အပိုင်း ၂၀၄
Viewers 29k

Chapter 204


"မေမေ...."


ရှကျင်း စိတ်ငြိမ်သွားသည့် အချိန်တွင် သူမ၏ သမီးလေးကလည်း သူမဆီပြေးဝင်လာခဲ့သည်။


ကလေးမလေးက မင်းသမီးတစ်ပါးလို စကတ်လှလှလေး ဝတ်ထားပြီး ခေါင်းပေါ်တွင် စိတ်အစစ်နှင့် သရဖူတစ်ခုရှိနေသည်။ ရှကျင်းက ပျော်ပျော်ကြီး ငုံ့ကိုင်းလိုက်ပြီး သူမ၏သမီးလေးကို ချီလိုက်သည်။


"ဘာဖြစ်လို့လဲ... ချီချီလေး..."


"မေမေ ဒီနေ့သမီးမွေးနေမှာလေ... သမီး တခြားကလေးတွေနဲ့ မီးရှူးမီးပန်းဖောက်တာကို သွားကြည့်ချင်တယ်..."

ဖုအန်းချီက ရှကျင်း၏ လည်ပင်းကို ဖက်တွယ်၍ အပြုံးလေးဖြင့် ပြောလိုက်သည်။


ရှကျင်း မျက်မှောင်ကြုတ်သွားသည်။


"မီးရှူးမီးပန်း သွားကြည့်မယ်...."

ထို့နောက် ခပ်မြန်မြန် ခေါင်းခါပြလိုက်သည်။



"မရဘူး.. အန္တရာယ်များလွန်းတယ်... သမီး တကယ်မီးရှူးမီးပန်းကြည့်ချင်ရင် အိမ်ကနေလည်း ကြည့်လို့ရတယ်..."


ဖုအန်းချီက ထိုသို့ ဆန္ဒမရှိပေ။

"မဟုတ်ဘူးလေ... သမီးက အပြင်သွားပြီး မီးရှူးမီးပန်းတွေ ကြည့်ချင်တာပါဆို...."


"မရဘူး...."


"မေမေနော်... ဒီနေ့က သမီးမွေးနေ့လေ... ချီချီ့ကို မွေးနေ့မှာ လုပ်ချင်တာလေးတစ်ခုတော့ လုပ်ခွင့်လေနော်..."


သူမ၏ သမီးလေးပြောသည်ကို ငြင်းရန် နည်းလမ်း မတွေ့ခဲ့ချေ။ ရှအန်း သူနှဖူးကိုသာ ပွတ်ကာ ကူကယ်ရာမဲ့စွာ ခေါင်းငြိမ့်ရင်း သဘောတူလိုက်ရသည်။


"မေမေခွင့်ပြုပေးမယ်... ဒါပေမဲ့..."


"ဒါပေမဲ့ ဘာလဲဟင်...."


ဖုအန်းချီ၏ မျက်လုံးများက ချက်ချင်း တောက်ပလာပြီး ရှကျင်းကို စိတ်လှုပ်ရှား ကြည့်နေသည်။


"ဒါပေမဲ့... သမီးနောက်ကို တစ်ယောက်ယောက်က လိုက်ခဲ့ပေးမှာ... မေမေက သမီးနဲ့ လိုက်ခဲ့ပေးမှာ...."


ရှကျင်းက အချိန်အတော်ကြာ စဉ်းစားခဲ့ရသည်။ မည်သို့ပင်ဆို သူမတွင်လည်း လုပ်စရာ မရှိ၍ သူမ၏သမီးလေးနောက်ကို လိုက်၍ သူမသမီးလေး၏ဆန္ဒလေးကို ဖြည့်စည်းပေးရန် ဆုံးဖြတ်လိုက်သည်။


ဖုအန်းချီက သူမအမေ သူမနောက်လိုက်ခဲ့မည်ဟု ကြားသောအခါ မပျော်မရွှင်ဖြစ်သွားရသည်။ သို့သော် သူမသာ သူမအမေကို မလိုက်ခိုင်းပါက သွားခွင့်ရမည်မဟုတ်ကြောင်း တွေးမိလိုက်လေသည်။


ထို့ကြောင့် ကလေးမလေးက တွေးဆဆဖြင့် ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။

"ကောင်းပြီလေ... ဒါဆို မေမေ သမီးတို့နောက် လိုက်ခဲ့..."


