အပိုင်း ၁၉၇
Viewers 29k

Chapter 197


“မကြာခင်မှာ ရှအန်းက ကျွန်တော်တို့ ဟယ်ရီဝစ်စတန်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်လာတော့မှာပါ...ပြီးတော့ ကျွန်တော်တို့ Brand အားလုံးအတွက် နိုင်ငံတကာ Brand ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်လာတော့မှာပါ...”


ဟယ်ရီဝစ်စတန်၏အဓိကဒီဇိုင်နာ၏ စကားများက အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။


တစ်ခါမှ Brand သံတမန်မထားဖူးသော ဟယ်ရီဝစ်စတန်က Brandပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကို ထားရှိလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ပေ။


ထို့အပြင် ၎င်းသည် နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူအပြင် Brand အားလုံး၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည်။


အခြားသော နာမည်ကြီးဇိမ်ခံပစ္စည်း များသည် အခြားအနုပညာရှင်များနှင့် ထိုကဲ့သို့ ကြီးမားသောပူးပေါင်းဆောင်ရွက်မှုမျိုးကို ယခင်က မလုပ်ခဲ့ဖူးပေ။ ဟယ်ရီဝစ်စတန်သည်လည်း ထိုကဲ့သို့ နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူတစ်ယောက် ရှိခဲ့ပါသလား။


ဤအရာသည် ဘယ်လိုလုပ် မအံ့သြဘဲ နေနိုင်မည်နည်း။


“အိုးမိုင်ဂေါ့… ရှအန်းက ဟယ်ရီဝစ်စတန်ရဲ့ နိုင်ငံတကာကိုယ်စားပြုဖြစ်သွားပြီလား..."

 ဤနေရာသည် တရုတ်နိုင်ငံ Gucci သံအမတ်ထက် ပိုကောင်းသောနေရာဖြစ်သည်။


ပြည်တွင်းအမျိုးသမီးအနုပညာရှင်တစ်ဦးက သူမ၏စိတ်ထဲတွင် ထိုသို့ တိုးတိတ်စွာ ပြောနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယခုအချိန်တွင် အလွန်စိတ်ဆိုးနေသော မျက်နှာအနေအထားရှိသည့် လျန့်ကျားရီ၏ ဘေးတွင် ထိုင်နေရသောကြောင့် ဖြစ်ပြီး နောက်ထပ်ဘာမှမပြောရဲတော့ပေ။


အမှန်မှာ..ထိုလောကရှိ ကျော်ကြားသူများသည် မည်သူက ရှအန်းအပေါ် အမြင်ဆိုးများထွက်အောင် ဖြန့်နေသည်ကို သိကြသည်။


 အထူးသဖြင့် ရှအန်းက Gucci ၏ သံအမတ်ဖြစ်လာသည်ဟူသော ကောလဟာလတွင် ပို၍သိသာသည်။ ထိုကိစ္စနှင့် ပတ်သတ်၍ ရှအန်းအား သံသယရှိခဲ့သောသူများပင်လျှင် ဟယ်ရီဝစ်စတန်၏ကြေညာချက်ကို ကြားလိုက်ရချိန်၌ ရှအန်းအပေါ် သံသယရှင်းသွားကြသည်။


အမှန်မှာ….တရုတ်နိုင်ငံ Gucci  ၏  Brand သံအမတ်နေရာနှင့် ဟယ်ရီဝစ်စတန်၏ နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူနေရာသည် ဘယ်လိုမှ နှိုင်းယှဥ်၍မရပေ။


ရှအန်းက ဘာကြောင့် Gucci ကို စိတ်ဝင်စားမှုဖန်တီးရန်အတွက် ဆွဲထည့်မှာလဲ....


ထို့ကြောင့် အားလုံး၏နောက်ကွယ်တွင် ၎င်းသည် Gucci ၏တရုတ်သံအမတ်ဖြစ်လာသော သူသာလျှင် ဖြစ်နိုင်သည်။ထိုသို့ စဥ်းစားရင်း ဟယ်ရီဝစ်စတန်၏ နွေဦးရာသီဖက်ရှင်ရှိုးပွဲသို့ တက်ရောက်ခဲ့ကြသော ပြည်တွင်းအနုပညာရှင်များသည် လျန့်ကျားရီအား ကြည့်ခဲ့ကြသည်။


သူတို့သည် စိတ်ထဲ၌ ထင်ကြေးများက ရှိပြီးဖြစ်သည်။ ၎င်းမှာ ..ဒီတစ်ကြိမ်တွင် လျန့်ကျားရီသည် ကျောက်တုံးတစ်ခုကို မပြီး သူမ၏ခြေထောက်ပေါ်သို့ ထုလိုက် ခြင်းပင်ဖြစ်သည်။


