အပိုင်း ၁၉၅
Viewers 29k

Chapter 195


ရှုထျန်းထျန်းနှင့် အခြားလက်ထောက်နှစ်ယောက်သည် ရှအန်း၏ညှိုးငယ်နေသောမျက်နှာကိုကြည့်ပြီး အနည်းငယ် ရှက်သွားကြသည်။


အမှန်မှာ… ရှအန်းက သူတို့အနှစ်သက်ဆုံးနတ်ဘုရားမ ဖြစ်သည်။ သူတို့က ရှအန်းအတွက် အကောင်းဆုံးဖြစ်ရန် သေချာစွာလုပ်ရမည်ဖြစ်သည်။


ထို့ကြောင့် ရှုထျန်းထျန်းက သူမကို နောက်ထပ်သည်းခံပေးရန် လူဆိုးလုပ်လိုက်ရသည်။


“ ရှအန်းကျဲ… နည်းနည်းလောက်ထပ်ပြီးသည်းခံပေးပါနော်.... မိတ်ကပ်တွေနဲ့ အစားစားဖို့က မလွယ်ဘူး... အရမ်းဒုက္ခများတယ်လေ..."

  ရှုထျန်းထျန်းက မျက်လုံးလေးပေခတ်ပေခတ်ဖြင့် သတိထား၍ပြောလိုက်သည်။


သူမက ရှအန်းစိတ်ဆိုးပြီး ဒေါသထွက်မည်ကို စိုးရိမ်နေသည်။


သို့သော်  ရှအန်းက စိတ်ကိုဆက်လက်ချုပ်တည်းထားကာ  ပြောလာသည်။

“ဒီတစ်ကြိမ်တော့ ကိစ္စမရှိဘူး…ဒါပေမဲ့.. ထျန်းထျန်း  စင်လမ်းပေါ်မှာ လမ်းလျှောက်ရတဲ့ အလုပ်တွေဆို လက်မခံနဲ့တော့နော်.. အဲ့ဒါက အရမ်းဆိုးတယ်...."


ကံကောင်းစွာပင်.. ရှအန်းက အရမ်းစိတ်မဆိုးဘဲ သူမ၏ဆာလောင်မှုကို ချုပ်ထိန်းထားခဲ့သည်။ 


ထို့ကြောင့်.. ရှုထျန်းထျန်းက လျှင်မြန်စွာပင် သူမ၏နတ်ဘုရားမအား ဖြေသိမ့်ခဲ့သည်။ 

" ကောင်းပြီ…နောက်တစ်ခါ ကျဲအတွက် brand မော်ဒယ်အလုပ်တွေကို လက်မခံတော့ဘူး.... အခုတော့ ကျေးဇူးပြုပြီး နည်းနည်းလေး တောင့်ခံထားပါဦးနော်..."


အခြားလက်ထောက်နှစ်ယောက်သည် သူတို့နှစ်ယောက်အား ပြုံး၍ကြည့်ပြီး တိတ်တိတ်ကလေး ခိုးရယ်နေကြသည်။


သူတို့၏စိတ်ထဲ၌ နတ်ဘုရားမ၏ တမူထူးခြားချက်ကို တွေးလိုက်မိသည်။ သူမ၏နေရာတွင် အခြားအနုပညာရှင်တစ်ယောက်သာဆိုလျှင် ဟယ်ရီဝစ်စတန်၏ဇိမ်ခံပစ္စည်းbrandအတွက် မော်ဒယ်တစ်ယောက်ဖြစ်ရမည်ဆိုလျှင် လေးနာရီကြာ ဘာမှမစားရဘဲ ပျော်ပျော်ကြီး အငတ်ခံကြလိမ့်မည်။


သို့သော်… သူတို့၏နတ်ဘုရားမက အခြားသောနတ်သမီးများနှင့် မတူဘဲ သူမ၏နှလုံးသားက ဖျော်ဖြေ‌ရေးနယ်ပယ်တွင် ကြည်လင်‌အေးမြသော  စမ်းချောင်းတစ်ခုနှင့် တူသည်။,ထိုသို့ စဥ်းစားရင်း သူတို့၏စိတ်ထဲတွင် ပို၍ဂုဏ်ယူမိခဲ့သည်။


