အပိုင်း၂၉
Viewers 8k

🥰 Chapter 29 



ဟွမ်ကျင့်ထင်သည် အိတ်ကပ်ထဲမှ ဘဏ်ကဒ်တစ်ကဒ်ထုတ်ပြီး ဟုန်ဟွာကျင်းကိုပေးလိုက်သည်။ 


"ကျွန်မတို့ ဒီတစ်ကြိမ် ယွမ် ၄သိန်း၁သောင်း အထိတိုးမြှင့်ဖို့ စီစဥ်ထားခဲ့ပေမဲ့ တခြားကိုမာဝင်သူငယ်ချင်းနှစ်ယောက်က ရုတ်တရက် ခွဲစိတ်ခန်းဝင်လိုက်ရလို့ အခြေအနေအရ ဒီတစ်ကြိမ်တော့ ယွမ် ၃သောင်းပဲယူပေးပါဦး... ဒီပမာဏက မများဘူးဆိုပေမဲ့ ဟဲကျယ်ရဲ့ ဆေးကုသစရိတ်ပေးဖို့ လအနည်းငယ်လောက်တော့ လုံလောက်ပါတယ် နောက်ပြီးရင်တော့ ကျွန်မတို့ နည်းလမ်းစဥ်းစားပေးပါ့မယ်" 


မျက်လုံးအိမ်ထဲတွင် မျက်ရည်များအပြည့်ဖြင့် ဟုန်ဟွာကျင်းသည် ဘဏ်ကဒ်ကို လက်နှစ်ဖက်ဖြင့်ယူလိုက်သည်။ 


မင်လျိုရီသည် ဟဲယန်ဖုန့်၏ ကြိတ်မှိတ် မြိုသိပ်ထားရဟန်တူသော တင်းတင်းဆုပ်ထားသည့် လက်သီးကို ကြည့်မိလိုက်သည်။ 


မင်လျိုရီက ရုတ်တရက် မေးလိုက်သည်။ 


"အတွင်းရေးမှူးချုပ်ဟွမ် အကယ်၍ ကျွန်မ သီးသန့်ကမ်းလှမ်းမယ်ဆို ဖောင်ဒေးရှင်းစည်းကမ်းတွေကို ဆန့်ကျင်ရာကျမလား..."


"အဆင်ပြေပါတယ်" ဟွမ်ကျင့်ထင်ကဆိုသည်။


"ဒါပေမဲ့ သေချာစဥ်းစားဆုံးဖြတ်ကြည့်စေချင်တယ်" 


မင်လျိုရီက ပြုံးလိုက်သည်။ 


"ကျွန်မ အလှူငွေထည့်ဖို့မဟုတ်ပါဘူး...ကျွန်မက ဟဲယန်ဖုန့်ကို ပိုက်ဆံချေးမှာ ... ဒါပေမဲ့ အခြေအနေအချို့တော့ရှိတယ်" 


ဟဲယန်ဖုန့်သည် မင်လျိုရီကို ရုတ်တရက်ကြည့်လာပြီး သူမဆက်မပြောခင်မှာတင် ချက်ချင်းပြောလိုက်သည်။ 


"ကျွန်တော် လက်မခံဘူး" 


မင်လျိုရီ၏ မျက်နှာအမူအရာသည် အနည်းငယ် ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။ အမှန်တကယ်ဆို ဇာတ်ညွှန်းအရ ဒီလိုဖြစ်ရမှာလေ ' ဘယ်လိုအခြေအနေဖြစ်ဖြစ် ကျွန်တော်သဘောတူတယ်' ဆိုပြီးတော့ပေါ့...


တစ်ဖက်လူက သူမကို ချက်ချင်းကြီး ငြင်းလိုက်မည်ဟု မထင်ထားခဲ့ပေ။ 


ယိုလင်လင်သည် မင်လျိုရီအား နားမလည်ဟန်ဖြင့် ကြည့်လာသည်။ 


"ညီအစ်မရေ နင်လူမှဟုတ်ရဲ့လား...နင်ကဒီအခြေအနေပေါ်မှာ အကျိုးအမြတ်ယူမလို့လား... ဖုန့်ကငြင်းလိုက်ရင်တောင် အခြေအနေကဘယ်လိုလဲဆိုတာ ငါတို့ကိုတော့ပြောပြဦးလေ" 


မင်လျိုရီသည် ဟဲယန်ဖုန့်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ 


"ငါပြောမယ့်အချက်အလက်တွေကို ဘာလို့အရင်နားမထောင်ကြည့်တာလဲ" 


"ကျွန်တော့်ခြေထောက်နဲ့ပဲ ကျွန်တော်ရပ်တည်ချင်တယ်"


