အပိုင်း၂၃
Viewers 4k

🥰 Chapter 23 




စာဖတ်ပြီးနောက် မူလမင်လျိုရီ၏ ဆေးရောင်စုံဗူးကဲ့သို့ အရောင်စုံများပါသည့် တောက်ပလွန်းသော အဝတ်အစားများ အပြည့်ရှိနေသော ဗီဒိုအားသတိရသွားသည်။ ထိုမျှ များပြားလှသော အဝတ်များကြားတွင် သင့်လျော်မည့်အဝတ်အစားတစ်စုံရှာနိုင်ရန် သူမအတွက်ခက်ခဲလှသည်။ ထို့ကြောင့် ဤအခွင့်အရေးကိုအသုံးချပြီး စျေးဝယ်ထွက်ရမည်။ 


မင်လျိုရီသည် ခဏမျှစဉ်းစားပြီးနောက် 

လင်လင်အား အချိန်ရလားဟု မေးလိုက်လေသည်။ 


လင်လင်ကား အလွန်ပင် ပျော်ရွှင်သွားလေသည်။ ပရဟိတပွဲသည် ပုံပန်းသွင်ပြင်ကို ဂရုမထားသည်ဟုဆိုသော်လည်း ထိုမိန်းကလေးသည် မိသားစုကြီးမှ ဆင်းသက်လာကြောင်း သူမ ခန့်မှန်းရသည်။ ချမ်းသာသည့်လူတွေက လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ရံဖန်ရံခါ စျေးဝယ်ထွက်တတ်ကြသည်။ ထို့ကြောင့် လင်လင်သည် မငြင်းပယ်ဘဲ နေ့လည်၂ နာရီတွင် ပန်ဒါမောလ်၌ ဆုံကြမည်ဟု ချိန်းဆိုလိုက်ကြသည်။ 


မင်လျိုရီသည် ထုပ်ပိုးပြင်ဆင်ပြီးနေပြီး အပြင်ထွက်ရန် တာဆူနေလေသည်။ သူမရဲ့ အမြန်နှုန်းကို ကြည့်ခြင်းဖြင့် လတ်ဆတ်သည့်ပြင်ပလေကို အလွန်ရှူရှိုက်ချင်နေမှန်း သိနိုင်ပေသည်။


ဒရိုက်ဘာသည် မင်လျိုရီ ပန်ဒါမောလ်သို့ သွားမည်

ဟုသိထားသောကြောင့်ပြောလေသည်။


"သခင်မ ပန်ဒါမောလ်က ယောင်မိသားစုအပိုင်ပါ...အဲ့အထဲက စျေးဝယ်သူတွေကို ရှင်းလင်းစေချင်ပါသလား..." 


မင်လျိုရီ တစ်ခဏလောက် တောင့်ခဲသွားပြီးနောက် လျင်မြန်စွာပြောလိုက်သည်။ 


"ရပါတယ် မလိုပါဘူး ဒီအတိုင်းလျှောက်ပတ်ဝယ်ချင်ရုံပါ" 


အကယ်၍ လူအကုန်လုံးသာ မရှိတော့ရင် ဒီကမ္ဘာအကြောင်း သူမက ဘယ်လိုလုပ်လေ့လာလို့ရပါတော့မလဲ...


ဒရိုက်ဘာသည် များများစားစားပြောမလာတော့ဘဲ သူမကို ပန်ဒါမောလ်၏ အဓိကဝင်ပေါက်ရှေ့သို့ ပို့ပေးလိုက်သည်။ 


မင်လျိုရီသည် ကားပေါ်မှဆင်းကာ ပျော်ရွှင်စွာဖြင့် အထဲသို့ဝင်သွားတော့သည်။ 


အကယ်၍များဆိုပြီး ပြဿနာတစ်စုံတစ်ရာမရှိစေရန် ဒရိုက်ဘာသည် မောလ်၏ မန်နေဂျာအား အသိပေးထားလိုက်သည်။ 


ပန်ဒါမောလ်သည် ယောင်မိသားစု၏ စီးပွားရေးများထဲမှ တစ်ခုဖြစ်ပြီး ထိုမောလ်မှ ရောင်းသည့်ဈေးနှုန်းများသည်လည်း အလွန်ကိုသင့်တင့်လှသည်။ မူလမင်လျိုရီသည် သုံးဖြုန်းရသည်ကို ဝါသနာထုံသော်ငြား ဤနေရာကို မရောက်ဖူးချေ။ သူမသည် ယောင်ကျိကျိုးအား လက်မထပ်ချင်သော်လည်း အရှက်မဲ့စွာဖြင့် ယောင်သခင်မတစ်ယောက်၏ အကျိုးခံစားခွင့်ကိုဖြင့် ခုန်မင်နေခဲ့သည်။


