အပိုင်း ၂၀၁
Viewers 29k

Chapter 201


ကုမ္ပဏီ၏စီနီယာ စီမံခန့်ခွဲရေးဌာနက သူမသာ ရှင်းရှင်းလင်းလင်းရှေ့ ထွက်လိုက်မည်ဆိုပါက ပိုမိုအကျိုးသက်ရောက်မှု ရှိမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူမက ကိုယ့်ဘာသာ ရှင်းပြချက် ထုတ်ချင်နေသည်။


သို့သော် သူမက ထိုကဲ့သို့သော အရာမျိုးကို ရှင်းပြချက်ထုတ်ရာတွင် မတော်ပေ။ ထို့ကြောင့် ရှုထျန်းထျန်းကိုသာ မေးလိုက်သည်။


ရှုထျန်းထျန်းက သူမလိုချင်သည်ကို နားလည်ပေသည်။ ခဏအကြာမျှ စဉ်းစားပြီးနောက်တွင် ရှအန်းကိုအကြံတစ်ခု ပေးလာခဲ့သည်။


"လုပ်ကြတာပေါ့...ညီမတို့"ရှအန်းရဲ့ အင်္ဂလိပ်သင်တန်း"ကို မရိုက်ဘူးလို့လား... အခု ညီမတို့" ရှအန်းရဲ့ အသားအရေထိန်းသိမ်းရေး သင်တန်း"ကို ရိုက်လို့ရတယ်လေ... အတုအယောင်တွေကို ဖယ်ထုတ်ကြတာပေါ့ ရှအန်းကျဲရယ်..."


ရှုထျန်းထျန်း၏ စကားများ ထွက်ပေါ်လာသည်နှင့် ရှအန်း၏ မျက်လုံးများ တောက်ပလာသည်။


"အကြံကောင်းပဲ..."


"ဟီးဟီး..."


ရှအန်းကဲ့သို့ နတ်ဘုရားမလေးဆီက ချီးကျူးခံလိုက်ရ၍ ရှုထျန်းထျန်းပြုံးသွားသည်။


"ဒါဆို ကျဲအစီအစဉ်အရင်ချလိုက်မယ်.. နောက်ရက်ထဲမှာ ဗွီဒီယိုစရိုက်ကြတာပေါ့...."


ထိုဗွီဒီယိုက လက်ရှိ ပြည်တွင်းရှိ လူများ၏ C.H အပေါ် မကောင်းမြင်မှုများကို ရှင်းလင်းနိုင်မည့်အပြင် ရှအန်း၏ကျော်ကြားမှုကိုပါ မြင့်တက်စေမည်ဖြစ်သည်။


၎င်းက နိုင်ငံတွင်းတွင် အကောင်းမြင်စိတ်ကို ရရှိလာနိုင်စေသည်။


မိုက်ချက်... သူမက အရမ်းတော်တာပဲ...


ရှုထျန်းထျန်းက သူမကို ထိုဖြေရှင်းနည်းကို ပေး၍ သူမ စိတ်သက်သာရာရသွားသည်။


C.H၏ စီနီယာစီမံခန့်ခွဲမှု ဌာနက နိုင်ငံအတွင်းရှ C.Hထုတ်ကုန် အတုများကို စုံစမ်း၍ ပြီးတော့ပေမည်။


Big Bang၏ ဒုတိယမြောက် အပိုင်းကလည်း ထုတ်လွှင့်ပြသပြီဖြစ်သည်။


ဒုတိယအပိုင်းအတွက် ratingက ပထမအပိုင်းထက် မြင့်လေသည်။


"Big Bang"၏ ဒုတိယမြောက်အပိုင်း ထုတ်လွှင့်ပြီးသည်နှင့် ရှအန်း၏ ဇာတ်ကွက်က သိပ်မပါသော်လည်း ပိုမိုဆွဲဆောင်မှု ရှိလာသည်။


အရေးအကြီးဆုံးအရာမှာ Big Bangတွင် C.H၏ ထုတ်ကုန်များက အောင်မြင်စွာ ပါဝင်လာ၍ဖြစ်သည်။


Big Bang၏ ဒုတိယအပိုင်းတွင် အော်ရိုရာအဖြစ် သရုပ်ဆောင်သည့် ရှအန်းက သူမ၏မိတ်ကပ်ပစ္စည်းစင်ပေါ်တွင် C.Hမှ ထုတ်ကုန်အားလုံးကို တင်ထားသည်။ ၎င်းက မြောက်မြားစွာသော အမျိုးသမီးများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။


