အပိုင်း ၂၀၀
Viewers 29k

Chater 200


အမေရိကန်ဇာတ်လမ်းတွဲ Big Bang ထုတ်လွှင့်မှုက မကြာခင်ကအလွန်နာမည်ကြီးခဲ့သော ရှအန်းကို ပို၍နာမည်ကြီးစေခဲ့သည်။


အင်တာနက်တစ်ခုလုံးတွင် လူတိုင်းနီးပါးက ရှအန်းအကြောင်း ပြောနေကြသည်။


သူမသည် ဖက်ရှင်လောကသို့ ဝင်ရောက်လာပြီး အုပ်အော်သောင်းတင်းဖြစ်အောင် ဖန်တီးခဲ့သည်။ ဖက်ရှင်မီဒီယာအများစုက တရုတ်အမျိုးသမီးကြယ်ပွင့် ရှအန်းအဖြစ် သိလာကြသည်။


နိုင်ငံခြားသားများကလည်း အလွန်လှပသော အာရှနတ်ဘုရားမရှအန်းအဖြစ် သိလာကြသည်။


သို့သော်လည်း…အမှန်မှာ…ဖက်ရှင်အပတ်ဆိုသည်မှာ ဖက်ရှင်အပတ်တစ်ခုမျှသာဖြစ်သည်။ ဖက်ရှင်ကို စိတ်မဝင်စားသော သူများက သူမကိုသတိမထားမိကြပေ။


ရှအန်းက ဖက်ရှင်လုပ်ငန်းတွင် သူမအတွက် နာမည်တစ်ခုကို ဖန်တီးခဲ့သည်။ သို့သော်လည်း… သူမ၏ကျော်ကြားမှုက အဲ့သည်လောက် မကျယ်ပြန့်သေးပေ။


အမေရိကန်ဇာတ်လမ်းတွဲက ခြားနားမှုရှိသည်။

နိုင်ငံခြားသားများက တီဗီစီးရီးကြည့်ရသည်ကို နှစ်သက်ကြသည်။ အထူးသဖြင့် အရည်အသွေးကောင်းပြီး လူသိများသော တီဗီစီးရီးများကို ပိုသဘောကျကြသည်။


အမေရိကန်ဇာတ်လမ်းတွဲ Big Bang တွင် ရှအန်း၏ပထမဆုံးပုံသဏ္ဍာန်က ပရိသတ်အများစု၏အာရုံကို စွဲဆောင်နိုင်ခဲ့သည်။


သူမသည် မိနစ်အနည်းငယ်သာ ပေါ်လာခဲ့သော်လည်း ပရိသတ်အများစု၏နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။ ဒီအမေရိကန်ဇာတ်လမ်းတွဲ၏ပထမပိုင်းတွင် သူမ၏ထူးချွန်ပြောင်မြောက်သော ဇာတ်ကောင်ကို ပြုလုပ်ခဲ့သည်။


ရှအန်းပါဝင်သောအခန်းသည် နိုင်ငံခြားတွင် အောင်မြင်မှုအများဆုံး ရရှိခဲ့သည်။

တရုတ်နိုင်ငံ၌ ပို၍ပင်အောင်မြင်သည်။


ရှအန်း၏မူလပုံရိပ်သည်  ရုပ်ရည်ကိုသာဦးစားပေးရသည့်  သရုပ်ဆောင်တစ်ယောက်အဖြစ်မှ လာရသည်။ အမှန်မှာ.. ယခင်က တရုတ်နိုင်ငံ၌သူမသရုပ်ဆောင်ခဲ့ရသောအခန်းများက သရုပ်ဆောင်အရည်အချင်းများ မလိုအပ်ဘဲ အားလုံးက   လှပသောရုပ်ရည်ကိုသာဦးစားပေးကြရသည်။


ထို့ကြောင့်…ပြည်တွင်းပရိတ်သတ်များက သူမကို သရုပ်ဆောင်စွမ်းရည်နှင့်ပတ်သတ်၍ အမှတ်ကောင်းကောင်းမပေးခဲ့ပေ။


