Chapter 171
Viewers 8k

🚩Chapter -171

 Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 7 ]


_____



မောင်းမဆောင်၏ ဝမ်ဟွားနန်းဆောင်သည် တစ်ခါက ဘုရင်မင်းမြတ် ချစ်မြတ်နိုးခဲ့သည့် ကိုယ်လုပ်တော်လျို စံမြန်းရာနေရာဖြစ်သည်။ 


ဘာလို့ “တစ်ခါက” လဲ…။


အဘယ်ကြောင့်ဆိုသော် ပါရမီထူးချွန်သည့် ကိုယ်လုပ်တော်လျို နန်းတွင်းသို့ ရောက်လာသည့်အချိန်မှစ၍ ဘုရင်မင်းမြတ်က သူမကို အိပ်ရာထက်တွင် ခစားရန် ဆင့်ခေါ်သည်မှာ ရှားပါးသောကြောင့်ဖြစ်သည်။ ဝမ်ဟွားနန်းဆောင်ထဲမှ လေထုက တစ်နေ့တစ်နေ့ ဖိအားများလာသော်လည်း ယနေ့တွင် ပို၍ထူးဆန်းစွာ ဖိအားများနေ၏။ 


“ယွီချင်း သေချာစုံစမ်းခဲ့ပြီလား”


ထိုအချိန်တွင် ကိုယ်လုပ်တော်လျိုအား နန်းတွင်းအစေခံတစ်ယောက်က အဝတ်များဝတ်ဆင်ပေးနေသည်။ တောက်ပပြီး ကျော့ရှင်းလှသည့် နန်းတွင်းဝတ်စုံက သူမ၏နူးညံ့ပြီးဖြူဖွေးနေသည့် အသားအရေနှင့် ပေါင်းစပ်လိုက်သည့်အခါ သူမကိုပို၍ လှပနုပျိုသွားစေသည်။ 


ကိုယ်လုပ်တော်လျို၏ မေးခွန်းကိုကြားသောအခါ ဘေးတွင် ဦးညွှတ်၍ ရပ်နေသော ယန်ယွီချင်းက ချက်ချင်း အသံနိမ့်နိမ့်ဖြင့် ဖြေလာသည်။ 


“သခင်မကို လျှောက်တင်ပါတယ် ဒီအစေခံလိုက်မေးကြည့်တော့ ကိုယ်လုပ်တော်ယွီက ဘုရင်မင်းမြတ်ကို စော်ကားလို့ နေရာမှာတင် အသတ်ခံလိုက်ရတယ်လို့ သိရပါတယ် အခု ဘုရင်မင်းမြတ်က စိတ်အခြေအနေမကောင်းဘဲ မောင်းမဆောင်ထဲမှာ လူတော်တော်များများကိုလည်း သတ်ခဲ့ပါသေးတယ် ကျင်းယွမ်နန်းဆောင်နဲ့ ရှန့်ဖူနန်းဆောင်တို့မှာ အတော်လေးသေသွားကြတယ်လို့ သိရပါတယ်”


ပြောနေသည့်အချိန်တွင် ယန်ယွီချင်း၏ အသံကတုန်ယင်နေသည်။


ကိုယ်လုပ်တော်လျိုက မျက်လုံးလေးကိုဖွင့်ကာ ယန်ယွီချင်း၏ မျက်နှာကို လှည့်ကြည့်လာသည်။


 â€œá€šá€˝á€Žá€á€ťá€„်း မင်းရဲ့ ညီမက ရှန့်ဖူနန်းဆောင်ရဲ့ အစေခံတစ်ယောက်မလား သူမအဆင်ပြေရဲ့လား”


“ဂရုစိုက်ပေးတဲ့အတွက် သခင်မကိုကျေးဇူးတင်ပါတယ် ဒီအစေခံ စုံစမ်းဖို့သွားတော့ ဘုရင်မင်းမြတ်ရဲ့လူတွေက ရှန့်ဖူနန်းဆောင်ကို ဝန်းရံထားတဲ့အတွက် အထဲမှာ ဘာတွေဖြစ်နေလဲ သေချာမသိခဲ့ရပါဘူး”