ဟဲယန်ဖုန့်က ပွင့်ပွင့်လင်းလင်းပြောသည်။ 


မင်လျိုရီသည် သက်ပြင်းချချင်ယောင်ဆောင်လိုက်သည်။


"တကယ်တော့ ငါက အထက်တန်းအောင်ပြီးကတည်းက ပညာဆက်မသင်ဖြစ်တော့ဘူးလေ...ဒါပေမဲ့ အခုစာပြန်လေ့လာချင်လို့စာသင်ပေးမဲ့လူလိုနေတာ" 


ထိုစကားကိုကြားတော့ ဟဲ့ယန်ဖုန့်၏ မျက်လုံးများ လှုပ်ရှားသွားသော်လည်း စိတ်မပြောင်းသေးပေ။


မင်လျိုရီသည် ဟဲယန်ဖုန့် က သူမကမ်းလှမ်းချက်ကို လက်ခံလာစေရန် ဖိအားများများမပေးချင်သောကြောင့် နည်းလမ်းပြောင်းကြည့်ခြင်းဖြစ်သည်။ 


"ငါအခု လမ်းပျောက်နေတယ်... ငါ့ခင်ပွန်းကလဲ ကိုမာဝင်နေတာလေ... ပိုက်ဆံကလွဲပြီး ငါ့ဘဝမှာဘာမှမရှိဘူး ... ဘဝကြီးကအရမ်းပျင်းဖို့ကောင်းလွန်းလို့ ဗဟုသုတတိုးပွားအောင် လုပ်ချင်တာလေ" 


"ဘယ်လို သင်ယူဖို့စီစဥ်ထားလဲ" 


ဟဲယန်ဖုန့်က နောက်ဆုံးတော့ မေးလာသည်။ 


မင်လျိုရီက ခေတ္တမျှစဥ်းစားလိုက်ပြီး


"အင်္ဂလိပ်စာလေ့လာမယ်...ဒါမှ ခရီးတွေထွက်ရင် ယုံကြည်မှုရှိရှိပြောနိုင်မှာ" 


"စာလေ့လာဖို့ဆို..." 


ဟဲယန်ဖုန့်က အေးစက်စက်ပြောလိုက်သည်။ 


"အပျော်ရှာဖို့ကို တွေး​နေသေးတာလား" 


"ဟုတ်တယ်လေ...ပြည်ပထွက်ပြီး စာလေ့လာဖို့"


မင်လျိုရီက လျင်မြန်စွာ အမှန်ပြင်ပြောလိုက်သည်။ 


ယိုလင်လင်သည် ဦးစွာရယ်မိလိုက်ပြီး ကျန်တဲ့သူများလည်း ဝါးလုံးကွဲရယ်ကြတော့သည်။


ဟွမ်ကျင့်ထင်က ပြောသည်။ 


"ဖုန့် သူပြောနေတာအမှန်တွေပဲ...လျိုရီရဲ့မိသားစုက ချမ်းသာတယ် စစချင်းမှာတင် ယွမ်နှစ်သိန်းလှူခဲ့တာ...အကယ်၍ လင်လင်သာ မတားရင် သူက နေ့တိုင်းကိုလှူနေတော့မှာ အဲတာကြောင့် စိတ်ပူမနေပါနဲ့ မင်းရဲ့ ပညာရေးကိုထောက်ပံ့တာက သူမကို မထိခိုက်စေဘူး"


ဟဲယန်ဖုန့်က သူ့အမေကို အကြံတောင်းသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ ဟုန်ဟွာကျင်းကလည်း ပျော်ရွှင်မှုကြောင့် မျက်ရည်စများနှင့် ခေါင်းငြိမ့်ပြသည်။ အမေတစ်ယောက်အနေနဲ့ သူမကလေးရဲ့ ထူးချွန်တဲ့တက်လမ်းကို မမျှော်ကိုးဘဲရှိပါ့မလား...ထို့အပြင် သူမသားကို သူမယုံသည်။ သေချာပေါက် မင်လျိုရီကို ပြန်ဆပ်နိုင်လိမ့်မည်။ 


ဟဲယန်ဖုန့်သည် မင်လျိုရီကို ထပ်မံကြည့်လိုက်သည်။


"ဒါဆို ကျွန်တော့်ကို ဘယ်လောက်ချေးဖို့ စဥ်းစားထားလဲ" 


သူမ၏ အကျိုးစီးပွားကို ကြည့်ခြင်းအားဖြင့် မေးလိုက်သည်။ 


"ယွမ်၂မီလီယမ်ဆိုရင်ရော...လုံလောက်ရဲ့လား"


ထိုင်နေသော လူများအားလုံး ရှော့ရသွားကြသည်။


' ၂ မီလီယမ်တောင် ....များလွန်းတယ်...' 


