🥰 Chapter 24
"နင့်ခင်ပွန်းလောင်းကို နေ့တိုင်း skincare လုပ်ပေးတာလား..."
မင်လျိုရီ ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဒါပေါ့ဟ"
ယိုလင်လင် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ငါ့လူကို အမြဲသာမန်လူလိုပဲ ဆက်ဆံပေးဖြစ်တယ်...နင်ငါ့postတွေကို မဖတ်ရသေးဘူးမလား...ကိုမာဝင်နေတဲ့လူတွေအတွက် သီးသန့် စကင်ခဲနည်းတွေတောင် ဝေမျှပေးထားသေးတယ်"
မင်လျိုရီ ရုတ်တရက် အရှက်ရသွားသည်။ သူမကိုယ်သူမ ယောင်ကျိကျိုးအား အကောင်းဆုံးဂရုစိုက်ပေးနေသည်ဟု ထင်နေသော်လည်း ယိုလင်လင်နှင့် ယှဥ်လို့ပင်မမီချေ။ သူမနှင့် ယောင်ကျိကျိးလိုမျိုး အချင်းချင်းဆက်နွှယ်မှုမရှိသည့် လူနှစ်ယောက်အဖို့ စုံတွဲများ၏အချစ်စစ်ဆိုသည့်အရာနှင့် အလွန်ကိုကွာခြားလှသည်။
ယိုလင်လင် သူမ၏ ခင်ပွန်းလောင်းလိုအပ်သမျှကို ဖြည့်ဆည်းပေးသည်မှာ သူ့အား ချစ်မြတ်နိုးသောကြောင့်ဖြစ်သည်။
"လျိုရီ ငါအမြဲယုံကြည်တယ်သိလား ငါ့ခင်ပွန်းက ငါ့အချစ်တွေကြောင့် တစ်နေ့နိုးထလာရမယ်လို့...အဲတာကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတောင် ချစ်မိလာသေးတယ်"
ထိုစကားများကို ပြုံးရင်းပြောနေသည့်လင်လင်၏မျက်နှာလေးအားကြည့်ရင်း မင်လျိုရီ အနည်းငယ် ကြက်သေသေသွားသည်။ ယောင်ကျိကျိုးနိုးထလာစေဖို့ သူမ ဘယ်လိုတွန်းအားပေးရမှာပါလိမ့်...
ဇာတ်ကြောင်းအရဆိုလျှင် သူမသည် ဆိုးရွားစွာအဆုံးသတ်ရမည်ဖြစ်သည်။ ဒီတော့ အခုသူမ ယောင်ကျိကျိုးကို ဝိဉာဥ်စမ်းချောင်းနဲ့ ကုသပေးပြီး အသေးစိတ်ကအစ ဂရုစိုက်ပေးနေတာက အချစ်ကြောင့်လား...သူမ ဘယ်တုန်းကမှ ထိုအရာကို မစဉ်းစားခဲ့ဖူးပေ...
အချစ်က အဲ့လောက်အရေးပါတယ်လား...
အိမ်ပြန်လမ်းတွင် မင်လျိုရီ ထိုကိစ္စကို တွေးတောနေလေသည်။
ဒရိုက်ဘာသည် မင်လျိုရီ၏ လမ်းတစ်လျှောက် စူပုတ်ပုတ်မျက်နှာအားကြည့်ပြီးနောက် ခေါင်းထဲတွင် အချက်ပေးသံများ ဆူညံလာတော့သည်။ ရှော့ပင်းမော်က လူတွေတော့ သွားရှာပြီ။
သို့သော် မင်လျိုရီအား အိမ်ပြန်ပို့ပြီးသည်အထိပြဿနာမရှာခဲ့ပေ...သို့နှင့် ဒရိုက်ဘာ၏ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်လာသည်။
မင်လျိုရီ ဗီလာသို့ ပြန်ရောက်သည်နှင် စျေးဝယ်အိတ်များအားချကာ ယောင်ကျိကျိုးအားတွေ့ရန် အပေါ်ထပ်သို့အပြေးတက်သွားတော့သည်။ ဘာကြောင့်မှန်းမသိ ယောင်ကျိကျိုးကို မတွေ့ရခင်အထိ သူမနှလုံးသားထဲတွင် တုန်လှုပ်နေပြီး အိပ်ရာပေါ်တွင် လဲလှောင်းနေသော ထိုသူကိုတွေ့မှ သူမ၏စိတ်များတဖြည်းဖြည်း တည်ငြိမ်လာသည်။
မင်လျိုရီ ယောင်ကျိကျိုး၏ ဘေးတိုက်မျက်နှာအား ခဏမျှ စိုက်ငေးပြီးနောက် ရုတ်တရက် လက်ဆန့်ထုတ်ကာ မျက်နှာအား ဂရုတစိုက်ထိတွေ့လိုက်သည်။ ရှင်းပြချက်ပေးရမည်ကို မေ့ကာ ထိုအစား
"တောင်းပန်ပါတယ် ဒီရက်တွေမှာ ရှင့်ကို skincare လုပ်ပေးဖို့ မစဥ်းစားမိလိုက်ဘူး... ပြီးတော့ ရှင့်အသားအရည်က ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး... ဒီနေ့လေ ကိုမာဝင်လူနာတွေကို စောင့်ရှောက်ပေးတဲ့ တခြားသူတွေရှေ့မှာ အဲ့အကြောင်းကိုပြောတော့ ကျွန်မလေ အရမ်းရှက်သွားတာပဲ...ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ရှင့်ကို အသားယူတာမဟုတ်ဘူးနော်... ရှင်ရဲ့အသားအရည်က ဘာအမျိုးအစားလဲဆိုတာ သိချင်လို့ပါ..."