ယန်ယွီချင်း၏မျက်နှာတွင် စိုးရိမ်ပူပန်မှုတို့ရှိနေသည်။ သူမနှင့် ယန်ယွီနော့က ညီအစ်မအရင်းတွေမဟုတ်သော်ငြား လွန်ခဲ့သည့်နှစ်များတွင် နှစ်ယောက်က အချင်းချင်းကူညီစောင့်ရှောက်ခဲ့ကြသည်။ ထို့ကြောင့် ယန်ယွီချင်းအတွက် သူမအပေါ် ချစ်ခင်နှစ်သက်ခြင်းများမထားနိုင်ရန် ခဲယဥ်းလှသည်။ 


ယန်ယွီချင်းက ယန်ကျား၏ မယားငယ်သမီးဖြစ်ပြီး ငယ်ရွယ်သည့်အချိန်ကပင် အခြားသူများထံမှ အေးစက်စွာ ဆက်ဆံခံခဲ့ရသည်။ ထို့အပြင် သူမက ကမ္ဘာကြီး၏ အပေါ်ယံ အရေခွံခြုံလွှမ်းထားမှုများကို မျက်မြင်ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ သူမက ယန်ယွီနော့ထက် တစ်လလောက်ငယ်သည်ကိုကြည့်၍ အပေါ်ယံ ဆုံးဖြတ်၍မရချေ။ သူမတွင် လေးနက်ပြီး ကြံစည်တတ်သည့်စိတ်ရှိ၏။


သူမ ကိုယ်လုပ်တော်လျိုအရှေ့တွင် ယခုလို နေနေရသည့်အကြောင်းအရင်းများမှာ - ပထမအချက် ကိုယ်လုပ်တော်လျိုအား သူမကမည်မျှ ကြင်နာသနားတတ်ပြီး ဖြောင့်မတ်မှန်ကန်ကြောင်း မြင်စေလို၍ဖြစ်သည်။ ဒုတိယအချက်မှာ သူမက ရှန့်ဖူနန်းဆောင်သို့ကိုယ်တိုင်သွား၍ အသနားခံလိုသောကြောင့်ဖြစ်သည်။ သို့မှသာ ကံကောင်းလျှင် ဘုရင်မင်းမြတ်နှင့် သူမဆုံတွေ့နိုင်မှာဖြစ်သည်။ 


ယခုလက်ရှိတွင် ကိုယ်လုပ်တော်လျိုက ယန်ယွီချင်း၏ အတွေးများကို လုံးလုံးမသိချေ။ သူမက ယန်ယွီချင်း၏ ငယ်ရွယ်ပြီးညင်သာသည့် မျက်နှာလေးကြောင့် လှည့်စားခံနေရသည်။ ကိုယ်လုပ်တော်ယွီသေသွားသည်ကို ကြားသောအခါ ကိုယ်လုပ်တော်လျိုပျော်မိသည်။ သို့သော်….။


ဒီနေ့ အရှင်က ပုံမှန်ဟုတ်မနေဘူး…။


ကိုယ်လုပ်တော်လျို၏ အမြင်တွင် ဘုရင်မင်းမြတ်၏ အပြုအမူများက အမြဲတမ်းတည်တည်ငြိမ်ငြိမ်နှင့်ဖြစ်ကာ တစ်ခါမှ စိတ်လိုက်မာန်ပါမလုပ်ဖူးပေ။ 


ဒါဆို အရှင့် အခုလောက်ထိ ဒေါသထွက်လောက်အောင် ကိုယ်လုပ်တော်ယွီက ဘာတွေကျူးလွန်ခဲ့တာပါ့လိမ့်…။


ကျင်းယွမ်နန်းဆောင်က ရှုဖေး စံမြန်းရာနေရာဖြစ်ပြီး သူမက အဆင့်မြင့်တော်ဝင်ကိုယ်လုပ်တော် ဖြစ်သည်။ သူမအနောက်မှ အင်အားများကို အထင်မသေးသင့်ပေ။ ဘုရင်မင်းမြတ်က ယနေ့တွင် ကျင်းယွမ်နန်းဆောင်ကို သွေးများဖြင့် ဆေးကြောခဲ့သည်။ 


