အပိုင်း ၁၉၆
Viewers 29k

Chapter 196


သီချင်းနောက်ခံပြောင်းလဲမှုက အားလုံး၏မျက်လုံးများကို စင်ပေါ်သို့ ပြန်လည်ရောက်ရှိစေပြီး သိလိုစိတ်များကို ဖမ်းစားခဲ့သည်။


အဘယ်ကြောင့်ဆိုသော်....အားလုံးသည်.. ဟယ်ရီဝစ်စတန်၏ ရှိုးပွဲအပိတ် ရောက်တော့မည်ကို သိကြသည်။


အရင်တုန်းက.. ဟယ်ရီဝစ်စတန်၏ရှိုးပွဲအပိတ်သည် ဖက်ရှင်လောကတွင် အမြဲတမ်း ရေပန်းအစားဆုံးဖြစ်လာခဲ့သည်။


ဟယ်ရီဝစ်စတန်၏ရှိုးပွဲကို အပြီးသတ်ပေးသော မော်ဒယ်တိုင်းသည် ကျော်ကြားသောမော်ဒယ်ဖြစ်လာသည်။


ထို့ကြောင့်.. ရှိုးပွဲအပိတ်သည် ဖက်ရှင်လောကတစ်ခုလုံးတွင် အရေးအကြီးဆုံးဖြစ်သည်။


အားလုံးက လျှောက်လမ်း၏အလယ်သို့ စူးစိုက်စွာကြည့်ကြပြီး  ရှိုးပွဲအပိတ်အတွက် မည်သူထွက်လာမည်ကို စောင့်မျှော်နေကြသည်။ အလွန်လန်းသောဒီဇိုင်းဖြင့်ပြုလုပ်ထားသော ဆင်စွယ်ရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော အရပ်ရှည်ပြီး အားလုံးအပြစ်ပြောရက်စရာမရှိသော လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။


ဟယ်ရီဝစ်စတန်၏နောက်ဆုံးဝတ်စုံသည် မင်္ဂလာဝတ်စုံဖြစ်လိမ့်မည်ဟုမည်သူမှ မျှော်လင့်မထားခဲ့ပေ။


စိန်ဖြင့် အနားသပ်ထားသောဘီတင်ပြားများနှင့် ပန်းထိုးထားသော အကွန့်အညွန့်များက ဖန်းစားမှုအပြည့်နှင့် စူးရှတောက်ပြောင်နေသည်။ ထိုပုံစံသည် ဂန္တဝင်ဆန်မှုတစ်ခုဖြစ်သည်။


မော်ဒယ်၏ခေါင်းဆောင်းပေါ်ရှိ ငှက်မွှေးများနှင့် ကျောက်မျက်များသည် အဝေးမှ စူးရှတောက်ပြောင်နေပြီး ပွဲကြည့်ပရိတ်သတ်၏အတွေးအာရုံကို လွင့်မျောသွားစေခဲ့သည်။


ထိုသို့ ဟယ်ရီဝစ်စတန်၏ပြည့်စုံလှသော မင်္ဂလာဝစ်စုံကို ဝတ်ဆင်ထားသည့် ရှိုးပွဲအပိတ်မော်ဒယ်သည် တဖြည်းဖြည်းနီးကပ်လာခဲ့သည်။ ရှိုးပွဲ၏ရှေ့တန်းတွင် ထိုင်ကြည့်နေသော ကြယ်ပွင့်ဧည့်သည်များသည် ထိုအမျိုးသမီးမော်ဒယ်က ပရော်ဖက်ရှင်နယ်မော်ဒယ်မဟုတ်ကြောင်းသိခဲ့သည်။


သို့သော်…ထိုလူက ရှအန်းဖြစ်နေခဲ့သည်။


“အိုးမိုင်ဂေါ့…ဒီရှိုးပွဲအပိတ်မော်ဒယ်က အိန်ဂျယ်လ်လား..."


“ဘာ...  ဒီအချိန်မှာ ဟယ်ရီဝစ်စတန်ရဲ့ အပိတ်မော်ဒယ်အဖြစ် အိန်ဂျယ်လ်က ပွဲတက်ရတာပဲ....”


“အိုးမိုင်ဂေါ့…အိန်ဂျယ်လ်က ဒီဝတ်စုံလေးနဲ့အရမ်းလှတယ်..."


“ဟယ်ရီဝစ်စတန်က တကယ်အမြင်ရှိတာပဲ…သူက အိန်ဂျယ်လ်ကို အပိတ်ရှိုးမော်ဒယ်အဖြစ် တကယ်ရွေးချယ်ခဲ့တာပဲ..."


