အပိုင်း ၂၀၃
Viewers 29k

Chapter 203


မူလက ရှအန်းကြော်ငြာပေးသည့် ထုတ်ကုန်များက နာမည် ကြီးများမဟုတ်ပေ။ သို့သော် ယခုတွင် သာမန်ထုတ်ကုန်များက ရှအန်းကို ၎င်းတို့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်၍မရတော့ပေ။


ထို့အပြင် ရှအန်းက C.H၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ရုံသာမက ဟယ်ရီဝင်းစတန်၏ ပြောရောဆိုခွင့် ရှိသူလည်း ဖြစ်နေသေးသည်။ သို့သော် ဟယ်ရီဝင်းစတန်က ကျော်လွှားမရနိုင်သော တောင်ကြီးတစ်တောင် ဖြစ်နေသည်။


ထို့ကြောင့် ယခု C.Hမှ ထုတ်ကုန်များက ရှအန်းကြောင့် ကောင်းကောင်းမွန်မွန်ရောင်းထွက်နေသည်ကို တွေ့လိုက်ရသောအခါ အမေရိကန်တွင် ယခုမှ စဖွင့်ကာစဖြစ်သော C.Hကိုဒေါသထွက်ရသလို မနာလိုလည်းဖြစ်နေရသည်။


ထိုC.H ကုမ္ပဏီက အလွန်ကံကောင်းသလို ပြောရေးဆိုခွင့်ရှိသူရှာရာတွင်လည်း အမြင်အလွန်ကောင်းခဲ့သည်။


ပြည်တွင်းမှ ကုမ္ပဏီများက C.H ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီတစ်ခု မဟုတ်ပဲ တရုတ်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း မည်သို့ သိကြမည်နည်း။


အထူးသဖြင့် ၎င်း၏ဘော့စ်က C.H၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် ရှအန်းကိုယ်တိုင် ဖြစ်နေသည်။


"ဝိုး....ငါပိုက်ဆံတွေ ဘယ်လောက်တောင် ရှာလိုက်တာလဲ...."


ရှအန်းက C.Hမှ CEOပို့ပေးလိုက်သည့် အွန်လိုင်းမှရောင်းရနှုန်းကို ကြည့်ပြီး ပျော်နေလေသည်။


ရုတ်တရက် သူမက ကုမ္ပဏီထောင်ရခြင်းက အလွန်အမြတ်များကြောင်း သိသွားရသည်။


သူမ စတားလုပ်စဉ်ကထက် ငွေပိုရှာနိုင်နေသည်။


ဆယ်လီအဖြစ် အသက်မွေးဝမ်းကျောင်း ပြုရသည်က တည်ငြိမ်သည့် အလုပ်ဖြစ်ပြီး ဆုံးရှုံးစရာ မရှိပေ။


သို့သော် သူမက နေရာလွတ်ဆီမှ အသားအရေထိန်းသိမ်းသည့် ထုတ်ကုန်များကို ထုတ်လုပ်ရန် အလွန်ယုံကြည်ချက် ရှိနေခဲ့သည်။


သူမဖွင့်ထားသည့် ကုမ္ပဏီက ချောချောမွေ့မွေ့ လည်ပတ်နေသည်။


ဒေါက်... ဒေါက်...


ရှအန်းက ရောင်းရနှုန်းမြင့်လှသည့် အစီအရင်ခံစာကို ကိုင်ထားပြီး ပျော်ပျော်ကြီး ကြည့်နေစဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။


သူမ မျက်တောက် ခတ်လိုက်ပြီး လက်ထဲမှ အစီအရင်ခံစာကို ချထားလိုက်သည်။


"ဝင်ခဲ့ပါ...."


ရှရှင်းချန်က တံခါးဖွင့်၍ ဝင်လာခဲ့သည်။


"မာမား..."