ဒါဆို အဲ့ဒီကိစ္စနှစ်ခုက ဘယ်လိုဆက်စပ်နေတာလဲ…။


မောင်းမဆောင်ထဲမှ အမျိုးသမီးများသည် ကျိုးကြောင်းချင့်ချိန်စဥ်းစားတတ်သည့် အရည်အချင်းရှိရန် လိုအပ်သည်ဟု ပြောရမည်။ သို့မဟုတ်ပါက သူတို့မည်သို့ သေသွားသည်ကိုပင် မသိလိုက်ဘဲနေလိမ့်မည်ပင်။


ကိုယ်လုပ်တော်လျို အချိန်အတော်ကြာအောင် စဥ်းစားနေသော်လည်း ကိုယ်လုပ်တော်ယွီနှင့် ရှုဖေးတို့ကြားက ဆက်စပ်နေမှုကို ရှာမတွေ့နိုင်ဖြစ်နေသည်။ ထိုအချိန်တွင် ဝမ်ဟွားနန်းဆောင်၏ အတွင်းဆောင်အစေခံတစ်ယောက်က အခန်းထဲသို့ အလျင်စလိုပြေးဝင်လာကာ ကိုယ်လုပ်တော်လျို၏ နားနားသို့ကပ်၍ တစ်စုံတစ်ခုကိုပြောလာသည်။


ကိုယ်လုပ်တော်လျိုက မျက်လုံးပင့်၍ ယန်ယွီချင်းကိုကြည့်လိုက်သည်။ 


“ယွီချင်း မင်းညီမ မင်းကိုလာရှာနေတယ် ဘာကိစ္စရှိလို့လဲ သွားကြည့်လိုက်ပါဦး”


ယန်ယွီနော့က ဒီကိုရောက်နေတယ်လား။


ကိုယ်လုပ်တော်လျို၏ စကားကိုကြားပြီးနောက် ယန်ယွီချင်းက မြန်မြန်နောက်ဆုတ်သွားကာ အိပ်ဆောင်ထဲမှ ထွက်လာလိုက်သည်။ 


ဝမ်ဟွားနန်းဆောင်၏အပြင်ဘက်တွင် ယန်ယွီနော့က စိုးရိမ်ပူပန်နေသည့်မျက်နှာဖြင့် ရှိနေသည်။


“မမ”


ယန်ယွီချင်းက ယန်ယွီနော့၏ မျက်နှာအမူအရာကိုမြင်သောအခါ အကြည့်များလက်သွား၏။ သူမက လက်ရှိ ယန်ယွီနော့၏ အမူအရာနှင့် အလွန်ရင်းနှီးသည်။ ကြည့်ရသည်မှာ ရှန့်ဖူနန်းဆောင်တွင် ကိစ္စကြီးကြီးမားမား ဖြစ်သွားသည့်ပုံပင်။ 


“ယွီချင်း”


ယန်ယွီနော့က ယန်ယွီချင်း၏ မျက်နှာကိုမြင်လိုက်သည်နှင့် ချက်ချင်း သူမညီမ၏လက်ကိုကိုင်လိုက်ကာ စိုးရိမ်တကြီးဖြင့် ပြောလာသည်။ 


“ယွီချင်း ရှောင်ဝမ်ကိုကယ်ပါဦး သူမကိုကယ်ပေးပါ”


စုဝမ် ဘာဖြစ်လို့လဲ…မဟုတ်မှ…။


ယန်ယွီချင်း၏အမူအရာများက ပြတ်သားသွားပြီး ယန်ယွီနော့၏လက်များကို အုပ်မိုး၍ကိုင်လိုက်သည်။


 â€œá€™á€™ ဖြေးဖြေးပြော ရှန့်ဖူနန်းဆောင်မှာ တစ်ခုခုဖြစ်သွားလို့လား”


ယန်ယွီနော့နှင့် ယန်ယွီချင်းတို့က စုဝမ်ကိုမည်သို့ကယ်မည့်အကြောင်း စီစဥ်နေကြချိန်တွင် စုဝမ်က ဝမ်ရိနှင့်အတူ ရှင်းကျဲခူသို့ရောက်နေပြီဖြစ်သည်။ ဤနေရာက မြို့တော်အတွင်း အတွင်းဘက်အကျဆုံးနေရာတွင် တည်ရှိပြီး အဆင့်နိမ့်ဆုံးနေရာဖြစ်သည်။ 


