အပိုင်း၃၄
Viewers 5k

🥰 Chapter 34 ✅



ယောင်ကျိရန်၏ နဖူးတွင် ချွေးများစို့လာသည်။ 


"အာ...အဲ့ဒါကမရီးအကြိုက်တွေပဲဖြစ်မယ်...  မီးဖိုချောင်ကို သူမကြိုက်တာတွေပဲ ပြင်ဆင်ခိုင်းထားတာနေမှာပေါ့" 


ထိုအချိန်တွင် ရှောင်ရွှယ်သည် လမ်းလျှောက်လာပြီး ယောင်ကျိရန်ဘေးနားတွင်ရပ်ကာပြောလိုက်သည်။


"ဒီနေ့ရဲ့ ဟင်းလျာတွေအကုန် ဧည့်ခံပြီးပါပြီ တခြားမှာစရာများရှိပါသေးသလား" 


ယောင်ကျိရန် ရှောင်ရွှယ်ကို ဤနေရာတွင်ပင် သတ်

ပစ်ချင်လိုက်သည်။ သူသည် သူမထပ်ပြီး ပေါက်ကရတွေပြောမှာစိုးသဖြင့် အမြန်အဆန် ထွက်သွားခိုင်းလိုက်သည်။ 


"မင်းလား...." 


ယောင်ကွေ၏ အမူအရာသည် ခန့်မှန်းရခက်လှသည်။ 


"ဒီနေရာက အိမ်အကူတွေက မင်းစကားကို ပိုနားထောင်ကြသလိုပဲ" 


ယောင်ကျိရန်၏ မျက်နှာသည် ဖျော့တော့လာသည်။ 


"အဲဒီလိုမဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်း မရီးကို ကူညီပေးချင်- "


"ကောင်းပြီလေ ဒီမှာနေခဲ့ ငါတော့ ကျိကျိုးအခြေအနေကို သွားကြည့်လိုက်ဦးမယ်"


ယောင်ကွေသည် သူ့စကားအား ဖြတ်ပြောလိုက်သည်။ 


ဤသို့ဖြင့် ယောင်ကွေသည် တိတ်တဆိတ် ယောင်ကျိကျိုး၏ အိပ်ခန်းဆီသို့ တက်သွားတော့သည်။ သူသည် မင်လျိုရီက ယောင်ကျိကျိုးအား ဆန်ပြုတ်တစ်ဇွန်းပြီးတစ်ဇွန်း တိုက်နေသည်ကို 

တွေ့ခဲ့ရသည်။ သူမ လှုပ်ရှားမှုများသည် မြန်သည်လဲမဟုတ် နှေးသည်လဲမဟုတ်ဘဲ ယောင်ကျိကျိုးမြိုချပြီးသည့် အချိန်တိုင်း သူမက နောက်ထပ်တစ်ဇွန်းကို ကျွမ်းကျွမ်းကျင်ကျင် ခွံ့နေလေသည်။ 


ထိုသိုဆိုရင်တောင်မှ ယောင်ကွေသည် သူ၏ သံသယများကို လွှတ်မချသေးဘဲ ပြောလိုက်သည်။ 


"ငါလုပ်ပေးလိုက်မယ် ကျိကျိုးနဲ့ မတွေ့ရတာလဲ ကြာပြီဆိုတော့" 


မင်လျိုရီသည် မငြင်းဆိုဘဲ သူမနေရာမှ ဖယ်ပေးလိုက်သည်။


ယောင်ကွေသည် ဇွန်းအားသေချာကိုင်ကာ သူ၏ပထမဆုံး အလုတ်ကို ယောင်ကျိကျိုးအား ခွံ့လိုက်သည်။ သို့သော် သူသည် ပထမဆုံး လူနာကိုခွံ့ကျွေးဖူးခြင်းဖြစ်သဖြင့် အချိန်မဆမမှန်ဘဲ ပါးစပ်ထဲသို့မရောက်မီ လည်ပင်းပေါ်သို့ ဖိတ်ကျသွားလေသည်။ 


မင်လျိုရီသည် လျင်မြန်စွာ တုံ့ပြန်လာသူဖြစ်သည်။သူမက ယောင်ကျိကျိုး အပူလောင်သွားမှာစိုးသဖြင့် လက်သုတ်ပဝါဖြင့် ခပ်မြန်မြန်သုတ်ပေးလိုက်သည်။ 


နောက်ထပ်တစ်လုတ်ကိုတော့ ယောင်ကွေသည် အများကြီးမထည့်တော့ပေ။ သို့သော် ယောင်ကျိကျိုးသည် သူထင်ထားသလို မပူးပေါင်းခဲ့။ သူ၏ ပါးစပ်သည် သေးငယ်သောကြောင့် အစာခွံ့ကျွေးရသည်မှာ မလွယ်ကူပေ။ ဇွန်းဖြင့် အနည်းငယ်သာ ခွံ့သော်ငြား ဆန်ပြုတ်များသည် ယောင်ကျိကျိုး၏ ပါးစပ်ထောင့်မှ ပြန်လည်စီးကျလာသည်။ 


