အပိုင်း၄၂
Viewers 6k

🥰 Chapter 42 ✅


စကားနှစ်ခွန်းလောက်ရှင်းပြရုံနှင့် ယိုလင်လင်၏ ခေါင်းထဲတွင်ကြီးမားလှသည့် ဇာတ်ကွက်တစ်ကွက်ကိုပုံဖော်နိုင်မည်ဟု မင်လျိုရီမထင်ထားခဲ့ပေ။ မသိလျှင် ဒရမ်မာကားတွေထဲက ဇာတ်ကွက်များအတိုင်းပင်။ 


မင်လျိုရီက လက်ခါလိုက်ပြီး သူမနှင့်မတူစွာပြောလိုက်သည်။ 


"ငါလဲမသိဘူးလေ သူတို့က အမျိုးတွေပေမဲ့ သူတို့ဇာတ်လမ်းနဲ့သူတို့ရှိမှာပေါ့...ငါနဲ့ငါ့ယောက်ျားက အဲဒါတွေပြီးမှတွေ့ကြတာ" 


မင်လျိုရီ၏ပြောစကားကိုကြားသောအခါ သူမ၏ကိုမာဝင်နေသောခင်ပွန်းကို ယိုလင်လင်သတိရသွားသည်။ သူ ကိုမာ မဝင်ခင်သူတို့အကြားမှာ သုံးပွင့်ဆိုင်ဇာတ်လမ်းလေး ရှိကိုရှိခဲ့ရမည်...


မင်လျိုရီက ပြောလိုက်သည်။ 


"လင်လင် ဒါတွေအကုန် နင့်ကျေးဇူးကြောင့်ပါ..ငါ့ဘက်က ဝင်ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" 


ယိုလင်လင်က မကောင်းသည့်အပြုံးကြီးပြုံးကာ လက်ခါပြလိုက်သည်။ ဒီလောက်က ဘာမှမဟုတ်သေးပေ။ ဒီအတိုင်းစကားများရန်ဖြစ်ရုံပင်ဖြစ်သည်။ အကယ်၍ အမှန်တကယ် ရန်ပွဲနွှဲရမည်ဆိုရင် သူမရန်ဖြစ်နိုင်သည်။ ဘယ်လိုအခြေအနေမှာဖြစ်စေ သူမညီအစ်မကို ထိခိုက်ခွင့်ပြုမည်မဟုတ်ပေ။ အထူးသဖြင့် ထိုချိုက်ရီရှီးဆိုသည့် မိန်းမဆီတွင်ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့် မကောင်းသည့်လူမှန်း ယိုလင်လင် တပ်အပ်သိသည်။ 


"ရပါတယ်ဟဲ့... နောက်ထပ် ဆယ့်နှစ်ခါလောက်ဆိုလဲ ငါကနင့်ဘက်မှာပဲ ရပ်မှာပါနော်...ငါတို့က ညီအစ်မတွေလေ ဘယ်လိုလုပ် နင်ဒုက္ခရောက်နေတာကို ကြည့်ရက်ပါ့မလဲ" 


မင်လျိုရီ ယိုလင်လင်အားကြည့်ရင်း ရင်ထဲနွေးထွေးသွားရသည်။ တစ်စုံတစ်ယောက်က ပထမဆုံးသူမအပေါ် သစ္စာရှိရှိ ဆက်ဆံပေးခြင်းဖြစ်သည်။ ယိုလင်လင်သည် သူမအပေါ်လည်း အလွန်ကောင်းပေးသည့် လူဖြစ်သည်။ မင်လျိုရီ ယိုလင်လင်အတွက် ပြင်ဆင်လာသည့် လက်ဆောင်လေးအားထုတ်ပြီး ပြုံးပြလိုက်သည်။ 


"လင်လင် ငါတစ်လောကမှ သင်ထားတာ...အရမ်းကြီးလက်ရာမကောင်းရင်တောင် အထဲက ပါဝင်ပစ္စည်းတွေက လတ်ဆတ်လို့ အရသာရှိလောက်မှာပါ" 


ယိုလင်လင်သည် နေ့လယ်စာဘူးလေးကို ယူပြီးမင်လျိုရီအား ဖက်လိုက်သည်။ သေးငယ်တဲ့ အပြုအမူလေးဖြစ်သော်ငြား ထိုအရာသည် သူမအားပျော်ရွှင်သွားစေသည်။ 