သူတို့၏စိတ်ထဲတွင် ရှအန်းက အလှတရားကိုဦးစား‌ပေးရသော  သရုပ်ဆောင်တစ်ယောက်မျှသာဖြစ်သည်။


သိုသော်.. ယခုအချိန်တွင် ကွာခြားသွားပြီဖြစ်သည်။


အမေရိကန်ဇာတ်လမ်းတွဲ Big Bang ထုတ်လွှင့်ပြီးနောက် အားလုံးက ရှအန်း၏သရုပ်ဆောင်စွမ်းရည်များကို အံ့အားသင့်ခဲ့ကြသည်။


ရှအန်းက မိနစ်အနည်းငယ်သာပေါ်လာခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူမ၏သရုပ်ဆောင်မှုစွမ်းရည်များက အားလုံး၏မျက်လုံးများကို တောက်ပသွားစေခဲ့သည်။


သူမက အလွန်ယောကျ်ားပီသပြီး မာန်ပါပါဖြင့် ဝတ်စားထားသည်။ သူမက စကားပြောရမည့်အခန်းမပါသော်လည်း  အော်ရိုရာ အဖြစ် ကောင်းကောင်းသရုပ်ဆောင်ခဲ့သည်။

လူများက သူမကို ဂိုဏ်စတားတစ်ယောက်အဖြစ် ခံစားကြည့်နိုင်သည်။


အရေးကြီးဆုံးအချက်မှာ အံ့အားသင့်မှုဖြစ်သည်။


သူတို့သည် ထိုအခန်းကရှအန်းသရုပ်ဆောင်ထားမှန်းမသိခဲ့လျှင် ရှအန်း၏ပရိတ်သတ်မဟုတ်သူများက သူမကို လုံးဝမှတ်မိမည်မဟုတ်ပေ။ သူမက ယောကျ်ားဆန်နေသောကြောင့်ဖြစ်သည်။


[ အိုးမိုင်ဂေါ့…ရှအန်းက အရမ်းယောကျ်ားပီသတာပဲ... အော်ရိုရာကသူမလို့ လုံးဝခံစားရမှာမဟုတ်ဘူး ]


[ ရှအန်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို တကယ်ကို လျှော့တွက်ခဲ့တာ..သူမရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်ကို အမြင့်ဆုံးအဆင့်ပဲ... ]


[ ရှအန်းရဲ့သရုပ်ဆောင်စွမ်းရည်က တော်တော်ဆိုးတယ်လို့ ဘယ်သူပြောတာလဲ... အဆင်းပဲရှိတယ် အချင်းမရှိဘူးဆိုတာရော  ဘယ်မှာလဲ... ဒီဂိုဏ်းစတားအခန်းကို ကောင်းကောင်းသရုပ်ဆောင်ခဲ့တယ်... စကားပြောစရာမပါဘူး အကြည့်တစ်ချက်နဲ့တင် သူမက ပါဝါအပြည့်ရှိတဲ့ ဂိုဏ်းစတားတစ်ယောက်ဆိုတာ ငါခံစားမိပြီးသား]


[  သူမက စကားပြောစရာမပါဘဲ ကောင်းကောင်းသရုပ်ဆောင်နိုင်တယ်...ရှအန်းရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို အံ့မခန်းပဲ ]


[ ငါ ရှအန်းရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကို အယုံအကြည်ကင်းမဲ့ခဲ့တယ်... ဒါပေမဲ့.. အခု သူမရဲ့သရုပ်ဆောင်မှုကို ကြည့်ပြီးတော့ ဒီအမေရိကန်ဇာတ်လမ်းတွဲက အောင်မြင်မယ်လို့ ငါထင်တယ်...ဒီထဲမှာ ရှအန်းရဲ့ အခန်းကလည်း သိပ်မပါလောက်ဘူးထင်တယ်။  ]


[ ကျေးဇူးပြုပြီး Big Bang ရဲ့ဒါရိုက်တာကို ရှအန်းရဲ့အခန်းများများထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်... ဒီဇာတ်ကောင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် ]


ပြည်တွင်းပြည်ပ ပရိတ်သတ်များ၏ အကန်းအသတ်မဲ့ချီးမွမ်းဂုဏ်ယူမှုများနှင့် ရှာဖွေမှုအများဆုံးစာရင်းဝင်မှုများက Big Bang လုပ်ဖော်ကိုင်ဖက်များအား အံ့အားသင့်စေခဲ့သည်။


ထိုအံ့အားသင့်မှု၏နောက်ဆက်တွဲများမှာ…

“အာ..."