အားလုံးက စင်ပေါ်ရှိ စည်းချက်ညီစွာ လမ်းလျှောက်နေသောတပ်မက်ဖွယ်ကောင်းသည့် ပုံသဏ္ဍာန်အား ချီးမွမ်းနေကြသည်။


သူမ၏ခြေလှမ်းတိုင်း၌ လက်ဖြင့်ထိုးထားသောပန်းကွပ်လေးများပါရှိသည့် စကပ်အောက်ပိုင်းကလေးက ယိမ်းနွဲ့သွားပြီး ရောင်စုံခြယ်ပန်းကလေးများ ကဲ့သို့ ဖြန့်ကြဲသွားသည်။


ထို့ပြင်.. မီးရောင်အောက်တွင် မင်္ဂလာဝတ်စုံပေါ်ရှိ ထိုစိန်ကျောက်မျက်များသည် ကောင်းကင်၌ကြယ်ကလေးများ တောက်ပနေသကဲ့သို စိတ်ကူးယဥ်ဆန်ဆန် တောက်ပနေသည်။


မီးရောင်အောင်တွင် လှပသောမင်္ဂလာဝတ်စုံနှင့် ပြည့်စုံသောရှအန်း၏မျက်နှာသည် လိုက်ဖက်မှုအပြည့်ဖြင့် ရင်ဖိုစိတ်လှုပ်ရှားဖွယ်ကောင်းစွာ အမှန်တကယ်လှပနေသည်။


ရှအန်းက သီချင်းတီးဝိုင်းနှင့် ပို၍နီးကပ်လာသောကြောင့် အားလုံးသည် သူမ၏ပြည့်စုံသောမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြသည်။သူတို့သည် ရှအန်းအားငေးမောရင်း သူတို့၏အသက်ရှူနှုန်းများအား ထိန်းထားရသည်။


နောက်ခံသီချင်းသံမှလွဲ၍ ပရိသတ်များထဲတွင် တိတ်ဆိတ်နေကြသည်။ ဟယ်ရီဝစ်စတန်ရှိုးပွဲတွင် အပ်တစ်ချောင်းကျခဲ့လျှင်တောင် လူတိုင်းက ထိုအသံကို ရှင်းရှင်းလင်းလင်းကြားနိုင်သည်။


ကံအားလျော်စွာ…ရှအန်းက စင်ပေါ်ရှိလျှောက်လမ်း၏အစွန်း၌ ရပ်ပြီး ပို့စ်ပေး၍လှည့်လိုက်သောအခါ အားလုံး၏စိတ်ကို တစ်ဖန်ပြန်၍ဖန်းစားခဲ့ပြန်သည်။


ရှအန်း၏ မင်္ဂလာဝတ်စုံစကပ်လှုပ်ရှားမှုနှင့်အတူ သူမ၏ရှည်လျားပါးလွှာသော ပန်းကွပ်မျက်နှာခြုံလွှာသည် ကြမ်းပေါ်သို့ ကျဆင်းသွားသောအခိုက်အတန့်သည် ပန်းကလေးတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ လှပတင့်တယ်နေသည်။


ဤအခိုက်အတန့်တွင် အမြဲတမ်း အေးစက်သောမျက်နှာနှင့် မာနကြီးသောရှအန်းသည်လည်း ပြုံးနေခဲ့သည်။


ထိုအပြုံးက အားလုံးကို အံ့အားသင့်စေခဲ့သည်။ ထိုအချိန်တွင် ယောကျ်ားလေးသော မိန်းကလေးသော အားလုံး၏နှလုံးခုန်နှုန်းများက ပြင်းထန်လာကြသည်။


အားလုံး၏စိတ်ထဲရှိတူညီသောအတွေးများမှာ....

  “ငါ့ရဲ့သတို့သမီးသာဖြစ်မယ်ဆိုရင် ငါတကယ်ကို လက်ထပ်ချင်လိုက်တာ...."


ရှိုးပွဲ၏နောက်ခံသီချင်းက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ရှအန်းသည်လည်း အားလုံး၏မျက်လုံးထဲမှ ပျောက်ကွယ်သွားခဲ့သည်။


ရှအန်းက စင်ပေါ်မှပျောက်ကွယ်သွားပြီးနောက် အချိန်အတော်ကြာ အားလုံးသည် လှပသောမူလအတွေးကမ္ဘာထဲတွင် လမ်းပျောက်နေခဲ့ကြသည်။


မတိုင်မီ…..