ရှင်းကျဲခူ၏ ကြီးကြပ်သူက အထိန်းတော်ဝမ်မှာ တစ်ယောက်ယောက်ကို ခေါ်လာကြောင်းသတိထားမိသည်။ သူမချက်ချင်း ခြေလှမ်းသေးသေးများဖြင့် ဝမ်ရိထံပြေးထွက်လာသည်။ 


“အထိန်းတော်ဝမ် ဘယ်လိုဖြစ်လို့ လူကိုယ်တိုင်ရောက်လာတာပါလဲ” 


( T/N မော့မော့ - အသက်ကြီးသူ၊ ကြီးကြပ်သူကိုခေါ်သည့် အခေါ်အဝေါ်)


“ပိုင်မော့မော့ ဒီခါးသီးတဲ့ရက်တွေမှာ သည်းခံနေခဲ့ရပြီ”


ပိုင်မော့မော့၏ မျက်နှာပေါ်မှ အပြုံးကိုမြင်သောအခါ ဝမ်ရိက အဓိပ္ပာယ်အချို့ဖြင့် တီးတိုးပြောလိုက်သည်။ 


ဒါက…


ပိုင်မော့မော့၏ မျက်လုံးများက နူးညံ့သွားကာ ဝမ်ရိထံနီးကပ်သွားလိုက်သည်။ သူမကလက်မြှောက်၍ ငွေလက်မှတ်အချို့ကို ဝမ်ရိ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။


 â€œá€Ąá€‘á€­á€”á€şá€¸á€á€ąá€Źá€şá€á€™á€şá€€á€­á€Ż အကြံဉာဏ်တောင်းပါတယ်”


“အိုင်း ပိုင်မော့မော့က ယဥ်ကျေးနေပြန်ပါပြီ”


မထင်မှတ်ထားစွာနှင့် ဝမ်ရိက ငွေလက်မှတ်ကိုငြင်းပယ်လိုက်ကာ စုဝမ်ကို တလေးတစားနှင့် လှည့်ကြည့်လိုက်သည်။


 â€œá€žá€á€„်မစု ဒါကပိုင်မော့မော့ပါ ရှင်းကျဲခူရဲ့ကြီးကြပ်သူပါ”


စုဝမ်က ပိုင်မော့မော့ကို ခေါင်းညိတ်ပြလိုက်သည်။ ပိုင်မော့မော့က နှစ်ပေါင်းများစွာကြာအောင် ရှင်းကျဲခူထဲတွင် အချိန်ကုန်ဆုံးခဲ့ပြီး နေရာအပြောင်းအလဲမရှိသော်လည်း သူမ၏အကြည့်များက စူးရှသည်။ ဝမ်ရိက သူ့အရှေ့မှ မိန်းကလေးအား တယဥ်တကျေးနှင့် ဆက်ဆံနေသည်ကို တွေ့သောအခါ ပိုင်မော့မော့က သတိမဲ့စွာနှင့် မပြုမူရဲတော့ပေ။ သူမကချက်ချင်းခေါင်းညိတ်လိုက်ကာ စုဝမ်ကိုပြုံးပြလာသည်။ 


“သခင်မစု ဒီအစေခံကိုပိုင်မော့‌မော့လို့ခေါ်လို့ရပါတယ် အထိန်းတော်ဝမ်…သခင်မစုက…”


ပိုင်မော့မော့နှင့် စုဝမ်တို့က တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လိုက်ကြပြီးနောက် ပိုင်မော့မော့က ဝမ်ရိကို ပဟေဠိဖြစ်နေသော အကြည့်များဖြင့် ကြည့်လာလေသည်။ ဝမ်ရိက အရှေ့သို့ကိုင်းချ၍ ပိုင်မော့မော့၏ နားနားသို့ကပ်၍ စကားအချို့ကိုပြောလာသည်။ 