ရှကျင်း သူမ၏ သမီးလေး စိတ်ဆိုးနေသည်ကို ကြည့်ပြီး ပျော်ရွှင်စွာ ခေါင်းလေး ခါလိုက်သည်။


"သွားကြစို့... သမီးရဲ့ သူငယ်ချင်းတွေက သမီးရဲ့ မွေးနေ့ပွဲကို လာတော့မှာ.. မေမေသမီးကို ခေါင်းဖြီးပေးပြီး မင်းသမီးလေးတစ်ပါးလို ဝတ်ပေးမယ်နော်... "


"အွန်း... မေမေသမီးကို လှလှလေး ပြင်ပေးရမှာနော်...."


အမေနှင့် သမီးတို့က အဝတ်အစားအခန်းထဲသို့ အတူသွားလိုက်သည်။ သူတို့ မွေးနေ့ပွဲတွင် ဝတ်ရန် ဝတ်စုံများနှင့် လက်ဝတ်ရတနာများကို ရွေးလိုက်သည်။


မကြာမီ ဖုအန်းချီ၏ မွေးနေ့ပွဲ စတင်လေပြီ။ သူမက ကလေးမလေးတစ်ယောက် ဖြစ်သော်လည်း မွေးနေ့ပွဲကို ဧည့်သည်များစွာ ဖိတ်ကြားထားသည်ဖြစ်သည်။


ဖုမိသားစုနှင့် ရှမိသားစုတို့က Bမြို့တော်တွင် အဆက်အသွယ်များစွာရှိသည်။ ထို့ကြောင့် သူတို့သမီးလေး၏ မွေးနေ့ပွဲက အဆက်အသွယ် အချိတ်အဆက်များလုပ်ရန် အကောင်းဆုံး ပွဲတစ်ခု ဖြစ်နေသည်။


မွေးနေ့ပွဲ ပြီးသည်နှင့် လူကြီးများက စကားဝိုင်းဖွဲ့ကြလေသည်။


သို့သော် ကလေးများတွင် ပါတီက မပြီးဆုံးသေးပေ။


မွေးနေ့ပွဲပြီးသည်ကို စောင့်ပြီးလျှင် သူတို့အားလုံး အပြင်ထွက်၍ မီးရှူးမီးပန်းသွားကြည့် ကြပေမည်။ ထို့ကြောင့် ကလေးများက စိတ်လှုပ်ရှားနေကြသည်။


သူတို့ထဲတွင် စိတ်အလှုပ်ရှားဆုံးမှာ ဖုအန်းချီဖြစ်သည်။


သူမက အမြဲတမ်း မာနကြီးလှသည့် မင်းသမီးလေးတစ်ပါး ဖြစ်ခဲ့သည်။


ထို့ကြောင့် 'သာမန်လူကိစ္စများ'ကို လုံးဝစိတ်မဝင်စားပေ။


သို့သော် ဤတစ်ကြိမ်တွင် သူမကိုယ်တိုင် ဘာကြောင့်လဲမသိသော်လည်း တစ်စုံတစ်ယောက်က ညဈေးတန်းကိုသွားပြီး မီးရှူးမီးပန်းကြည့်ရန် ပြောသည်ကို ကြားပြီးနောက်တွင် သူမနှလုံးသားထဲတွင် ယားယံကာ ခုန်ပေါက်နေပြီး ကိစ္စကြီးတစ်ခု ဖြစ်ပျက်တော့မည်ဟု ခံစားမိနေရသည်။ ထိုကဲ့သို့ ဆန္ဒပြင်းပြမှုက လျစ်လျူရှုရန် မဖြစ်နိုင်ပေ။


သူငယ်ချင်းလေးများ တစ်စုက လူကြီးတစ်ယောက်၏ အုပ်ထိန်းမှုနှင့်အတူ အပြင်ထွက်သွားကြသည်။။


ညဈေးတန်းထဲတွင်လည်း ခြေတစ်လှမ်းမှ မရပ်ခဲ့ကြပေ။


"ပျော်စရာလည်း မကောင်းဘူး...."


