အပိုင်း ၁၉၈
Viewers 29k

Chapter 198


ပဲရစ်ဖက်ရှင်အပတ်တွင်( Paris Fashion Week) ဟယ်ရီဝစ်စတန်၏နွေဦးနှင့် နွေရာသီဖက်ရှင်ရှိုးပွဲတွင် ရှိုးပွဲအပိတ်မော်ဒယ်တစ်ယောက်အနေဖြင့် ပထမဆုံးလုပ်ဆောင်ခဲ့သော ရှအန်း၏ပုံရိပ်များသည် အားလုံး၏အာရုံစူးစိုက်မှုဖြစ်လာခဲ့သည်။ထို့ပြင် သူမသည် ဟယ်ရီဝစ်စတန်၏နိုင်ငံတကာ Brand အားလုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်လာခဲ့သည်။


များစွာသော လူတို့သည် ဒီအကြောင်းအရာအား ဆွေးနွေးနေကြသည်။ အမှန်မှာ.. ပွင့်ပွင့်လင်းလင့်ပြောရလျှင်… ကမ္ဘာနှင့်ချီ၍ Brand အားလုံး၏နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်သည့် ဂုဏ်သည် အာရှရှိ ထိပ်တန်းကြယ်ပွင့် မဆိုထားနှင့် ဥရောပ နှင့် အမေရိကရှိ နာမည်ကြီး ကြယ်ပွင့်များပင် မပိုင်ဆိုင်နိုင်သည်ကို ရှအန်းက ပိုင်ဆိုင်နိုင်ခဲ့သည်။ 


ပိုဆိုးသည်မှာ ဒီBrand သည် ဟယ်ရီဝစ်စတန် ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းရော ပြည်ပကပါ ရှအန်းနှင့် ဟယ်ရီဝစ်စတန်ကို ဆွေးနွေးနေကြသည်။ ထို့ကြောင့်…တရုတ်နိုင်ငံနှင့် နိုင်ငံခြားတွင် ရှအန်းနှင့် ဟယ်ရီဝစ်စတန်သည် ရှာဖွေမှုအများဆုံးဖြစ်လာခဲ့သည်။


 တစ်ကမ္ဘာလုံးက ဆွေးနွေးခဲ့ကြသည့် ထိပ်တန်းအကြောင်းအရာများ ဖြစ်လာခဲ့သည်။ ၎င်းကို ဖက်ရှင်လောက၏ဒီဇိုင်နာအနေဖြင့် ပြောရလျှင် ရှအန်းသည် ဖန်တီးမှုအနုပညာတစ်ခုဖြစ်ပြီး ကြည့်ရှုသူများအနေဖြင့် ပြောရလျှင် သူမ၏အလှသည် သစ်လွင်သောအလှတရား၏အဆင့်အတန်း ဖြစ်လာသည်ဟုပြောနိုင်သည်။ ရှအန်းဝတ်ဆင်သော ညနေခင်းဝတ်စုံတိုင်းက ဆွေးနွေးမှု၏ ခေါင်းစဉ်ဖြစ်လာခဲ့သည်။


မည်သည့်အဆင့်အတန်းမဆို လူအားလုံးသည် ရှအန်း၏ ပဲရစ်ဖက်ရှင်အပတ် (Paris Fashion Week) တက်ရောက်စဉ် ဝတ်ဆင်ခဲ့သော အဝတ်အစားတိုင်း ကို ပြောဆိုဆွေးနွေးနေကြသည်။ ထိုလူများထဲတွင် တစ်ချို့က ရှအန်း၏လှပသော ဓါတ်ပုံကို ကြည့်ရန်ပင် ငွေကြေးမတက်နိုင်သူများ ရှိသော်လည်း တစ်ချို့မှာ ရှအန်းဝတ်ခဲ့သည့် အဝတ်အစားများကိုပင် ဝယ်နိုင်သော ချမ်းသာကြွယ်ဝသူများဖြစ်သည်။ 


[ရှအန်းရဲ့ ဝတ်စုံလေးက အရမ်းလှတာပဲ... ဒါပေမဲ့ ဈေးက အရမ်းကြီးတယ်... ဟယ်ရီဝစ်စတန်ရဲ့ စကပ်က အရမ်းဈေးကြီးတာပဲ]


