🥰 Chapter 13
ယောင်ကျိကျိုး ခဏလောက် ကိုယ့်ကိုယ်ကိုယ် ပြန်
ရယ်မိသွားသည်။ သူက ကိုမာဝင်နေသည့်လူဆိုတာ မေ့တော့မလို့ပင်။ ဘယ်သူက သူ့အနားမှာ အရိပ်အကဲကြည့်ပြီးနေမှာလဲ...သူထင်တာတော့ သူဘေးမှာအိပ်ခွင့်ရတဲ့ တစ်ဦးတည်းသောလူက မင်လျိုရီ ပဲဖြစ်လိမ့်မည်။ သို့သော်သူအသိဝင်စဥ် ကြားခဲ့ရသည့်အသံချိုချိုနှင့် နူးညံ့ညင်သာသည့်နှိပ်နယ်နည်းများအသုံးပြုခဲ့သည့်သူမှာ ထိုရက်စက်တတ်သည့်မိန်းမ မဖြစ်နိုင်ပေ။
အဲ့တော့...ဒီမိန်းမက ဘယ်သူလဲ
တချို့သောအကြောင်းရင်းများကြောင့် ပြောမပြတတ်လောက်အောင် ယောင်ကျိကျိုးသည် သက်တောင့်သက်သာဖြစ်နေသည်...ကိုယ်ပေါ်ကိုဖိထားတဲ့ အလေးချိန်ကိုဖယ်လိုက်ရင်ပေါ့...
ယောင်ကျိကျိုးသည် သူ၏နှာခေါင်းထိပ်မှ ဝင်ရောက်လာသော လတ်ဆတ်သည့်လေများနှင့် ဂုတ်တဝိုက်မှ ခံစားနေရသော ယားယံမှုကြောင့် အသက်ရှင်နေကြောင်း သိရှိလိုက်ရသည်။
ထို့ကြောင့် ရခဲလှသည့် ပူပန်မှုများမရှိသည့် အေးချမ်းတည်ငြိမ်မှုအား ကျိကျိုး ရရှိလိုက်သည်။
ထို့နောက် သူ့ကိုယ်ပေါ်မှအလေးချိန်သည် ပျောက်
ကွယ်သွားသည်။ သူ့ဘေးတဝိုက်မှ မွေ့ယာသည်လည်း ပြန်လည်ဖောင်းလာပြီး မူလပုံစံဖြစ်သွားသည်။ ထိုမိန်းကလေးသည် တစ်ဖက်သို့လှည့်သွားချေပြီ။
သူမက သူ့အား ထိုအတိုင်းထားရစ်ခဲ့သည်။
ယောင်ကျိကျိုး ရုတ်တရက် နောင်တရပြီး မပျော်မရွှင်ဖြစ်လာသည်...သူ့နှလုံးသားထဲမှ အပိုင်းအစတစ်ခု လစ်ဟာသွားသလိုပင်။
မကြာမီတွင် သူ၏အသိစိတ်သည်လည်း ဝေဝါးလာသည်။
ယောင်ကျိကျိုး သူ့ကိုယ်သူအိပ်ပျော်သွားတော့မည်ဟု ထင်လိုက်ချိန်တွင် နူးညံ့သောလက်တစ်ဖက်သည် သူ့အားဖက်တွယ်လာသည်။ ကျိကျိုး၏ အသိစိတ်နှင့်အာရုံကြောများ တုန့်ပြန်လာပြီး တဖန်ပြန်ကာ စိတ်ရှင်းလင်းလာသည်။ သူမ၏အထိအတွေ့သည် ပြန်ရောက်ရှိလာပြီ။
ထိုနူးညံ့သည့် လက်ကလေးသည် ဘာမှမလုပ်ဘဲ သူ့ကိုယ်ပေါ်တွင် အေးအေးချမ်းချမ်း တင်ထားပြီး အလိုအလျောက် သူ့လက်ချောင်းများနှင့် ယှက်နွယ်လာသည်။ ထို့နောက် နှစ်ယောက်ကြားတစ်ဖန်ပြန်တိတ်ဆိတ်သွားလေသည်။
