အပိုင်း၂၂
Viewers 4k

🥰 Charter 22 




ယုဟန်...


မင်လျိုရီ ထိုလူအကြောင်း မေ့ထားခဲ့သည်မှာ ကြာလှပြီ။ အခုတော့ သူမ ခေါင်းတစ်ခုလုံး ထိုလူ့အကြောင်းနှင့်ပြည့်နေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနာမည် ကြားလိုက်သည်နှင့် သူမစိတ်တွေလှုပ်ရှားလာသောကြောင့်ပင်...မထင်မှတ်ထားသည့် အရာတစ်ခုခု ဖြစ်လာမည်ကိုလဲ စိုးရိမ်မိသည်။ မင်လျိုရီသည် ပြန်ဖြေသည့်သဘောဖြင့် အသံတစ်ချို့ထွက်ပြလိုက်ပြီး ဖုန်းကို သက်တော်စောင့်ထံ ပြန်ပေးလိုက်သည်။ 


မင်လျိုရီ တံခါးကိုမှီရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ ဘာများဖြစ်တာလဲ... ယုဟန်ဆိုတဲ့ နာမည်ကိုကြားလိုက်သည်နှင့် သူမတစ်ကိုယ်လုံးက ပေါ့ပါးသွားသည်။ နာမည်လေးတစ်ခုနဲ့တင် မူလမင်လျိုရီကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သည့်သူလား... 


ဒီခန္ဓာကိုယ်အား အပြည့်အဝထိန်းချုပ်နိုင်ရန် အချိန်မည်မျှလိုမည်ကို မင်လျိုရီမသိပေ။ အပြင်ပိုင်းရုပ်ရည်သည် ၉၀ ရာခိုင်နှုန်းလောက် တူလာပြီဖြစ်သော်လည်း အလုံးစုံထိန်းချုပ်နိုင်စွမ်းမရှိသေးတာကို​ မြင်တော့ သူမ ထိတ်လန့်လာသည်။ 


ရုတ်တရက်ဆိုသလို သူမ ယောင်ကျိကျိုးကို ဝိဥာဥ်စမ်းရေ မတိုက်ရသေးကြောင်းကို သတိရလိုက်သည်။ သူမ ခပ်မြန်မြန်လေး စိတ်အာရုံကို စုစည်းလိုက်ပြီး လက်ချောင်းထိပ်မှ စမ်းရေတစ်စက်ကျစေကာ ဂရုတစိုက်နှင့် ယောင်ကျိကျိုး၏ နှုတ်ခမ်းပေါ်သို့ စီးကျစေသည်။


ယောင်ကျိကျိုး၏ မျက်လုံးထံ စမ်းရေစက် နှစ်စက်မခပ်ခင် သူမ တစ်ခဏလောက် စဥ်းစားလိုက်သည်။ ထို့နောက် စမ်းရေများ စိမ့်ဝင်သွားသည်အထိ ညင်သာစွာ နှိပ်နယ်ပေးလိုက်သည်။ နောက်ဆုံးတွင် ပုံမှန်နှိပ်ပေးနေကျဖြစ်သော ခြေထောက်ကို ဦးတည်လိုက်သည်။ 


ယောင်ကျိကျိုးသည် မျက်လုံးမမြင်ရပေ။ အချိန်အတော်ကြာမှ ရာဘာလက်အိတ်နဲ့ဆရာဝန်တွေ စစ်ဆေးဖို့လာသည်ကလွဲလို့ တစ်စုံတစ်ယောက်က သူ့မျက်ခမ်းကို လာလှန်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ မင်လျိုရီ သူ့ကို ထိုမျှလောက် ညင်သာနူးညံ့စွာ နှိပ်နယ်ပေးလိမ့်မည်ဟုလဲ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။ 


မင်လျိုရီ​၏လက်များသည် အရင်အခေါက်ကလိုပင် နွေးထွေးပြီး ပျော့ပျောင်းသည်။ သူမရဲ့ နူးညံသည့် လက်ချောင်းထိပ်လေးများနှင့် မျက်ခွံပေါ်သို့ ညင်သာစွာ လှည့်ပတ်ပေးနေပြီး မှော်ဆန်လှသည်။ လှုပ်ရှားမှုအနည်းငယ်သာ ဖြစ်သော်လည်း သွေးကြောများနှင့် ခန္ဓာကိုယ်အတွင်းမှ ယင်ယန်ကိုပါ ထိန်းညှိပေးလိုက်သလိုပင်။ ထို ညင်သာတဲ့ အထိအတွေ့လေးသည် စိတ်ဝိဥာဥ်၏ အနက်ရှိုင်းဆုံးအထိ ရိုက်ခတ် သွားသည်။ 


