Chapter 194
ရှအန်း၏ အချိန်ယူပြင်ဆင်မှုက ဖျော်ဖြေနေစဥ်အတွင်းမှာ ပြောဆိုလှုပ်ရှားနိုင်အောင် သိသိသာသာအကျိိုးရှိခဲ့သည်။
ရှအန်း၏ ပင်ကိုယ်ပုံသဏ္ဍာန်မှာ လှပသည်။ သူမအား အလွန်ကျွမ်းကျင်သော အရည်အချင်းများဖြင့် ပြောင်းလဲပေးလိုက်သောအခါ သူမက ပို၍လှပသွားခဲ့သည်။
မိတ်ကပ်များ၊စျေးကြီးသော နောက်ဆုံးပေါ်အဝတ်အစားများဖြင့် ရှအန်း၏အလှသည် ရင်သပ်ရှုမောစေခဲ့သည်။
"မိုင်ဂေါ့..အရမ်းလှတာပဲ..."
သီးသန့်အဝတ်လဲခန်းထဲတွင်း အားလုံးက ရှအန်း၏အကုန်ပြင်ဆင်ပြီးသွားသော ပုံစံကို ကြည့်ပြီး ပြောမပြတက်လောက်အောင် အံ့သြကုန်ကြသည်။သူတို့၏အကြည့်များက ရှအန်း၏ခန္ဓာကိုယ်ပေါ်မှခွာ၍မရဖြစ်နေကြသည်။ သူမက ညှို့ဓါတ်ပိုင်ရှင်မလေးပင်ဖြစ်သည်။
သူမအား ထိုသို့ငေးကြည့်နေကြသောလူအုပ်စုကိုမြင်ပြီး သူမသည် မျက်ခုံးတစ်ချက်ပင့်ကာ မှန်ထဲရှိသူမ၏ရုပ်ကို ကြည့်လိုက်သည်။
သူမ၏ပုံစံသစ်ကို မှန်ထဲ၌မြင်လိုက်သောအခါ ခဏတာရှုပ်ထွေးသွားခဲ့သည်။ သူမ၏ မျက်နှာပေါ်ရှိနူးညံ့သောမိတ်ကပ်များကို ကြည့်ပြီး ကမ္ဘာပျက်မည့်နေ့များမှာ လှပနေသောသူမ၏အလှဟု တင်စားလိုက်ကာ လက်ကိုမြှောက်၍ လှပသောမျက်နှာလေးအား အပြုံးများဖြင့် ထိတွေ့ကြည့်လိုက်သည်။
အေးချမ်းသောခေတ်ကာလများ၌ မိတ်ကပ်နည်းပညာများသည် လက်ဖျားခါလောက်အောင် တိုးတက်လာခဲ့သည်။
မိတ်ကပ်က မျက်နှာရဲ့အလှကို နှစ်ဆတိုးစေသည်။
"ကလစ်~"
တစ်စုံတစ်ယောက်က သူမ၏အပြုံးများကို မြင်ပြီး စိတ်မထိန်းနိုင်ကာ ဓါတ်ပုံရိုက်လိုက်သည်။ ထိုအသံကြောင့် မိတ်ကပ်ပညာရှင်နှင့် လူများက သူတို့၏အာရုံပြန်ကပ်လာခဲ့သည်။
ထိုသူများထဲတွင် ရှုထျန်ထျန်က စိတ်အလှုပ်ရှားဆုံးဖြစ်သည်။သူမသည် ဓါတ်ပုံရိုက်လိုက်သောလူရှေ့သို့သွားကာ မာန်အပြည့်ဖြင့် အမိန့်ပေးလိုက်သည်။
"ရှင့် ဖုန်းကိုထုတ်လိုက်...."
ထိုလူလည်း ဒီလောက၏စည်းမျည်းများကို သိသည်။ ထို့ကြောင့် သူအမှားလုပ်မိမှန်းသိ၍ ဖုန်းကို လွှဲပေးလိုက်သည်။
"တောင်းပန်ပါတယ်...အိန်ဂျယ်လ် က အရမ်းလှနေတယ်လို့ တွေးလိုက်မိလို့ပါ...."
ရှုထျန်းထျန်းက ထိုလူ၏အနူးအညွတ်တောင်းပန်နေမှုကို ဂရုမစိုက်။ ရှအန်း၏ပုံကိုသာ ဖွင့်ကြည့်ခဲ့သည်။
ရိုး....ဒါက အရမ်းမိုက်တယ်ရော....