သူမ၏ သားလေးရောက်လာသည်ကို မြင်သောအခါ ရှအန်းက ထိုင်ခုံပေါ်မှ ထလိုက်သည်။


"ဘာဖြစ်လို့လဲ ရှောင်ရှင်းလေး..."


သူမ စာလေ့လာနေချိန်တွင် ကောင်ကလေးနှစ်ယောက်က သူမကိုမနှောင့် ယှက်ကြပေ။


ထို့ကြောင့် သူ့တွင် သူမကို အရေးတကြီးပြောစရာ ရှိပေလိမ့်မည်။


ရှအန်း ထင်ထားသည့်အတိုင်း ကောင်ငယ်လေးက အလွန်အရေးကြီးသည့် အရာဖြင့် လာခဲ့ခြင်းဖြစ်သည်။


ထို့အပြင် ၎င်းက သတင်းကောင်း ဖြစ်နေသည်။


"မာမား အရင်တစ်ခေါက်က ပြောထားတဲ့ sunscreenကို သားလုပ်နိုင်သွားပြီ..."


ကောင်းကလေးက ရှအန်းဘေးနား လျှောက်လာပြီး သူ၏ခေါင်းလေးကို လိမ်လိမ်မာမာလေး မော့ကြည့်လိုက်သည်။ သူ၏ အနက်ရောင်မျက်ဝန်းများက သူ၏ နတ်သမီးမေမေကို တိတ်တဆိတ်ကြည့်နေသည်။


ရှအန်း အပျော်လွန်သွားရသည်။


သူမ မျက်နှာပေါ်တွင် တောက်ပနေသည့် အပြုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်ငယ်လေးကို ဆွဲဖက်လိုက်သည်။


"တကယ်လား.. မာမားရဲ့ သားကလေးက သိပ်ကိုတော်တာပဲ...."


ရှအန်းက အပျော်ကြီးပျော်နေသော်လည်း သူမ၏ ဉာဏ်ကြီးရှင်သားလေးက ပြောစရာ ရှိနေသေးပေသည်။

"ပြီးတော့... သားက အသားအရေအတွက် ပိုကောင်းတဲ့ ဖော်မြူလာကို လုပ်ထားသေးတယ်...."

ကောင်ကလေးက ခေါင်းငုံ့ရင်း လေးလံထိုင်းမှိုင်းနေသော အသံဖြင့် ပြောလိုက်သည်။ ၎င်းက ပျော်ရွှင်စရာ အရာဖြစ်သော်လည်း ကောင်ကလေးက လုံးဝပျော်မနေပေ။


ရှအန်းကလည်း ရှရှင်းချန်၏ ပုံမှန် မဟုတ်သည့် တုံ့ပြန်မှုကို သတိပြုမိလိုက်သည်။


သူမက သူမ၏ထုတ်ကုန် အစဉ်လိုက်က များမလာတော့မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် သူမ၏ သားလေးက အရာတိုင်းကို ဖြေရှင်းပေးခဲ့သည်။


ဒါဆို သူက ဘာလို့ စိတ်ပျက်လက်ပျက်ဖြစ်နေရတာလဲ...


"သားလေး အကောင်းဆုံးလုပ်ခဲ့မှန်း မာမားသိတယ်နော်... မာမားက သားကို အများကြီးချစ်တယ်...."


ရှအန်းက ရှရှင်းချန်ကို သူမ၏ လက်မောင်းထဲတွင် ထွေးပွေ့လိုက်သည်။ ရှရှင်းချန်က သူ၏ နတ်သမီးမေမေ အတော်ပျော်နေကြောင်း သိပေသည်။


သူမကို ကြည့်ပြီး သူ့ရင်ထဲရှိ မပျော်ရွှင်မှုနှင့် စိတ်ဓာတ်ကျမှုများက ချက်ချင်းပျောက်ကွယ်သွားရသည်။


ထားလိုက်ပါတော့... သူ့ခေါင်းထဲရှိ လူကို မကြိုက်ပေမဲ့ သူ့မာမားပျော်နေသ၍ အဆင်ပြေပါတယ်... ဘာပဲဖြစ်ဖြစ် အဲ့လူမရှိရင် သူ့ရဲ့နတ်သမီးမေမေက အခုလို အရမ်းပျော်ရမှာ မဟုတ်ဘူးလေ...


