Chapter 189
Viewers 20k

🚩Chapter -189

 Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 25]


_____



နန်းတွင်း ရှန့်ဖူနန်းဆောင်တွင်…။


ရွှီပင်းယွဲ့က ခွင့်တောင်း၍ အပြင်ထွက်သွားသောကြောင့် ယန်ယွီနော့က တစ်မနက်လုံး အလုပ်ရှုပ်နေလေသည်။ မွန်းလွဲပိုင်းရောက်မှသာ သူမ အနားယူရ၏။ သို့သော် ချန့်ကျီးက ရုတ်တရက်ကြီး ထွက်ပေါ်လာကာ သူမကို ခန်းမအပြင်ဘက်သို့ ခေါ်ထုတ်လာလေသည်။ 


“ချန့်ကုန်းကုန်း…ချန့်ကုန်းကုန်း ဘာဖြစ်လို့လဲ”


ယန်ယွီနော့က ချန့်ကျီး၏ အပြုအမူများကြောင့် ကြောင်အမ်းနေကာ သူ့နောက်ကို လိုက်ရင်း မရေမရာဖြင့် မေးလိုက်၏။ 


“ငါကဘယ်လိုလုပ်သိမှာလဲ”


ချန့်ကျီးက မျက်လုံးလှန်လိုက်ကာ ရပ်နားခြင်းမရှိဘဲ ယန်ယွီနော့အား ရှန့်ဖူနန်းဆောင်၏ အပြင်ဘက်သို့ ခေါ်ထုတ်လာသည်။ အပြင်ဘက်တွင် ပိုင်ဖေ့က စိုးရိမ်နေသည့်အမူအရာဖြင့် ရပ်စောင့်နေသည်။ 


“ပိုင်ကျုံးရှစ်”


ယန်ယွီနော့က ပိုင်ဖေ့၏မျက်နှာကိုမြင်သောအခါ သူမ၏အမူအရာသည်လည်း တင်းမာလာသည်။ 


“ဘာလို့ ဒီကိုရောက်နေတာပါလဲ ပိုင်ကျုံးရှစ်…စုဝမ်တစ်ခုခုဖြစ်လို့လား”


“အိုင်း…”


ယန်ယွီနော့၏ မေးခွန်းကိုကြားသောအခါ ပိုင်ဖေ့ကသက်ပြင်းချလိုက်ကာ ဝတ်ရုံထဲမှ စာကိုထုတ်လိုက်သည်။ 


“ဒါက မိန်းကလေးစု မင်းအတွက်ပေးလိုက်တဲ့စာ…ကိုယ်တိုင်ဖတ်ကြည့်လိုက်ပေါ့”


စုဝမ်ဆီကစာလား။


ယန်ယွီနော့က စာကိုထုတ်၍ အလျင်စလိုနှင့် ဖတ်ကြည့်လိုက်သည်။ စာထဲတွင် ပါဝင်သည့် အကြောင်းအရာများက အလွန်ရိုးရှင်းသည်။ ယန်ယွီနော့ကို ကျန်းမာရေးဂရုစိုက်၍နေရန်နှင့် ရွှီပင်းယွဲ့နှင့် ချန်ရှန့်ပေတို့ကိုလည်း ကောင်းကောင်းနေကြရန် ပြောခိုင်းထားသေးသည်။ စာတစ်ခုလုံးက သေတမ်းစာတစ်ခုလိုပင်...။


“ပိုင်ကျုံးရှစ်…ကျွန်မကို စုဝမ်ဆီ မြန်မြန်လေးခေါ်သွားပေးပါ…သူမ တစ်ခုခုဖြစ်နေမှာ စိုးရိမ်မိတယ်”


စာကိုဖတ်၍မပြီးသေးခင်မှာပင် ယန်ယွီနော့၏ အမူအရာများက ရုတ်ခြည်းပြောင်းလဲသွားကာ ပိုင်ဖေ့ကို လက်ကိုဆွဲကာ အပြေးသွားရန်တောင်းဆိုလေသည်။ 