ယောင်ကျိကျိုးသည် သူ၏နှလုံးသားလေးက ထိုမိန်းကလေး၏လှုပ်ရှားမှုတိုင်းကို လက်ကလေးဝေ့ကာပြနေကြောင်း သတိမထားမိခဲ့ပေ။ သို့သော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် စည်းမျဥ်းချက်တစ်ခုတော့ ရှာတွေ့သွားသည်...သူ၏ အသိစိတ်များပြန်ရရှိလာသည့် စည်းမျဉ်းပင်။
သူ၏ပထမဆုံး နိုးထမှုသည် တစ်စုံတယောက်သူ့အတွက် ငိုနေစဥ်ဖြစ်သည်။ နူးညံ့သည့်လက်တစ်စုံက အမာရွတ်များရှိသောသူ့ခြေထောက်ကို နှိပ်ပေးနေခဲ့သည်။
ဒုတိယအကြိမ် နိုးထလာမှုသည် တစ်စုံတယောက် ကနှိပ်နယ်ပေးနေ၍ဖြစ်ပြီး အရင်တစ်ခေါက်ကလိုပင် နွေးထွေးပြီးပိန်သွယ်သည့် လက်ချောင်းများ ဖြစ်သည်။
တတိယအကြိမ်ကတော့ ယခုတစ်ခေါက်ပင်။ မိန်းမတစ်ယောက်သည် သူမခြေထောက်ကို သူ့ကိုယ်ပေါ်တင်ထားခဲ့သည်။ သူမထွက်သွားချိန်တွင် သူ၏အသိစိတ်များ ဝေဝါးလာပြီး သူမလက်ချောင်းများ ပြန်လည်ဖက်တွယ်လာချိန်တော့ ချက်ချင်းဆိုသလို အသိစိတ်ပြန်ရရှိလာသည်။
သူ နိုးထလာသည့်အကြိမ်အနည်းငယ်သည် သူမနှင့်ပတ်သက်နေလိမ့်မည်။ သူခေါင်းထဲတွင် မေးခွန်းထပ်ပေါ်လာသည်။
သူမက ဘယ်သူလဲ...
သူ့ဘဝကို တစ်စုံတစ်ယောက်က ထိန်းချုပ်နေသည်ဟု ခံစားရသော်လည်း မကြောက်မိပေ။ ထိုအစား သူ့စိတ်ထဲပျော်မြူးလာသည်။ အဘယ်ကြောင့်ဆို ကြမ်းတမ်းပြီး မှောင်မှိက်နေသည့်သူ့ဘဝတွင် စိတ်ဝင်စားစရာတစ်ခုအားတွေ့ရှိသွား၍ဖြစ်သည်။
......
နောက်နေ့မနက်စောစောတွင် ပြတင်းပေါက်အပြင်ဘက်မှ ငှက်ကလေးများ၏ အော်သံကြောင့် မင်လျိုရီ အိပ်ရာမှနိုးလာသည်။ သူမ မျက်လုံးများကိုဖြည်းညင်းစွာဖွင့်လိုက်သောအခါ ယောင်ကျိကျိုး၏မျက်နှာအား သူမနှင့် တစ်စင်တီမီတာပင်မရှိသည့် အကွာအဝေးတွင်တွေ့လိုက်ရသည်။
မင်လျိုရီသည် သူမနှလုံးသားထဲမှ ကျယ်လောင်စွာအော်ဟစ်လိုက်မိသည်။ မင်လျိုရီ အေးအေးချမ်းချမ်းအိပ်ပျော်သွားသော်လည်း မျက်လုံးများဖွင့်လိုက်ချိန်တွင် သူမသည် ယောင်ကျိကျိုးအား sloth တစ်ကောင်လို ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဖက်တွယ်ထားခဲ့သည်။
သူမက ယောင်ကျိကျိုး၏မျက်နှာအား ကြည့်လိုက်သည်။ ထိုမျက်နှာသည် အလွန်ကိုချောမောပြီး ဒေါသမထွက်သည့်ပုံပေါ်တာကြောင့်
'အဲ့တော့ ဒီလိုဖြစ်သွားတယ်ပေါ့လေ...'