အပျော်ကြီးပျော်ကာ စိတ်လှုပ်ရှားနေသော ရှအန်းက သူ၏ပုံမှန်မဟုတ်သည့် အမူအယာကို သတိမပြုမိပေ။


အရွယ်ပင် မရောက်သေးသည့် သူမ၏သားလေးက ဤမျှများပြားသည့် အသားအရည်ထိန်းသိမ်းသောပစ္စည်းများကို မည်သို့ သိနေကြောင်းကိုလည်း တွေးပင် မတွေးမိချေ။


မည်သို့ပင်ဆိုစေ သူမကူးပြောင်းလာခဲ့သည့် ကမ္ဘာက သဘောထားကွဲလွဲမှုနှင့် ယှဉ်ပြိုင်မှုတို့က သန်မာလှသည်။ ထို့အပြင် သူမ၏ သားကလည်း IQ မြင့်လှသည့် ဉာဏ်ကြီးရှင်ဗီလိန်ဖြစ်သည်။


ထို့ကြောင့် ရှအန်းက သူ၏စွမ်းဆောင်ရည်အပေါ် သံသယမရှိပေ။


ခဏအကြာတွင် ရှအန်က သူမ၏ ဉာဏ်ကြီးရှင်သားလေး ပေးထားသည့် စကင်ကဲထုတ်ကုန် ဖော်မြူလာကို ကုမ္ပဏီရှိ CEOကိုပေးပြီး ထုတ်ကုန်အသစ်ကို ထုတ်လွှတ်လိုက်သည်။


သူမက ကုမ္ပဏီကို sunscreenအရင်ထုတ်ခိုင်းလိုက်ပြီး "Big Bang"၏ စတူဒီယိုကို ယူကာ ရှိုးတွင် ကြော်ငြာပေးရန် ယူသွားနိုင်မည် ဖြစ်သည်။


ဤပြီးပြည့်စုံသည့် ဘဝတွင် Big Bang၏ တတိယအပိုင်းက ထုတ်လွှတ်ပြသပြီဖြစ်သည်။


တတိယပိုင်းတွင် ရှအန်း၏ ဇာတ်ကွက်က ဒုတိယပိုင်းထက် ပိုများလေသည်။ ထိုထဲတွင် သူမက အမျိုးသားဇာတ်ဆောင်နှင့် ဝေါ့ဇ်အက ကရသည့် အခန်းရှိပြီး အထူးသဖြင့် အမျိုးသားဇာတ်ဆောင်က အမျိုးသမီးခြေနင်းကွက်များဖြင့် ကနေခဲ့သည်။


၎င်းက အလွန်ပေါက်သွားခဲ့သည်။ ဂန်းစတားအော်ရိုရာ၏ အော်ရာက ပြင်းထန်လှသည်။


သုံးပိုင်းတည်းဖြင့်ပင် ရှအန်းသရုပ်ဆောင်ထားသည့် အော့ရိုရာဇာတ်ကောင်က အမေရိကန်လူမျိုးများ၏ အသည်းနှလုံးတွင် အကြိုက်ဆုံး ဇာတ်ကောင် ဖြစ်လာခဲ့သည်။


ရှအန်း၏ အမာခံပရိတ်သတ်ဖြစ်လာသော ကောင်မလေးများနှင့် ကောင်ကလေးများစွာ ရှိလာသည်။


အမေရိကန်ရှိ ပရိတ်သတ်အရေအတွက်က ချက်ချင်းလက်ငင်း မြင့်တက်လာသည်။


နိုင်ငံခြား ပရိတ်သတ်များ၏ ရူးသွပ်မှုနှင့် ယှဉ်လျှင် ပြည်တွင်းမှ ပရိတ်သတ်များကလည်း ကျန်နေခဲ့ခြင်း မရှိပေ။