ဟယ်ရီဝစ်စတန်၏နောက်ကွယ်မှ သီးသန့်မိတ်ကပ်ပညာရှင်သည် ထူးခြားသောအတွေးအခေါ်များရှိသည်။


ရှိုးပွဲ၏စင်မြင့်နောက်ကွယ်တွင် စည်စည်ကားကားဖြစ်နေသည်။


ဟယ်ရီဝစ်စတန်၏ရှိုးပွဲအစတွင် နောက်တန်း၌ထိုင်နေကြသော တရုတ်နိုင်ငံ၏ အနုပညာရှင်များသည် ဟယ်ရီဝစ်စတန်၏မော်ဒယ်များကို လုံးဝစိတ်ဝင်စားမှုမရှိပေ။ သူတို့က ပထမတန်း၌ထိုင်သော ကြယ်ပွင့်များကိုသာ အာရုံစိုက်နေကြသည်။


သို့သော်လည်း… ပထမတန်းတွင် ရှအန်း၏ပုံစံနှင့်တူသော ဆံပင်အနက်ရောင်ရှိသည့် တရုတ်ကြယ်ပွင့်ကိုပင်မတွေ့ပေ။


နာမည်ကြီးbrand ရှိုးပွဲများတွင် အမြဲတမ်းရှေ့တန်းခုံ၌ထိုင်ရသော ရှအန်းသည် ဒီတစ်ကြိမ်တွင် ပထမဆုံးတန်း၍ မတွေ့ပေ။


ရှအန်းအား ပထမတန်းတွင် မတွေ့သောကြောင့် အားလုံး၏မျက်လုံးများသည် ဒုတိယတန်း တတိယတန်းများသို့ ရွှေ့သွားကြသည်။


သို့သော်လည်း.. သူတို့သည် ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း စသည်ဖြင့် ရှာဖွေကြည့်သော်လည်း ရှအန်းအား မတွေ့သောအခါ အားလုံးက သူတို့၏စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်မှာ…. 


“အိုး….ရှအန်းက ဟယ်ရီဝစ်စတန်ရဲ့ဖက်ရှင်ရှိုးပွဲကို မလာဘူးကိုး....."

သူမက ဖိတ်ကြားခြင်း မခံခဲ့ရတာဖြစ်မယ်။


ထို့နောက်… ရှအန်း၏အခြေအနေများကို ရုပ်သံလွှင့်ပေးသော အဓိကဖက်ရှင်မီဒီယာသည် ၎င်း၏ Weibo ပေါ်တွင် ရှအန်းက ဟယ်ရီဝစ်စတန်၏နောက်ဆုံးပေါ်ဖက်ရှင်ရှိုးပွဲသို့ မတက်ရောက်နိုင်ကြောင်း သတင်းများတင်ပြခဲ့သည်။


ဟယ်ရီဝစ်စတန်ခန်းမတွင် မျက်ကွယ်ပြုစရာနေရာမရှိအောင် ၃၆၀ဒီဂရီဗီဒီယိုများရိုက်ကူးနေသောကြောင့် ရှအန်းက ဒီကျင်းပရာနေရာသို့ လုံးဝပေါ်ထွက်လာခြင်းမရှိကြောင်း သက်သေပြနိုင်ခဲ့သည်။


ရှအန်းက ထိုရှိုးပွဲတွင်ထွက်ပေါ်လာခြင်းမရှိသောသတင်းများ ထွက်ရှိလာသောအခါ သူမသည် နောက်ကွယ်ရှိ ချမ်းသာသောစဟပွန်ဆာဖြစ်သူ၏အမှီအခိုဖြင့် အရာအားလုံးကို ဝယ်ခဲ့သည်ဟူသော သက်သေဖြစ်ခဲ့သည်။


ဈေးကြီးသော ပွဲတက်ဝတ်စုံ၊ တန်ဖိုးကြီးသောကျောက်မျက်ရတနာများ၊ နှင့် ပထမတန်းခုံနေရာများသည် သူမက ဝယ်ခဲ့သည်ဟူသော သက်သေဖြစ်ခဲ့သည်။


