်ပြန်လာမှာလဲဟင်...."


"မာမား မနက်ဖြန်ညလောက် ပြန်လာခဲ့မယ်...."


"ဒါဆို...သား လေဆိပ်ကို လာကြိုလိုက်မယ်...."


"သား လာကြိုစရာမလိုဘူး.... အိမ်မှာ ရှောင်ချန်းနဲ့ ကောင်းကောင်းနေပြီး မာမားကိုစောင့်နေနော်......"  

ရှအန်းက အပြုံးလေးဖြင့်ပြောလိုက်သည်။


မကြာမီ..ကုရှုမော့၏အသံက ဖုန်းထဲတွင်ပေါ်လာခဲ့သည်။ ကုရှုမော့က ဖုန်းကို မကိုင်ရ၍ ရှအန်းနှင့် ဆက်သွယ်ရန် အော်၍ပြောနေရခြင်းမှာ သိသာသည်။


"မမနတ်သမီး...ရှောင်ရှင်းနဲ့  သား မနက်ဖြန် လေဆိပ်ကို လာကြိုမယ်....ရှောင်ရှင်းနဲ့ သား ဒီရက်တွေမှာ မမကို အရမ်းသတိရနေတာ....မမပြန်မလာဘူးဆိုရင် ရှောင်ရှင်းနဲ့သား ပဲရစ် ကိုလိုက်လာမှာနော်...."


"မင်း ဘေးဖယ်စမ်းပါ....ငါ မာမားနဲ့ ပြောနေတာ မနှောင့်ယှက်နဲ့...."


"မလုပ်နဲ့...မလုပ်နဲ့...မလုပ်နဲ့ ...ခဏလေး..."


ရှောင်ရှင်းချန်၏ ဒေါသထွက်နေပုံနှင့် ကုရှုမော့၏အော်ဟစ်သံများက ရှအန်းကို ရယ်စေခဲ့သည်။


ထိုကလေးနှစ်ယောက်က အလွန်ချစ်ဖို့ကောင်းသည်။ ငွေအတွက် ကုရှုမော့ကိုခေါ်ထားလိုက်သည့်ဆုံးဖြတ်ချက်က အလွန်မှန်ခဲ့သည်။ အခု ဒီကလေးက သူမ၏ဗီလိန်ကို ဆန့်ကျင်မည့်ကောင်လေး လုံးဝဖြစ်လာတော့မှာမဟုတ်ပေ။


ထို့အပြင် သူမ၏ချစ်လှစွာသောသားတွင် ကောင်းသောကစားဖော်တစ်ယောက်ရရှိခဲ့သည်။ သူတို့က ကစားဖော်သူငယ်ချင်းများ ဟုတ်ချင်မှလည်းဟုတ်မည်။


သို့သော် သူမ၏သားသည် ကုရှုမော့နှင့်အတူရှိနေလျှင် ကလေးငယ်တစ်ယောက်ကဲ့သို့ မိုက်မဲစွာ ရန်ဖြစ်တတ်သည်။


"ကောင်းပြီ..နှစ်ယောက်လုံးရန်မဖြစ်နဲ့တော့...မနက်ဖြန်လာကြိုလိုက်....အမထျန်းထျန်းကို လာကြိုမယ့်အချိန်ကို မင်းတို့ကိုပြောခိုင်းလိုက်မယ်....ကောင်းကောင်းနေကြနော်...လာကြိုဖို့ ရန်မဖြစ်ကြနဲ့တော့..."

ဖုန်း၏တစ်ဖက်မှကလေးနှစ်ယောက်က တကယ်ကိုဆူလှသည်။


ရှအန်းသည် ကလေးနှစ်ယောက်နှင့် အချိန်အတော်ကြာစကားပြောပြီးနောက် ကလေးများက ဖုန်းမချချင်သေးသော်လည်း ဖုန်းချခဲ့လိုက်သည်။


ဖုန်းကျသွားပြီးနောက် သူမသည် အရသာရှိသောစားစရာအချို့ကိုမှာခဲ့သည်။ တီဗီကြည့်ရင်း အကုန်စားပြီးသွားသောအခါ သူမသည် ရေချိုးပြီးအိပ်ရန် ‌အစီအစဥ်ဆွဲခဲ့သည်။


ရှအန်းက အိပ်ပျော်သွားခဲ့သည်။ သူမသည် တစ်ပတ်တာဖက်ရှင်ပွဲ၏ဖျော်ဖြေမှုကြောင့် ပြည်တွင်းအင်တာနက်၏အတက်အကျအပြောင်းအလဲများကို မသိခဲ့ပေ။