ထိုသို့ ထင်ကြေးပေးထားသော လူအုပ်စု၏အတွေးများက မမှားပေ။


နောက်တွင်…အရှက်ခွဲတိုက်ခိုက်မှုအခန်းဆက်တစ်ခုက ဖြစ်ပျက်ခဲ့သည်။


ဟယ်ရီဝစ်စတန်၏နွေဦးဖက်ရှင်ရှိုးပွဲက ပြီးဆုံးသွားခဲ့ပြီး ရှအန်းသည် ပဲရစ်ဖက်ရှင်အပတ်တွင် အဖန်းစားနိုင်ဆုံးမော်ဒယ်တစ်ယောက်ဖြစ်လာခဲ့သည်။


သူမဝတ်ဆင်ခဲ့သော လက်ရာမြောက်ဝတ်စုံဖြင့် တစ်ပတ်တာဖက်ရှင်သို့ အချိန်တိုင်းတက်ရောက်ခဲ့ပြီး သူမသည် အဓိကဖက်ရှင်မီဒီယာအတွက် အကောင်းဆုံးဖက်ရှင်နတ်ဘုရားမ ဖြစ်လာခဲ့သည်။


သူမသည် ဖက်ရှင်လောကသို့အောင်မြင်စွာဝင်ရောက်နိုင်ရုံတင်မက အနုပညာရှင်တိုင်း အိပ်မက်မမက်နိုင်သော ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့သည်။ ဖက်ရှင်လောက၏ထိပ်ဆုံးနေရာသည် ဒီဇိုင်နာတိုင်း၏ပစ်မှတ်ဖြစ်ပြီး သူတို့၏ ပြည့်စုံသောဖန်တီးမှုများကို ထိုနေရာတွင် အကောင်းဆုံး လုပ်ပြနိုင်ကြသည်။


သို့သော်…အဝတ်စားတိုင်းနှင့်ဖမ်းစားနိုင်သော ဖန်တီးမှုအပြည့်ရှိသည့် နတ်ဘုရားမအား ဟယ်ရီဝစ်စတန်က ဆွဲယူသွားသည်မှာ ဝမ်းနည်းစရာကောင်းသည်။


ဒီဇိုင်နာအများစုက နောင်တများ ရနေကြသည်။


နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းများ၏ Brand ဒီဇိုင်နာများသည် သူတို့၏ကိုယ်ပိုင် တွစ်တာ နှင့် အခြားသော မီဒီယာများပေါ်တွင် ရှအန်းအပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာများကို ဖော်ပြကြပြီး သူမ၏ဖက်ရှင်အလှကိုလည်း ချီးကျူးဂုဏ်ယူခဲ့ကြသည်။


သူမက လက်တလောတွင် နိုင်ငံတကာမီဒီယာ၌ မျက်စိအကျဆုံးသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူမသည် ပဲရစ်တစ်ပတ်တာဖက်ရှင်ပွဲတွင် အပြတ်အသတ် အောင်နိုင်သူတစ်ယောက်ဖြစ်ခဲ့သည်။


ဒါသည် သူမအတွက် သရုပ်ဆောင်မင်းသမီးတစ်ယောက်အပြင် ဖက်ရှင်လောကသို့ဦးတည်သည့် အမျိုးသမီးကြယ်ပွင့်တစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့သည်။


နိုင်ငံခြားတွင်….မီဒီယာများ၌ ရှအန်း၏ လှပသောဓါတ်ပုံများနှင့် သူမအားချီးကျူးထောပနာခြွေသည့် သတင်းများဖြင့် ပြည့်နေသည်။


ပြည်တွင်း၌ ရှအန်းနှင့်ပတ်သက်သောသတင်းများက ပို၍ပင် မယုံကြည်နိုင်လောက်အောင် ကျော်ကြားခဲ့သည်။


အမှန်မှာ… ဖက်ရှင်လောကတွင် ထိုသို့အမွှမ်းတင်ခံရသည့် အမျိုးသမီးကြယ်ပွင့်မှာ ရှအန်းက ပထမဆုံးဖြစ်သည်။


အရေးကြီးဆုံးအချက်မှာ သူမသည် ဟယ်ရီဝစ်စတန်၏နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်လာခြင်းပင် ဖြစ်သည်။


ရလဒ်အနေဖြင့်…ပြည်တွင်းမီဒီယာအားလုံးက ရှအန်းအား အမွှမ်းတင်နေကြခြင်း ဖြစ်သည်။


သူတို့သည် မကြာသေးမီအချိန်က ရှအန်းအား အင်တာနက်ပေါ်တွင် လူအများက ဆဲဆိုကြိမ်းမောင်းခဲ့ကြသည်ကို မေ့လုနီးပါးဖြစ်နေခဲ့သည်။


သို့သော်..ရှအန်း၏ဖန်များက တိတ်ဆိတ်စွာ လှုပ်ရှားရန်စတင်ခဲ့သည်။


ယခင်က ပုံဖော်ခဲ့သည့် အံတုမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။


ပထမဆုံးဖြေရှင်းရမည်မှာ Gucci Brand သံအမတ်နှင့်ဆိုင်သော ကောလဟာလကိစ္စကို ဖြစ်စေခဲ့သည့် လျန့်ကျာရီ ပင်ဖြစ်သည်။