ဟယ်ရီဝစ်စတန်ဖက်ရှင်ရှိုးပွဲ၏စင်မီးမျာက ပိတ်လိုက် ဖွင့်လိုက် ပြုလုပ်ထားသည်။ စူးရှသော အလင်းများက အားလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။


ထို့နောက်…သူတို့သည် ဟယ်ရီဝစ်စတန်ရှိုးပွဲ၏မော်ဒယ်များ ထွက်လာသည်ကို မြင်တွေ့သည်။


ရှိုးပွဲရှိပရိတ်သတ်များသည် တစ်ယောက်ပြီးတစ်ယောက်ထွက်လာသော မော်ဒယ်များအား ကြည့်ရှုနေခဲ့သည်။ ထို့နောက် သီချင်းဖွင့်လိုက်ပြီး  မင်္ဂလာဝတ်စုံဝတ်ဆင်ထားသောရှအန်း နှင့် ဟယ်ရီဝစ်စတန်၏အဓိကဒီဇိုင်နာသည် ပြန်ထွက်လာခဲ့သည်။


ပွဲကျင်းပရာနေရာတွင် အားလုံးက ပျာပျာသလဲ လက်ခုပ်များတီးကာ အားပေးနေကြသည်မှာ အလွန်စိတ်အားတက်ကြွစရာကောင်းသည်။


'ဖြောင်း ဖြောင်း ဖြောင်း.....'


အလွန်ကျယ်လောင်လှသော လက်ခုပ်သံများက ရှိုးပွဲတစ်ခုလုံး ဖျက်သိမ်းရတော့မည့်အလား နားကွဲမတက် ဆူညံနေခဲ့သည်။


ပရိသတ်များထဲမှ နာမည်ကြီးပုဂ္ဂိုလ်များနှင့် ဧည့်သည်များကပင် ရှအန်း၏နာမည်ကို အော်ခေါ်နေကြသည်။


“အိန်ဂျယ်လ်_”


“အိန်ဂျယ်လ်_”


ဤရှိုးပွဲသည်  ဟယ်ရီဝစ်စတန်၏ အဓိကဒီဇိုင်နာအတွက်ဆိုသည်မှာ သိသာသော်လည်း ပရိသတ်များအားလုံးသည် ရှအန်းက ရှိုးပွဲ၏ပိုင်ရှင်တစ်ယောက်ကဲ့သို့ တုံ့ပြန်နေကြသည်။


ထို့သို့ တက်ကြွသည့်တုံ့ပြန်မှုများရှိသော်လည်း ဟယ်ရီဝစ်စတန်၏အဓိကဒီဇိုင်နာက အဓွန့်တက်ခြင်းမရှိပေ။ သူသည် ရှအန်းအား ပြုံး၍ကြည့်ကာ ဟာသလုပ်လိုက်သည်။  

 “ရုတ်တရက်…ဒီနေ့ ငါလည်း မင်းလို ပြင်ဆင်လာခဲ့ရမှာလို့ စဥ်းစားမိတယ်”


“ရှီ…..”


အဲ့ဒီလိုဖြင့်  ဟယ်ရီဝစ်စတန်၏ အဓိကဒီဇိုင်နာသည် အားလုံးအံ့အားသင့်သွားစေမည့် အရာတစ်ခုကို ကြေညာခဲ့သည်။


ထိုအရာမှာ….


“ပြောချင်တာကတော့…အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ ဟယ်ရီဝစ်စတန်က ဘယ်အနုပညာရှင်ကိုမှ ပြောရေးဆိုခွင့်ရှိသူအဖြစ် Brandသံတမန်အဖြစ် ခန့်အပ်ပြီး အလုပ်မလုပ်ဖူးပါဘူး..."


“ဒါပေမဲ့… ဒီအချိန်မှာတော့  ကျွန်တော့်ရဲ့ ဖန်တီးမှုအနုပညာအတွက် ဒီနှစ်မှာ ကျွန်တော်တို့ ဟယ်ရီဝစ်စတန်က ခြွင်းချက်တစ်ခုအနေနဲ့ လုပ်သွားဖို့ရှိတယ်လို့ ပြောချင်ပါတယ်..."


အားလုံးက ရင်ခုန်စွာမျှော်လင့်စောင့်စားနေကြသည်။ ဟယ်ရီဝစ်စတန်၏အဓိကဒီဇိုင်နာသည် မည်သူမှမတွေးထားသော ဆုံးဖြတ်ချက်တစ်ခုအားကြေညာလိုက်သညိ။

”မကြာမီမှာ ရှအန်းဟာ ကျွန်တော်တို့ Brand အားလုံးအတွက် ဟယ်ရီဝစ်စတန်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် နဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်လာတော့မှာပါ...."