 ရှအန်းက ရှုထျန်းထျန်း လက်ကမ်းလိုက်သောဇာတ်ညွှန်းကို ရှုံ့၍ ကြည့်ပြီး ဝမ်းနည်းသွားသည်။


အော်ရိုရာ ၏အခန်းက တကယ်ကို နည်းသည်။ သိုသော်.. ယခုတွင်...


သူမက ဇာတ်ညွှန်းအသစ်ကို ဖွင့်ပြီး တစ်ရွက်ပြီးတစ်ရွက်ပြောင်းလဲသွားသော သူမ၏အခန်းများကို ကြည့်ပြီးနောက် သူမက စိတ်မထိန်းနိုင်တော့ပေ။


“ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာလဲ...” ရှုထျန်းထျန်းက ခေါင်းကိုမျှော်လင့်ချက်မဲ့စွာရမ်းလိုက်သည်။ သူမ၏နတ်ဘုရားမက မပျော်ရွှင်ပေ။


သူမ၏နတ်ဘုရားမက ထိုကဲ့သို့ တုန့်ပြန်မည်ကို သူမသေချာသိသည်။


“ ရှအန်းကျဲ… ကျဲက  အော်ရိုရာ ရဲ့အခန်းကို ကောင်းကောင်းကြီးသရုပ်ဆောင်သွားခဲ့တယ်...။အခု အားလုံးက အင်တာနက်ပေါ်မှာ Big Bang တီဗီစီးရီးမှာပါတဲ့ ကျဲရဲ့အခန်းအကြောင်းကို ပြောနေကြတယ်... အခု ဒီဇာတ်ကောင်ရဲ့ ကျော်ကြားမှုက အရမ်းမြင့်တက်နေတာကြောင့် ဒါရိုက်တာ ဘရိုင်ယန် နဲ့ Big Bang ရဲ့ဇာတ်ညွှန်းရေးဆရာက အပိုင်းတွဲတွေမှာ အမရဲ့အခန်းကို ထပ်တိုးဖို့ တခဲနက် ဆုံးဖြတ်ခဲ့ကြတာ.."


သူမကပိုပြောလေ ရှုထျန်းထျန်း၏စိတ်ထဲတွင် ပို၍ဂုဏ်ယူလေဖြစ်လာသည်။


ဒါသည် သူမ၏နတ်ဘုရားမကို ဇာတ်ပို့ခန်းမှ ဇာတ်ဆောင်ခန်းသို့ ဘယ်လိုပြုလုပ်သွားသည်ပင်ဖြစ်သည်။


သူမသည် Big Bang ၏ဇာတ်ညွှန်းအသစ်ကို ဖတ်ပြီးပြီဖြစ်သည်။ ဇာတ်ညွှန်းအသစ်တွင် အခန်းများက အလွန်များသည်။


ရှအန်း၏အခန်းသည် ခေါင်းဆောင်မင်းသားအခန်းထက် ပိုနည်းသော်လည်း ၎င်းသည် လုံးဝအမွှမ်းတင်အခံရဆုံး အခန်းတစ်ခုဖြစ်သည်။


အထူးသဖြင့် အခန်း၏ဇာတ်ကောင်သည် ပြောင်မြောက်သည်။ ၎င်းသည် ဇာတ်ဆောင်၏အခန်းထက် ပိုကောင်းသည်။


ရှုထျန်းထျန်း၏စကားများကို ကြားပြီး ရှအန်းက ငိုရမလား ရယ်ရမလား မသိခဲ့ပေ။ သူမက ထင်ရှားပြောင်မြောက်စရာများလုပ်နေသည်ဟု သူမကိုယ်တိုင် မထင်ခဲ့ပေ။ 