“အိုင်း…စိတ်မပူပါနဲ့…မိန်းကလေးစုအခု အဆင်ပြေသွားပြီ”


ပိုင်ဖေ့က ယန်ယွီနော့လက်ကို ဆုပ်ကိုင်လိုက်၏။


 “မိန်းကလေးစုက နန်းတွင်းအကျဥ်းတိုက်ထဲမှာ ကြိုးဆွဲချပြီးသတ်သေဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် သူမကို အချိန်မီကယ်လိုက်နိုင်တယ် ဒီစာကို အကျဥ်းခန်းထဲက စားပွဲပေါ်မှာ ရှာတွေ့ခဲ့တာ…အဲ့ဒါနဲ့ချက်ချင်း မင်းဆီကို လာပေးတာပဲ”


“ဘယ်လို…”


စုဝမ်က ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန်ကြိုးစားခဲ့ကြောင်း ကြားလိုက်ရသောအခါ ယန်ယွီနော့နှင့် ချန့်ကျီးတို့ ထိတ်လန့်သွားကြ၏။ 


“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီကောင်မလေးဘာတွေ ဒီလောက်ထိ ခက်ခက်ခဲခဲကြုံတွေ့နေရလို့လဲ”


ချန့်ကျီးက မြင်းမြှီးကြာပွတ်ကို လွှဲလိုက်ရင်း သက်ပြင်းချ၍ပြောလိုက်သည်။ 


“ဒီကမ္ဘာပေါ်မှာ မကျော်လွှားနိုင်တဲ့ ပြဿနာဆိုတာရှိလို့လား ဘုရင်မင်းမြတ်က သူမကို ပြစ်ဒဏ်မချမှတ်ရသေးဘူးမလား သူမဘာတွေကြောက်နေတာလဲ”


“ဒါက…ရွေ့ဝမ်နဲ့ ပတ်သက်နေတဲ့ ကိစ္စကြောင့်တင်မဟုတ်ဘူး”


ပိုင်ဖေ့က ထိုအကြောင်းကို ပြောလိုက်သည့်အခါ ဒုက္ခရောက်နေသည့်ပုံပေါ်နေ၏။ 


“ဒီနေ့မနက် မိန်းကလေးစုရဲ့ အကျဥ်းခန်းကို ဖြတ်သွားတုန်းက သူမတစ်ယောက်ယောက်နဲ့ စကားပြောနေတာကို ကြားခဲ့တယ် အဲ့ဒီမိန်းကလေးက မိန်းကလေးစုနဲ့စေ့စပ်ထားတဲ့သတို့သားလောင်းနဲ့ သူမက တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပြီး မိန်းကလေးစုကို သူတို့ရဲ့ဆန္ဒတွေဖြည့်ပေးဖို့ပြောနေခဲ့တယ် အိုင်း…ဒါက လုံးဝမသင့်လျော်တာဘဲ မိန်းကလေးစုက တော်တော်လေး ကြုံတွေ့နေရတာတောင် တစ်ယောက်ယောက်က သူမကို ကန်ထုတ်လာခဲ့တယ်လေ သူမစိတ်ရှုပ်ထွေးပြီး ခက်ခဲနေတာ သဘာဝကျပါတယ်”


“ကျစ်…ကျစ်…ကျစ်”


ပိုင်ဖေ့ပြောသည့်စကားများကိုကြားသောအခါ ချန့်ကျီး၏ အကြည့်များကျဥ်းမြောင်းသွားသည်။ 


“ဒီကမ္ဘာကြီးထဲမှာ ခွေးမတွေတော်တော်များတာပဲ”


“အဲ့ဒီလူက…မဟုတ်ဘူး...မဟုတ်ဘူး”


