အပိုင်း၁၅
Viewers 5k

🥰 Chapter 15 



ရှောင်ဖန်း ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်ကဲ့ နေ့လယ်ကကျွေးလိုက်ပါတယ်"


"အဆင်ရောပြေလား"


မင်လျိုရီ မေးလိုက်သည်။


"ကျွန်မက မကျွမ်းကျင်တော့တစ်နာရီလောက်ကြိုးစားခဲ့ပေမဲ့ ပန်းကန်တစ်ဝက်ပဲ ကုန်တယ်"


ရှောင်ဖန်းက ပြောလိုက်သည်။


"တစ်ညနေလုံးကို ဆန်ပြုတ်တစ်ဝက်ပဲစားတာက မဟုတ်သေးဘူးလေ"


မင်လျိုရီ၏ မျက်ခုံးများ တင်းကြပ်စွာ စုကျုံ့လာသည်။


"လုံးဝကို ကျွေးလို့မရလို့ပါရှင် ဒါပေမဲ့ သခင်ဗိုက်ဆာနေမှာစိုးလို့ နို့တော့ဝင်အောင်တိုက်ထားပါတယ်"


ရှောင်ဖန်းစကားအဆုံးတွင် မင်လျိုရီခေါင်းငြိမ့်လိုက်သည်။ အခြားညွှန်ကြားချက်မဆိုတော့ဘဲ မီးဖိုချောင်သို့သွားကာ ယောင်ကျိကျိုးအတွက် ညစာပြင်ပေးခဲ့သည်။


အိပ်ခန်းထဲတွင် တစ်ဖန်ပြန်ပြီးတိတ်ဆိတ်သွားသည်။


မင်လျိုရီသည် ယောင်ကျိကျိုးဘေးတွင်ဝင်ထိုင်ကာ သူ၏ ဘေးတိုက်မျက်နှာကိုကြည့်နေခဲ့သည်။ သူမ မတတ်နိုင်စွာဖြင့် လက်ကိုဆန့်ထုတ်ကာ ယောင်ကျိကျိုး၏ မျက်နှာအားထိလိုက်သည်။ 


"ယောင်ကျိကျိုး ရှင်ဘာလို့စကားနားမထောင်ရတာလဲ...ကျွန်မခဏလေးပဲ အပြင်သွားတာကို အစားမစားတော့ဘူးလား"


ယောင်ကျိကျိုး စိတ်ရှုပ်ထွေးသွားသည်။


မင်လျိုရီသည် သူမ၏အထိအတွေ့ကြောင့် ယောင်ကျိကျိုး အသိစိတ်ပြန်ရလာသည်ကို မသိပေ။ မင်လျိုရီသည် ဆက်တိုက် ရေရွတ်နေသည်။


"ရှောင်ဟုန်က ရဲစခန်းမှာအဖမ်းခံလိုက်ရတယ်... ရှင့်ကိုထိခိုက်စေမယ့်အရာတွေ အကုန်မရှိတော့ဘူး"


ယောင်ကျိကျိုး ပို၍ပင် ပဟေဋိဖြစ်သွားရသည်။


မင်လျိုရီက ဆက်ပြောသည်။


"ကျွန်မ ရန်သူကိုသတိပေးသလို မဖြစ်ချင်ပါဘူး ဒါပေမဲ့ ကျွန်မအမှားလုပ်မိသွားရင် ဘယ်လိုလုပ်မလဲ...အခုဆို စိတ်အေးလက်အေးနဲ့ စားနိုင်ပြီလေ... အနာဂတ်မှာ အကယ်၍....ထားပါတော့ တစ်ခုချင်းဆီဖြေရှင်းကြတာပေါ့ ဒါပေမဲ့ရှင်စကားတော့နားထောင်ရမယ်"


ယောင်ကျိကျိုး ထပ်ပြီး ရှုပ်ထွေးရပြန်သည်။


သူအရွယ်ရောက်ပြီးကတည်းက ဘယ်သူမှသူ့ကို ထိုသို့မပြောကြတော့။


အကယ်၍ မင်လျိုရီသာ ယခုအချိန် ယောင်ကျိကျိုး၏ရင်ဘတ်ပေါ် မှီတွယ်လာခဲ့လျှင် သူ၏ သံစုံတီးဝိုင်းတီးနေသော နှလုံးခုန်သံကိုကြားရမည်ဖြစ်သည်။


