အပိုင်း၃၁
Viewers 9k

🥰 Chapter 31




"ရှင်အဲဒီအပင်နဲ့ ဓာတ်မတည့်မှန်း ကျွန်မတကယ်မသိခဲ့လို့ပါ တောင်းပန်ပါတယ်နော်" 


မင်လျိုရီသည် လေသံတိုးတိုးလေးဖြင့် အနားကပ်ကာ ပြောလာသည်။ 


ယောင်ကျိကျိုး၏ နားသည် ပူနွေးကာကျန်ခဲ့သည်။ သူ့ဇနီးလေးသည် ဒီလိုနေရာတွေမှာ ကျွမ်းကျင်မယ်လို့ မထင်မှတ်ထားခဲ့ပေ။ သူ၏ခန္ဓာကိုယ်သည် လှုပ်ရှား၍မရသော်ငြား အနည်းငယ် မသက်မသာဖြစ်လာသည်။ 


"ရှောင်ဖန်း နင်ဒါကို လျှို့ဝှက်ထားပေးရမယ်နော်" 


မင်လျိုရီက အော်ငိုကာပြောလာသည်။ 


ယောင်ကျိကျိုးသည် စိတ်ထဲမှ ပြန်ဖြေပေးလိုက်သည်။ 


'ကိုယ်သိပြီးသားပါ ချစ်ဇနီးလေးရဲ့ ဖုံးကွယ်နေစရာမလိုပါဘူး' 


"သခင်ဘာနဲ့ဓာတ်မတည့်လဲဆိုတာ သခင်မ မသိတာက သဘာဝကျပါတယ် ဘာပဲဖြစ်ဖြစ် အရင်ကဆို....." 


ရှောင်ဖန်း၏အသံသည် မရေမရာဖြင့်တိုးညှင်းသွားသည်။ 


"အရင်က ငါဘာလုပ်ခဲ့လို့လဲ" 


မင်လျိူရီကလဲ နားမလည်စွာဖြင့်ပြန်မေးသည်။ 


"အရင်တုန်းကဆို သခင်မက ဒီကိစ္စတွေကို စိတ်မဝင်စားဘူးလေ...ဆေးတွေဘာတွေတောင် ကိုယ်တိုင်ဖော်ပြီး သခင့်ကိုကုပေးမလို့ဆိုပြီး...." 


ရှောင်ဖန်းသည် နောက်ဆက်တွဲပြောမည့်စကားများကို ကြောက်ရွံ့မှုကြောင့် ဆက်မပြောတော့ချေ။ ယောင်ကျိကျိုး ခေါင်းထဲတွင်လည်း အတိတ်မှကိစ္စရပ်များကို ပြန်မှတ်မိလာသည်။ 


မူလမင်လျိုရီသည် သူ့အား မြန်မြန်ဆန်ဆန်ပဲ ကိစ္စတုံးစေချင်ခဲ့သည်။ ထို့ကြောင့် သံသယရှိဖွယ် ပစ္စည်းမျိုးစုံကို ကျွေးရင်ကျွေး ဒါမှမဟုတ်ရင် ခန္ဓာကိုယ်ကိုလိမ်းပေးလေ့ရှိတယ်...သူမ၏ နှလုံးသားထဲမှ အမုန်းတရားသည် ကြီးမားလွန်းသောကြောင့် သူမ သူ့ကိုကျွေးသမျှအရာအားလုံးသည် သူ့ကိုထိခိုက်စေသည့်အရာများသာဖြစ်သည်။ 


တစ်ခါတုန်းကဆို ဂျူလိုင်လရဲ့ ပူပူလောင်လောင်ရာသီဥတုမှာ မူလမင်လျိုရီသည် သူ့ခြေထောက်အပေါ်ယမ်းမှုန့်တွေ ဖြူးပေးခဲ့ပြီး အပူပေးတဲ့ဒူးစွပ်ကို ဝတ်ပေးထားကာ အပူချိန်ကိုအမြင့်ဆုံးမြှင့်ထားခဲ့သည်။ ပူလွန်းသောကြောင့် ယောင်ကျိကျိုးလည်း သည်းမခံနိုင်တော့ဘဲ ထိုဒူးစွပ်ကို ဆွဲချွတ်ဖို့ကြိုးစားခဲ့သည်။ 


မူလမင်လျိုရီက ထိုအရာကိုပဲ ယောင်ကွေဆီသို့သွားကာ အပြစ်တင်တိုင်တောခဲ့သည်။ 


ယောင်ကွေသည် သက်ပြင်းချလိုက်ပြီး သူ့အား လာတွေ့ခဲ့သည်။ ထို့နောက် မင်လျိုရီ၏ စိတ်အားထက်သန်မှုရှိပုံကို ပြောပြခဲ့ပြီး သူ့အားပူးပေါင်းပေးရန်ပြောဆိုခဲ့သည်။ 


