အပိုင်း ၁၉၉
Viewers 29k

Chapter 199


တရုတ်နိုင်ငံ၏နာမည်ကြီးကြယ်ပွင့် လျန့်ကျားရီကို အရှက်မခွဲခဲ့တာလား... ရှအန်းကို ရန်လိုနေတဲ့ အမျိုးသမီးတွေကိုရော မဖော်ထုတ်တော့ဘူးလား...


ဒီပြင်းထန်သောအရှက်ခွဲမှုအပြီးတွင်… ရှအန်း၏ကျော်ကြားမှုကို အခွင့်ကောင်းယူချင်ကြသော တက်သစ်စ ကြယ်ပွင့်များသည် လှုပ်ရှားဖို့ ကြောက်လာကြသည်။


လျန့်ကျားရီကဲ့သို့ နာမည်ကြီးကြယ်ပွင့်များက ပို၍ကြောက်လာကြသည်။ သူတို့သည် ယခင်ကကဲ့သို့ ရှအန်းအပေါ် ကျော်ဖို့ မျက်နှာပြောင်တိုက်ဖို့တောင် မတွေးရဲကြတော့ပေ။ 


ဖျော်ဖြေရေးနယ်ပယ်တွင် ရှအန်းကို လီဝေ့ ဟု သတ်မှတ်ခဲ့ကြပြီး အားလုံး၏စိတ်ထဲတွင် ခက်ခဲသည့်ရပ်တည်မှုများ ဖြစ်လာခဲ့သည်။


ဖျော်ဖြေရေးနယ်ပယ်ပြင်ပမှလူများ၏နှလုံးသားထဲတွင် ရှအန်းက ကြီးမားသည့်လိုလားမှုတစ်ရပ်ကို ရရှိထားသည်။


ချမ်းသာကြွယ်ဝတဲ့ စပွန်ဆာ၊ အပျော်မယား စသည့်ကိစ္စများလည်း ပြီးသွားခဲ့သည်။


ရှုထျန်းထျန်းက သတင်းအမှားအမှန်များကို ဖော်ထုတ်ရန် အတွင်းရေးကိစ္စအဖြစ်ဆောင်ရွက်ဖို့ ပရိတ်သတ်များအား တောင်းဆိုခဲ့သည်။


[ ရှအန်းက နိုင်ငံခြားမှာ အတော်လေးတိုးတက်နေပြီ... သူမရဲ့ဖက်ရှင်အရင်းအမြစ်တွေကလည်း အရမ်းကောင်းတယ်...သူမက အဓိက Brand တွေရဲ့ပထမဆုံးခုံနေရာမှာ ထိုင်ဖို့ တရားဝင်ဖိတ်ကြားမှုကို ရရှိခဲ့တယ် ]


[  အရမ်းမိုက်တယ်…နာမည်ကြီး Brand Gucci  က ရှအန်းကို သူတို့ရဲ့ Brand သံအမတ်အဖြစ်ဖိတ်မယ်လို့ မထင်ထားခဲ့ဘူး ]


[ ပိုပြီး မျှော်လင့်မထားတာက ရှအန်းက ငြင်းလိမ့်မယ် ဆိုတာပဲ ]


[ အမှန်တော့.. ရှအန်းအတွက် ဒါကို ငြင်းတယ်ဆိုတာ သဘာဝကျပါတယ်… သူမက ဟယ်ရီဝစ်စတန်ရဲ့ နိုင်ငံတကာ ပြောရေးဆိုခွင့်ရှိသူလေ ]


[ငါကတော့ ဟယ်ရီဝစ်စတန်က ရှအန်းနဲ့ ကြော်ငြာ အမြန်ရိုက်ဖို့မျှော်လင့်တယ်... ငါ ရှအန်းရဲ့လှပတဲ့ပုံတွေကို မြင်ချင်နေပြီ ]