ဟဲယန်ဖုန့်သည် ကျောင်းတက်နေတုန်းဖြစ်ပြီး တစ်မိသားစုရဲ့ ကုန်ကျစရိတ်တွေကို ထည့်တွက်ရင်တောင် ထိုမျှပိုက်ဆံသည် မလိုအပ်ပေ။ 


ဟဲယန်ဖုန့်သည် တစ်ခဏလောက် တွေးတောလိုက်ပြီးနောက် ထရပ်ကာ အဖြူရောင်စာရွက်တစ်ရွက်ကို ယူလာသည်။ အသေးစိတ်တိကျစွာဖြင့် ချေးငွေစာချုပ်ကို ရေးလိုက်ပြီး မင်လျိုရီထံ ပေးလိုက်သည်။ 


"သုံးနှစ်အတွင်း သေချာပေါက် အတိုးရောအရင်းရော ပြန်ဆပ်မယ်" 


မင်လျိုရီစာချုပ်ကို လက်ခံလိုက်သည်။ 


"မြန်မြန်စားတော့ ဖက်ထုပ်တွေအေးကုန်တော့မယ်" 


ဟဲယန်ဖုန့်သည် သူ၏နှုတ်ခမ်းကိုကိုက်လိုက်ပြီး အသံနိမ့်ဖြင့် ပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ်" 


ဟုန်ဟွာကျင်း၏ မျက်ဝန်းအိမ်မှ မျက်ရည်များသည် တာကျိုးသလို စီးဆင်းလာသော်လည်း ချက်ချင်းသုတ်ပစ်လိုက်ပြီး ဖက်ထုပ်အနည်းငယ်ကို ပါးစပ်ထဲထည့်ကာ ဖုံးကွယ်လိုက်သည်။ 


ယိုလင်လင်သည် အံ့အားသင့်နေဆဲဖြစ်သည်။ သူမက မင်လျိုရီ၏ လက်ကိုဆွဲပြီးပြောလိုက်သည်။


"မငွေအိတ်လေး ငါ့ကိုရော...ငါ့ကိုလဲ ယွမ်၂မီလီယမ်လောက် ချေးပါလား စာချုပ်မပါ အတိုးမပါ ရက်အကန့်အသတ်မပါဘဲနဲ့လေ ရတယ်မလား" 


မင်လျိုရီက ပြုံးကာပြောလိုက်သည်။ 


"ဒါဆို နင်ကငါ့ကို ဘာသင်ပေးမှာလဲ သင်္ချာလား"


ယိုလင်လင်က ချက်ချင်း ငိုယိုကာပြောသည်။ 


"မတရားဘူး သင်္ချာက အဲ့လောက်ခက်တာ..." 


မင်လျိုရီက သူမအား ဖက်ထုပ်ထည့်ပေးရင်း ပြောလိုက်သည်။


"ဖက်ထုပ်ကို ပါးစပ်အပြည့်ထည့်ထားရင်တောင် ပိတ်သွားမဲ့ပါးစပ်မဟုတ်ဘူး" 


ယိုလင်လင်က နှာခေါင်းရှံ့ကာ ဖက်ထုပ်နောက်တစ်ကိုက် ကိုက်လိုက်သည်။ 


"မစ္စဟုန်ရဲ့ ဖ​က်ထုပ်တွေက အရမ်းအရသာရှိတာပဲ..." 


မင်လျိုရီက ပြောလိုက်သည်။ 


"မစ္စဟုန် ကျွန်မအိမ်ပြန်ရင် ဖက်ထုပ်တစ်ပန်းကန်လောက် ယူသွားလို့ရလား...ကျွန်မခင်ပွန်းကို မြည်းကြည့်စေချင်လို့" 


"ကျွန်မကိုရောပဲနော်...ခင်ပွန်းလောင်းက သိပ်ကြိုက်မှာ" ဟု ယိုလင်လင်ကပြောသည်။ 


ဟုန်ဟွာကျင်းသည် သူတို့ရဲ့ ကိုမာဝင်နေသည့်မိသားစုများကို ပြောနေခြင်းဖြစ်ကြောင်း သိသဖြင့် မရေမတွက်နိုင်သည့် ခံစားချက်များ လျှံကျလာပြီး ခေါင်းငြိမ့်ပြလိုက်သည်။ 


မင်လျိုရီနှင့် အမျိုးသမီးနှစ်ယောက် အိမ်မှထွက်ခွာသွားပြီးနောက်တွင် ဟွမ်ကျင့်ထင်က ဆိုလာသည်။ 


"လျိုရီ... ဖုန့်က စာရိတ္တကောင်းမွန်တဲ့ကလေးမလို့ မတားလိုက်တာ... ဒါပေမဲ့ အနာဂတ်မှာ ဒီလိုမစဥ်းစားဘဲနဲ့ မလုပ်ရဘူးကြားလား... ကမ္ဘာကြီးကအရမ်းကြီးတော့ လူတိုင်းလူတိုင်းက မတူညီတဲ့ စိတ်ကူးတွေရှိကြတယ်... တစ်ချို့လူတွေက ကိုယ်ကျင့်သိက္ခာ သိပ်မကောင်းကြဘူး.. အဲထက်ပိုဆိုးရွားတာတွေတောင်ရှိတယ် နားလည်တယ်မလား" 



🥰