“စိတ်ချပါ အထိန်းတော်ဝမ် သခင်မစုကို ဒီအစေခံရဲ့လက်ထဲသာအပ်လိုက်ပါ ဒီအစေခံက သူမ၏ ဆံခြည်မျှင်တစ်မျှင်တောင် မဆုံးရှုံးစေရပါဘူး”


ဝမ်ရိက ပိုင်မော့မော့၏အဖြေကို စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။


 â€œá€€á€ąá€Źá€„်းပဟဎ ငါအခုသတင်းပို့ဖို့ အရှင့်ဆီကိုပြန်ရမယ်” 


ပြောပြီးသည်နှင့် ဝမ်ရိက စုဝမ်ကို နူးညံ့စွာကြည့်လာသည်။ 


“သခင်မစု အရှင့်ဆီကို စကားပါးချင်တာများရှိပါသေးလား”


ဝမ်ရိ၏မေးခွန်းကိုကြားပြီးနောက် စုဝမ်က ညင်သာစွာ ပြုံးလိုက်ပြီး ဝမ်ရိ၏နားနားသို့ကပ်၍ တီးတိုးပြောလိုက်သည်။ ဝမ်ရိက စုဝမ်၏စကားများကိုကြားသောအခါ မှင်သက်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ 


“သခင်မစု ကျေးဇူးပြုပြီး စိတ်ချပါ ဒီအစေခံကသေချာပေါက် အရှင့်ကို လျှောက်တင်လိုက်ပါ့မယ် ဒီအစေခံကိုခွင့်ပြုပါဦး”


ဝမ်ရိက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။ ဝမ်ရိထွက်သွားသည်ကိုကြည့်ရင်း ပိုင်မော့မော့က ညင်သာသည့် မျက်နာအမူအရာလေးဖြင့် စုဝမ်ကိုပြုံး၍ ကြည့်လာသည်။


 â€œá€žá€á€„်မစု ရှင်းကျဲခူမှာ ရှိတဲ့ အခန်းအားလုံးက ရိုးရှင်းပြီး ညစ်ပတ်ပါတယ် သခင်မ မကြိုက်ဘူးဆိုရင် ဒီအစေခံရဲ့ အခန်းမှာ ခဏနေနိုင်ပါတယ် ဒီအစေခံက အခန်းတစ်ခန်းကို သန့်ရှင်းရေးလုပ်ပေးပြီး သုံးပြီးသားပစ္စည်းတွေကိုလည်း အသစ်တွေနဲ့ လဲပေးပါ့မယ်”


“အဲ့လောက်ထိ ဒုက္ခခံစရာမလိုပါဘူး…”


စုဝမ်လည်း ပိုင်မော့မော့ကို ပြန်ပြုံးပြလိုက်သည်။


 â€œá€€á€ťá€˝á€”်မဥတွက် အဆိုးဆုံးအခန်းကိုသာ ပြင်ဆင်ပေးပါ မှတ်မိပါတယ်နော် ဆိုးလေကောင်းလေပဲ”


ပိုင်မော့မော့ : ……


သခင်မစု ကိုယ့်ကိုကိုယ် အကြမ်းဖက်နှိပ်စက်မလို့လား…။


သူမက စိတ်ထဲတွင် အကဲဖြတ်ကဲ့ရဲ့နေသော်လည်း အထိန်းတော်ဝမ်၏ စကားကို ပြန်စဥ်းစားလိုက်သည်။ သူမက ဒီသခင်မကို ကောင်းကောင်းခစားပါက သူမရှင်းကျဲခူအပြင်ဘက်သို့ ထွက်သွားနိုင်လိမ့်မည်။


ဒီလိုကောင်းမွန်တဲ့ အခွင့်အရေးကို ဘာလို့လက်လွှတ်ခံရမှာလဲ...။


ပိုင်မော့မော့က လက်ခုပ်တီးလိုက်သည်။ 


“စိတ်ချပါ သခင်မစု ရှင်းကျဲခူမှာ ဘာမှမရှိပေမယ့် ညစ်ပတ်နေတဲ့ အခန်းတွေက နေရာတိုင်းမှာရှိပါတယ် စိတ်ကြိုက်ရွေးပါ”