ယောင်ကျိကျိုးသည် ထိုနူးညံ့တဲ့ အထိအတွေ့အား မည်မျှပင် နှစ်ခြိုက်မိသွားလဲမသိ သူမ လက်အားဖယ်ရှားလိုက်သည့်အချိန်တွင် အမည်မဖော်နိုင်သည့် ခံစားချက်များဖြစ်ပေါ်လာပြီး မသွားပါနဲ့ဟု တားဆီးလိုက်ချင်မိသည်အထိပင်။ မင်လျိုရီသည် သူ့ရင်ထဲမှ စကားသံကို ကြားသွားသည့်အလား ထွက်မသွားဘဲ ခြေထောက်များကို စတင်နှိပ်နယ်ပေးတော့သည်။ 


မင်လျိုရီသည် သူ့၏ မမြင်နိုင်သည့်မျက်လုံးများကို စစ်ဆေးနေသည်မဟုတ်ဘဲ နှိပ်နယ်ပေးချင်ရုံမှန်း ယောင်ကျိကျိုးသိသည်။ အခုတော့ သူ့ရဲ့ ရုပ်ဆိုးပြီး မသန်စွမ်းတဲ့ခြေထောက်တွေကို သူမကို ထပ်မံပြရဦးမည်...


မင်လျိုရီသည် အရင်ကနှင့် မတူညီတော့မှန်း သိရှိသွားသည့်အချိန်မှစလို့ သူမအပေါ်ရှိသည့် အမြင်များအားလုံးကို ဖယ်ရှားလိုက်ပြီး လူအသစ်

တစ်ယောက်ကဲ့သို့ မြင်လာသည်။ အမှန်တော့ရင်ထဲတွင် သူမအား "ဇနီးလေး" ဟု ခေါ်ပြီးနေပြီဖြစ်သည်။ သူမ မည်သူဖြစ်သည်ကို မသိသော်လည်း သေချာတာကတော့ သူမသည် မူလမင်လျိုရီမဟုတ်တော့ပေ။ ညတိုင်း သူနှင့်နီးကပ်စွာ အတူတူအိပ်ကြပြီး တစ်ယောက်လက်မောင်းပေါ် တစ်ယောက်အုံးအိပ်ကြသည်...ထို့ကြောင့် သူမကပဲ သူ့ရဲ့ဇနီးမယားဖြစ်သင့်သည်။ 


သူမရဲ့ အာငွေ့သည် သန့်ရှင်းလတ်ဆတ်နေပြီး အနားကပ်လာတိုင်း သူမဆီမှ တောင်ကျစမ်းရေ၏ အငွေ့အသက်အား ရသည်။ သူ့အား နေ့စဥ်နေ့တိုင်း ဖြစ်ပျက်သမျှအလုံးကိုပြောပြနေသော အသံလေးသည်လည်း ပျားရည်တမျှ ချိုမြလှကာ သူ့နှလုံးသားကို နွေးထွေးစေသည်။


သို့သော်လည်း ယောင်ကျိကျိုး၏ နှလုံးသားလေးသည် ပလုံခနဲ နှစ်မြှုပ်သွားသည်။ အခြေအနေသည် အကောင်းကြီးတော့မဟုတ်ပေ။ သူ့ကို ကာကွယ်ပေးမည်ဆိုလျှင် သူ့ဇနီးလေးသည် ပြဿနာအများအပြားကို ရင်ဆိုင်ရမည်ဖြစ်ပြီး အစားတစ်နပ်အတွက်တောင်မှ အများကြီးအားထုတ်ရမည်ဖြစ်သည်။ 


သို့သော် ယောင်ကျိကျိုး သူမ​၏ငြီးတွားသံကို တစ်ခါလေးတောင် မကြားဖူးချေ။ သူမသည် နေမင်းကြီးနှင့်တူသည်...နေ့စဥ်နှင့်အမျှ မုန်တိုင်းနှင့်ရင်ဆိုင်နေရရင်တောင် အပြုံးမပျက်သည့် လူမျိုးပင်။  


ယောင်ကျိကျိုးစဥ်းစားမိသည်က...ကိုမာဝင်နေသည့်အချိန်မှာတောင်မှ သူ့ဇနီးလေးသည် ညင်သာနူးညံ့စွာ ဆက်ဆံပေးနေသေးသည်။ သူသာ ပြန်လည်နိုးထလာရင် သူနဲ့တစ်သက်လုံး အတူနေပေးလောက်မလား...