အမေရိကန်မှ ဇာတ်လမ်းတွဲ သရုပ်ဆောင်များက မည်သည့် အလှအပ filterကိုမှ သုံးရသည်ကို မကြိုက်ပေ။ ထို့ကြောင့် သရုပ်ဆောင်တိုင်း၏ အသားအရည်က သဘာဝအဆန်ဆုံးနှင့် အစစ်အမှန်ဆုံး အခြေအနေဖြစ်နေသည်။


အမေရိကန် TV ရှိုးများကို ကြည့်လျှင် သရုပ်ဆောင်တိုင်း၏ အသားအရည်ကို ထင်ထင်ရှားရှား မြင်ရပေလိမ့်မည်။


အမေရိကန်ဇာတ်လမ်းတွဲထဲတွင် ရှအန်း၏ အသားအရည်က အခြားသရုပ်ဆောင်များနှင့် ယှဉ်လျှင် တောက်ပနေလျက်ရှိသည်။


ထို့ကြောင့် အမေရိကန်TVရှိုးကို ကြည့်နေကြသော အမျိုးသမီးပရိတ်သတ်အများစုက ရှအန်း အသားအရေအခြေအနေကို အာရုံစိုက်မိလာကြသည်။ ရှအန်း သူမ၏အသားအရည်ကို မည်သို့ ထိန်းသိမ်းကြောင်း သိချင်လာကြသည်။


ရှအန်းက C.H brand၏ ကိုယ်စားလှယ်ဖြစ်သော်လည်း C.Hမှ ထုတ်ကုန်များမှာ ကြော်ငြာအားနှင့် မားကတ်တင်းအားက မကောင်းသေးပေ။


ထ်ုကြောင့် ရှအန်း၏ပရိတ်သတ်များမှအပ အွန်လိုင်းတွင် အတင်းအဖျင်းဖတ်ရသည်ကို သဘောကျကြသော အမေရိကန်များနှင့် အခြား ကြည့်ရှုသည်သူများက ရှအန်းနှင့် C.Hကြားရှိ ဆက်နွယ်မှုကို မသိကြပေ။


"Big Bang"၏ဒုတိယ အပိုင်းကို ထုတ်လွှင့်သောအခါ ကင်မရာမန်းက ရှအန်း၏ မိတ်ကပ်စင်ပေါ်ကို အနီးကပ်ရိုက်ပြခဲ့၍ အမျိုးသမီးပရိတ်သတ်များက စိတ်လှုပ်ရှားသွားကြသည်။


အများစုက နောက်တစ်နေ့ မနက်ရောက်အောင် စောင့်နေပြီး C.Hမှ ထုတ်ကုန် တစ်ဆင်စာအပြည့် ဝယ်၍ သုံးရန် ပြင်နေကြလေပြီ။


ခဏအကြာတွင် C.Hမှ ရောင်းရနှုန်းက ထိုးတက်လာခဲ့သည်။


တရုတ်ပြည်တွင်းတွင်မူ C.Hက နိုင်ငံအတွင်းတွင် မရောင်းသလို C.Hမှ ထုတ်ကုန်များက ၎င်းတို့၏ မျက်နှာအသားအရည်ကို ပျက်စီးစေသည်ဟူသော ကိစ္စများက ရှိနေသည်။ ထို့ကြောင့် ထိုကြော်ငြာက ပြည်တွင်းမှ ကြည့်ရှုသူများကို ရူးခါမသွားစေခဲ့ပေ။


လူအများစုက အေးဆေးစောင့်ကြည့် ဟူသောအခြေအနေတွင် ရှိနေကြသည်။


မည်သို့ပင်ဆိုစေ ၎င်းက မျက်နှာပေါ်တွင် သုံးရသည့် အရာမျိုးဖြစ်သည်။ ထို အမှတ်တံဆိပ်ကို လွယ်လွယ် ယုံ၍မရချေ။


ရှအန်းက C.H၏ ထုတ်ကုန်များကို သုံသည်လား မသုံးသည်လားက ဘုရားသာသိမည့်အရာပင်။


[Big Bangအပိုင်းနှစ် ထဲက C.Hအတွက် ကြော်ငြာကြီးက လွန်လွန်းပါတယ်... ကံကောင်းလို့ ငါအကုန်လုံးကို မဝယ်ချင်မိလို့ပေါ့...]


[ရှအန်းရဲ့ သရုပ်ဆောင်ချက်တွေက မကောင်းဘူးလား... သူ့မျက်နှာကို သုံးပြီး ဒီလို ထုတ်ကုန်မျိုးကို သူက ထောက်ခံချက်မျိုးကို သုံးသေးတယ်လား.... ဒါက သူ့ရဲ့ နာမည်ကို သူ့ဘာသာ ဖျက်နေတာပဲ...]