ယောင်ကျိကျိုးသည် အကြိမ်တော်တော်များများတွင် ဒေါသကြောင့် ပေါက်ကွဲချင်သည့်အချိန်များရှိသည်။ သို့သော် ယောင်ကွေ၏ သက်ပြင်းချသံများကို ကြားရပြီးနောက် ဒေါသများကိုဖိနှိပ်ထားခဲ့သည်။ သူ​၏မသန်မစွမ်းမှုကြောင့် အလုပ်ကနေအေးဆေးအနားယူရမည့်အချိန်တွင် ယောင်လုပ်ငန်းတွေကို ဦးစီးနေရသောယောင်ကွေ၏ စိုးရိမ်ကြောင့်ကျမှုများကို သူနားလည်သည်။ ယောင်ကွေကို သူ့​၏ ကိုယ်ရေးကိုယ်တာများကြောင့်နှင့် မပူပန်စေချင်ပေ။ 


သို့သော် သူ၏ခြေထောက်များသည် နီရဲသွားသည်အထိ အပူလောင်သွားပြီး အနီကွက်များပေါ်လာတော့သည်။ 


အဲအချိန်တုန်းက မူလမင်လျိုရီက ပျော်ရွှင်မြူးတူးစွာ ပြောခဲ့တာကို မှတ်မိပါသေးသည်။ 


"ဒါ သူ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ အပြင်ကိုထွက်လာတဲ့ လက္ခဏာပဲ... ကျိကျိုးရဲ့ ခြေထောက်တွေက ခံစားမှုမှမရှိဘူးလေ ... ငါသူ့ဒူးကို လိမ်းပေးလိုက်မယ် ဒါမှအဆိပ်အတောက်တွေက အဲနေရာကနေ ထွက်လာမှာ"


ထိုစကားတွေကို ကြားရချိန်တွင် မည်သူမျှ ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့် ယောင်ကျိကျိုးသည် မင်လျိုရီ၏လက်ထဲတွင် အတော်အတန် နှိပ်စက်ခံခဲ့သည်။ မင်လျိုရီသည် သူမ​၏ကိုယ်ပိုင်ဘဝကိုတောင်ဂရုစိုက်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူ့တွင်ဓာတ်မတည့်မှုရှိမရှိကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားပေးနေမှာလဲ...


သို့သော်လည်း သူ့အိပ်ရာဘေးမှ အမျိုးသမီးကတော့ ကွဲပြားသည်။ ကိုမာဝင်နေသည့်လူတစ်ယောက်အား ဘေးနားတွင် လူတစ်ယောက်မှမရှိနေလျှင်တောင် သူမက အချိန်မှန်မှန် ဂရုတစိုက်နှင့် စောင့်ရှောက်

ပေးသည်။ ထို့ကြောင့် သူ့ဇနီးကသူ့ကို ကြင်နာနွေးထွေးပြီး ချွေးသိပ်ပေးနေတာလားဟုပင် တွေးမိသည့် အချိန်များတောင်ရှိခဲ့သည်။ 


ညစဥ်ညတိုင်း သူမ မအိပ်ခင်တစ်နေ့တာအတွင်း ဖြစ်ပျက်သမျှကို သူ့အားပြောပြလိမ့်မည်။ ယောင်ကျိကျိုး၏နှလုံးအူတိုင်မှတစ်ဆင့် နွေးထွေးသည့်ခံစားချက်များ ဖြစ်ပေါ်လာသည်။ ဒီလိုမျိုး ပြောင်းလဲမှုကနေ ဘာတွေသယ်ဆောင်လာမလဲဆိုတာ မသိသော်ငြား သူ သေချာသိတာ တစ်ခုတော့ရှိသည်။ မူလမင်လျိုရီနှင့် ယခုတစ်ယောက်သည် မတူညီသည့်လူနှစ်ယောက်ဖြစ်သည်။ 


ထိုနေ့ညက မင်လျိုရီသည် ယောင်ကျိကျိုးကို skincare လုပ်ပေးရန် မမေ့လျော့ခဲ့ပေ။ သို့သော် ဒီတစ်ကြိမ်တွင်တော့ သူမသည်ညင်သာနူးညံ့နေပြီး သူ့မျက်နှာကို နီရဲသွားအောင်မလုပ်တော့ပေ။ သူမက ထိုသို့လုပ်ပေးရသည်ကို စိတ်ဝင်တစားဖြစ်နေပြီး နေ့တိုင်းယောင်ကျိကျိုးအား skincare လုပ်ပေးနေတော့သည်။ 


မင်လျိုရီသည် ယိုလင်လင်နှင့် skincare အတွေ့အကြုံများအား ဝေမျှပြီး သူမသူငယ်ချင်းနှင့် မျက်နှာကုထုံးလုပ်သည့်စက်နှစ်ခုကိုပင်ဝယ်ခဲ့