ထိုအချိန်တွင် မင်လျိုရီ၏ဖုန်းသည် ရုတ်တရက်ထမြည်လာသည်။ သူမက လက်တစ်ဖက်ဖြင့် ဖုန်းကောက်ကိုင်လိုက်ပြီး အခြားလက်

တစ်ဖက်ကဖြင့် အမှတ်တမဲ့ ယောင်ကျိကျိုး၏မျက်နှာကို ပွတ်သပ်နေခဲ့သည်။


"မရီး ငါပါ ... ယောင်ကျိရန်"


"အိုး ယောင်ကျိရန်လား ...ဘာကိစ္စရှိလို့လဲ"


ယောင်ကျိကျိုးသည် မင်လျိုရီ၏အသံကိုသာ ကြားနိုင်သည်။ သူ၏နှလုံးသားထဲတွင် မေးခွန်းများဖြင့်ပြည့်နေပြီး တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။


ယောင်ကျိရန်သည် ထိုတုံးအသည့်မိန်းမနှင့် အပျော်အပြက်ပြောဖို့ရာ စိတ်ကုန်သွားပြီး အေးစ​က်သည့်လေသံဖြင့် ပြောလိုက်သည်။


"တည့်ပဲပြောပြတာပေါ့ ကိုမာဝင်နေတဲ့လူတစ်ယောက်နဲ့ လက်ထပ်ရတာကို နင်မပျော်မရွှင်ဖြစ်ပြီး နေ့ရက်တိုင်းက ခက်ခဲနေတာကိုနားလည်တယ်... ငါ့မှာ နင်ယောင်ကျိကျိုးဆီကနေ ရုန်းထွက်ပြီး လွတ်လွတ်လပ်လပ်နေနိုင်မယ့် နည်းလမ်းရှိတယ် ... ငါလုပ်နေတဲ့ကိစ္စတွေမှာ နင်ဝင်မပါဖို့ပဲလိုတယ် ... ခယ်မလေး ဘယ်လိုသဘောရလဲ..."


မင်လျိုရီ ဒေါသထွက်ပြီး စိတ်ထဲမှပြောလိုက်သည်။


'ယောင်ကျိရန် သူကနင့်အစ်ကိုလေ ဘယ်လိုတောင်....'


ယောင်ကျိရန်သည် လေအေးများမှုတ်ထုတ်လိုက်ပြီး


"မင်လျိုရီ ဟန်ဆောင်မနေပါနဲ့တော့ ... ငါသာနင့်ပုံစံအမှန်ကိုမသိရင် ဒီဖုန်းကိုခေါ်မနေတော့ဘူး... ယောင်ကွေက နင့်ရဲ့နည်းလမ်းတွေကို မသိပေမယ့်


ငါကတော့သိတယ်... ဒီလောက်အချိန်အကြာကြီး ယောင်မိသားစုကိုအမှန်တရားတွေဖုံးကွယ်ထားခဲ့တာ...ငါသာနင့်နောက်မှာမရှိရင် အခုချိန်ထိယောင်

မိသားစုမှာ နင့်နေရာတည်မြဲမယ်ထင်နေလား...အခု နင်က ယောင်ကျိကျိုး သတိပြန်ရဖို့ကိုစောင့်နေရင် သူနိုးလာတာနဲ့ နင့်ကိုလုပ်လာမဲ့အရာတွေကို တွေးကြည့်ဖူးရဲ့လား..." 


"အဲ့တော့ နင်လိုချင်တာ ဘာလဲ"


"ဒီနေ့လိုမျိုး တခြားသူတွေရဲ့ကိစ္စကို ဝင်မပါဖို့မျှော်လင့်ပါတယ်"


ယောင်ကျိရန်က ပြန်ဖြေခဲ့သည်။


"ရှောင်ဟုန်က နင့်လူလား" 


မင်လျိုရီ မေးလိုက်သည်။ သူမ သံယသဝင်ခဲ့သော်လည်း တိုက်ရိုက်ကြီးပေါ်ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ 


"နောက်တစ်ခါ ငါ့လမ်းကိုဝင်မရှုပ်နဲ့ မဟုတ်ရင် နင့်ရဲ့ချစ်ရသူလေး တစ်ဘဝလုံးဒုက္ခ​ရောက်နေစေရမယ်"