[ရှအန်းက စိတ်ဝင်စားမှုကို လိုချင်လို့ Gucci ကိုအသုံးချခဲ့တာလို့ ဘယ်သူပြောခဲ့တာလဲ... Gucci က ယခု ရှအန်းအား တရုတ်နိုင်ငံသံအမတ်ဘွဲ့ကို ပေးမယ်ဆိုရင်တောင် သူမက ဘယ်လိုအသုံးပြုရမှာလဲ... ရယ်စရာတွေမလုပ်နဲ့တော့... Brand သံအမတ်နဲ့  Brand ပြောရေးဆိုခွင့်ရှိသူက လုံးဝကွာခြားတဲ့ အပြင် Brand နှစ်ခုစလုံးကို ယှဉ်လို့တောင်မရတာနော်...ပြီးတော့ ရှအန်းက ယခု ပြည်တွင်းBrand တစ်ခုတည်းအတွက် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်မဟုတ်ဘူး...  Brand အားလုံးအတွက် နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူတစ်ယောက်လေ....]


[တကယ်လ်ု မင်းက ဖက်ရှင်အရင်းအမြစ်ကို နားမလည်ဘူးဆိုရင်, ငါမင်းကို ရှင်းပြမယ်….

ပြေရေးဆိုခွင့်ရှိသူဘွဲ့  >Brand သံတမန် > Brand ထောက်ခံချက် ပြီးတော့ တစ်ကမ္ဘာလုံး   > အာရှပစိဖိတ်ဒေသ>ကြီးမားသော တရုတ်နိုင်ငံဒေသ>တရုတ်နိုင်ငံဒေသ ကုမ္ပဏီအားလုံး >များပြားသော ကုန်ပစ္စည်းကုမ္ပဏီများ >သီးသန့်ကုမ္ပဏီအတွဲများ

ဒါကြောင့်.. Brand ပြောရေးဆိုခွင့်ရှိသူဆိုတာ ဘယ်လောက်တောင် အာဏာကြီးလဲဆိုတာ မင်းနားလည်ပြီလား.. ဒါက ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ... တရုတ်နိုင်ငံ Gucciသံအမတ် ၁၀ယောက်နဲ့တောင် ဒီနေရာကို ယှဥ်လို့မရဘူး]


[Gucci ရဲ့သံအမတ်နေရာလေးအတွက် လူတွေက ရှအန်းကို မတန်မရာမှန်းတယ်လို့ ပြောရဲကြတယ်....အဓိပ္ပါယ်မရှိတာတွေ မပြောကြနဲ့]


[ဒါဆို..အရင်က သတင်းတွေက လျန့်ကျရီ လုပ်ခဲ့တာလား.. တကယ်တော့ ဒီကိစ္စမှာ လျန့်ကျားရီတစ်ယောက်ပဲ အကျိုးခံစားခွင့် ရခဲ့တာ]


[ငါ ကျိုးကြောင်းဆီလျှော်တဲ့သတင်းတစ်ချို့ရထားတယ်.... အစက Gucci အရာရှိတွေက ရှအန်းကို သူတို့ Brandရဲ့သံအမတ်အဖြစ် လိုလားခဲ့တာ လျန့်ကျားရီကို မဟုတ်ဘူးတဲ့... ပြီးတော့ အဲ့ဒါက တရုတ်နိုင်ငံအတွက်ပဲမဟုတ်ဘူး အာရှပစိဖိတ်အတွက်တဲ့နော်... ရှအန်းက Gucci ရဲ့ဖိတ်ကြားချက်ကို ငြင်းဆိုလိုက်လို့ လျန့်ကျားရီကို တရုတ်ရဲ့ Brand သံတမန်ဘွဲ့ဆိုတဲ့ အခွင့်အရေးကို ပေးခဲ့တာတဲ့]


ရှုထျန်းထျန်း၏ကြိုတင်ပြင်ဆင်ထားသော ချောက်ကို လျန့်ကျားရီ၏ခြေရင်းသို့ ထားလိုက်သောကြောင့် သူမသည် ချောက်ထဲသို့ ကျသွားလေပြီ။


လျန့်ကျားရီသည် ပြေးစရာလမ်းမရှိတော့လောက်အောင် သက်သေအထောက်အထားများခိုင်မာနေသဖြင့် ဒီတစ်ကြိမ်တွင် သူမသည် အမှန်တကယ် ကံဆိုးမိုးမှောင်ကျတော့မည်ဖြစ်သည်။


အမှန်မှာ သူမသည် ရှအန်းက Gucci ၏ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သောကြောင့် Brand သံတမန်တစ်ယောက်ဖြစ်မလာခဲ့သည်ကို သူမ မထင်ထားခဲ့ပေ။


ဒီအခွင့်အရေးကိုသာမန်လူတစ်ယောက်က ဘယ်လို ငြင်းမှာလဲ....