ပိုင်ဖေ့၏စကားများကိုကြားပြီးနောက် ယန်ယွီနော့က စုဝမ်၏သေတမ်းစာကို ဂရုတစိုက်ပြန်ဖတ်လိုက်သည်။ သူမက မျက်နှာက တဖြည်းဖြည်းပြောင်းလဲလာလေသည်။ 


စုဝမ်ရဲ့ စေ့စပ်သတို့သားလောင်းကို ဖြတ်ယူသွားတဲ့သူက မဟုတ်မှ…ရွှီပင်းယွဲ့လား


“ပိုင်ကျုံးရှစ်…စုဝမ်ကိုလာတွေ့တဲ့ အဲ့ဒီမိန်းကလေးရဲ့ နာမည်ကိုများသိသလား”


ယန်ယွီနော့က ရုတ်တရက် ပိုင်ဖေ့ကို လက်ကိုဆွဲကာ စိတ်လှုပ်ရှားစွာ မေးလာသည်။ 


“ဘာပါလိမ့်”


ပိုင်ဖေ့က မျက်မှောင်ကြုတ်လိုက်၏။ 


“ဒါက… အကျဥ်းတိုက်ထဲမှာ စာရင်းမှတ်ထားပါတယ် ဘာပါလိမ့်…ပင်းယွဲ့ဆိုလားပဲ”


“ရွှီပင်းယွဲ့လား”


ယန်ယွီချင်းက နာမည်ကို တုန်တုန်ယင်ယင်နှင့်ပြောလိုက်သည်။ ထိုအခါက ပိုင်ဖေ့၏ မျက်လုံးများက တောက်ပသွားကာ လက်ခုပ်တီးလိုက်သည်။ 


“ဟုတ်တယ် ဟုတ်တယ်…အဲ့ဒါ ရွှီပင်းယွဲ့”


“ရွှီပင်းယွဲ့လား ငါသူမကို အောင်မြင်မှုမှာ ယစ်မူးနေတဲ့ လူတစ်ယောက်လိုပုံစံနဲ့ အလယ်နန်းဆောင်က အစောင့်စစ်တန်းလျားကို သွားတဲ့လမ်းမှာ တွေ့လိုက်တယ် ဟမ့် ဟမ့် ဒီကောင်မစုတ်လေး…သူမကို ကောင်းတဲ့သူမဟုတ်မှန်း ငါအစောကြီးတည်းက သိခဲ့တယ်”


ရွှီပင်းယွဲ့အကြောင်းပြောရာတွင် ချန့်ကျီးက သူမအပေါ် အမြင်မကြည်များကို သိသိသာသာဖော်ပြလာ၏။


ယန်ယွီနော့က ချန့်ကျီးပြောသည့်စကားများကို ကြားသောအခါ ချက်ချင်း သူ့ဝတ်ရုံစကို ဆွဲလိုက်သည်။


“ချန့်ကုန်းကုန်း…ကျွန်မကိုကူပေးပါဦး ကျွန်မကို အစောင့်စစ်တန်းလျားဆီကို ခေါ်သွားပေးပါ ဒီကိစ္စကိုချန်ရှန့်ပေနဲ့ ရွှီပင်းယွဲ့တို့ကို သေချာမေးပြီး ရှင်းအောင်လုပ်ရမယ်” 


“ဒါက…”


ချန့်ကျီးက ဝန်လေးနေသည့်ပုံစံဖြစ်သွားသည်။ သို့သော် ယန်ယွီနော့၏ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် အမူအရာအပြင် ပိုင်ဖေ့ကလည်း သူ့ကို ဆက်တိုက်မျက်စိမှိတ်ပြနေလေသည်။ ထို့ကြောင့် ချန့်ကျီး၏အတွေးများက ချက်ချင်းပြောင်းလဲသွားတော့သည်။ 


