အပိုင်း ၂၀၂
Viewers 29k

Chapter 202


[ရှအန်းရဲ့ အသားအရေက အရမ်းကောင်းတာပဲ.. ငါသူ့ရဲ့ အသားအရေထိန်းသိမ်းနည်းအတိုင်း လိုက်လုပ်ရမယ်...]


[နှိပ်နယ်တဲ့ နည်းကလည်း အရမ်းအသုံးဝင်သလိုပဲနော် ပြီးတော့ အရမ်းလည်း ခက်မနေဘူး....]


[ရှအန်းရဲ့ အသားအရေထိန်းသိမ်းတဲ့ နှိပ်နယ်နည်းက အခြားနှိပ်နယ်နည်းတွေထက် ရိုးရှင်းတာပဲ... နှိပ်နယ်ဖို့ ခရင်မ်တောင် လိမ်းစရာမလိုဘူး.. အရမ်းမိုက်တယ်..]


[အသာအရေထိန်းသိမ်းနည်း ဗွီဒီယိုက တင်လိုက်ပြီ ဒါပေမဲ့ ဘာလို့ C.Hကို တရုတ်မှာမရောင်းသေးတာလဲ... ငါရှအန်းသုံးတာတွေ တကယ်လိုက်သုံးချင်နေပြီ..]


[C.Hက အခု အတုတွေအများကြီးရှိနေတာ... ပြီးတော့ ဘာလို့ နိုင်ငံခြားမှာပဲ ရောင်းနေရတာလဲ...]


[*** ငါဒေါ်လာထောင်ကျော်အောင် ပေးပြီးဝယ်ခဲ့တဲ့ C.Hက ပစ္စည်းတွေကို ရှအန်းပြောသလို နှိုင်းယှဉ်ကြည့်တာ အကုန် အတုတွေ ဖြစ်နေတယ်...]


[ငါတို့ ဂရုတစိုက်လုပ်မှဖြစ်မယ်... အတုတွေကလည်း အရမ်းဈေးကြီးတာနော်...]


...


ရှအန်းက ဝေ့ပေါ်တွင် ဗွီဒီယိုနှစ်ပုဒ်တင်ပြီးသည်နှင့် အင်တာနက်ပေါ်တွင် ရှအန်း၏ အသားအရေထိန်းသိမ်းနည်းက အလွန်အကျိုးရှိကြောင်း အောဟစ်နေကြသလို ပစ္စည်းအတုများကိုလည်း အော်ဟစ်ဆူပူနေကြသည်။


ရှအန်း၏ အကူအညီဖြင့် သူတို့ ဝယ်ထားကြသော ဈေးကြီးပေးရသည့် C.H ထုတ်ကုန်များဆိုသည်မှာ အတုများသာဖြစ်ကြောင်းသိလိုက်ရသည်။


ယခုတွင် C.Hအတုများက ပိုမိုနာမည်ကြီးလာသည်။


ထိုအချိန်တွင် C.Hကုမ္ပဏီမှ ငှားရမ်းထားပြီး ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းထားသည့် စုံစမ်းရေးအုပ်စုက C.Hအတုများ ထုတ်လုတ်နေသည့် လူများစွာကို ဖမ်းမိခဲ့ကြသည်။


ထို့အပြင် C.H မှ စုံစမ်းရေးများက နိုင်ငံအတွင်းရှိ လူသိများသော သတင်းမီဒီယာများကို C.Hအတုများ ထုတ်နေသည့် လူများအကြောင်းကို ပြည်သူလူထုတစ်ရပ်လုံးသိအောင် ကြေငြာခိုင်းလိုက်သည်။


ဤပစ္စည်းအတုအယောင်များကို တိုက်ဖျက်သည့် လှုပ်ရှားမှုက အင်တာနက်ပေါ်ရောက်လာသည်နှင့် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။


သူတို့က C.Hမှထုတ်ကုန်များကို ယွမ်ထောင်ကဏာန်းမျှသာ ကုန်ကျမည်ဟု မထင်ခဲ့ကြသလို အတုအယောင်ပစ္စည်းများကလည်း ဈေးများနေမည်ဟု မထင်ခဲ့ကြပေ။ ဤအတုအယောင်ပစ္စည်းများက ဈေးနှုန်း အဆတစ်ရာခန့်မြှင့်ပြီးမှ ဝယ်သူများထံ ရောက်လာခြင်းဖြစ်သည်။


ထို့အပြင် အတုအယောင်ပစ္စည်းများလုပ်သည့် နေရာမှာ အတော်လေး ဆင်းရဲစုတ်ချာလှသည်။ အတုများပြုလုပ်နေသည့် အလုပ်သမားများက ပိုးမသတ်ထားသည့် နေရာတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။


အတုအယောင်များ ပြုလုပ်သည့် တရားခံများက ပေါ်ထွက်လာခဲ့သည်။


ဗွီဒီယိုထဲတွင် အလုပ်သမားများ၏ လက်များက ညစ်ပတ်နေကာ စကင်ကဲ ပစ္စည်းများ ထည့်သည့် ဘူးခွံများကလည်း ပိုးမသတ်ထားကြပေ။ လူတိုင်း ဒေါသတကြီးဖြစ်သွားကာ စိတ်နှလုံးသား မည်းမှောင်နေသည့် စီးပွားရေးသမားများကို ရွံရှာမိသွားကြသည်။