အပိုင်းလေးတစ်ပိုင်းတည်း ထုတ်လွှင့်ရသေးသည်ကို တစ်စုံတစ်ယောက်က ဘယ်လိုလုပ် သရုပ်ဆောင်ကောင်းသည်ဟုပြောနိုင်မှာလဲ။


ရှုထျန်းထျန်းက အလွန်စိတ်လှုပ်ရှားခဲ့သည်။ ရှအန်းက သက်ပြင်းချ၍ ဇာတ်ညွှန်းအသစ်ကို လက်ခံလိုက်ရသည်။


ကောင်းပြီလေ....အခန်းတွေထပ်ထည့်ထားတယ်ဆိုလည်း ထည့်ပေါ့ ....


သူမက သူမ၏ C.H အလှကုန်ပစ္စည်းများအတွက်လည်း ကြော်ငြာများ ရိုက်ရဦးမည်ဖြစ်သည်။


ဤအမေရိကန်ဇာတ်လမ်း၏ဇာတ်ကွက်သည် နွေရာသီအဖြစ်အပျက်ဖြစ်သည်။ ထို့ကြောင့်.. သူမက ဆန်းခရင်မ် ကဲ့သို့ ကုန်ပစ္စည်းအသစ် ထုတ်သင့်သလားဟု တွေးမိသည်။


“ကံကောင်းတာပဲ…ရှအန်းကျဲ… ငါတို့က တီဗီစီးရီးတစ်ခုလုံးကို အမေရိကမှာ ရိုက်ရမှာ... တကယ်လို့ ငါတို့နိုင်ငံမှာသာ တီဗီစီးရီးရိုက်ရမယ်ဆိုရင် အမ အခုလိုအခန်းမှာသရုပ်ဆောင်ရလည်း ဇာတ်လမ်းတစ်ခုလုံးရိုက်ရရင်တောင် အသုံးဝင်မှာမဟုတ်ဘူး...” 

ရှုထျန်းထျန်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူမက သူမ၏နတ်ဘုရားမအား အမေရိကတွင် တီဗီစီးရီးရိုက်ခွင့်ရသည်ကို ကျေးဇူးတင်နေသည်။


အမေရိကန်ဇာတ်လမ်းတွဲများသည် အပိုင်းအားလုံးအား တစ်ခါတည်းအပြီးရိုက်ထားသည်မဟုတ်။ ထုတ်လွှင့်နေစဉ်အတွင်း ဆက်လက်ရိုက်ကူးကြသည်။


အမေရိကတွင် ရုပ်ရှင်းတစ်ပိုင်းကို တစ်ပတ်နှုန်းဖြင့် ရိုက်ကူးကြသည်။


ထို့ကြောင့်..တီဗီရှိုးထုတ်လွှင့်ပြီးလျှင် သူတို့သည် ပရိသတ်များ၏တုန့်ပြန်ချက်ဖြင့် ဇာတ်လမ်းဇာတ်ကွက်များကို လိုက်လျှောညီထွေစွာ ပြင်ဆင်ရန် သိရှိနိုင်ကြသည်။


ရှုထျန်းထျန်း၏စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ကြည့်လျှင် ရှအန်းက ပို၍တည်ငြိမ်နိုင်သည်။


“ အိုး..."

 သူမက စိတ်ဝင်စားမှုကင်းမဲ့စွာ ခေါင်းင်းငြိမ့်လိုက်သည်။ သူမက ထိုဇာတ်လမ်းတွဲနှင့်ပတ်သတ်၍ စိတ်မဝင်စားပေ။


ယခု သူမက သူမ၏ကုမ္ပဏီကို ပို၍ စိတ်ပူနေသည်။


သူမ၏ကုန်ပစ္စည်းများက ပြည်တွင်းတွင် မရနိုင်ပေ။ ၎င်းတို့အား ပြည်ပတွင်သာ ရောင်းချကြသည်။