ယိုလင်လင်သည် မင်လျိုရီ၏ မျက်နှာလေးအား ပွတ်သပ်လိုက်ပြီး ပျော်ရွှင်စွာပြောလိုက်သည်။ 


"ကျေးဇူးပါ လျိုရီ နင်ကအကောင်းဆုံးပဲ" 


ယိုလင်လင်သည် မင်လျိုရီ၏ မျက်နှာအားမယုံကြည်နိုင်သည့်အကြည့်ဖြင့် ကြည့်နေမိသည်။ ထို့နောက် မင်လျိုရီမျက်နှာအား အကြိမ်အနည်းငယ်လောက် ထပ်ပြီးဖြစ်ညှစ်ကြည့်လိုက်သည်။ အသားအရည်က မဟားတရားကောင်းလွန်းနေသည်။ ယိုလင်လင်က တအံ့တဩဖြင့်မေးလိုက်သည်။


"လျိုရီ နင့်အသားအရည်က ကောင်းလိုက်တာ နူးညံ့ပြီး ချောမွတ်နေတာပဲ...ဒီလိုဖြစ်အောင် ဘယ်လိုထိန်းသိမ်းထားတာလဲ" 


မင်လျိုရီ ရယ်လိုက်သည်။ ယိုလင်လင်၏ အသားအရည်သည် မဆိုးသော်လည်း သူမက မင်လျိုရီကိုအားကျနေသေးသည်။ 


'ဒီကောင်မလေးကတော့ တအားချစ်ဖို့ကောင်းတာပဲ...ဒီလိုချစ်ဖို့ကောင်းတဲ့ ညီအစ်မရထားတာ ကောင်းလိုက်တာ' 


မင်လျိုရီက ပြုံးကာပြောလိုက်သည်။


"ငါက သီးစုံအနှစ်တွေ များများစားလို့နေမှာပေါ့" 


ယိုလင်လင်သည် သူမ၏မျက်လုံးရွှဲကြီးများဖြင့် မင်လျိုရီအားကြည့်ကာ မျက်တောင်ခတ်လိုက်သည်။


' သီးစုံအနှစ်လေးစားလိုက်ရုံနဲ့ ဒီလိုအသားအရည်ရမယ်ဆို ကမ္ဘာပေါ်က ကောင်မလေးတွေအကုန်လုံး ဒီလိုအသားအရည်ဖြစ်ကုန်မှာပေါ့... ဒါသာ အမှန်ဆို ကမ္ဘာပေါ်မှာ အသားအရည်မကောင်းတဲ့လူဆိုတာ ရှိပါ့ဦးမလား...'


ယိုလင်လင်က ပြောလိုက်သည်။ 


"လျိုရီ နင်တော်တော်ဆိုးနေတယ်ပေါ့ ငါ့ကို ရေနွေးများများသောက်လေလို့သာ ပြောလိုက်ပါတော့လား" 


မင်လျိုရီ၏ မျက်နှာသည် အနည်းငယ်ရဲသွားတော့သည်။ ထိုစကားသည် တမင်ရွဲ့ပြောလိုက်ခြင်းဖြစ်သည်။ 


'တစ်ခုခုဖြစ်နေလား ရေနွေးသောက်လိုက်လေ' 


ဆိုသည့်စကားတွင် ရေနွေးသည်စွမ်းအားကြီးလွန်းသည်။ ရေနွေးဖြင့်မဖြေရှင်းနိုင်သည့် ပြဿနာဟူ၍ မရှိပေ။ သို့သော် လတ်တလောတွင် မင်လျိုရီသည် အမှန်တကယ်လဲ သီးစုံအနှစ်အများအပြား စားခဲ့သည်။


"ငါတကယ်လဲ သီးစုံအနှစ်အများကြီးစားခဲ့တာဟ...နင်စမ်းကြည့်ကြည့်ပေါ့ ဘာတိုးတက်မှုမှမရှိရင် ငါ့ဆီလာခဲ့" 


ယိုလင်လင်သည် ရယ်လိုက်ပြီး ဘာမှထပ်မပြောလာတော့ပေ။ တကယ်လဲ မိန်းကလေးအများစုသည် အသားအရည်ကိုထိန်းသိမ်းသည့်အတွက် သစ်သီးများများစားရန်သာလိုအပ်သည်။ အသားအရည်ကို ကောင်းမွန်စေသော အသီးအနှံများစွာရှိလေသည်။ 