"ကြည့်လိုလည်း မကောင်းဘူး... ပြတိုက်ကြီးလို စိတ်ဝင်စားစရာတွေလည်း မရှိဘူး..."


"ငါတို့ အိမ်ပြန်ပြီး ဗွီဒီယိုဂိမ်းပဲ ကစားရအောင်ပါ...."


ကလေးတစ်အုပ်က ပျော်ပျော်ကြီး အပြင်ထွက်ခဲ့ကြသော်လည်း အမှန်တကယ်ရောက်လာသောအခါ သူတို့၏ မျက်နှာများက စိတ်မကျေနပ်စွာ တွန့်ချိုးနေကြသည်။


သို့သော် သူတို့အားလုံးထဲတွင် မာနအကြီးဆုံးဆုံဖြစ်သော ဖုအန်းချီက စိတ်အလှုပ်ရှားဆုံးဖြစ်နေသည်။


ဒုတ်


ဒုတ်


ဖုအန်းချီ၏ နှလုံးက အဆက်မပြတ် ခုန်ပေါက်နေသည်။


ဘာတွေဖြစ်နေလဲ သူမ မသိတော့ပေ။ သူမ၏ နှလုံးသားထဲမှ အသံတစ်ခုက သူမအတွက် တစ်စုံတစ်ခု စောင့်နေကြောင်း ပြောပြနေသည်။


ထိုထူးဆန်းသည့် ခံစားချက်ကြီးကို သူမနားမလည်သော်လည်း သူမ၏ အလိုလိုသိစိတ်ကို ယုံပေသည်။


သူမ ကလေးများအဖွဲ့ထဲမှ ခွဲထွက်ကာ ညဈေးတန်းထဲ ပြေးဝင်သွားသည်။


"ချီချီ.. ချီချီ...သမီး ဘယ်သွားနေတာလဲ..."


ရှကျင်းက ဖုအန်းချီ ညဈေးတန်းထဲ ပြေးဝင်သွားသည်ကို ကြည့်ပြီး ခပ်မြန်မြန် ပြေးလိုက်သွားသည်။


သို့သော် သူမ ကလေးမလေးကို မိတော့မည့် အချိန်တွင် ကြမ်းတမ်းလှသည့် လက်တစ်စုံက သူမကို လှမ်းကိုင်လိုက်သည်။


"ကျိုးယုချင်း.... ကျိုးယုချင်းမလား...."


ထိုနာမည်ကို ကြားပြီးနောက်တွက် ဖုအန်းချီ၏နောက်သို့ အပူတပြင်းလိုက်နေသော ရှကျင်းက ရုတ်တရက် တောင့်ခဲသွားသည်။ သူမ မယုံကြည်နိုင်ပေ။ သူမ ထိုလူ၏ မျက်နှာကို လှည့်ကြည့်လိုက်သည်။


"မဟုတ်ဘူး... ကျွန်မက ကျိုးယုချင်းမဟုတ်ဘူး... လူမှားနေပြီ..."


"မဟုတ်ဘူး မင်းက ကျိုးယုချင်းပဲ... မင်းက ကျိုးယုချင်းပဲ..."


"ကျွန်မကို လွှတ်... ရှင်လူမှားနေပြီ... ကျွန်မကို လွှတ်လို့..."