ပြည်တွင်း ပြည်ပ မီဒီယာများတွင် ရှအန်းသတင်းများဖြင့် ကျော်ကြားနေချိန် ရှအန်းက ကလေးနှစ်ယောက်နှင့် အိမ်တွင် အေးဆေးစွာ ကာတွန်းကားများကြည့်နေသည်။


ကလေးနှစ်ယောက်က ကာတွန်းကားများမကြည့်ချင်သော်လည်း အမေရိကန်ဇာတ်လမ်းတွဲမှာ ရှအန်းပါဝင်သရုပ်ဆောင်ထားသောဇာတ်လမ်းဖြစ်ပြီး ထိုဇာတ်လမ်းတွဲသည် သတ်ဖြတ်ကြမ်းတမ်းမှုများ ပါဝင်သဖြင့် ကလေးများကြည့်ရန် မသင့်တော်သောကြောင့် သူမသည် ကလေးများအား SpongeBob ပြပေးထားသည်။


“ဟား…ဟားး….”


ရှရှင်းချန် နှင့် ကုရှုမော့ သည် သူတို့ကြား၌ ထိုင်နေသည့် ပျော်ရွှင်နေသော ကြီးကောင်ကြီးမားကြီးအား ကြည့်ကာ သူတို့၏ခေါင်းထဲတွင် အနည်းငယ် နားလည်ရခက်မှုများ ရှိလာသည်။


ကာတွန်းကားစကြည့်ပြီး အနည်းငယ်အကြာတွင် ထိုကြီးကောင်ကြီးမားကြီးက မထိန်းနိုင်လောက်အောင် ရယ်ချလိုက်သော်လည်း ကလေးနှစ်ယောက်မှာ မရယ်ခဲ့ပေ။


သူတို့၏နတ်သမီးရယ်နေပုံကို ကြည့်ကာ ရှရှင်းချန် နှင့်ကုရှုမော့ သည် တူညီသော မျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ခဲ့ကြသည်။


ဒါက တော်တော်ရယ်စရာကောင်းလို့လား....


သူတို့ကတော့ ဒီကာတွန်းက ကလေးကလားဆန်သည်ဟုတွေးနေသည်။


ထိုအခိုက်အတန့်တွင် ကလေးနှစ်ယောက်၌ တူညီသော အတွေးများ ရှိနေကြသည်။


သို့သော်လည်း..ရှအန်းက ကြိုက်နှစ်သက်စွာကြည့်နေသည်ကိုမြင်သောအခါ သူတို့သည် သည်းခံပြီး ထိုင်‌နေကြရသည်။


သို့သော် ထိုအချိန်တွင်….


ရှအန်း၏ဖုန်းက မြည်လာသည်။


“ဟယ်လို....အာ...ဘာပြောလိုက်တယ်...အတု...”


သူမသည် SpongeBob ကြည့်စဉ်တုန်းက ပျော်ရွှင်ခဲ့ပြီး ဖုန်းပြောပြီးသည့်နောက်တွင် ဆက်လက်မပျော်ရွှင်နိုင်တော့ပေ။


အဘယ်ကြောင့်ဆိုသော်..ဖုန်း၏အခြားတစ်ဖက်မှ ပြောနေသူသည် သူမကုမ္ပဏီ၏ စီအီးအို ဖြစ်သည်။ သူသည် သူတို့၏အလှကုန်ပစ္စည်းများက အလှကုန်လုပ်ငန်းတွင် ခြေကုပ်တစ်ခု အခြေမခိုင်သေးဘဲ အတုအယောင်များထွက်ပေါ်လာကြောင်း သူမကို ပြောပြခဲ့သည်။


ထိုကုန်ပစ္စည်းအတုများက တရုတ်ပြည်တွင်းဈေးကွက်မှ ဖြစ်သည်။ ၎င်းတို့သည် ယခုလက်ရှိအာရုံစိုက်နေသော ဥရောပနှင့် အမေရိက ဈေးကွက်မှမဟုတ်ပေ။


“ငါသိတယ်..."