"ကျွန်မလုပ်လိုက်ပါ့မယ်" 


မင်လျိုရီက ပြောလိုက်သည်။ 


ယောင်ကွေသည် ရှက်ကိုးရှက်ကန်းနှင့် မတ်တပ်ထရပ်ကာ မင်လျိုရီကို ပန်းကန်ပေးလိုက်သည်။ ထိုတစ်ကြိမ်တွင်တော့ ယောင်ကျိကျိုးအပေါ် မင်လျိုရီ၏ ဂရုစိုက်မှုကို မြင်နိုင်သွားပြီဖြစ်သည်။ 


မြောင်လွေ့မင်သည် အဖြစ်အပျက်များကို ကြည့်ရှုပြီးနောက် ယောင်ကွေ၏ ပူပန်မှုကိုတွေ့သော် မတတ်နိုင်ဘဲ ဝင်ရောက်ပြောဆိုတော့သည်။ 


"မဒမ်ယောင်က အတော်လေးကို ကြိုးစားထားတာပါ... မစ္စတာယောင်ရဲ့ ခြေထောက်တွေက ပိန်လှီမနေတာရော ခန္ဓာကိုယ်က အခြေအနေကောင်းတာကိုရော သတိထားမိပါတယ်...ဒါတွေက နေ့တိုင်းနေ့တိုင်း ဂရုတစိုက်နဲ့ နှိပ်နယ်ပေးထားတဲ့ ရလဒ်တွေပါ ဒီလိုမျိုး ဂရုစိုက်ပေးနေရင် မစ္စတာယောင် သေချာပေါက် သတိပြန်ရလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" 


ဆရာဝန်တစ်ယောက်အနေနဲ့ သူ၏မျက်လုံးထဲတွင် လူနာသာရှိသည်။ အခန်းထဲတွင် ယောင်ကျိရန်ရှိမနေတာကိုတွေ့တော့ သူ၏နောက်ထပ်စကားများသည် မင်လျိုရီထံသို့ ဦးတည်လိုက်သည်။ တကယ်တော့ ယောင်ကွေကို ထိုးနှက်ဖို့သက်သက်သာဖြစ်သည်။ 


"မဒမ်ယောင် လေးစားသမှုနဲ့ပြောပါရစေ ဆန်ပြုတ်ကနေရတဲ့ အာဟာရက မစ္စတာယောင်အတွက် လုံလောက်မှုမရှိပါဘူး ကျွန်တော်တို့ တခြားအရာတွေလဲ ဖြည့်စွက်ကျွေးဖို့ လိုအပ်တယ်" 


မင်လျိုရီသည်လည်း သဘာဝကျကျဖြင့် ဆိုလိုရင်းကို နားလည်လိုက်ကာ မျက်လုံးများ တောက်ပလာတော့သည်။ သူမက လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။


"သူ့ကို သေချာမစောင့်ရှောက်မိတာ ကျွန်မအမှားပါရှင်... ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်လိုက်ပါ့မယ်" 


ထို့နောက် ယောင်ကွေ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။ 


ထင်ထားသည့်အတိုင်းပင် ယောင်ကွေကပြောလာသည်။ 


"ဗီလာကို နင့်ကိုပဲ လက်လွှဲပေးခဲ့မယ် နင်မဖြေရှင်းနိုင်တဲ့ကိစ္စရှိရင် ငါ့ကိုလာရှာလှည့်" 


မင်လျိုရီ အလျင်အမြန်ပြောလိုက်သည်။ 


"အဖေ... ကျွန်မထင်တာတော့ ဒီဗီလာမှာ အိမ်အကူတွေအရမ်းများနေတယ် သူတို့တွေ ဘယ်လောက်ပဲ ဂရုတစိုက်နေပါစေ ဆူညံသံတွေလုပ်မိနေဦးမှာပဲလေ...အဲဒါက ယောင်ကျိကျိုးအတွက် မသင့်တော်ဘူး သူတို့ထဲက ဘယ်နှစ်ယောက်လောက်ကို အဓိကစံအိမ်ဆီ ပြန်ခေါ်သွားပေးနိုင်မလဲ" 


ယောင်ကွေက မငြင်းချေ။ ထိုပြဿနာသည် ချက်ချင်းပင် ဖြေရှင်းပြီးသားဖြစ်သွားပြီး မင်လျိုရီ၏ နှလုံးသားသည် နောက်ဆုံးတော့ စိတ်အေးသွားပြီဖြစ်သည်။ 


မြောင်လွေ့မင်သည် မင်လျိုရီ၏ ရိုးရိုးသားသား တုံ့ပြန်ပုံကိုကြည့်ကာ ခပ်ဖွဖွပြုံးပြသည်။ 