မင်လျိုရီ ယောင်ကျိကျိုးအား စကားပြောနေစဥ် သူမကိုယ်တိုင်တောင်မသိလိုက်ဘဲ တောင်းပန်သည့် လေသံလေးဖြင့် ပြောနေမိသည်။ သူမအသံသည် အလွန်ကိုမှ ငြိမ်သက်နေလေသည်။ နောက်ဆုံးတွင်မူ သူမသည် ယောင်ကျိကျိုး၏ မျက်နှာအစိတ်အပိုင်းအားလုံးကို ထိတွေ့ကြည့်ပြီး လေ့လာလိုက်သည်။ ရလဒ်အနေဖြင့် ယောင်ကျိကျိုး၏ အသားအရည်သည် သင့်တင့်သည့်အထဲတွင်ပါသည်။ သူ၏ ချွေးပေါက်များသည် မကျယ်သည့်အပြင် ဆားဝက်ခြံများလည်း မရှိပေ...
ရိုးရှင်းစွာပြောရလျှင် ယောင်ကျိကျိုး၏ အသားအရည်သည် အလွန်ကောင်းမွန်ပြီး သူတပါး အားကျရသည့် အသားအရည်မျိုးဖြစ်လေသည်။
မင်လျိုရီ ရေချိုးခန်းသို့ စူးစမ်းချင်စိတ်ဖြင့် ဝင်သွားလိုက်သည်။ သူမ ဗီလာသို့စရောက်ကတည်းက ထိုလူသည် အသားအရည်ကို ထိန်းသိမ်းလိမ့်မည်ဟု မသိခဲ့ရပေ။ အခုတွင်မူ စင်တစ်ခုလုံးအပြည့်ရှိနေသော skincare ပစ္စည်းများသည် ဖောက်ပင်မဖောက်ရသေးပေ။
သို့သော်လည်း သူမကို အပြစ်တင်၍မရပေ။ သူမကိုယ်တိုင်လည်း skincare ပစ္စည်းများ အသုံးမပြုသောကြောင့်ပင်... ထို့ကြောင့် သူမအနေနဲ့ ဘယ်လိုလုပ် ကိုမာဝင်နေတဲ့လူတစ်ယောက်ကို skincare လုပ်ပေးဖို့ စဥ်းစားမိမှာလဲ...ထို့အပြင် သူမတွင် ဝိညာဥ်စမ်းချောင်းရှိသောကြောင့် အသားအရည်ထိန်းသိမ်းဖို့ ထိုအရာကိုပဲ အသုံးပြုခဲ့သည်။ ဤ skincare ပစ္စည်းများသည် ယောင်ကျိကျိုးအတွက် အိမ်အကူများ ပြင်ဆင်ခဲ့ခြင်းဖြစ်မည်ဟု မင်လျိုရီခန့်မှန်းမိသည်။ ထုပ်ပိုးထားသည့်အပြင်ဘက်တွင်ရေးထားသည့် အညွှန်းများကို သူမဖတ်ကြည့်လိုက်သည်။ အားလုံးသည် အစိုဓာတ်ထိန်းသိမ်းပေးသည့် ပစ္စည်းများဖြစ်သည်။
နောက်ဆုံးတွင် မင်လျိုရီသည် မြိုသိပ်မနေနိုင်တော့ဘဲ ဓာတ်ပုံရိုက်ကာ လင်လင်ဆီ ပို့လိုက်တော့သည်။
မင်လျိုရီ: [ ကြည့် ငါ့ယောက်ျားမှာလဲ skincare ပစ္စည်းတွေရှိတယ် ]
ယိုလင်လင်: [ ...အထုတ်ကို အရင်ဖောက်ကြည့်ပြီးမှ ရိုက်ပြရင်တောင် ယုံချင်စရာပိုကောင်းဦးမယ် ]
မင်လျိုရီတစ်ယောက် ဆွံ့အသွားတော့သည်။
သူမ အရမ်း နမော်နမဲ့နိုင်သွားတယ်...