“ကောင်းပြီ ငါလည်း ဒီခွေးထီးနဲ့ခွေးမ ဘယ်လောက်တောင်နှလုံးသားမဲ့တယ်ဆိုတာ ကိုယ်တိုင်လိုက်ပြီးကြည့်ချင်တယ် သွားကြတာပေါ့ ငါမင်းကို ခေါ်သွားမယ်”


“ကျွန်မလည်းလိုက်ခဲ့ပါ့မယ်”


လူနှစ်ယောက်က သူမကို ဖိတ်ခေါ်လာသည်ကိုမစောင့်ဘဲ ပိုင်ဖေ့က သူတို့နောက်သို့လိုက်ရန် အရင်ပြောလိုက်၏။ 


ဤအရာက စုဝမ်သူမကို ပေးခဲ့သည့်တာဝန်ပင်…။ သူမကဖြစ်ပျက်လာမည့်အရာအားလုံးက မှတ်ထားကာ ပြန်ရောက်သည့်အချိန်တွင် သခင်မစုအား ပြန်လည်တင်ပြရမည်ဖြစ်သည်။ 


မွန်းလွဲပိုင်းတွင် အစောင့်စစ်တန်းလျား၌ လူသိပ်မရှိချေ။ ထိုအချိန်တွင် လူအများစုက တာဝန်ချိန်ပြောင်းလဲပြီးနောက် နေ့လည်စာစားရန်သွားကြသည်။ ယနေ့တွင် ချန်ရှန့်ပေနှင် ရွှီပင်းယွဲ့တို့က လေ့ကျင့်ရေးမြေပြင်ဘေးရှိ အဆောင်အရှေ့တွင်ရှိနေကြ၏။


ချန့်ကျီးက ယန်ယွီနော့၊ပိုင်ဖေ့တို့နှင့်တကွ အစောင့်စစ်တန်းလျားတစ်လျှောက်လိုက်ရှာခဲ့ပြီး နောက်ဆုံးတွင် လမ်းညွှန်မှုအချို့ရရှိပြီးနောက် ချန်ရှန့်ပေကိုရှာတွေ့ခဲ့သည်။ 


ထိုအချိန်တွင် ချန်ရှန့်ပေနှင့် ရွှီပင်းယွဲ့တို့က စကားပြောနေကြကာ ချန်ရှန့်ပေ၏ စိတ်ခံစားချက်များက ပြင်းထန်နေသည်။ သူ့အသံက အတော်လေးကျယ်လောင်နေသောကြောင့် အဝေးကပင်လှမ်း၍ ကြားနိုင်သည်။ 


“ငါမယုံဘူး ရှောင်ဝမ်ကငါ့ကို ဒီလိုလုပ်မှာမဟုတ်ဘူး သူမကငါ့ကို လက်လျှော့အောင် တမင်ပြောလိုက်တာပဲဖြစ်မှာ”


ချန်ရှန့်ပေက လှုပ်လှုပ်ရှားရှားဖြစ်နေကာ အသံများလည်း တုန်ယင်နေသည်။ 


“ငါသူမနဲ့ လူကိုယ်တိုင်တွေ့ချင်တယ် တကယ်လို့ သူမ မတွေ့ချင်ဘူးဆိုရင်လည်း နန်းတွင်းအကျဥ်းတိုက်အပြင်ဘက်မှာ ရပ်စောင့်နေမယ်”


“အစ်ကိုကြီးချန် ဘာလို့နားမလည်နိုင်ရတာလဲ”


ရွှီပင်းယွဲ့က စုဝမ် ချန်ရှန့်ပေကို ပြန်ပေးခိုင်းလိုက်သည့် ကျောက်စိမ်းဆွဲသီးလေးကို ထုတ်လိုက်သည်။