မင်လျိုရီ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်လိုက်သည်။ သို့သော်လည်း သူမကိုယ်သူမ လေးလေးနက်နက်ပြောလိုက်သည်။
"ကိုမာဖြစ်တဲ့လူတွေက ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုရှိရင် မြန်မြန်နိုးလာနိုင်တယ်တဲ့ .... ရှင်ကောင်းဖို့လုပ်တာဆိုတော့ စိတ်မဆိုးဖို့မျှော်လင့်ပါတယ်"
ထို့နောက် ဆေးကြောရန်အပြေးထွက်သွားတော့သည်။ မျက်နှာအား ရေအေးဖြင့် အကြိမ်အနည်းငယ် ပက်ဖြန်းပြီးနောက် မင်လျိုရီမျက်နှာပေါ်မှ ရှက်သွေးဖြာမှုသည်လည်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူမ အချိန်ကို ကြည့်လိုက်သည်။
လင်လင်၏ စာသည် အပေါ်ဆုံးမှပေါ်လာသည်။
[ ညီအစ်မ ဘယ်လိုလဲ မနေ့ညက စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုရရဲ့လား... ]
မင်လျိုရီတစ်ယောက် ဆွံ့အသွားသည်။
သူမပြန်မဖြေနိုင်လိုက်ခင်မှာပဲ ရှောင်ဖန်းကတံခါးခေါက်လာသည်။
ရှောင်ဖန်းသည် မင်လျိုရီနားကပ်ပြီး ခပ်တိုးတိုးပြောသည်။
"သခင်မစီစဥ်ခိုင်းထားတဲ့လူတွေ ရောက်လာပါပြီ"
မင်လျိုရီခေါင်းငြိမ့်ကာ သူမအား ညွှန်ကြားလိုက်သည်။
"သူတို့ဘယ်သူလဲဆိုတာ ဘယ်သူ့ကိုမှမပြောနဲ့ ကျိကျိုးကို စစ်ဆေးပေးဖို့ရောက်လာတဲ့ ဆရာဝန်တွေလို့ပဲပြော"
ရှောင်ဖန်း ခေါင်းငြိမ့်ကာ ဧည့်သည်တွေကိုနေရာချပေးရန် ထွက်သွားသည်။
မင်လျိုရီသည် ယောင်ကျိကျိုးအား စောင့်ရှောက်ရန်တာဝန်ယူလိုက်ကတည်းက သူမသည် နေ့စဥ်သူနှင့်အတူ ထမင်းသုံးနပ်စားရန်လိုသည်။
သူမ၏ညွှန်ကြားချက်နှင့်အတူ ယောင်ကျိကျိုးအတွက် သစ်အယ်သီး ကွေကာအုပ်၊ ဆန်ပြုတ်နှင့်
လိမ္မော်ရည်ရောက်ရှိလာပြီး သူမအတွက်ကတော့ ပင်လယ်စာခေါက်ဆွဲပြုတ်ဖြစ်သည်။
မနေ့ညက ရှောင်ဖန်းသည် မင်လျိုရီမှာလိုက်သည့်အရာများပြင်ဆင်ရန် မီးဖိုချောင်သို့သွားခဲ့ပြီး သခင်မက လိမ္မော်ရည်ကို အရမ်းနှစ်သက်ကြောင်းပြောကာ နေ့စဥ်ယူလာပေးဖို့မမေ့သင့်ကြောင်းလည်းပြောခဲ့သည်။ မီးဖိုချောင်၏ထောင့်တွင်ရပ်နေသော အိမ်အကူ ရှောင်ဟုန် သည် မျက်လုံးများလက်သွားကာ လျင်မြန်စွာခေါင်းငြိမ့်လိုက်သည်။
ရှောင်ဖန်းက ယောင်ကျိကျိုးဆီသို့ မနက်စာသွားပို့သည့်အခါ ရှောင်ဟုန်သည် သူမနောက်မှလိုက်လာပြီး လိမ္မော်ရည် ပေးခဲ့သည်။
မင်လျိုရီ ဖန်ခွက်အားယူလိုက်ကာ အနံ့ခံကြည့်လိုက်သည်။
"ဒါ မနက်ကနင်ညှစ်ထားတဲ့ လိမ္မော်ရည်လား"
"ဟုတ်ကဲ့ သခင်မ"
ရှောင်ဟုန် နူးညံစွာဖြေလိုက်သည်။
မင်လျိုရီ နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။
"ရှောင်ဖန်း"
သူမ ရှောင်ဖန်းကိုခေါ်လိုက်ပြီး
"စုံထောက်တွေကိုပြောလိုက် စက်တွေပြင်ဆင်လိုက်တော့လို့"
🥰