တစ်ခါတုန်းကဆိုလျင် မောလ်မန်နေဂျာသည် သူမကို ကောင်းမွန်စွာကြိုဆိုဖို့ သတိပေးမခံလိုက်ရသောကြောင့် မူလမင်လျိုရီသည် ပြဿနာကြီးကြီးမားမားရှာပြီးမှ ပွဲကအဆုံးသတ်သွားခဲ့သည်။ 


ဒီနေ့တော့ သခင်မသည် မောလ်ကိုရှင်းလင်းပေးဖို့ မခိုင်းခဲ့သလို ကြိုဆိုပေးဖို့လဲမခိုင်းခဲ့ပေ။ သူမအား အထုတ်ကူဆွဲပေးဖို့ သက်တော်စောင့်များပင် ခေါ်မသွားသောကြောင့် ဒရိုက်ဘာသည် အခက်တွေ့နေလေသည်။ 


ပန်ဒါမောလ်မန်နေဂျာသည် ထိုသတင်းကြားသည်နှင့် ချက်ချင်း ထိတ်လန့်သွားလေသည်။ သူသည် လုံခြုံရေးဝန်ထမ်းများကို ဖုန်းဆက်ပြီး သခင်မအား ကြိုဆိုဖို့ ဝန်ထမ်းနှစ်​ယောက်လွှတ်ခိုင်းလိုက်ရသည်။ 


ရုံးမှ အရပ်အရှည်ဆုံးနှင့် အချောဆုံးဖြစ်သော ဝန်ထမ်းနှစ်ယောက် သူမအရှေ့တွင် ပေါ်လာသောအခါ မင်လျိုရီ လန့်ဖြန့်သွားသည်။ 


"ကျွန်တော်တို့က ဒီနေ့သခင်မကို ကြိိုဆိုပေးမဲ့ လူတွေပါ" 


မင်လျိုရီသည် ဘေးပတ်လည်အား တစ်ချက်ကြည့်လိုက်ပြီး မည်သူမှမကြည့်နေတာသေချာအောင်လုပ်လိုက်သည်။ သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး ခပ်မြန်မြန်ပြောလိုက်သည်။ 


"လာကြိုစရာမလိုပါဘူးလို့ ပြောပြီးပြီလေ မြန်မြန်


ပြန်သွားတော့... ငါ့ကို မနှောင့်ယှက်နဲ့... ငါ့ဘာသာလျှောက်ပတ်ကြည့်လို့ရတယ်... ဒီကိုရောက်နေတာ ဘယ်သူ့ကိုမှ မပြောနဲ့ဦး"


ရုပ်ချောသည့်ဝန်ထမ်းကောင်လေးနှစ်ယောက်သည် ထိုစကားအားကြားသောအခါ နာခံပြီးထွက်သွားတော့သည်။ 


ထိုဝန်ထမ်းလေးနှစ်ယောက် ထွက်သွားပြီးနောက်တွင် လင်လင်ရောက်လာလေသည်။ သူမသည် ပေါ့ပေါ့ပါးပါး အားကစားဝတ်စုံအားဝတ်ထားပြီး မင်လျိုရီနှင့်ချိန်းဆိုထားသည့်နေရာကို လျှောက်သွားလေသည်။ သူမသည် ပန်ဒါမောလ်၏ အထင်ကရနေရာဘေးတွင် ရပ်နေသော အမျိုးသမီးအားတွေ့သည်နှင့် မရေမရာမေးလာသည်။ 


"မင်လျိုရီလား...ငါက လင်လင်ပါ" 


"ငါပါ ... လင်လင် နင်ရောက်လာပြီပဲ" 


မင်လျိုရီ ထိုစကားအားကြားသောအခါ ရှေ့မှ တက်ကြွဖြတ်လတ်သည့် မိန်းကလေးအားကြည့်ပြီး ချက်ချင်းပင် ပြုံးရွှင်သွားတော့သည်။ 


"ဝါး လျိုရီ နင်အရမ်းလှတာပဲ...အခုလေးတင် နင့်အနားမှာ ကောင်ချောလေးနှစ်ယောက်ရှိနေတာ တွေ့လိုက်တယ်နော်..." 


လင်လင်သည် သူမရှေ့မှ နတ်မိမယ်လေးအားကြည့်ပြီးနောက် မျက်လုံးများတောက်ပလာသည်။ ဘယ်သူကများ ဒီလိုဆွဲဆောင်မှုရှိတဲ့လူကို အကြည့်လွှဲနိုင်မှာတဲ့လဲ...