[တကယ်တော့… စိန်တွေက တကယ်အစစ်တွေဆိုတော့ ဝတ်စုံက အရမ်းဈေးကြီးတယ်... ပြီးတော့ အရည်အသွေးကလည်း အရမ်းကောင်းတယ်လေ]


[သန်းချီတန်တဲ့ ပွဲတက်ဝတ်စုံ…က အရမ်း ဆန်းပြားတာပဲ....ငါကတော့ ဘယ်တော့မှ အဲ့ဒါလေးဝတ်ပြီး အိမ်ကထွက် လမ်းလျှောက်ဖူးမှာမဟုတ်လောက်ပါဘူး]


[ဒီမှာ..ငါ အခုလေးတင် သတင်းတစ်ခုရထားတယ်.. ဟယ်ရီဝစ်စတန်ရဲ့ လှပဆန်းကြယ်တဲ့ အဝတ်အစားဒီဇိုင်းတွေကို စာအုပ်ထုပ်တော့မှာတဲ့ အထူးသဖြင့် ရှအန်း ပထမဆုံးဝတ်ခဲ့တဲ့ ဝတ်စုံကိုတဲ့]


[ရှအန်းရဲ့ ညနေခင်း ဝတ်စုံကလည်း သန်းချီမက တန်ပါတယ်... အားလုံက အော်ဒါအပ်ရတာလား... သေချာတာကတော့ ဆင်းရဲမှုဆိုတာက ငါ့ရဲ့စိတ်ကူးယဉ်မှုကို ကန့်သတ်ပေးလိုက်တာပါပဲ]


[တကယ်တော့ လူတွေက ဘာလို့ အဲ့လောက်ဈေးကြီးတဲ့ ညနေခင်းဝတ်စုံတွေကို ဝယ်ကြမှာလဲ သိချင်တယ်.... အဲ့ဒါက နေ့တိုင်းလည်း ဝတ်လို့မရဘူးလေ]


[ချမ်းသာတဲ့ကမ္ဘာကို မင်းနားမလည်ပါဘူး]


ပဲရစ်ဖက်ရှင်အပတ်က ပြီးဆုံးသွားခဲ့သည်။ ရှအန်းဝတ်ဆင်ခဲ့သော ညနေခင်းဝတ်စုံများအားလုံးလည်း ရောင်းကုန်ခဲ့သည်။ ၎င်း ဈေးကြီးသောပွဲတက်ဝတ်စုံများအားလုံး ပထမဆုံး ရောင်းကုန်ခြင်း ဖြစ်သည်။


ပဲရစ်ဖက်ရှင်အပတ်ပြီးသွားပြီးနောက်.. ဟယ်ရီဝစ်စတန်၏ပွဲတက်ဝတ်စုံတွင်မက ရှအန်းဖန်တီးခဲ့သော C.Hအလှကုန်ပစ္စည်း Brand ပါ နာမည်ကြီးလာခဲ့သည်။


ပဲရစ်ဖက်ရှင်အပတ်တွင် ရိုက်ထားသော ရှအန်း၏ပြုပြင်ထားခြင်းမရှိသောမူလဓါတ်ပုံများကို အခြားကြယ်ပွင့်များနှင့် နှိုင်းယှဉ်သောအခါ  သူမသည် အပြစ်အနာဆာမရှိပြည့်စုံသော နူးညံ့သည့် အသားအရည်ဖြင့် ထွက်ရှိလာသည်။


ရလဒ်အနေဖြင့် C.H Brand ထုတ်ကုန်များသည် ဈေးကွက်မလိုဘဲ ရောင်းအားများ မြင့်တက်လာခဲ့သည်။


အမျိုးသမီးကြယ်ပွင့် အများစုကတောင် C.H ထုတ်ကုန်များကို စူးစမ်းလိုစိတ်များဖြင့် လျှို့ဝှက်စွာ ဝယ်ခဲ့ကြသည်။ သူတို့သည် ရလဒ်ကို အံ့အားသင့်ခဲ့ကြသည်။ ထိုသို့အောင်မြင်နေစဉ် ရှုထျန်းထျန်းက လျှင်မြန်စွာဆက်လက်လှုပ်ရှားခဲ့သည်။ သူမသည် တစ်စုံတစ်ယောက်အား အရှက်ခွဲရန် အခွင့်အရေးကို ရယူခဲ့သည်။