သည်။ တစ်ခုက သူမအတွက်ဖြစ်ပြီး နောက်တစ်ခုက ယောင်ကျိကျိုးအတွက်ဖြစ်သည်။ 


မင်လျိုရီသည် သူမအရင်စမ်းသုံးကြည့်ခဲ့ပြီး အလွန်ပင် သက်တောင့်သက်သာရှိလှသည်။ အခုချိန်တွင် ယောင်ကျိကျိုးအပေါ် စမ်းသုံးကြည့်ဖို့ သူမမစောင့်နိုင်တော့ပေ။ သူမ ဝိညာဥ်စမ်းချောင်းမှ ရေတစ်ချို့ကို စက်ထဲထည့်လိုက်ပြီး စက်ကိုဖွင့်လိုက်ကာ ယောင်ကျိကျိုး၏ မျက်နှာအပေါ် ညင်သာစွာအသုံးပြုပေးနေသည်။ 


ယောင်ကျိကျိုး၏ မျက်နှာသည် စက်၏လှုပ်ရှားမှုကြောင့် ဟိုဟိုဒီဒီပြောင်းလဲနေမှုအား မင်လျိုရီသည် သဘောတွေကျနေတော့သည်။


နောက်ဆုံးတွင်တော့ မင်လျိုရီသည် မထိန်းချုပ်ထားနိုင်တော့ဘဲ လက်ဆန့်ကာ ယောင်ကျိကျိုး၏ ပါးနှစ်ဖက်ကို ညှစ်ကြည့်လိုက်သည်။ လက်နှင့်ညှစ်လိုက်သောကြောင့် နှုတ်ခမ်းဆူထွက်လာသည့်ပုံသည် ဝဝကစ်ကစ်နှင့် ကောင်ချောလေးအသွင် ပေါ်နေတော့သည်။ ထိုပုံကိုမြင်တော့ မင်လျိုရီသည် တဟားဟားနှင့် ထရယ်တော့သည်။ 


မင်လျိုရီ နောက်ပြောင်လို့ပြီးစီးသွားသောအခါ စက်ကိုနေရာတကျ ပြန်ထားလိုက်ပြီး ယောင်ကျိကျိုးကို ဆေးကြောပေးလိုက်သည်။ သူမတွင်အရင်တုန်းကရှိခဲ့သည့် တွေဝေနေမှုများမရှိဘဲ အိပ်ရာပေါ်သို့ လှိမ့်ကာတက်သွားတော့သည်။ သူမ၏ ယောင်ကျိကျိုးအပေါ်ထားရှိခဲ့သည့် အကြောက်တရားများသည် ခင်မင်ရင်းနှီးမှုသို့ ပြောင်းလဲသွားသည်။ သူတို့သည် ခန္ဓာကိုယ်ချင်းတောင် နီးစပ်နေပြီးမှတော့ သူငယ်ချင်းတွေဟု သတ်မှတ်ထားလို့ရပြီမဟုတ်လား...


ဒါပေါ့ မင်လျိုရီ၏ နီးကပ်လာမှုကြောင့်ပဲ ယောင်ကျိကျိုးသည် သတိပြန်ရလာတော့သည်။ 


မင်လျိုရီသည် အိပ်ရာတွင်လှဲပြီး ယိုလင်လင်ပို့လာသည့် အေရိုးဗစ်အကဗီဒိီယိုကို ကြည့်ရှုနေခဲ့သည်။ ထိုအကသည် ကိုမာဝင်နေသည့်လူနှင့်အတူ လိုက်လုပ်နိုင်သည့်အကဖြစ်သည်။ ဥပမာအားဖြင့် အိပ်ထမတင် လုပ်သည့်အခါ ခြေထောက်အား ကိုမာဝင်သည့်လူ၏ ခန္ဓာကိုယ်အောက်တွင် ထားထားခြင်းဖြင့် နှစ်ယောက်လေ့ကျင့်ခန်းလုပ်လို့ရသည်။ နောက်တစ်ခုကတော့ ကိုယ်ကိုကွေးကာ ဦးခေါင်းကို ကြမ်းပြင်သို့ထိသည့် လေ့ကျင့်ခန်းမျိုးပင်။ ထိုအချိန် ကျိကျိုး၏ လက်ကို ခေါင်းခုအနေဖြင့် အသုံးပြုလို့ရသည်....


သူမ ယခုလေးတင် ကိုမာဝင်သည့်လူနှင့်အတူ လုပ်လို့ရသည့် လေ့ကျင့်ခန်းများကို ရှာတွေ့သွားခဲ့သည်။ မင်လျိုရီ အချိန်ခဏလောက်တော့ စဥ်းစားလိုက်ပြီး ယောင်ကျိကျိုး၏ လက်ကို ပက်လက်ပုံစံပြင်လိုက်တော့သည်။ 


ထို့နောက် သူမကိုယ်တိုင်လည်း ဒူးထောက်ကာ လက်နှစ်ဖက်ကို ဘေးယှက်ထားလိုက်သည်။ ထို့နောက် အရှေ့ဘက်သို့ ခန္ဓာကိုယ်ကို ကွေးညွတ်ချလိုက်ရာ သူမမျက်နှာသည် ယောင်ကျိကျိုး၏ လက်နှင့် မိတ်ဆက်သွားလေတော့သည်....



🥰