ယိုလင်လင်သည် အချိန်ကြည့်ပြီး ပြောလိုက်သည်။ 


"စာအုပ်သွားဝယ်ရအောင်... အိမ်ပြန်ပြီး ခင်ပွန်းလောင်းကို ညစာကျွေးရဦးမယ် ပြီးရင် မနက်ဖြန် ဆေးကုဖို့အတွက်လဲ ပြင်ဆင်ရဦးမယ် ဒီညပြန်ပြီးသေသေချာချာပြင်ဆင်ဖို့လိုတယ်" 


မင်လျိုရီလဲ ခေါင်းငြိမ့်လိုက်သည်။ အချိန်လင့်နေပြီဖြစ်၍သူမအိမ်တွင်လဲ သူမပြန်အလာကိုစောင့်နေသည့် ကိုမာဝင်ခင်ပွန်းရှိသည်။ သူမ ယိုလင်လင်၏ အချိန်တွေကို မဖြုန်းတော့ပေ။ သူတို့နှစ်ဦးလုံးတွင် အခြားလုပ်စရာများ ကိုယ်စီရှိကြသည်။


"ဟုတ်ပါရဲ့ ငါလဲ ဟဲယန်ဖုန့်ပေးထားတဲ့ အိမ်စာတွေလုပ်ရဦးမယ်"


...


ချိုက်ရီရှီး သူမအလုပ်များကို အပြီးသတ်ပြီးနောက် သူမမိခင်နှင့် အိမ်သို့စောစောပြန်သွားတော့သည်။ ယောင်ကျိရန်သည်လည်း ပွဲတွင်ခဏသာနေပြီး ချိုက်ရီရှီး အလုပ်ပြီးပြီဆိုမှသာ ပြန်လာကြိုပေးခဲ့သည်။ 


ယောင်ကျိရန်သည် သမီးရည်းစားကိစ္စတွင် အကျွမ်းတဝင်ရှိပြီး လာကြိုစဥ် ချိုက်ရီရှီးကို ပျော်ရွှင်အောင်လုပ်ဖို့ နှင်းဆီပန်းစည်းအကြီးကြီး ဝယ်လာပေးခဲ့သည်။ ချိုက်ရီရှီးကလည်း အံ့အားသင့်ဟန်ဆောင်ပြီး ယောင်ကျိရန်ကို ပျော်ရွှင်စွာပွေ့ဖက်လိုက်ခြင်းဖြင့် ပူးပေါင်းပေးခဲ့သည်။ 


သို့သော် ယနေ့ မင်လျိုရီ ထွက်ပေါ်လာမှုနှင့် သူမ၏ ပြောင်းလဲမှုများသည် ချိုက်ရီရှီးကို အထိန်းချုပ်ကင်းမဲ့စွာဒေါသထွက်စေသည်။ သူမ အနည်းငယ်စိုးရိမ်မိသွားပြီး သူမနှင့်ယောင်ကျိရန်၏ ဆက်ဆံရေးကို ပိုမိုလျင်မြန်စွာ အဆင့်တက်ချင်ခဲ့သည်။ 


အရွယ်ရောက်ပြီးသူတွေသာရှိသည့်ကမ္ဘာတွင် များများစားစား ပြောစရာတော့လိုမည်မထင်။ အဆုံးတွင် ရလဒ်တစ်ခုတည်းကသာ အရေးကြီးသည့်အရာဖြစ်ပြီး မတိုင်ခင်ပြုလုပ်ခဲ့သည့် ဖြစ်စဥ်များသည် အရေးမပါပေ။ ထိုနေ့ညတွင် ချိုက်ရီရှီးနှင့် ယောင်ကျိရန်သည် ယောင်ကျိရန်၏ အိမ်သို့အတူတူပြန်လာခဲ့ကြသည်။သို့သော်လည်း အိမ်ပေါက်ဝတွင် မိန်းမလှလေးတစ်ဦးရှိနေပြီး သူမက ဆဲရေးလိုက်သည်။ 


"ယောင်ကျိရန် ခွေးလိုကောင်"



🥰