 “သူမက ကျောက်စိမ်းဆွဲသီးကိုတောင် ရှင့်ကိုပြန်ပေးလိုက်ပြီလေ သူမက ရှင့်ကို တွေ့တော့မှာမဟုတ်ဘူး သူမက ကျင်ဖန်းနန်းဆောင်မှာ အကြာကြီးနေခဲ့ပြီး သူမသခင်မရဲ့ အဝတ်အစားတွေ၊အစားအသောက်တွေကို နေ့တိုင်းမြင်တွေ့ခဲ့ရတော့ ဝမ်ဖေးဖြစ်ချင်တယ် သခင်မတစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ခံစားချက်မျိုး ဖြစ်သွားတာ နားလည်နိုင်စရာပဲ‌လေ အစ်ကိုကြီးချန် လက်လျှော့လိုက်ပါတော့ ရှင်သူမကိုသွား‌တွေ့ရင်တောင်မှ ဘာဆက်လုပ်မှာလဲ ကျွန်မတောင် ဒီနေ့သူမကိုမတွေ့ခင်ကအထိ သူမနဲ့ရွေ့ဝမ်ကြားက ကိစ္စကို အမှန်လို့မယုံခဲ့ဘူး ရှင်နဲ့မတွေ့ရလို့ ဝမ်းနည်းနေလိမ့်မယ်လို့ ထင်ထားခဲ့တာ သူမကအမြဲကြင်နာပြီး ရှင့်ကိုပါကိစ္စတွေထဲ ရောပါမသွားစေချင်လို့လို့ထင်ခဲ့တာ…ဒါပေမယ့် အခုတော့ အဲ့လိုမဟုတ်ဘူးတဲ့လေ”


ရွှီပင်းယွဲ့၏မျက်လုံးများက နီရဲနေ၏။ သူမက လက်မြှောက်ကာ ချန်ရှန့်ပေ၏ ဝတ်ရုံစကို လှမ်းဆွဲလိုက်၏။


 “အစ်ကိုကြီးချန် သူမကိုဘာလို့ မမေ့နိုင်ရတာလဲ ဒီကမ္ဘာမှာ တခြားကောင်းတဲ့မိန်းကလေးတွေမရှိတော့လို့လား ရှင့်ကို မချစ်တဲ့လူတစ်ယောက်အတွက် ဘာလို့ခံစားနေရတာလဲ”


“မဟုတ်ဘူး…အဲ့လိုမဟုတ်ဘူး အဲ့လိုမဖြစ်နိုင်ဘူး”


စုဝမ် သူ့ကို လူကိုယ်တိုင်မပြောမချင်း ချန်ရှန့်ပေ လက်လျှော့လိုက်ရန် ဆန္ဒမရှိချေ။ ဤအရာအားလုံးကို သူယုံကြည်မည်မဟုတ်သလို၊ ယုံကြည်ရန်လည်း ဆန္ဒမရှိပေ။ 


မနီးမဝေးမှ လူသုံးယောက်က ထိုစုံတွဲကြားမှ စကားတို့ကို နားထောင်နေခဲ့သည်။ ပိုင်ဖေ့က မနေနိုင်ဘဲ အသံနိမ့်နိမ့်နှင့် ပြောလိုက်၏။


“ဒါကတကယ်ပဲ မိန်းကလေးစုရဲ့ ညီအစ်မကောင်းတဲ့လား အရှေ့ကျမျက်နှာတစ်မျိုး၊ နောက်ကွယ်ကျမျက်နှာတစ်မျိုးနဲ့…”


“ဟမ့်…ဟမ့်”


ချန့်ကျီးက အေးစက်စွာ သရော်လိုက်သည်။ 


“နန်းတွင်းထဲမှ မျက်နှာနှစ်မျိုးနဲ့လူတွေအများကြီးပဲ ရူးမိုက်လွန်းတဲ့ စုဝမ်ကိုပဲ အပြစ်တင်ရမှာ သူမက လူတွေပြောသမျှကို အကုန်ယုံကြည်ပြီး တကယ်ပဲလူကောင်းတစ်ယောက် ဖြစ်ချင်နေတာလား လူကောင်းတွေကအသက်ရှည်ရှည်မနေရဘဲ လူဆိုးတွေကသာ နှစ်ထောင်ချီကြာအောင် နေရတယ်ဆိုတဲ့ စကားတောင်ရှိသေးတာပဲမလား ဒီနန်းတွင်းထဲမှာ ရှိနေတဲ့ လူကောင်းတွေက အနှေးနဲ့အမြန်ပျောက်ကွယ်သွားကြမှာပဲ” 