လင်လင်: [ ဒါပေမဲ့ ပစ္စည်းတွေကမဆိုးပါဘူး...ပါဝင်ပစ္စည်းတွေက စိတ်ချရတယ် နာမည်လဲရှိတယ် ဒီညတော့ နင့်ယောက်ျားကို လိမ်းပေးနိုင်ဖို့ မျှော်လင့်ပါတယ် ဟားဟားဟား ]
မင်လျိုရီ: [ သေချာပေါက်ပဲပေါ့ ]
ဒေါက် ဒေါက် ဒေါက်
ရုတ်တရက် တံခါးခေါက်သံအား ကြားသည်။
မင်လျိုရီသည် ရှောင်ဖန်းညစာလာပို့ခြင်း ဖြစ်မည်ဟု ခန့်မှန်းမိလိုက်ပြီး မော့မကြည့်ဘဲပြောလိုက်သည်။
"ဝင်ခဲ့လေ"
ရှောင်ဖန်းသည် ညစာသယ်ဆောင်ရင်း ဝင်လာသောအခါ သခင်မသည် skincare ပစ္စည်းများကို လေ့လာနေလေသည်။ သူမ မနေနိုင်စွာ မေးလိုက်သည်။
"သခင်မ ဘာလို့ သခင်ရဲ့skincare ပစ္စည်းတွေကို ကြည့်နေတာလဲ..."
"သူ့ကို skincare မလုပ်ပေးရတာကြာလို့လေ... ဘယ်လိုသုံးရလဲ ကြည့်နေတာ"
မင်လျိုရီသည် မထူးခြားစွာ ပြန်ဖြေသည်။
ရှောင်ဖန်းသည် တစ်ခုခုကို ပြောချင်သော်လည်း နောက်ဆုံးတွင်တော့ ရပ်တန့်သွားသည်။
မင်လျိုရီသည် ထူးဆန်းသလိုကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ရှောင်ဖန်းကဖြေလိုက်သည်။
"သခင်မ သခင်ကနေ့တိုင်း အသားအရည်ထိန်းသိမ်းတယ်လေ...မျက်နှာတင်မဟုတ်ဘူး တစ်ကိုယ်လုံးပဲ...သခင့်ခန္ဓာကိုယ်ကို နေ့တိုင်း loction လိမ်းပေးတဲ့ ယောက်ျားလေးသူနာပြုရှိတယ်...သူက ဒီပစ္စည်းတွေကို အသုံးမပြုရုံပါ"
'မင်လျိုရီ နင်တော်တော် တုံးတာပဲ...'
မှန်သည်။ သူမက ယောင်ကျိကျိုးခန္ဓာကိုယ်ကို ပွတ်တိုက်ပေးသည့်သူနာပြုလာတိုင်း အပြင်ထွက်နေကျဆိုတော့ ဒီလောက်ထိ ဂရုတစိုက်ရှိမှန်း မသိခဲ့ပေ။ ဈေးကြီးပေးငှားထားတဲ့ သူနာပြုပီသပါပေတယ် အရမ်းကိုကျွမ်းကျင်တာပဲ...
မင်လျိုရီ၏ နှလုံးသားထဲမှ အပြစ်ရှိစိတ်သည် ရုတ်ချည်းလျော့ကျသွားသည်။ သို့သော်လည်း သူမသိက္ခာအား အဖက်ဆယ်သည့်အနေဖြင့်
"ရာသီဥတုက ခြောက်သွေ့တယ်လေ သူ့မျက်နှာကို လိမ်းပေးမလို့ပါ သူ့အသားအရည်ကကောင်းတော့ သေချာဂရုစိုက်ပေးရမယ်"
"သခင်မက အရမ်းတွေးပေးတတ်တာပဲ"
ရှောင်ဖန်းက ပြောလိုက်သည်။
🥰