ထို့အပြင့် သူမ၏အပြုံးများကြောင့် ပို၍အနုပညာဆန်စေခဲ့သည်။ဓါတ်ပုံသည် သေသေချာချာရိုက်ထားသောပုံတစ်ပုံကဲ့သို့ လှပနေသည်။ ဖုန်းနှင့်ရိုက်ထားသော ဓါတ်ပုံ ဟုလုံးဝမထင်ရပေ။
ထို့ကြောင့် ရှုထျန်းထျန်းက ထိုပုံကို ဖျက်မပစ်ဘဲ သူ့ဖုန်းထဲသို့ ပို့လိုက်သည်။
"ငါ ဒီပုံကို မဖျက်ဘူး.... ဒါပေမဲ့ အိန်ဂျယ်လ်ရဲ့ ရှိုးပွဲ မပြီးမချင်း ဒီပုံကို မဖြန့်ရဘူး.."
ထို့နောက် ရှုထျန်းထျန်းက ဖုန်းကို ထိုလူအား ပြန်ပေးခဲ့သည်။
ထိုလူသည် ရှုထျန်းထျန်းနှင့် ရှအန်းအား ကျေးဇူးတင်စကားအကြိမ်ကြိမ်ပြောပြီး ပျော်ရွှင်စွာ ထွက်သွားခဲ့သည်။
တခြားဝန်ထမ်းများလည်းထွက်သွားပြီးနောက် ရှအန်းသည် မိတ်ကပ်ပညာရှင်နှင့် ကျန်ခဲ့သည်။ ရှုထျန်းထျန်းက ရှအန်း၏ပုံများကို စိတ်လှုပ်ရှားစွာဖြင့် ရိုက်နေခဲ့သည်။ ထိုသို့ရိုက်နေစဥ်အတွင်း သူမက တတွတ်တွတ်ရေရွတ်နေသည်။
"အိုး....အရမ်းလှတယ်...အရမ်းလှတယ်....ငါ့ရဲ့နတ်ဘုရားမက တကယ်ကိုအရမ်းလှတာပဲ..."
"ကျဲက ဘယ်လိုတောင် အရမ်းလှနိုင်ရတာလဲ..."
ရှုထျန်ထျန်၏ စိတ်လှုပ်ရှားနေပုံကိုကြည့်ပြီး ရှအန်းက သူမ၏မျက်လုံးများကို မသိမသာ ဝှေ့လိုက်သည်။
"အား....နတ်ဘုရားမ...ကျဲက အရမ်းကိုတင့်တယ်ပြီး ဂုဏ်ရှိစေတာပဲ...."
ရှုထျန်းထျန်း၏ အရူးတစ်ယောက်ကဲ့သို့ ပြုမူနေပုံကိုကြည့်ကာ ရှအန်း၏နှုတ်ခမ်းများက တရွရွဖြစ်လာသည်။
"နင်...ပုံမှန်လေး နေပေးလို့ရမလား..."
ရှအန်းက အကူအညီမဲ့စွာ ခေါင်းကိုခါရင်း ပြောလိုက်သည်။
"ဟေး...နတ်ဘုရားမ....ကျဲစင်ပေါ်ရောက်သွားတဲ့အချိန်မှာ အာလုံးဝိုင်းကြည့်ကြလိမ့်မယ်ဆိုတာ အာမခံရဲတယ်....ပြီးတော့ အင်တာနက်ပေါ်မှာ ပုံတွေတက်လာရင်လည်း အားလုံးက ကောင်းချီးပေးကြလိမ့်မယ်..."
ရှုထျန်ထျန်က ရှအန်း၏အနာဂတ်ကို စိတ်ကူးယဥ်ပြီးဖြစ်သည်။
"ချဲ့ကားပြီး လျောက်ပြောမနေနဲ့..."
ရှအန်းက အရေးမစိုက်ဘဲပြောလိုက်သည်။
"ကျွန်မ ချဲ့ကားပြောနေတာမဟုတ်ဘူး...ရှအန်းကျဲ...အဲ့ဒီအချိန်ကျမှ သိလိမ့်မယ်..."
ရှုထျန်ထျန်က အပျော်အပျက်သဘောဖြင့် မျက်စိမှိတ်ပြလိုက်သည်။
"ကောင်းပြီ..ငါမသိဘူး...ငါသိချင်တာက ဘယ်အချိန် ငါစားရမှာလဲ..."
ရှအန်းက အသက်ကိုပျင်းပျင်းရှူ၍သက်ပြင်းချလိုက်သည်။
မိတ်ကပ်ပြင်ဆင်မှုများက အချိန်အလွန်ကြာသောကြောင့် သူမက ဘာမှမစားရသေးသည်မှာ သရေစာပင်မစားရပေ။ ၄င်းသည် သူမ မပျော်ရွှင်ရခြင်း၏အကြောင်းအရင်းဖြစ်သည်။