မင်လျိုရီသည် မနေတတ်စွာဖြင့် သူမနှာခေါင်းလေးအား ကုတ်လိုက်သည်။ သူမကို လင်လင် က ထိုကဲ့သို့ ဖမ်းမိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့ရာတွင် ကိစ္စတော့မရှိပေ...လင်လင်ကား အထင်လွဲသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ယောင်သခင်မဆိုသည့် သရုပ်ထက် မိန်းမလှလေးဆိုသည့်ဇာတ်ရုပ်က ပို၍လွယ်ကူသည်ပင်။ 


ယိုလင်လင်သည် သူမတို့ခင်မင်လာသည်မှာ နှစ်ပေါင်းကြာရှည်နေသကဲ့သို့ ပြုမူပြီး မင်လျိုရီ၏ လက်မောင်းအား ချက်ချင်း ဖက်တွယ်လာသည်။ 


"ဒါဖြင့် သွားကြမယ်လေ ငါစျေးဝယ်မထွက်ရတာတော်တော်ကြာနေပြီ သွားကြမယ်" 


မင်လျိုရီသည်လည်း ပြုံးရွှင်နေပြီး လင်လင်အား ဦးဆောင်ခိုင်းလိုက်တော့သည်။ 


နောက်ဆုံးတွင်တော့ နှစ်ဦးသားသည် သုံးနာရီထက်မနည်း စျေးဝယ်ထွက်ခဲ့ကြပြီး လက်နှစ်ဖက်လုံးတွင် အိတ်များကအပြည့်နေရာယူထားကြသည်။ 


မင်လျိုရီသည် အလွန်ကိုပျော်မြူးနေသည်။


"လင်လင် ဒီနေ့အတွက်ကျေးဇူးပဲနော် ညစာအတူစားကြမလား" 


"မစားတော့ဘူး" 


ယိုလင်လင်သည် ချက်ချင်းငြင်းပယ်လိုက်သည်။ ထို့နောက် သူမအထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် အမြန်ရှင်းပြလာသည်။ 


"ငါ့ခင်ပွန်းလောင်းအတွက် ညစာပြင်ပေးရဦးမယ်...တစ်နေ့လောက် သူအစားစားတာ မမြင်ရရင်ကို မသက်မသာဖြစ်လို့ပါဟာ..နောက်နေ့ကျရင် ထပ်တွေ့ကြမယ်လေ" 


ယိုလင်လင်၏ အပြုအမူများက သူမအပေါ်သက်ရောက်သွားပုံပေါ်သည်။ သူမ ယောင်ကျိကျိုးကို စတင်ပြီး စိုးရိမ်လာတော့သည်။ သူမ မထွက်သွားခင် ရှောင်ဖန်းအား ညွှန်ကြားပေးခဲ့သော်လည်း အမှားတစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်လေသည်။ 


သူမတို့ နှစ်ယောက်လုံးတွင် ဆင်တူသည့်မိသားစုအခြေအနေများရှိကြပြီး များများစားစား ထပ်ပြောစရာမလိုဘဲ အချင်းချင်းနားလည်ကြလေသည်။ ထိုအရာကပဲ သူတို့နှစ်ယောက်၏ သူငယ်ချင်းဆက်ဆံရေးကို ပို၍ခိုင်မာသွားစေသည်။ 


ယိုလင်လင်သည် အချိန်ခဏလေးနေပြီး အိမ်မပြန်ချင်ဖြစ်ကာ မင်လျိုရီအား skin care ပစ္စည်းများဝယ်ရန် ခေါ်သွားတော့သည်။ 


"ဒီ ယောက်ျားလေးသုံးလိုးရှင်းက ငါ့ခင်ပွန်းလောင်းနဲ့ တော်တော်တည့်တယ်သိလား...ဟုတ်သားပဲ နင့်လူရဲ့ အသားအရည်အမျိုးအစားကဘာလဲ...ငါ့လူကတော့ အဆီပြန်တဲ့ type"


'ယောင်ကျိကျိုးမှာ ဘယ်လိုအသားအရည်ရှိတာပါလိမ့်... '


မင်လျိုရီ ခဏလောက်စဥ်းစားလိုက်သည်။ ယောင်ကျိကျိုး၏အသားအရည်သည် အဆီပြန်တာရော ခြောက်သွေ့နေတာရော သူမမမြင်ဖူးသောကြောင့် အနည်းငယ် မသေချာဖြစ်နေလေသည်။ 


"ကိုယ့်ယောက်ျားရဲ့ အသားအရည်အမျိုးအစားကို မသိဘူးလို့တော့ မပြောနဲ့နော်" 


ယိုလင်လင်သည် အံ့ဩထိတ်လန့်စွာ မေးလိုက်သည်။



🥰