ရှအန်းက ဘဝင်မကျစွာ ဖုန်းကို ချလိုက်သည်။

ဒီတစ်ကြိမ် ပစ္စည်းတွေက အရမ်းမကြီးသော်လည်း လျှစ်လျှူရှု၍ မရပေ။


အကယ်၍ ကောင်းကောင်းမဖြေရှင်းနိုင်လျှင် သူမ၏ကုမ္ပဏီက ငွေအမြောက်အများ ဆုံးရှုံးမည်မှာ သေချာသည်။


အမှန်မှာ ရှအန်းနှင့် ကုမ္ပဏီ၏စီမံခန့်ခွဲသူများသည် တရုတ်နိုင်ငံဈေးကွက် ဘယ်လောက်ကြီးကြောင်း ကောင်းကောင်းသိကြသည်။ ထို့ကြောင့်.. ပြည်တွင်း C.H ကုန်ပစ္စည်းအတုကိစ္စကို ဖြစ်နိုင်လျှင် မကြာမီ ဖြေရှင်းသင့်သည်။


အမှန်မှာ ထိုကိစ္စက ဖြေရှင်းရန် အလွန် အနှောင့်အယှက်မဖြစ်သော်လည်း သူမ၏သဘောတူညီမှုလိုအပ်သည်။


အမှန်မှာ ရှအန်းသည် C.H ၏ပိုင်ရှင်တစ်ယောက်အနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။ C.H သည် သူမ၏ပိုင်ဆိုင်မှုဖြစ်သည်။


“မာမား..ဘာဖြစ်လို့လဲဟင်..."


“မမနတ်သမီး..ဘာဖြစ်လို့လဲဟင်..."


ကလေးနှစ်ယောက်သည် ရှအန်း၏စိတ်ညစ်နေသော ပုံစံကိုကြည့်ပြီး စိတ်ပူသွားကြသည်။


ရှအန်းသည် ပြုံး၍ ကလေးနှစ်ယောက်၏ခေါင်းလေးအား ပုပ်ကား အဖြစ်အပျက်ကို ပြောမပြခဲ့ပေ။


ထိုကလေးနှစ်ယောက်က ပွင့်လင်းရိုးသားသူလေးများဖြစ်ကြသော်လည်း အလွန်ငယ်လွန်းသေးသည်။


ရှအန်းသည် သူတို့နှစ်ယောက်အား ကလေးများကဲ့သို့ အမြဲတမ်း ဆက်ဆံပေးခဲ့သည်။


ရှအန်းက မပြောပြသော်လည်း ပါးနပ်သော ကလေးများသည် တစ်ခုခုဖြစ်နေသည်ကို ခန့်မှန်းမိကြပြီး အင်တာနက်တွင် C.H ကုမ္ပဏီ ဘာဖြစ်နေသလဲကို စုံစမ်းကြလိမ့်သည်။


“ ကာတွန်းကား ဆက်ကြည့်ကြမယ်… ဒီတစ်ပိုင်းပြီးရင် သွားအိပ်တော့..."


ကာတွန်းကားကြည့်ရသည်ကို ကြိုက်သော ရှအန်းက ကားတွန်းကားမကြည့်ချင်သော ကလေးများကို အတင်း ကြည့်ခိုင်းလိုက်သည်။


သူတို့ ကာတွန်းကားကြည့်နေစဉ် အမေရိကန်နိုင်ငံ အခြားရုပ်သံဌာနတစ်ခုမှ အမေရိကန်ပထမဆုံးဇာတ်လမ်းတွဲ Big Bang ကို စတင်ထုတ်လွှင့်နေသည်။


ရှအန်း၏အခန်းက ပထမပိုင်းတွင် များများစားစားမရှိပေ။ သူမသည် ပထမပိုင်း၏ နောက်ဆုံးခန်းတွင် ပေါ်လာသည်။