[C.Hက ထုတ်ကုန်တွေက လူတွေရဲ့ မျက်နှာ အသားအရေကို ဖျက်ဆီးပစ်တဲ့အကြောင်း သတင်းတွေ ထွက်နေပဲကို... ဘယ်သူကများ ဝယ်ရဲဦးမှာလဲ...]


[C.H ထုတ်ကုန်တွေက သူတို့ မျက်နှာကို ဖျက်ဆီးတာမဟုတ်ဘူး... ငါက အမေရိကန်က ပြန်လာခဲ့တာပါနော်... အဲ့တာတွေက ကောင်းမှကောင်းပဲ... သူတို့ရဲ့ မျက်နှာကို ပျက်ဆီးစေတဲ့ C.Hထုတ်ကုန်တွေက အတုတွေပဲ...]


[C.Hက အတော်လေး သံသယဝင်စရာကောင်းတဲ့ အမှတ်တံဆိပ်ပဲ.. C.Hရဲ့ ထုတ်ကုန်တွေက တရုတ်မှာ အရင်ဆုံး နာမည်ကြီးတာမလား... အခုခတ် အင်တာနက် ဆယ်လီတွေကြေငြာထားတာတွေက မယုံရတော့ဘူး...]


...


အင်တာနက်ပေါ်တွင် C.Hက သူတို့၏မျက်နှာကို ဖျက်ဆီးပစ်နိုင်သည် မဖျက်ဆီးပစ်နိုင်သည် အချင်းများနေကြစဉ် အချိန်အတော်ကြာ updateမတင်သည့် ရှအန်း၏ စာသင်ခန်းလေးက ပြန်လည် အသက်ဝင်လာသည်။


[ရှအန်း၏စာသင်ခန်းအသေးစားလေး : ရှအန်းရဲ့ စာသင်ခန်းအသေးစားလေးက ပြန်စပါတော့မယ်နော်...# ရှအန်းဆီကသင်ယူပါ # C.Hရဲ့ ထုတ်ကုန်အတုတွေကို ဘယ်လိုခွဲခြားမလဲဆိုတဲ့ လှည့်စားမှုသေးသေးလေးတွေကို သင်ကြရအောင်လား [နေသေးသေးလေးပုံ] ]


ထို ပို့စ်ကို တင်လိုက်သည်နှင့် လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။


အခြားတစ်ဖက်တွင် ရှအန်း၏ ကျော်ကြားမှုကြောင့် ဖြစ်သော်လည်း အခြားတစ်ဖက်တွင် C.H၏ ထုတ်ကုန်များအကြောင်းက ပြန်လည် နာမည်ကြီးလာ၍ ဖြစ်သည်။ ၎င်းက ခဏမျှလည်း လူရှာဖွေမှုအများဆုံး စာရင်းတွင် ဝင်ခဲ့ဖူးသေးသည်။


ထို့ကြောင့် ထိုပိုစ့်စသည်နှင့် လူများစွာက ကြည့်လာကြသည်။


လူများက ရှအန်းရိုက်ကူးထားသည့် ဗွီဒီယိုသေးသေးလေးကို ကြည့်နေကြသည်။


ရှအန်းက မိတ်ကပ်မလိမ်းထားသော နူးညံ့လှပသည့် မျက်နှာလေးဖြင့် ရိုးရှင်းသော အိမ်နေရင်း ဝတ်စုံကို ဝတ်ဆင်ထားသည်။


ဗွီဒီယိုထဲတွင် ရှအန်းက သိမ်မွေ့ကာ သန့်ရှင်းစင်ကြယ်လှသည်။ သူမက မူရင်းနှင့် အတုအပ ထုတ်ကုန်များကို ယှဉ်ပြနေပြီး နူးညံ့မှုနှင့် ရနံ့ကို ပြောပြနေသည်။


၎င်းက လူများကို အမြင်တစ်မျိုးပြောင်းစေပြီး အခြားလူများက ထုတ်ကုန်အတုများ သုံးနေကြောင်း သိသွားစေသည်။


ရှအန်း၏ စာသင်ခန်းလေးမှ နောက်ထပ် ဗွီဒီယိုတစ်ပုဒ်ကို တင်လာမည်ဟု သူတို့ မထင်ထားခဲ့ပေ။


ရှအန်း၏ အသားအရေထိန်းသိမ်းနည်း သင်ခန်းစာ....