ပိုင်မော့မော့၏စကားများကို စုဝမ်က ပြုံးလျက်ခေါင်းညိတ်ပြလိုက်သည်။


“မော့မော့အခုလိုကိုင်တွယ်တဲ့အတွက် ကျွန်မ စိတ်သက်သာရသွားပြီ မော့မော့ ကျွန်မကိုသေချာဂရုစိုက်မယ်လို့မျှော်လင့်ပါတယ် ပြီးတော့ ကျွန်မဒီမှာ ဘာလုပ်လုပ် မော့မော့ တခြားလူတွေကိုမပြောဘူးလို့လည်း မျှော်လင့်ပါတယ်”


ပြော၍မရနိုင်သည့်စကားများကိုမပြောနှင့် - နန်းတွင်းအတွင်းရှင်သန်နေထိုင်ရမည့် စည်းမျဥ်းတစ်ခုပင်...။


“ဒီအစေခံနားလည်ပါပြီ သခင်မစု သက်သာသလိုပြုမူပါ”


ပြောပြီးသည်နှင့် ပိုင်‌မော့မော့က ချက်ချင်းကိုယ်ကိုမတ်ကာ အော်လိုက်သည်။


 â€œá€›á€°á€¸á€™á€­á€Żá€€á€şá€œá€­á€Żá€€á€şá€á€˛á€ˇá€™á€­á€”á€şá€¸á€€á€œá€ąá€¸ မင်းကိုငါပြောမယ် ရှင်းကျဲခူကိုဝင်လာတာနဲ့ ငါ၊ပိုင်မော့မော့ရဲ့ စကားကို နားကိုနားထောင်ရမယ် ဒီနေရာက မင်းရဲ့ ရှန့်ဖူနန်းဆောင်နဲ့တူတယ်များ ထင်နေလား တကယ်မျက်ကန်းဖြစ်နေတာပဲ မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ဒီမှာတင် နေသွားရနိုင်ချေရှိတယ် နားလည်လား မြန်မြန်ငါ့နောက်လိုက်ခဲ့...”


ပြောပြီးသည်နှင့် ပိုင်မော့မော့က စုဝမ်ကို ရှင်းကျဲခူအတွင်းသို့ ခေါ်သွားလိုက်သည်။ အနောက်ဘက်နန်းဆောင်တွင် ယောက်ျားများမရှိသည့်အပြင် အခြားမည်သူမျှမရှိပေ။ အထူးသဖြင့် သရုပ်ဆောင် စွမ်းရည် တစ်ဖက်ကမ်းခပ်တတ်ကြသည့်သူများသာရှိသည်။ အနောက်ဘက်နန်းဆောင်တွင် မည်သူ့ကိုမဆို၊ နန်းတွင်းအစေခံပင်ဖြစ်စေ၊ ကိုယ်လုပ်တော်များပင်ဖြစ်စေ ရွေးလိုက်ပါက သူတို့အားလုံးက ရုပ်ရှင်စတားများဖြစ်ရန် အရည်အချင်းပြည့်မီကြသည်။


ရှင်းကျဲခူမှထွက်သွားရန် ပြင်ဆင်နေကြသောအစေခံတစ်သိုက်က ပိုင်မော့မော့၏ ပုံရိပ်ကိုမြင်သည်နှင့် တလေးတစား အရိုအသေပေးလိုက်ကြသည်။ သူမအနောက်မှ ငယ်ရွယ်သည့်စုဝမ်ကို‌တွေ့သောအခါ သူတို့အားလုံးမျက်နှာတွင် သနားသည့်အရိပ်အယောင်များဖြတ်ပြေးသွားသည်။ 


ရှင်းကျဲခူက ဘယ်လိုနေရာမျိုးမို့လို့လဲ...။


မြို့တော်တစ်ခုလုံးတွင် ဘုရင်မင်းမြတ်ယာယီနားခိုသည့်နေ‌ရာနှင့် ယခင်ဘုရင်မင်းမြတ်များ၏ အုတ်ဂူများ၌တောင် အနာကျင်ရဆုံးနှင့် အပင်ပန်းဆုံးအလုပ်မှာ အိမ်သာများကိုသန့်ရှင်းရခြင်းပင်ဖြစ်သည်။ ညစ်ပတ်ပြီး အပင်ပန်းဆုံးအလုပ်များကို ရှင်းကျဲခူမှတာဝန်ယူရသည်။ သူတို့ကအမြဲ ထိုအလုပ်များကို လုပ်ရ၏။ သူတို့က ငွေအရအနည်းဆုံးနှင့် အဆင့်အနိမ့်ဆုံးသူများပင်ဖြစ်သည်။