ဒါပေမဲ့ သူက ဘယ်လိုလုပ် နေခိုင်းရက်မှာတဲ့လဲ...သူ့လို မျက်မမြင် ဒုက္ခိတတစ်ယောက်နဲ့အနားမှာလေ။ 


ထိုစဥ် ယောင်ကျိရန်သည် ယောင်ကျိကျိုးကဲ့သို့ ရှုပ်ထွေးသည့် ခံစားချက်များမရှိဘဲ မင်လျိုရီ၏ တောင်းဆိုချက်ကို အလွယ်လေး လိုက်လျောလိုက်

သည်။ သူမတွင် ပြဿနာရှာနိုင်လောက်တဲ့အထိ အင်အားမရှိဟု ယူဆထားသောကြောင့်ပင်...သူမက ဆင်းရဲပြီး နောက်ခံလည်းမရှိပေ။ ဘယ်သူက သူမကို ထည့်တွေးနေမှာလဲ...ယောင်ကျိကျိုးအင်အားကြီးစဥ်အခါကတောင် သူဒုက္ခမရောက်ခဲ့သေးတာပဲ...


သို့သော် အခုတွင် သူမက လူလွတ်တစ်ယောက်လိုဖြစ်ပြီး သူမကိုယ်သူမသာ မှီခိုရမည်ဖြစ်သည်။ ယောင်ကျိရန်သည် သူမဘာဆက်လုပ်မလဲဆိုတာ ကြည့်ချင်ရုံပင်။ 


သဘာဝကျကျပဲ မင်လျိုရီသည် ယောင်ကျိရန်၏ အရေးမလုပ်သည့် အပြုအမူကို သတိထားမိပြီး သူမရင်ထဲမှ သတိထားစောင့်ကြည့်မှုကိုပါ လျှော့ချပစ်လိုက်သည်။ 


ယခုအပတ်သည် ကိုမာဝင် လူများကို အားပေးကူညီသည့် ပရဟိတဖောင်ဒေးရှင်းတစ်ခုမှ ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည်။ မူလမင်လျိုရီသည် ထိုသို့သော ပွဲမျိိုးကို တစ်ခါမှမတက်ရောက်ခဲ့ဖူးပေ။ မင်လျိုရီကတော့ ပျော်ပျော်နေတတ်သည့် လူမျိုးဖြစ်သည့်အတွက် ဤသို့ ခံစားချက်များလေးလံစေသည့် ပွဲမျိုးကို မတက်ဖူးပေ။ သူမတွင် ရုပ်ရှင်ကားများကြည့်ထားသည့် အတွေ့အကြုံသာရှိသည်။ 


မင်လျိုရီ သူမတွင် ပြင်ဆင်ရမည့်အရာများရှိသည်ကို ကြိုတွေးမိသ​ဖြင့် လင်လင်ကို ဆက်သွယ်လိုက်သည်။ 


မင်လျိုရီ: [ လင်လင် ပွဲက တစ်ပတ်ခါနော်...ငါသေချာဂရုစိုက်ရမဲ့ဟာရှိလား ဒီလိုပွဲမျိုးက ပထမဆုံးဆိုတော့ နည်းနည်းစိတ်လှုပ်ရှားနေလို့ ]


လင်လင်သည် သူမဖုန်းကို တစ်ချိန်လုံးစောင့်ကြည့်နေသည့်အတိုင်းပင် ခဏလေးအတွင်း စာပြန်လာသည်။


လင်လင်: [ ထူးထူးခြားခြား လိုအပ်တာမျိုးတော့ မရှိပါဘူး...လူတိုင်းက ဖောင်ဒေးရှင်းကပေးတဲ့ ဆင်တူတီရှပ်ကို ဝတ်လာကြမှာ...အောက်ပိုင်းကတော့ ကြိုက်တာဝတ်လို့ရတယ် ဒါပေမဲ့ ငါကတော့ အားကစားဖိနပ်ဝတ်လာဖို့ အကြံပေးတယ်...တစ်နေကုန်နေပြီးရင် ပင်ပန်းလာမှာမလို့လေ ငါတို့တစ်လျှောက်လုံးအတူရှိနေမှာပါ အဲတာကြောင့် စိတ်မပူနဲ့ တစ်ခုခုဆို နင့်ကိုပြောပြမယ်လေ ]



🥰