ထို့ကြောင့် သူမက ဒီဇာတ်လမ်းတွဲနှင့် ပတ်သက်၍ အရမ်း ဂရုမစိုက်ပေ။


သို့သော်လည်း… ဘာပဲဖြစ်ဖြစ်… သူမသည် Big Bang တွင် အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လာခြင်းကိုတော့ မတားဆီးနိုင်ပေ။


အာ…သူမက မိနစ်အနည်းငယ်လေးပဲ ပေါ်လာသည်။


ထိုနေ့တွင်…Big Bang ၏ပထမပိုင်းထုတ်လွှင့်ပြီးနောက် ၎င်း၏ကျော်ကြားမှုသည်  "ရှအန်း၏စတားဘဝ" ရှိုးပွဲပထမပိုင်း ကျော်ကြားမှုထက်ပို၍ မြင့်တက်ခဲ့သည်။

အားပေးမှုပမာဏများကလည်း ပို၍ မြင့်တက်လာခဲ့သည်။


Big Bang သည် နာမည်ကြီးဒါရိုက်တာက နာမည်ကြီးများဖြင့် စီစဉ်ထားသော ဇာတ်လမ်းဖြစ်သည်။


ဒီတီဗီစီးရီး၏ မင်းသား မင်းသမီးအများစုသည် အမေရိကန်နိုင်ငံ၏ နာမည်ကြီး တီဗီစီးရီး ပရော်ဖက်ရှင်နယ်များ ဖြစ်ကြသည်။သူတို့၏တီဗီပရိသတ်အခြေခံများကလည်း အလွန်ကောင်းသည်။


ထို့ကြောင့်..ဤအမေရိကန်တီဗီရှိုး၏ပထမပိုင်းသည် အားပေးမှု အလွန်ကြီးမားခဲ့သည်။

ထိုဇာတ်လမ်းတွဲတွင်  ရှအန်းသည် အထင်ရှားဆုံးအနေဖြင့် ရပ်တည်နေသည်။


[ အိုးမိုင်ဂေါ့…အိမ်ဂျယ်လ် က အရမ်းခန့်ညားတာပဲ ] 


[ ငါ့မျက်လုံးကိုတောင် ငါမယုံနိုင်တော့ဘူး။ ခန့်ညားတဲ့ဂိုဏ်းစတားက လတ်စသတ်တော့ လှပတဲ့အိန်ဂျယ်လ်ကိုး….  ]


[ Big Bang ရဲ့ဇာတ်ကွက်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... မင်းသားက ရယ်ရတယ်... ဒါပေမယ့် ငါအမျှော်လင့်ဆုံးအရာက ဂိုဏ်းစတားအိန်ဂျယ်လ်ဖြစ်နေတာပဲ ]


ပဲရစ်ဖက်ရှင်အပတ်အပြီးမှာ ရှအန်းကို လူအများအပြားက ဖက်ရှင်နတ်ဘုရားမအဖြစ် ချီးမွမ်းခဲ့ကြသည်။


ထို့နောက်.. ရှအန်းက အားလုံးကို ကြီးမားသော အံ့သြမှုကို ပေးခဲ့သည်။


ဤသိသာသောကွာခြားမှုက အားလုံးအတွက် အချက်တစ်ခုကို ခိုင်မာစေခဲ့သည်။ ထိုအချက်မှာ.. ရှအန်း၏သရုပ်ဆောင်မှုစွမ်းရည်က မညံ့ပေ။ သူမက ဂိုဏ်းစတားတစ်ယောက်ရဲ့အခန်းကို မိန်းမတစ်ယောက်ရဲ့လက္ခဏာကို မပြဘဲ ကောင်းကောင်းသရုပ်ဆောင်နိုင်သည်။ တကယ်ကို ခန့်ညားသည်။