ထို့အပြင်.. ပြည်တွင်းဈေးကွက်ရှိ C.H အလှကုန်ပစ္စည်းများက အလွန်ဈေးကြီးသည်။ အစိုးရိမ်ရဆုံးကိစ္စမှာ လူတော်တော်များများက ကုန်ပစ္စည်းအတုများကို ဆက်လက်ရောင်းချနေဆဲဖြစ်သည်။


ယခုလက်ရှိတွင်.. ကိစ္စတော်တော်များများသည် တရုတ်နိုင်ငံတွင် ဖြစ်ပျက်နေသည်။ အဘယ်ကြောင့်ဆိုသော်..မျက်နှာများကို ထိခိုက်စေသည့် C.H ကုန်ပစ္စည်းအတုများကို သုံးစွဲနေခြင်းကြောင့် ဖြစ်သည်။ ထိုအခြေအနေက ဆိုးဆိုးဝါးဝါးမဖြစ်သေးပေ။


C.H ပစ္စည်းအတုသုံးစွဲသောသူသည် ဆိုးကျိုးများကို ခံစားခဲ့ရသည်။ အမှန်မှာ. သူတို့သုံးစွဲနေသောကုန်ပစ္စည်းသည် C.H ကုမ္ပဏီမှ မဟုတ်သော်လည်း C.H အမည်ခံဖြင့် လာသောကြောင့် သူမ၏ကုန်ပစ္စည်းများပေါ်တွင် ကြီးမားသောသက်ရောက်မှုများရှိနေဆဲဖြစ်သည်။


“ရှအန်းကျဲ.. တရုတ်နိုင်ငံက C.H အလှကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး စိုးရိမ်နေတာလား..."

ရှုထျန်းထျန်းက ရှအန်းကို C.H ၏ထူထောင်သူဆိုသည်ကို သိသည်။ ထို့ကြောင့် သူမက ရှအန်းဘာတွေစဉ်းစားနေသည်ကိုလည်း သိသည်။


“ဟုတ်တယ်… ငါ နည်းနည်း စိတ်ပူနေတယ်..."

 ရှအန်းက ခေါင်းညိမ့်ပြလိုက်သည်။


ကုမ္ပဏီ၏စီစဉ်သူစီနီယာ က အဆင်ပြေလောက်သောနည်းလမ်းဖြင့် ဆောင်ရွက်ပြီးဖြစ်သော်လည်း လက်ရှိတွင် လုပ်ငန်းစဉ်က လျှင်မြန်စွာ သွားနေသောကြောင့် သူမက ကုန်ပစ္စည်းအတွက် စိုးရိမ်နေခြင်းဖြစ်သည်။


“ တကယ်တော့.. မစိုးရိမ်ပါနဲ့…. C.H ကုန်ပစ္စည်းတွေက အသုံးပြုလို့တကယ်ကောင်းတယ်လေ... ပြီးတော့ ပစ္စည်းအစစ်ကို သုံးဖူးတဲ့လူတွေကလည်း ခြားနားချက်ကို သိကြမှာပါ..."

ရှုထျန်းထျန်းက ရှအန်းကို နှစ်သိမ့်ပေးလိုက်သည်။


ယခု သူမက ရှအန်း၏နံပါတ်တစ်ပရိတ်သတ်တင်မဟုတ်တော့ဘဲ… C.H ကုန်ပစ္စည်းများ၏သစ္စာရှိသောထောက်ပံ့သူတစ်ယောက်လည်း ဖြစ်လာသည်။


ယခု သူမသည် C.H အလှကုန်ပစ္စည်းများကို အသုံးပြုနေသည်။ သူမ၏ဆွေမျိုးများနှင့် သူငယ်ချင်းများလည်း အသုံးပြုနေကြသည်။


“ ကောင်းပြီ..ထျန်းထျန်း.. ငါ အခြေအနေကို ရှင်းပြဖို့ ဗီဒီယိုတစ်ခုလောက် လုပ်ရကောင်းမလားလို့ စဉ်းစားနေတာ...."

 ရှအန်းက အစီအစဉ်ကို သေချာစွာ ဆွဲလိုက်သည်။