ယောင်ကျိရန်က ခြိမ်း​ခြောက်လိုက်သည်။


မင်လျိုရီ အနည်းငယ်စဥ်းစားလိုက်သည်။


"ရတယ်လေ ဒါပေမဲ့ နင်ဘာလုပ်ချင်တာလဲ ပြောပြမှရမယ် မဟုတ်ရင်တော့ ဒီနေ့လိုမျိုး ထပ်ဖြစ်မှာပဲ ...  နင်က လိမ္မော်ရည်ထဲ အဆိပ်ခက်ခဲ့ပေမဲ့ ငါပါ ပြဿနာထဲပါသွားရတယ်... ယောင်ကျိရန် ... နင်ကဥာဏ်ကောင်းသလို ငါကလဲ ငတုံးမဟုတ်ဘူး ... ကဲ နင် ဘယ်လိုထင်လဲ..."


ယောင်ကျိရန် ပြုံးလိုက်သည်။


"ကောင်းပြီလေ နင့်ကိုအခွင့်အရေးတစ်ခါ ထပ်​ပေးမယ် ဒါပေမဲ့ နင့်ရဲ့စွမ်းဆောင်မှုအပေါ် မူတည်တယ်...  မနက်ဖြန် တစ်ယောက်ယောက်ကို အာနိသင်ပြတာနှေးတဲ့ အဆိပ်နည်းနည်းနွားနို့ထဲ ထည့်ခိုင်းလိုက်မယ်"


မင်လျိုရီ ထိတ်လန့်သွားသည်။ အဲ့တော့ အိမ်ထဲမှာ လုပ်ကြံမဲ့သူရှိသေးတာပေါ့...ဒါပေမဲ့ ယောင်ကျိကျိုးက ဆေးရုံကဆင်းတာ အခုမှနှစ်ရက်ပဲရှိသေးတယ် ဘာလို့​ယောင်ကျိရန်က အဲ့​လောက်အလျင်လိုရတာလဲ...သူ့ကြည့်ရတာ ယောင်ကျိကျိုးကို မြန်မြန်သေစေချင်ပုံပေ။


"ငါယောင်ကွေကို ပြောပြလိုက်မှာ နင်မကြောက်ဘူးလား"


ယောင်ကျိရန်က ရယ်သည်။


"ပြောလိုက်လေ...မနက်ဖြန်တစ်နေ့ကုန် ငါယောင်ကွေနဲ့ အစည်းအဝေးလုပ်နေမှာ... နင်တစ်ခုခုလုပ်တာနဲ့ အဆိပ်ခက်ခဲ့တာနင်ပါလို့ ပြောလိုက်မယ်  ... ယောင်ကွေက ငါ့ထက်နင့်ကိုယုံကြည်ပေးမယ်လို့ထင်နေတာလား...နင်ရှင်းပြတာကိုတောင်မစောင့်ဘဲ ချက်ချင်းရှင်းပစ်လိမ့်မယ် ...ဒီမှာ မင်လျိုရီ ဒီလိုမေးခွန်းမျိုးမေးရလောက်အောင် နင့်ကိုယ်နင် အရမ်းအရေးပါနေတယ်ထင်လို့လား... အိမ်အကူလေးအနည်းငယ်လောက်ကို ထုတ်ပစ်လိုက်နိုင်တာနဲ့ ယောင်မိသားစုရဲ့ သခင်မဖြစ်ရောလား"


ယောင်ကျိရန်၏ အသံသည် အဆိပ်ပြင်းသည့်မြွေတစ်ကောင်လိုမျိုး ပြန်ခဲနိုင်မည့် အခွင့်အရေးကို ေစာင့်နေသည်။ ထိုအသံသည် ကျောရိုးတစ်လျှောက် အေးစက်သွားစေသည်။


မင်လျိုရီ ရှင်းရှင်းလင်းလင်းပဲ သဘောပေါက်သွားသည်။ သူမသာ ထိုသူနှင့် ရင်ဆိုင်လိုက်လျှင် နိုင်နိုင်ချေမရှိပေ။ သူမရဲ့ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး


"ကောင်းပြီလေ ဒီတစ်ခါတော့နင့်ကိုယုံပြီး မနက်ဖြန် နွားနို့တိုက်လိုက်မယ်... တစ်​ယောက်​ယောက်မိသွားခဲ့ရင် ငါ့ကိုကာကွယ်ပေးရမယ် ... ငါကအခု နင်နဲ့တစ်လှေတည်းစီးနေတဲ့သူပဲ"



🥰