တကယ်တော့ အရေးအကြီးဆုံးကိစ္စမှာ ရှအန်း၏အေးဂျင့် ရှုထျန်းထျန်းက နောက်ဆုံးတွင် သူမ၏လှုပ်ရှားမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ဤအချိန်တွင် ရှအန်း၏ဖန်များက ပြန်လည်တိုက်ခိုက်မှုကို စတင်ခဲ့သည်။ ၄င်းကို စည်းမျဥ်းများဖြင့်ဖွဲ့စည်းခဲ့သည်။ ရှုထျန်းထျန်း၏ပြန်လည်တိုက်ခိုက်မှုအစီအစဥ်အရ သူတို့သည် နတ်ဘုရားမ၏ အကောင်းဆုံးလက်နက်ဖြစ်လာခဲ့သည်။ သူတို့က နောက်နေ့အတွက် တိုက်ခိုက်ရန်စီအစဥ်ကို ကြိုတင်ဆွဲကာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ခဲ့ကြသည်။


ယခုအချိန်တွင် အခြားသူကိုတိုက်ခိုက်ရန် ပရိတ်သတ်များကိုအသုံးပြုပြီး သူတို့၏ကိုယ်ပိုင်အနုပညာရှင်အား ကာကွယ်ပေးခြင်းသည် အနုပညာရှင်အများစု အသုံးပြုနေသော နည်းလမ်းဖြစ်သည်။ သို့သော်...ထိုနည်လမ်းဟောင်းကြီးသည် ပုပ်သိုးဆွေးမြေ့နေပြီး မည်သူ့ကိုမှလှည့်စားနိုင်မည်မဟုတ်ပေ။လူများက ဤအရာကို တစ်ကြိမ်သာ အသိအမှတ်ပြုသောကြောင့်ဖြစ်သည်။


ရှုထျန်းထျန်းက မိုက်မဲသောအရာကိုလုပ်မည်မဟုတ်ပေ။သူမက ဖြတ်သွားဖြတ်လာတစ်ယောက်အဖြစ် ဟန်ဆောင်ချင်လျှင်တောင် ထိုအရာသည် အသုံးဝင်မည်မဟုတ်ကြောင်း သိခဲ့သည်။


သူမ၏အတော်ဆုံးအချက်သည် ပြည်သူများ၏ထင်မြင်ချက်ကို သူမ၏အလိုအတိုင်း ဆွဲခေါ်နိုင်ပြီး ရှအန်းအား အပုပ်ချခဲ့သော ဆိုက်ဘာစကွက်ကိုလည်း အရူးလုပ်နိုင်ခဲ့သည်။


ရှအန်းက သခင်မလေးတစ်ယောက်ဖြစ်ပြီး သူမ၏နောက်ကွယ်တွင် အလွန်အားကောင်းပြီး ချမ်းသာသည့် စပွန်ဆာရှိသည်။ ထို့ကြောင့် သူမက စျေးကြီးသောညနေခင်းပွဲတက်ဝတ်စုံများ၊ ကျောက်မျက်ရတနာများ၊ ကောင်းသောရုပ်ရှင်များနှင့် ရုပ်မြင်သံကြားအရင်းအမြစ်များတွင် အကုန်အကျခံနိုင်ခြင်းဖြစ်သည်  ဟူသော ပြည်သူများ၏အခြားသော ထင်မြင်ချက်အသစ်များ ပေါ်ထွက်လာခဲ့သည်။


[ရိုးရိုးသားသားပြောရရင်...ရှအန်းက သူမရဲ့နောက်ကွယ်မှာချမ်းသာတဲ့စပွန်ဆာရှိတယ်ဆိုတာ အထောက်အထားမရှိပေမယ့် သူမက သခင်မလေးတစ်ယောက်ဖြစ်နိုင်တယ်.....ဒါက ကိစ္စမရှိပါဘူး...ရှအန်းက ဘယ်လိုလုပ် ဟယ်ရီဝစ်စတန်ရဲ့ brand သံတမန်တစ်ယောက် ဒါမှမဟုတ် brand ကြော်ငြာသူတစ်ယောက် ဖြစ်နိုင်မှာလဲ...... တကယ်တော့ ဟယ်ရီဝစ်စတန်ရဲ့ သံအမတ် ဒါမှမဟုတ် ကြော်ငြာသူကသာ ဟယ်ရီဝစ်စတန်ဆီက ညနေခင်းပွဲတက်ဝတ်စုံ၊ကျောက်မျက်ရတနာ တွေကို ငှားလို့ရမှာလေ...]