ရှအန်းက နာမည်ကြီးbrand များ၏ VIP နေရာကိုရရှိနိုင်သော ဖက်ရှင်အစွမ်းအစများရှိသည်ဆိုလျှင် အဘယ်ကြောင့် ဟယ်ရီဝစ်စတန် ကိုတောင် ငွေဖြင့်ဝယ်ပြီး မဝင်နိုင်တာလဲ။


သူမသည် အရင်းအမျိုးမျိုးရရှိရေးအတွက် ငွေကိုအားကိုးခဲ့သည်။


ထို့ကြောင့်… ဆိုက်ဘာစကွက်က ပွတ်လောရိုက်နေသည်။


ဟယ်ရီဝစ်စတန်၏ရှိုးပွဲက မပြီးသေးသော်လည်း ရှအန်းတွင် အင်အားတောင့်တင်းသော စပွန်ဆာရှိနေသည်ဟု ပြည်တွင်းကွန်ရက်တွင် အခိုင်အမာ သေချာနေကြသည်။


ရှအန်းသည် ရှိုးပွဲသို့ဝင်ရန် ငွေကိုမသုံးခဲ့သောကြောင့် ၎င်းသည် သူမကို သတ်မည့် အမှန်တကယ်လက်နက် ဖြစ်လာနိုင်သည်။ ဒီတစ်ကြိမ်တွင် ကြားနေလူများကပါ ထိုသို့ ယုံကြည်လာကြသည်။


[ဟယ်ရီဝစ်စတန်ရဲ့ Brand ကအရင်ကတည်းက ထိပ်ဆုံးမှာရှိနေတဲ့ အကောင်းဆုံးဇိမ်ခံပစ္စည်း Brand ဖြစ်ခဲ့တာ.... ဒါ့ကြောင့်..အခြား Brandတွေလို ရှိုးပွဲကို တက်ရဖို့ ဘယ်သူမှငွေနဲ့ဝယ်လို့မရဘူး...ဒါကြောင့်… ရှအန်းလည်း ငွေနဲ့ ဝယ်လို့မရနိုင်ဘူး...]


[ရှအန်းက လှပပြီး ပထမတန်းမှာထိုင်နိုင်လောက်တဲ့အတွက် နာမည်ကြီးဇိမ်ခံပစ္စည်း Brand တွေက သူမကို အခွင့်ပေးခဲ့တာလို့ထင်ခဲ့တာ... ဟယ်ရီဝစ်စတန်ရဲ့ရှိုးပွဲနဲ့ချင့်ချိန်ကြည့်မယ်ဆိုရင် သူမက ငွေတွေကို သုံးခဲ့တာ အသေအချာပဲ...]


[ငါ ရှအန်းကို တကယ်ကိုပဲ ချီးကျူးတယ်... သူမကို အာရုံစူးစိုက်လာဖို့အတွက် ငွေကို လိုလိုလားလားနဲ့သုံးခဲ့တာပဲ.... ဒါက ၁၀မီလီယံလောက်ရှိတယ်....တော်တော်ကြောက်ဖို့ကောင်းတယ်....]


[ရှအန်းက တော်တော်ချမ်းသာတာလား... သူမက လက်ရှိမှာ တကယ် ကျော်ကြားနေတယ်ဆိုပေမဲ့ မီလီယမ်နဲ့ချီတန်တဲ့ ပွဲတက်ဝတ်စုံနဲ့ ၁၀ မီလီယမ်လောက်တန်တဲ့ ကျောက်မျက်ရတနာတွေကိုတော့ ဝယ်နိုင်မှာမဟုတ်ဘူးမို့လား... လျန့်ကျားရီလို အမျိုးသမီးကြယ်ပွင့်တောင် ကိုယ့်ဖို့အတွက် အဲ့လောက်များတဲ့ငွေတွေကို သုံးဖို့ ဆန္ဒရှိမှာမဟုတ်ဘူး...]