ပထမက လျန့်ကျရီသည် ထိုကိစ္စက ဒီလောက် ကြီးသွားလိမ့်မည်ဟုမထင်ထားခဲ့ပေ။ သူမက အရှက်ရစရာဘာမှမရှိဟု ထင်ထားခဲ့သည်။ သူမက ယခု Gucci ၏ Brand သံအမတ်တစ်ယောက်ဖြစ်သည်။


သို့သော်..ရှအန်း၏အေးဂျင့်သည် ရှအန်း၏နံပါတ်တစ် အသည်းစွဲဖန် ဖြစ်ပြီး  ထိုဖန်မျိုးသည် သူတို့၏နတ်ဘုရားမအား နာကျင်အောင်လုပ်ရဲသူများကို လက်စားချေတက်ကြသည်။


ထို့ကြောင့် ရှုထျန်းထျန်း၏လက်စားချေမှုက လျန့်ကျရီကို အရှက်ကွဲရုံတင်မက ဆိုက်ဘာစကွက် တစ်ခုလုံးကိုပါ ဝယ်ရမည်ဖြစ်သည်။ သူမက ရှအန်း၏ဖန်ဂရုအား သတင်းထူး တစ်ခုကို ဖြန့်ချီကာ ကွန်မန့်များကို ထိန်းချုပ်ခဲ့သည်။


တစ်ညတွင်… အင်တာနက်သုံးစွဲသူများသည်.. ရှအန်းက Gucci ၏သံအမတ်ဖြစ်လာသည်ဟူသော ကောလဟာလကို စတင်ပြုလုပ်ခဲ့သူမှာ လျန့်ကျားရီ ဖြစ်ကြောင်း သိခဲ့ကြသည်။


[ Gucci က ပထမဆုံး ရှအန်းကို သံအမတ်အဖြစ် ရွေးချယ်ခဲ့တာ.. သူမက ငြင်းလိုက်တော့ Gucci က နောက်မှ လျန့်ကျားရီကို ရွေးလိုက်တာ ]


[ ရှအန်းနဲ့ Gucci ရဲ့ ကောလဟာလတွေက လျန့်ကျားရီလုပ်ခဲ့တာ.... ပြီးတော့ သူမက ဆိုက်စကွက်ကိုလည်း ရှအန်းကို အပုပ်ချဖို့အတွက် ဝယ်ခဲ့တာ ]


ထိုသို့ ပြည်သူ၏ထင်မြင်ချက်များထွက်လာပြီး မကြာမီ လျန့်ကျားရီသည် သူမအတွက် ဖြေရှင်းချက်ကို Weibo တွင် တင်ရန် အချိန်ပင်မရခဲ့ပေ။


အမှန်တကယ်ဝေဖန်သူများက သူမကို အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။


သူမက ဆိုက်ဘာစကွက်နှင့်ဆက်သွယ်ထားသည့် မှတ်တမ်းများ၊ Gucci ၏တာဝန်ရှိသူနှင့် ရှအန်းတို့၏ ဆက်သွယ်ထားသည့် မှတ်တမ်းများ သည် အမှန်တရားများဖြစ်ပြီး လျန့်ကျားရီသည် ဘာမှပြောစရာမရှိခဲ့ပေ။


သူမက ဘာတွေလုပ်နိုင်လဲဆိုတာကို တွေးနေခဲ့သည်။ စိတ်မကောင်းစွာပင် သူမက နောက်ထပ်သတင်းဆိုးတစ်ခုကို လက်ခံရရှိသောအခါ ဘာလုပ်ရမှန်း မသိဖြစ်ခဲ့သည်။ 


ထိုသတင်းမှာ… Gucci က  ပြည်သူ၏ထင်မြင်ချက်များသည် လျန့်ကျားရီအပေါ် အမြင်မကြည်မှုများနေခြင်းက ၎င်းတို့၏ Brand ပုံရိပ်ကို ထိခိုက်စေသည်ဟု တွေးခဲ့သည်။


ထို့ကြောင့်…. အဆုံးတွင်.. မကြာသေးမီက ပေးအပ်ထားသော လျန့်ကျရီ၏ Gucci တရုတ်သံတမန်ဘွဲ့ကို ရုတ်သိမ်းခဲ့သည်။


Gucci’s Weibo ၏ပြန်လည်ရုပ်သိမ်းကြောင်းသတင်းသည် လျန့်ကျရီအတွက် စိတ်မချမ်းမြေ့ဖွယ် အခြေအနေတစ်ခုဖြစ်ခဲ့သည်။