ကံကောင်းစွာဖြင့် C.Hက ဤကိစ္စကို အသေအချာ ကိုင်တွယ်ပေးခဲသည်။ အကယ်၍ C.Hကသာ အသေအချာကိုင်တွယ်မပေးခဲ့လျှင် လူပေါင်းများစွာက အတုများကို ဝယ်ယူမိကြပေလိမ့်မည် ဖြစ်သည်။


ထို့ကြောင့် လူများစွာက C.Hမှ ထုတ်ကုန်များကို ဝယ်ရန် မည်သည့် ဝန်ဆောင်မှုပေးသည့် လူကိုမှမယုံကြည်ကြတော့ပေ။


သူတို့အတုတွေ ဝယ်မိရင် ဘယ်လိုလုပ်ကြမလဲ...


သူတို့ C.Hက ထုတ်ကုန်တွေကို ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ ဝယ်ချင်တယ်လေ...


ဤစိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုထဲတွင် C.Hမှ ပြောရေးဆိုခွင့်ရှိသူ ရှအန်းက သူမ၏ တရားဝင်ဝေ့ပေါ်ကိုသုံး၍ တင်လိုက်သည့် ပို့စ်ကြောင့် လူများက စိတ်လှုပ်ရှားသွားကြသည်။


[ရှအန်းV: ဈေးဝယ်ရတာ အန္တရာယ်များလှတယ်နော်... ဈေးဝယ်ရတာ သေချာလည်း တွက်ချက်ရသေးတာ.. ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျွန်မက ရှင်တို့ကို သတင်းကောင်းလေး ပေးပါရစေ... ကျွန်မ အရမ်းမြတ်နိုးလှတဲ့ C.Hက ထုတ်ကုန်တွေကို မကြာခင်မှာ ပြည်တွင်စက အီလက်ထရွန်နစ်ဈေးရောင်း ချန်နယ်တွေမှာ ဝယ်ယူခွင့်ရတော့မှာပါ.... C.Hရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေလည်း မှာယူလို့ရမယ်နော်....

PS: ဈေးနှုန်းကလည်း နိုင်ငံခြားက ဈေးနှုန်းပဲနော် အစိုးရအတွက် အခွန်အခလေးပဲ နည်းနည်းထပ်တိုးရုံပဲ... အသေးစိတ်သိချင်တယ် ဆိုရင်တော့ @C.Hတရားဝင် ဝေ့ပေါ် ကို သွားရောက်စုံစမ်းနိုင်ပါတယ်...]


ရှအန်း၏ ဝေ့ပေါ်ပို့စ်ကို ဖတ်ပြီးသည်နှင့် အလှတရားကို ချစ်မြတ်နိုးကြသော လူများစွာက အလွန်စိတ်လှုပ်ရှားသွားကြသည်။


C.Hက ဈေးအရမ်းမကြီးသဖြင့် သဘောကျနေကြပြီဖြစ်သည်။


ထို့အပြင် ရှအန်းကဲ့သို့ အသားအရေလှသူကလည်း C.Hမှ စကင်ကဲ ထုတ်ကုန်များကို သုံးသေးသည်။


သူတို့က နာမည်ကြီး စတားများကြော်ငြာသမျှကို လိုက်သုံးရန် မလိုသော်လည်း ရှအန်းက ရိုးသားဖြောင့်မတ်သည့် ဗွီဒီယိုကိုတင်ပြီး သူမပြောသမျှ ထုတ်ကုန်တိုင်းကလည်း အမှန်တကယ် ကောင်းနေသည်။


ထို့အပြင် မြောက်များစွာသော အွန်လိုင်းဆယ်လီဘလော့ဂါများကလည်း ကောင်းမွန်ကြောင်း ထောက်ခံပေးကြသည်။ ထို့ကြောင့် ဤပို့စ်တင်ပြီးနောက်တွင် လူအများစုက C.H၏ တရားဝင်ဝေ့ပေါ်ကိုသွားပြီး အွန်လိုင်းဈေးရောင်းချန်နယ် ဘယ်တော့ဖွင့်မလဲသာ မေးနေကြသည်။


C.H၏ တရားဝင်ဝေ့ပေါ်အကောင့်က ဖွင့်ပြီးကာစသာဖြစ်သော်လည်း ပရိတ်သတ်များစွာ ရနေလေပြီ။


ဖော်လိုဝါအရေအတွက်က ဂဏာန်းသုံးလုံးမှ ဂဏာန်းခြောက်လုံးအထိ ဖြစ်သွားခဲ့သည်။


၎င်းက C.Hမှ ဝန်ထမ်းများကို ထိတ်လန့်သွားစေသည်။ သူတို့ CEOဖိတ်ခေါ်ထားသည့် ပြောရေးဆိုခွင့်ရှိသူက အံ့ဩဖွယ်ကောင်းလှသည်။