"ကျွန်တော် မစ္စတာယောင်ကို အပ်စိုက်ကုထုံးလုပ်ပေးဖို့အတွက် အားလုံးပဲ အပြင်ထွက်ပေးလို့ရမလား" 


မင်လျိုရီသည် အလွန်ပင် ပျော်ရွှင်နေသည်။ ထို့ကြောင့် သူမသည် တုန့်ဆိုင်းမှုမရှိဘဲ သူမရဲ့ "အတွေးလွန်" နေတဲ့ ယောက္ခထီးကိုခေါ်ကာ အခန်းမှထွက်သွားတော့သည်။ 


ယောင်ကွေသည် ယောင်ကျိကျိုးနှင့် သားအဖဆက်ဆံရေးကို ဂရုမစိုက်ဟု ပြော၍လဲမရပေ။ 


သူသည် အမှန်ပင် ယောင်ကျိကျိုးကို ပြန်သက်သာစေချင်သော်လည်း သူသာ အမှန်တကယ် ဂရုစိုက်ခဲ့တယ်ဆိုရင် ဒါတွေက မူလမင်လျိုရီရဲ့ အမှားလား ဒါမှမဟုတ် ထိုသို့ဖြစ်စေခဲ့သည့်လူရဲ့ အမှားဖြစ်မလား....ယောင်ကွေသည် အတော်လေး လျစ်လျူရှုခဲ့သည်။ အဆုံးတွင်တော့ ယောင်ကျိကျိုးသည် ယောင်ကွေအတွက် အသုံးဝင်သည့် ကိရိသာတစ်ခုသာဖြစ်ပြီး ယောင်အဖွဲ့အစည်းကို ပိုမိုတိုးတက်စေမည့် လက်နက်တစ်ခုထက် မပိုပေ။ သူက သူ့အရင်းအနှီးများ ပျက်စီးသွားမည်ကို မလိုချင်ခဲ့ခြင်းဖြစ်သည်။ 


မြောင်လွေ့မင်သည် ယောင်ကျိကျိုးခန္ဓာကိုယ်အားအပ်စိုက်ခြင်းပြီးစီးသွားသည့်အတွက် အိမ်မှထွက်ခွာရန် အသင့်ဖြစ်နေလေပြီ။ သူသည် A မြို့တွင် နောက်ထပ်နှစ်ရက်ဆက်ရှိနေမည်ဖြစ်သည်။ ဆိုလိုချင်တာက သူသည် ယောင်ကျိကျိုးကို နောက်ထပ်နှစ်ရက်မျှ အပ်လာစိုက်ပေးနိုင်မည်ဖြစ်သည်။ 


မြောင်လွေ့မင်၏ နဖူးတွင် တင်နေသော ချွေးစက်များကို တွေ့သောအခါ မင်လျိုရီ မြန်မြန်ပြောလိုက်သည်။ 


"အဖေ၊ ကျိရန် ဒေါက်တာမြောင် ပြန်ရတော့မယ်" 


ယောင်ကျိရန်သည် နှုတ်ဆက်ရန် ချက်ချင်း ထသွားတော့သည်။ 


သို့သော်လည်း သူပြန်ရောက်လာချိန်တွင် အိမ်အကူများအားလုံးသည် စုစည်းနေသည်ကို မြင်လိုက်ရပြီး ယောင်ကွေ၏ စကားများကို ကြားလိုက်ရသည်။ 


"လျိုရီ ဒီထဲကအနည်းငယ်ကို နင့်ကိုစောင့်ရှောက်ပြီးကျန်ခဲ့ဖို့ ရွေးလိုက် ကျန်တဲ့လူတွေကို ငါနဲ့အတူ ပြန်ခေါ်သွားလိုက်မယ်" 


မင်လျိုရီက ကြောက်ချင်ယောင်ဆောင်လိုက်သည်။ 


"ဟိုဟာလေ....ကျိရန်က စီမံခန့်ခွဲတဲ့နေရာမှာတော်ပါတယ် သူ့ကိုပဲရွေးခိုင်းလိုက်ပါ့မယ်" 


ထိုစကားကိုကြားတော့ တစ်နေကုန်လုံး မြိုသိပ်ထားသည့် ယောင်ကွေ၏ ဒေါသသည် နောက်ဆုံးတွင်မူ ပေါက်ကွဲထွက်လာတော့သည်။ 


"ယောင်မိသားစုကို တာဝန်ယူထားတာ ယောင်ကျိရန်မို့လို့လား ငါအခုထိ မသေသေးဘူး" 


ယောင်ကျိရန်သည် ဒေါသထွက်လွန်း၍ မေ့လဲမတတ်ပင်။ မင်လျိုရီက ဘယ်တုန်းက အဲ့လောက် နာခံတတ်သွားတာလဲ ဘယ်အချိန်စပြီး ပုတ်သင်ညိုလေးဖြစ်သွားရပြန်တာလဲ...



🥰