 သူမ၏ပုံရိပ်နှင့် တန်ဖိုးများ ကျဆင်းခဲ့သည်။ ပိုဆိုးသည်မှာ သူမသည် အနာဂတ်တွင် ဖက်ရှင်လောကသို့ ဝင်ရောက်ရန်ပင် ခက်ခဲသွားနိုင်သည်။ 


ယခု လျန့်ကျားရီသည် ရှအန်းအား အပုပ်ချခဲ့မှုအတွက် နောင်တရနေသည်။ သူမက ထိုသို့ မလုပ်ခဲ့ပါက ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ ဒါသည် နောင်တရရန် အလွန်နောက်ကျသွားပြီဖြစ်သည်။ 


လျန့်ကျားရီ၏ အကြောင်းမလှသောကံကြမ္မာကို ကြည့်ပြီး အမျိုးသမီး ကြယ်ပွင့်များက အတော်လေးပျော်နေသည်။ 


ဖျော်ဖြေရေးနယ်ပယ်တွင် တစ်စုံတစ်ယောက်က နေရာကျသွားခြင်းသည် အခြားတစ်ယောက်အတွက် တက်လမ်းတစ်ခု၏အခွင့်အရေး ဖြစ်သည်။


သို့သော်  ပျော်ရွှင်နေသောအနုပညာရှင်များအချို့သည် အချိန်အတော်ကြာ ပျော်ရွှင်နိုင်မည်မဟုတ်။ သူတို့သည် နောင်တွင် လျန့်ကျားရီ၏ခြေရာအတိုင်း ကံမကောင်းအကြောင်းမလှစွာ ရိုက်နှက်ခံရမည် ဖြစ်သည်။ 

အချိန်အနည်းငယ်အကြာက ပြိုင်ဆိုင်မှုများကြောင့် Gucci ၏ဖက်ရှင်ရှိုးပွဲတွင် မည်သူက  ပထမတန်းကို ဝယ်ခဲ့ကြသော အမျိုးသမီး အနုပညာရှင်များ ဖြစ်ပြီး မည်သူက ရှအန်း၏နေရာကို ရယူခဲ့သည့် သူ   စသည်ဖြင့် အားလုံး ပေါ်လာခဲ့ကြသည်။


အားလုံးသည် အသေးစိတ် ပေါ်ထွက်လာခဲ့သည်။


Gucci က ပထမတန်းခုံနေရာအား ဝယ်ခဲ့သည့် ထိုအမျိုးသမီးအနုပညာရှင်များအား နောက်ကျင်းပမည့် ဖက်ရှင်အပတ်တွင် ဖိတ်ကြားတော့မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။


ရှုထျန်းထျန်း၏ ပြင်းထန်သောလက်စားချေမှုက တရုတ်နိုင်ငံ အနုပညာရှင်အသေး အကြီး အားလုံးကို ကြောက်လန့်စေခဲ့သည်။


ပဲရစ်၏ဖက်ရှင်အပတ်က ထိုကဲ့သို့ ကြီးမားသည့် ဂရက်တစ်ခုကို ဖြစ်စေလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ပေ။


တရုတ်နိုင်ငံတွင် အမြဲတမ်း မှေးမှိန်နေသော အမျိုးသမီးကြယ်ပွင့် ရှအန်းသည် အလွန်ရက်စက်တတ်သည်။


သူမသည် တိတ်ဆိတ်စွာ ခပ်လျှိုလျှိုနေခဲ့သော်လည်း လက်တုံ့ပြန်ချိန်တွင် တစ်ချိန်တည်းဖြင့် တစ်ဖွဲ့လုံးကို အပြတ်တိုက်နိုင်သည်။ အများစုကို မသေမရှင် ရိုက်နှက်မှုမျိုး ဖြင့် တိုက်ခိုက်ခြင်းက ပို၍ ကြောက်စရာကောင်းသည်။


ရှုထျန်းထျန်း၏ပြတ်သားသော နည်းလမ်းသည် ကြယ်ပွင့် အများစုကို ခြောက်လှန့်ခဲ့သည်။ 


အချိန်အနည်းငယ်ကြာသောအခါ…. အားလုံးက…ပြည်တွင်း၌မရှိသော ရှအန်းကို လွယ်လွယ်နှင့် ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သဘောပေါက်နားလည်ခဲ့သည်။


သူမသည် ပြည်တွင်း၌မရှိသော်လည်း အန္တရာယ် ရှိသည်။