သူတို့ ဝေ့ပေါ်တွင် ပို့စ်တစ်ခုသာတင်ရသေးသော်လည်း ဖော်လိုဝါများစွာ ရနေလေပြီ။


အချက်အလက်များကို မေးမြန်းနေသည့် လူအရေအတွက်အရ အွန်လိုင်းဈေးရောင်း ချန်နယ်က မကြာမီ ဖွင့်တော့မည်ဖြစ်ပြီး အများကြီး ရောင်းရမည်မှန်း သေချာနေလေပြီ။


သူတို့ ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့သည်။


C.H ဘက်က အွန်လိုင်းဈေးရောင်းချန်နယ် စသည်နှင့် မရေမတွက်နိုင်သော တရုတ်လူမျိုးများက တရားဝင် C.Hဈေးရောင်းဝက်ဘ်ဆိုက်သို့ ရောက်လာကြသည်။


ကြေငြာချက်ထုတ်လိုက်သည်နှင့် ဝက်ဘ်ဆိုဒ်မှ ဝယ်ယူသည့် လူအရေအတွက်က ထောင်တက်သွားပြီး တစ်ရက်အတွင်း သန်းချီဖြစ်သွားသည်။


မည်သူမှ C.H စကင်ကဲ ထုတ်ကုန်များက အမေရိကန်တွင် ရောင်းရသည်နှင့် သိပ်မကွာမည် ဖြစ်ကြောင်း မထင်ခဲ့ကြပေ။


ထိုအပြင် ဤသည်ကပထမဆုံး တစ်ရက်သာဖြစ်သည်။


ထိုအခါမှ C.H၏ ဘုတ်အဖွဲ့မှ လူကြီးများက တရုတ်ဈေးကွက်က အကျိုးမည်မျှ သယ်ဆောင်ပေးကြောင်း သိသွားကြသည်။


C.H၏ ဝန်ထမ်းများနှင့် ယှဉ်လျှင် ပြည်တွင်းမှ ဈေးကွက်က ပိုမိုထိတ်လန့်သွားကြသည်။


မည်သူကမှ C.Hက တရုတ်တွင် ဈေးကွက်တစ်ခုကို ချောချောမွေ့မွေ့ဖွင့်ချလိုက်နိုင်မည်ဟု မထင်ခဲ့ကြပေ။


မည်သို့ပင်ဆိုစေ C.Hက မားကတ်တင်းအဖွဲ့က လုံးဝမလှုပ်ရှားရသေးသလို အပြင်းအထန် မကြော်ငြာရသေးပေ။


အွန်လိုင်းဈေးရောင်း ချန်နယ် ပထမဆုံးဖွင့်သည့် နေ့တွင်ပင် ဤမျှရောင်းရခဲ့သည်။ ၎င်းက ထိတ်လန့်စရာပင်။


လူတိုင်း၏ ရင်ထဲတွင် C.Hက တရုတ်တွင် ဈေးကွက်အကြီးစားကြီးတစ်ခု ဖွင့်နိုင်သည်မှာ ၎င်းတို့၏ ထုတ်ကုန်များက အလွယ်တကူသုံး၍ရပြီး ကောင်းမွန်သည့် အကြောင်းအရင်းကြောင့်သာမက ရှအန်းက C.Hမှ ပြောရေးဆိုခွင့် ရှိသူဖြစ်နေ၍ ဖြစ်ကြောင်း ကိုနားလည်သွားကြလေသည်။


C.H၏ စကင်ကဲထုတ်ကုန်များက ကောင်းမွန်သည်။ သို့သော် တရုတ်တွင် အထူးကြေငြာခြင်းမရှိသလို ဈေးကွက်တွင် အတုများကပင် ပေါ်လာခဲ့သေူသည်။


အမှန်အတိုင်းပြောရလျှင် တရုတ်တွင် C.H၏ ထုတ်ကုန်များကို သုံးသည့်လူ အများကြီးမရှိပေ။


ထို့ကြောင့် ပထမဆုံးနေ့တွင်ပင် C.H၏ ရောင်းရနှုန်း ထိုးတက်သွားခြင်းမှာ ပြောရေးဆိုခွင့်ရှိသူကြောင့် ဖြစ်ကြောင်း ကောက်ချက်ချနိုင်သွားကြသည်။


ထိုမျှ ကောင်းမွန်လှသည့် ဆယ်လီတစ်ယောက်က တရုတ်တွင်မပေါက်မြောက်ပဲ အမေရိကန်တွင်သာ ပေါက်မြောက်နေသည်မှာ နှမျောစရာပင်။ ထို့ကြောင့် တရုတ်brandအများစုက နိုင်ငံခြားသွား၍ သူမနှင့်အတူ လက်တွဲပြီး မကြော်ငြာနိုင်ခဲ့ကြပေ။


ယခုတွင် သူမနာမည်မကြီးခင်က အသေအချာမဖမ်းဆုပ်ခဲ့ကြ၍ နောင်တရနေကြလေပြီ။