ထိုအခိုက်အတန့်တွင် ချန့်ကျီးက သူ့အရှေ့ရှိ အသက်မဲ့နေသလိုဖြစ်နေသည့် ယန်ယွီနော့ လှမ်းဆွဲလိုက်၏။ 


“ယွီနော့…မင်းက ရွှီပင်းယွဲ့နဲ့ အနီးဆုံးနေပြီး အလုပ်လုပ်နေရတဲ့သူ...အခုသူမရဲ့မျက်နှာကို သေသေချာချာကြည့်ထား စုဝမ်ရဲ့အမှားတွေကနေ သင်ခန်းစာယူ စုဝမ်အနောက်ကိုပဲရူးမိုက်မိုက်နဲ့လိုက်နေပြီး တခြားသူတွေအရှေ့မှာ ဝင်ကာကာပေးမနေနဲ့ သူမက တုံးအလွန်းတယ် အရမ်းတုံးအတယ်”


တုံးအတယ်တဲ့လား…။


ဟုတ်တယ် စုဝမ်ကရူးမိုက်တယ်…။ သူမက သူမရဲ့အစ်မတွေအတွက် အပြစ်တွေကိုဝင်ခံပေးပြီး နောက်ဆုံးမှာ သူမချစ်ရတဲ့လူကိုပါ လက်လွှတ်ပေးခဲ့တယ်…။


ဒါပေမယ့် အဲ့ဒါက ရွှီပင်းယွဲ့လို လူမျိုးအတွက်တန်လို့လား…။


စစ်တုရင်ကစားပွဲအား ကစားနေကြသူများထက် ကြည့်နေကြသူများက အကွက်ပိုမြင်ကြသည်။ 


နူးညံ့သည့်နှလုံးသားရှိပြီး ကိစ္စများကို အပြင်ဘက်မှ ကြည့်နေရသူ ယန်ယွီနော့အဖို့ ဤအရာကို ဆက်၍ သည်းမခံနိုင်တော့ပေ။ 


“ရွှီပင်းယွဲ့…”


သူမကရုတ်တရက် ရွှီပင်းယွဲ့နှင့်ချန်ရှန့်ပေတို့ ရှိနေသည့်နေရာသို့ ပြေးထွက်သွားကာ လက်မြှောက်၍ ရွှီပင်းယွဲ့၏မျက်နှာအား ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ 


“ဒါက စုဝမ်ရဲ့ကိုယ်စားရိုက်ပေးတာ”


ယန်ယွီနော့က ကလေးအရွယ်ကပင် အခြားသူများကို ပါးရိုက်ဖို့မပြောနှင့်၊ ပြန်လည်တုံ့ပြန်သည်မျိုး လုံးဝမလုပ်ခဲ့ပေ။ ယခုတစ်ခေါက်တွင် သူမက အတော်လေးဒေါသထွက်နေကာ နှလုံးခုန်နှုန်းများပင် တဒိန်းဒိန်းဖြစ်နေ၏။ ရွှီပင်းယွဲ့ကို ရိုက်ပြီးနောက် ယန်ယွီနော့က ပခုံးပေါ်တွင်ရှိနေသည့် ဝန်ထုပ်ဝန်ပိုးများ လျော့သွားကာ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။


ပါးရိုက်ခြင်းက ဒေါသထွက်နေသည့်နှလုံးသားကို နှစ်သိမ့်မှုပေးနိုင်သည်ဟုဆိုကြသည်မှာ မှန်ကန်သည့်ပုံပင်…။


_🚩