ထိုချောဆွဲမှုပေါ်ထွက်လာပြီး မကြာမီ လူအများ၏ ထောက်ခံမှုကိုရရှိခဲ့သည်။ ဆိုက်ဘာစကွက် ကတောင် ထိုဝေဖန်မှုနှင့်ပတ်သက်ပြီး မှန်သည်ဟု ခံစားလာရသည်။ ဟယ်ရီဝစ်စတန်တွင် ဘာသံအမတ်မှ မရှိခဲ့ဘူးသလို ဘာကြော်ငြာမှလည်း မရှိခဲ့ပေ။ ၄င်းသည် အလွန်အရေးပါသော brand တစ်ခုဖြစ်သည်။


ထို့ကြောင့်...ဆိုက်ဘာစကွက်သည် ထိုအချက်က ရှအန်းအား ရိုက်ချရန် အကောင်းဆုံးအချက်ဟု တွေးခဲ့သည်။


သူတို့သည် ရှအန်းက ထိုစျေးကြီးသော ညနေခင်းပွဲတက်ဝတ်စုံများနှင့် ကျောက်မျက်ရတနာများကို ဝယ်နိုင်သည့် ငွေပမာဏရှိပြီး ဟယ်ရီဝစ်စတန်၏ brandသံအမတ်နှင့် ကြော်ညာသူတစ်ယောက်ဖြစ်လာသည်ဆိုတာ မဖြစ်နိုင်ကြောင်းခံစားမိခဲ့သည်။


ထို့ကြောင့် ထိုအချက်များကို ရှေ့တန်းတင်ပြီးနောက် Cyber Squad နှင့်သူမအားဆန့်ကျင်သည့်လူများသည် ရင်ဆိုင်မှုကို စတင်ခဲ့သည်။


[အခုချိန်မှာ ရှအန်းရဲ့ပုံရိပ်ကို ပြန်လည်အဖက်ဆယ်ဖို့တစ်ခုတည်းသော နည်းလမ်းက သူမက ဟယ်ရီဝစ်စတန်ရဲ့သံတမနိဖြစ်လာဖို့ပဲရှိတယ်.... ငါသိချင်တာက ဟယ်ရီဝစ်စတန်မှာ brand သံတမန်ရှိလားဆိုတာပဲ]


[ဟယ်ရီဝစ်စတန်မှာ ဘယ်တုန်းကမှ ဇိမ်ခံပစ္စည်း brand သံတမန်မရှိခဲ့ဖူးဘူး... နိုင်ငံတကာ ထိပ်တန်းအနုပညာရှင်တွေတောင် အဲ့နေရာကို မရနိုင်ကြဘူး... ဒါကို ရှအန်းက ရခဲ့တာလား....]


[ရှအန်းက ဒီတစ်ခါတော့ သေပြီပဲ! သူမက ဘယ်လိုလုပ် ဟယ်ရီဝစ်စတန်ရဲ့ brand သံအမတ် ဖြစ်လာနိုင်မှာလဲ.... ငါ့အထင် သူမမှာ အရမ်းအင်အားကြီးမားတဲ့ ကျောထောက်နောက်ခံရှိရမယ်.... အဲ့လူက တော်တော်ချမ်းသာမယ်....]


[လူတိုင်းက ဘာလို့ဒီအကြောင်းကိုပဲ အာရုံစိုက်နေကြတာလဲငါနားမလည်ဘူး.... အမရှအန်းကို အကောင်းမြင်စိတ်နဲ့ကြည့်သင့်တယ်....သူမက မကောင်းလို့လား.... ဖျော်ဖြေရေးနယ်ပယ်မှာ အနုပညာရှင် အများစုမှာ ချမ်းသာတဲ့စပွန်ဆာဆိုတာရှိတာပဲလေ...]


[ရှအန်းက မနက်ဖြန် ဟယ်ရီဝစ်စတန်ရဲ့ အဆင့်မြင့်ကုန်ပစ္စည်းပြပွဲမှာ ပေါ်လာမလား ငါသိချင်မိတယ်....တကယ်တော့ ဟယ်ရီဝစ်စတန်ရဲ့ ပထမဆုံးထိုင်ခုံတန်းကို ငွေနဲ့ဝယ်လို့မရဘူး...]