[ဒါ့ကြောင့်.. သူမရဲ့နောက်မှာ အလွန်အင်အားကြီးမားတဲ့ စပွန်ဆာ ရှိကိုရှိရမယ်...ပြီးတော့ သူမကို ဖြည့်ဖို့ အဲ့လောက်ငွေအများကြီး အကုန်အကျခံနိုင်တယ်ဆိုတာ ရှအန်းရဲ့ အင်အားတောင့်တင်းတဲ့စပွန်ဆာဆိုတာ အသက်၄၀ကျော် လူကြီးတစ်ယောက်ပဲဖြစ်ရမယ်....ပြီးတော့ အဲ့ဒီလူက အိမ်ထောင်သည်ဖြစ်ရမယ်...ဒါကြောင့် ရှအန်းက အပျော်မယားဖြစ်ရမယ်..]


[ရှအန်းက ငါတို့ရဲ့ ကွန်မန့်တွေကိုဖက်နေလားဆိုတာ ငါသိချင်လိုက်တာ...သူမ ရူးသွားမလားပဲ...သူမ ဒီတစ်ခါတော့ ငြိမ်နေလို့ မရတော့ဘူး...]


[တကယ်တော့..သူမက အချိန်တိုင်း ပထမတန်းမှာမထိုင်ခဲ့ဘူး ပြီးတော့ လှပတဲ့ ပွဲတက်ဝတ်စုံတွေ ဝတ်မပြခဲ့ဘူးဆိုရင် သူမ အခုလောက်ထိ အရှက်ရမှာမဟုတ်ဘူး...]


ပြည်တွင်းကွန်ရက်တွင် နောက်ကွယ်မှကြိုးကိုင်ခြယ်လှယ်သူများရှိသည်။ ထို့ကြောင့်..အင်တာနက်တွင် ရှအန်းအား လှောင်ပြောင်သရော်သော ကွန်မန့်များဖြင့် ပြည့်နေသည်။သူမက ဈေးကြီးသော ပွဲတက်ဝတ်စုံနှင့် ပထမတန်းနေရာကို ငွေဖြင့် ဘယ်လိုဝယ်ခဲ့ကြောင်းများ ဖြစ်သည်။


သူတို့သည် ဘဝင်မြင့်မှုများအတွက် ရှအန်းအား ဆဲဆိုနေကြသည်။ ကြားနေပွဲကြည့်ပရိသတ်များကတောင် ရှအန်းအတွက် စကားတချို့ ပြောလာကြသည်… သူတို့ကို ဆိုက်ဘာစကွက်က မကြာခင်မှာ နှိမ်နင်းလိမ့်မည် ဟုပြောလာကြသည်။


ထိုနည်းဖြင့်. ရှအန်းသည် အင်တာနက်တွင် နောက်ဆုံးပေါ်ဗီလိန်တစ်ယောက်ဖြစ်လာခဲ့ပြီး သမိုင်းတွင် အပြင်းထန်ဆုံးအရှက်ခွဲမှုတစ်ခု စတင်လာခဲ့သည်။


တရုတ်နိုင်ငံအင်တာနက်မှာ ဘယ်လိုတွေ စည်ကားနေပါစေ ကိစ္စမရှိပေ။ ဒီအချိန်တွင် ဟယ်ရီဝစ်စတန်၏ရှိုးပွဲက ပြီးဆုံးရန် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။


ရှိုးပွဲ၏နောက်ခံသီချင်းသည် ရုတ်တရက် ပြောင်းရန် စတင်ခဲ့သည်။ အလွန်လက်ရောက်မြောက်ပြီး လှပသော အဝတ်အစားများ ဝတ်ဆင်ထားသော လူတစ်ယောက်သည် စင်ပေါ်တွင် လမ်းလျှောက်လာခဲ့သည်။


မူလက သွက်လက်သော နောက်ခံသီချင်းသည် ငြိမ့်ညောင်းသောသီချင်းအဖြစ်သို့ပြောင်းသွားပြီး ကာရန်များကလည်း သွက်လက်မှုမှ သေသပ်ခန့်ညားမှုသို့ ပြောင်းသွားခဲ့သည်။