ရှင်းကျဲခူတွင် အလုပ်လုပ်ရန် ပြစ်ဒဏ်ချမှတ်ခံရသည့် နန်းတွင်းအစေခံများက ပြစ်ဒဏ်ကျေသည်နှင့် ဤနေရာမှ ထွက်သွားနိုင်ကြသည်ဟုထင်ကြသည်။ သို့သော် ဝင်လာပြီး တစ်လပင်မကြာသေးခင်၌ သူတို့၏ ခန္ဓာကိုယ်အခြေအနေများက ဆိုးဝါးလာခဲ့သည်။ သူတို့၏ သခင်၊သခင်မများဘေးတွင် အမိန့်ပေးစေခိုင်း၍ရသည့်သူများက ပြတ်လပ်သွားခြင်းမရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ မေ့ပျောက်ခံကြရပြီး ဤနေရာမှထွက်ခွင့်မရတော့ချေ။ 


လူတိုင်း၏သနားကရုဏာသက်နေသည့် အကြည့်များအောက်တွင် စုဝမ်က ပိုင်မော့မော့နှင့်အတူ ပထမဆုံး အခန်းထဲသို့ဝင်လိုက်သည်။ ၎င်းက အသစ်ဝင်ရောက်လာသူတိုင်းဖြတ်ကျော်ရမည့် အဆင့်ပင်ဖြစ်သည်။ မော့မော့၏ အပြစ်ပေးခြင်းခံရသည့်နေရာဟုပြောကြသော်လည်း တကယ်တမ်းက မော့မော့ကို လက်ဆောင်များ‌ပေးရသည့်နေရာသာဖြစ်သည်။


ငွေအများကြီးရှိလေ၊ အလုပ်လုပ်ရနည်းလေဖြစ်သည်။ ငွေမရှိပါက အပင်ပန်းဆုံးအလုပ်များကို စုပြုံလုပ်ရသည်သာမက ပိုင်မော့မော့၏ ရိုက်နှက်ခြင်းကိုလည်း မကြာခဏခံရသည်။ 


“အား...”


“မော့မော့ကျေးဇူးပြုပြီး အသက်ကိုချမ်းသာပေးပါ”


သိပ်မကြာခင်မှာပင် စုဝမ်၏ ဆိုးဝါးလှသည့်အော်သံများက အခန်းထဲမှထွက်လာသည်။ ခြံဝန်းထဲမှ လူများက တစ်ယောက်ကိုတစ်ယောက်ကို တိတ်ဆိတ်စွာကြည့်လိုက်ကြသည်။ တစ်ယောက်မှ စကားတစ်ခွန်းမဆိုကြသော်လည်း အချို့သူများ၏မျက်နှာတွင်တော့ ပျော်ရွှင်နေသည့်စိတ်များပြည့်နေသည်။ 


နောက်ဆုံးတော့ အသစ်ဝင်ရောက်လာသူတစ်ယောက်ရောက်လာခဲ့ပြီ ငါအိမ်သာတွေကို သန့်ရှင်းရေးမလုပ်ရလောက်တော့ဘူး....။


အတိုချုပ်ပြောရလျှင် နေ့တစ်ရက်ပင်မပြည့်သေး...ရှင်းကျဲခူတစ်ဆောင်လုံးသည် အပြစ်ခံရန်ရောက်လာသည့် အစေခံအသစ်ကလေးမှာ ပိုင်မော့မော့ကို ဆက်သရန် ငွေမရှိကြောင်း သိသွားကြသည်။ သူမအတွက် ကြုံရမည့် နေ့ရက်များကိုတော့ တွေးပင်မတွေးရဲကြတော့ချေ။


_____🚩