ထိုပို့စ်က အတုအစစ်ခွဲသည့် ပို့စ်ထက် ပိုမိုဆွဲဆောင်မှု ရှိလေသည်။


လူအများစုက သူမ၏ ပစ္စည်းအတုအစစ် ခွဲပြသည့် ဗွီဒီယိုကို စိတ်မဝင်စားကြပေ။ ထို့ကြောင့် နောက်ထပ် နာရီအနည်းငယ်အကြာတွင် သူမနောက်ထပ် ဗွီဒီယိုတစ်ပုဒ်ကို တင်လိုက်ခြင်းဖြစ်သည်။


ထိုဗွီဒီယိုထဲတွင် ရှအန်းက ဆံပင်ကို ခပ်မြောက်မြောက်လေး စည်းထားပြီး အသားအရေထိန်းသိမ်းသည့် အဆင့်များကို အသေးစိတ် ရှင်းပြနေသည်။


သူမက အမျိုးသမီး ပရိတ်သတ်များအတွက် ကောင်းသော မျိုးစုံသော အသားအရေထိန်းသိမ်းသည့် နှိပ်နယ်သော နည်းလမ်းများကို ငြင်သာနူးညံ့သောအသံလေးဖြင့် ရှင်းပြလေသည်။


လူများစွာက အမျိုးသမီးစတားများက ကောင်းမွန်သည့် အသားရေကိုရရန် မည်သို့ ထိန်းသိမ်းကြောင်း သိချင်ကြသည်။


သူတို့အားလုံးက နာမည်ကြီးစတားများ သူတို့၏ အသားအရည်ကို ထိန်းသိမ်းသည့် ပုံနှင့် မည်သည့် အသားအရေထိန်းသိမ်းသည့် ပစ္စည်းကို သုံးကြောင်း နားဆွင့်နေကြလေသည်။


ရှအန်း၏ အသေးစိတ်ကြသည့် အသားအရေထိန်းသိမ်းသည့် နည်းလမ်းကို ကြည့်နေကြသည့် အင်တာနက်အသုံးပြုသူအများစုက စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။


သူတို့က ရှအန်း၏ မျက်နှာကို နှိပ်နယ်သည့် နည်းလမ်းကို အထင်တကြီး ဖြစ်သွားကြသည်။


၎င်းက အလွန်လွယ်ကူ ရိုးရှင်းပြီး ထိရောက်မှုရှိလေသည်။ တမင်တကာ လုပ်ယူရသော အခြား နှိပ်နယ်နည်းများလောက် မရှုပ်ထွေးပေ။


ရှအန်း၏စာသင်ခန်းလေးက ဗွီဒီယိုအသေးစားလေး နှစ်ပုဒ်တင်ပြီးသည်နှင့် လူရှာဖွေမှုအများဆုံး ဖြစ်သွားခဲ့သည်။


C.Hအပေါ်တွင် အထင်အမြင်ကောင်းရှိသည့် လူများကလည်း ပါဝင်လာကြသည်။


ရှအန်းကို အလွန်အမင်း ချီးကျူးထားကြပြီး ကမ္ဘာမြေသို့ သက်ဆင်းလာသည့် ရှအန်းက နတ်သမီးလေး၊ ရှအန်းက အရမ်းကောင်းတယ် နှင့် ရှအန်းရဲ့ အသေးစိတ်ကျတဲ့ အသားအရေထိန်းသိမ်းနည်းအတွက် ကျေးဇူးတင်ပါတယ် တို့ဟူ၍ ပလူပျံနေသည်။


သို့သော် ရှအန်းက အသားအရေထိန်းသိမ်းရန် ပျင်းရိလွန်းလှသည့် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ဘုရားသာ သိပေလိမ့်မည်။


အသားအရေထိန်းသိမ်းသည့် နှိပ်နယ်နည်းတွင် မျက်နှာသစ်ပြီးသည်နှင့် မည်သည့် အသားအရေထိန်းသိမ်းသည့် ထုတ်ကုန်ကိုမှ မသုံးခဲ့ချေ။


ထိုဗွီဒီယိုက သူမ၏ ထုတ်ကုန်များအတွက်သာ ဖြစ်သည်။


အသုံးဝင်သည့် အသားအရေထိန်းသိမ်းနည်းနှင့် နှိပ်နယ်နည်းတို့မှာ ရှုထျန်းထျန်းဆီက ဖြစ်ပြီး ရှအန်းနှင့် ဆက်နွယ်မှု မရှိပေ။


╮(︶▽︶)╭