သူမပင် မသိလိုက်ပဲ ရှအန်းက 'national husband' အသစ်အနေဖြင့် လူတိုင်း၏ ရင်ထဲနေရာယူသွားခဲ့သည်။


နေ့တိုင်း နေ့တိုင်း ပရိတ်သတ်များက အော်ဟစ်နေကြသည်။


[အား..... ငါ့ယောက်ျားက အရမ်းချောတာပဲ...]


[ငါ့ယောက်ျားက ချနေတယ်...]


[ငါ့ယောက်ျားက အချောဆုံးပဲ...]


[*စခရင်ကို အားရပါးရလျက်နေ* ငါ့ဖုန်းစခရင်က အခုတလော အရမ်းသန့်ရှင်းလာပြီ..]


ရှကျင်းက တက်ဘလက်စခရင်အပြည့် ရှိနေသော ရှအန်းအကြောင်း ကွန်းမန့်များကို ကြည့်ရင်း ရတတ်မအေးဖြစ်နေသည်။


အထင်အမြင်ကောင်းများစွာကို တွေ့လိုက်ရသောအခါ ရှကျင်းက အသက်ရှူကြပ်သည်ထက် ကြပ်လာပြီး ရေမွန်းလာသလို ခံစားနေရသည်။


ထိုမိန်းမက သူမကြောင့် တရုတ်ပြည်မှ မောင်းထုတ်ခံထားရပြီး သူမကြောင့် အဘန်းခံထားရသေးသည်။


သို့သော်လည်း


အဲ့မိန်းမက ပိုမိုတက်ကြွကာ နာမည်ကြီးလာနေသည်။


ရှကျင်းက တက်ဘလက်ကို သူမ၏လက်ထိပ်လေးများ ဖြူရော်သွားသည်အထိ တင်းတင်းဆုပ်ထားမိသည်။


ဘာလို့လဲ... သူက ဘာလို့ မောက်မာနေရသေးတာလဲ...


သူ့ကို ကာကွယ်ပေးနေတဲ့ မိန်းမအိုကြီးတောင် သေသွားပြီလေ... သူက ဘာကိစ္စကြောင့် တောက်ပနေရသေးတာလဲ...


အဲ့တာ ဖုရှန်းကြောင့်လား...


ရှကျင်း၏ မျက်လုံးများ မဲမှောင်သွားသည်။


ဤနေ့များတွင် ဖုရှန်းက ခြေလှမ်းပျက်နေလေ့ ရှိပြီး တစ်စုံတစ်ခု လုပ်နေခြင်းဖြစ်ရပေမည်။ သူမ ဖုရှန်း၏ ဖုန်းထဲမှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို စစ်ကြည့်သောအခါ နိုင်ငံခြား ဖုန်းနံပါတ်တစ်ခုကို တွေ့ခဲ့ရသည်။


ရှအန်း နိုင်ငံခြားရောက်ကတည်းက သူမ ထိုကိစ္စကို သံသယဝင်နေခဲ့သည်။


"ဖုရှန်းက ရှအန်းကို တကယ်ကူညီနေတာလား...."

ရှကျင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။


သူမ၏ မျက်နှာက တည်ငြိမ်နေသော်လည်း သူမမျက်လုံးများထဲတွင် မုန်းတီးမှုတို့ ပြည့်နေသည်။


သူမအသက်ပြင်းပြင်းရှူကာ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။


ဒီ့ထက် ဆက်တိုးမလာစေရန် သူမ သေချာပေါက် ကာကွယ်ရေး အစီအစဉ်များ ချမှတ်တော့ပေမည်။