[ရှအန်းက ဟယ်ရီဝစ်စတန်ရဲ့ ညနေခင်းပွဲတက်ဝတ်စုံကိုဝတ်နိုင်တယ်ဆိုရင် သူမက ပွဲမှာပေါ်လာမှာပဲလေ....ဒါပေမဲ့  သူမက အရင်တုန်းကလို ပထမတန်းခုံမှာ ထိုင်နိုင်မယ်ဆိုတာတော့ ဟုတ်ချင်မှဟုတ်မယ်...]

[မနက်ဖြန် အထိစောင့်လိုက်ပါဦး...ငါတို့ရှအန်းမျက်နှာကို ရုပ်သံလွှင့်ရင် ကြည့်လို့ရတာပဲ.....ဟေး~]


[ဘာလို့ ပဲရစ်က တစ်ပတ်တာဖက်ရှင်ပွဲမှာ ပြပွဲတွေအများကြီးရှိနေရတာလဲ...အဲ့ဒါ အရမ်းကောင်းတယ်...]


[မနက်ဖြန် ရှအန်းက ပထမဆုံးတန်းမှာ မထိုင်နိုင်ဘူးလို့ ငါလောင်းရဲတယ်...]


[ငါလည်း ရှအန်း ပထမဆုံးတန်းမှာမထိုင်နိုင်ဘူးလို့ လောင်းရဲတယ် +၁]


[......+၂]


အိပ်မက်ကမ္ဘာထဲတွင် အိပ်ပျော်နေသောရှအန်းသည် မနက်ဖြန် သူမ၏အကျည်းတန်မှုကို စောင့်ကြည့်နေကြသော ပြည်တွင်းကွန်ရက်တွင် လူအများအပြားရှိနေသည်ကိုမသိခဲ့ပေ။သူမက အကြောအခြင်များဆန့်ကာ သက်တောင့်သက်သာ အိပ်ပျော်နေခဲ့သည်။


မနက်စောစောတွင် ရှုထျန်းထျန်းက ရှအန်းအား ပြုစုလုပ်ကိုင်ပေးရန် အတင်းဆွဲထူခဲ့ရသည်။ ရှအန်းက သူမ၏ မနက်စာကိုပင် ပြီးဆုံးအောင်မစားနိုင်ခဲ့ပေ။


ရှအန်းက နောက်ဆုံးရှိုးပွဲဖြစ်သော ဟယ်ရီဝစ်စတန်၏ brand ရှိုးအတွက်သွားခဲ့သည်။


တကယ်တော့ ရှုထျန်းထျန်းက ရှအန်းကို  ရှိုးပွဲသို့သွားမည်ဟူသောသတင်းကို အသိမပေးချင်သော အချက်သည် အရေးအကြီးဆုံးဖြစ်သည်။


ထို့ကြောင့် သူမသည် ရှအန်းအား ဟယ်ရီဝစ်စတန်ရှိုးပွဲ၏ အနောက်ဘက်ရှိ သီးသန့်အဝတ်လဲခန်းသို့ ဆွဲခေါ်လာပြီး စတိုင်လစ်ရောက်လာကာ သူမအား ပြင်ဆင်ပေးခဲ့သည်။


ဟယ်ရီဝစ်စတန်၏နောက်ဆုံးရှိုးပွဲအတွက် သူမ၏စတိုင်ပြုပြင်မှုမှာ အချိန်ပိုကြာစေသည်။


သူမ၏မျက်နှာပေါ်တွင်လိမ်းရမည့်မိတ်ကပ်အတွက်သာမက ခန္တာကိုယ်ပေါ်တွင်ဝတ်ရမည့် အဝတ်အစားများက ပို၍အချိန်ယူရသည်။သူမ၏မိတ်ကပ်ပြင်ဆင်မှုက ၃နာရီကြာသည်။နောက်ဆုံးတွင် သူမသည် တစ်ပတ်တာဖက်ရှင်ရှိုးပွဲတွင် ကောင်းကောင်းဖျော်ဖြေနိုင်မည်ဟုခံစားနိုင်လောက်အောင်  အဆင်သင့်ဖြစ်သွားသည်အထိ ပြင်ဆင်မှုက ၄နာရီကြာခဲ့သည်။


ဘယ်လောက်တောင်ထူးခြားလိုက်သလဲ.....

သူတို့က သူမကို ၄နာရီကြာမိတ်ကပ်လိမ်းပေးခဲ့ရသည်~ ဘုရားရေ...~ သူမက ကောင်းကောင်းဖျော်ဖြေနိုင်တော့မှာပေါ့....