ထိုလူစိမ်း၏ နှောင့်ယှက်မှုကြောင့် ဖုအန်းချီက ရှကျင်းအမြင်အာရုံထဲမှ ပျောက်ကွယ်သွားသည်။


လူအုပ်ထဲတွင် လှည့်ပတ်ကြည့်နေစဉ် ဖုအန်းချီက မထင်မရှား ဆိုင်ခန်းငယ်လေး ရှေ့တွင် စိတ်ရှုပ်ထွေးစွာ ရပ်သွားသည်။


ရှအန်းသာ ဤနေရာတွင် ရှိနေပါက ဇာတ်ကြောင်းစတင်ပြီဖြစ်ကြောင်း သိသွားမည်ဖြစ်သည်။


အမှန်ပင်။ ဖုအန်းချီရပ်ကြည့်နေသည့် ဆိုင်ခန်းငယ်လေးက ရှအန်းသွားခဲ့ဖူးသော ဆယ်နှစ်သက်တမ်းရှိသည့် ဆိုင်ငယ်လေးပင်။


"ကလေးမလေး.... မင်းတစ်ခုခု ဝယ်ချင်လို့လား... ဒီဆိုင်က ဒီမှာရှိနေတာ ဆယ်နှစ်တောင်ရှိနေပြီနော်... ပစ္စည်းတွေကြည့်ပါဦး. ဝယ်ချင်လား .. သမီးကြိုက်ရင် ဦးလေးက ရောင်းပေးမယ်..."


ဖုအန်းချီက ရှအန်းလိုဖြစ်နေသည်။ ဆိုင်ပိုင်ရှင်ပြောသမျှက ဂိမ်းထဲမှ NPCများနှင့် တူညီနေသည်ကို ခံစားမိနေရသည်။


သို့သော် ကွာခြားမှုက ဆိုင်ပိုင်ရှင်က ဖုအန်းချီကို ငြင်ငြင်သာသာလေးပြောခြင်း ဖြစ်သည်။


ဖုအန်းချီက ဆိုင်ပိုင်ရှင်ကို ကြည့်ပြီး ခင်းကျင်းထားသည်ထဲမှ ပစ္စည်းတစ်ခု ကြည့်လိုက်သည်။ သူမ မျက်တောင်လေးခတ်လိုက်ကာ ဆိုင်ထဲရှိ ပစ္စည်းလေးများကို ကြည့်လိုက်သည်။


ဘာကြောင့်လဲ မသိသော်လည်း ဆိုင်ခန်းလေးဆီရောက်သည်နှင့် တစ်စုံတစ်ခု မှားနေကြောင်း ခံစားလိုက်ရသည်။


၎င်းက သူမပိုင်ဆိုင်သည့် တစ်စုံတစ်ရာ ပျောက်ဆုံးသွားသည့် ခံစားချက်မျိုးပင်။


"ကောင်မလေး... သမီး တစ်ခုခုကို သဘောကျလို့လား..."


ဆိုင်ပိုင်ရှင်က ဖုအန်းချီမပျော်သလို ဖြစ်နေကြောင်း တွေ့လိုက်ရ၍ စကားဦးသန်းလိုက်သည်။


"သမီး... သမီးမသိဘူး.... သမီးမသိ..."


ဖုအန်းချီ စိတ်ရှုပ်စွာ ခေါင်းခါလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် သူမ၏ မိသားစုက သူမလိုချင်သမျှ အရာတိုင်းကို ဝယ်ပေးရန် အင်အားရှိပေသည်။


ဆိုင်ခန်းတွင် ခင်းပြထားသော အရာများကို ကြည့်ပြီး သူမဘာကိုမှ စိတ်မဝင်စားတော့ပေ။


သို့သော် ဘာဆက်ဖြစ်မလဲ သူမ မသိတော့ပေ။ သူမ ဤဆိုင်ခန်းလေးရှိ အရာတစ်ခုခုကို ဝယ်ယူသင့်သည်ဟု ခံစားနေရသည်။


ထိုသည်က ဘာမှန်းမသိသော်လည်း ဆိုင်ခန်းလေးတွင် ခင်းပြထားသည့် အရာများကို သတိမပြုမိပေ။