🥰 Chapter 43 ✅
တံခါးဝမှမိန်းကလေးသည် အော်ဟစ်ပြီးနောက် ယောင်ကျိရန်ဆီ ပြေးဝင်လာပြီး ပါးရိုက်ရန်ရွယ်လိုက်သည်။ ယောင်ကျိရန်သည် ထိုသို့သောအခြေအနေမျိုးနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်မှာ ပြောစရာပင်မလို။ နှစ်ခါပြန်မတွေးဘဲ ထိုမိန်းကလေး၏ လက်ကိုဖမ်းကိုင်လိုက်သည်။
ထိုအချဥ်းအရာအားကြည့်ပြီး ချိုက်ရီရှီးသည် ယခင်က ဆန်ကုန်မြေလေးယောင်ကျိရန်နှင့် နီးကပ်ချင်ခဲ့သော်လည်း ယနေ့တွင် အရာအားလုံးကပြောင်းပြန်ဖြစ်သွားသည်။ သူမက ယောင်ကျိရန်နှင့် ဆက်ဆံရေးကို ရှေ့ဆက်တိုးချင်ခဲ့သော်လည်း ထိုသို့သောမြင်ကွင်းကိုတွေ့လိုက်ရပြီးနောက် သူမစိတ်မပါတော့ချေ။
သူမ၏မတော်လိုက်ရသည့် ခင်ပွန်းလောင်း ယောင်ကျိကျိုးနှင့်သာဆိုလျင် ဘဝတွင်ထိုကဲ့သို့ရွံစရာကောင်းသည့်ကိစ္စရပ်များနှင့် ကြုံတွေ့ရမည်မဟုတ်မှန်း ချိုက်ရီရှီးကောင်းကောင်းသိသည်။ သို့သော် ယခု ဥက္ကဌလောင်းယောင်နှင့်အတူရှိရန်တွေးထားပါက အနာဂတ်တွင် မျိုးစုံသောမိန်းမများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ထိုအရာကိုတွေးမိပြီး ချိုက်ရီရှီး၏ မျက်နှာသည်မှောင်မဲလာတော့သည်။ သို့သော် ဒီတစ်ကြိမ်တွင် အမှားလုပ်မိသူက ယောင်ကျိရန်မှန်း မသိခဲ့ပေ။
ယောင်ကျိရန်သာ ယောင်ကျိကျိုး၏ နေရာကိုယူမည်ဆိုလျင် ချိုက်မိသားစု၏ နောက်ခံအင်အား သေချာပေါက်လိုအပ်သည်။
အကယ်၍ ချိုက်ရီရှီးသာ သာမန်လူချမ်းသာမိသားစုမှမွေးဖွားလာပါက ယောင်ကျိရန်သည် သူမကိုလှည့်စားပြီး အကျိုးအမြတ်ထုတ်ဦးမည်ဖြစ်သည်။ သို့သော် ချိုက်မိသားစုသည် တခြားလူကုံထံမိသားစုများအကြားတွင် ဖြူစင်ရိုးသားမှုကြောင့် နာမည်ကြီးလေသည်။ ဇနီးဖြစ်သူနှင့် ခင်ပွန်းဖြစ်သူသည် တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခင်ကြပြီး မိသားစုသည်စည်းစည်းလုံးလုံးရှိကြသည်။
နောက်ထပ်ပြဿနာတစ်ခုမှာ ချိုက်ရီရှီးသည် အနုပညာနှင့်စာပေကိုစိတ်ဝင်စားပြီး သူမသည် စာပေတွင်အလွန်တော်သည်။ ထို့ကြောင့် ယောင်ကျိရန်က ချိုက်ရီရှီးတွင် တခြားသဘောကျမည့်လူမရှိလောက်ဟုထင်ခဲ့ပြီး ထို့အတွက်လဲ သူတစ်ချိန်ကသာယာခဲ့ဖူးသည့် မိန်းမအမြောက်အများနှင့် အဆက်အသွယ်ဖြတ်ဖြစ်ခဲ့သည်။ ယောင်ကျိရန်သည် ထိုကဲ့သို့ မိမိုက်နေသည့်လူမျိုးပင်။
အဆက်အသွယ်ဖြတ်ခဲ့သည့် မိန်းမတိုင်းကိုလဲမနစ်နာစေရဘဲ ပိုက်ဆံအများအပြားပေးကာ ဆက်ဆံရေးတစ်ခုကိုထိန်းသိမ်းစေခဲ့သည်။ ပိုက်ဆံရသွားသည့် မိန်းကလေးတိုင်းသည် အတိုင်းမသိပျော်ရွှင်သွားကြပြီး ကျေကျေနပ်နပ်နှင့်ထွက်သွားတော့သည်။ ကျုံးရှင်းယွီတစ်ယောက်သာလျှင် သူမသူငယ်ချင်းအစား
ဒေါသပုန်ထနေခဲ့သည်။
ယောင်ကျိရန်သည် ရမ်ရို့ရို့နှင့် စတင်ချစ်ကြိုက်နေစဉ် ထိုကျုံးရှင်းယွီသည်သူ့ထံလာပြီး ရမ်ရို့ရို့အား အနိုင်မကျင့်ရန် သတိပေးခဲ့သည်။ ယခု ယောင်ကျိရန်က ရမ်ရို့ရို့နှင့်အဆက်အသွယ်ဖြတ်သွားသည့်အတွက် ကျုံးရှင်းယွီသည် သဘာဝကျကျပင် သူ့အားလက်စားချေချင်ခဲ့သည်။
သူ့ဘေးတွင် ချိုက်ရီရှီးရှိနေသေးသည့်အတွက်ယောင်ကျိရန်သည် ဒေါသကိုဖိနှိပ်ရင်း ပြောလိုက်သည်။
"ကျုံးရှင်းယွီ ဒီလုပ်ရပ်ကဘာသဘောလဲ သူများကိစ္စကို အဲလောက်တောင်ဝင်ပါချင်နေလား... မင်းနားမလည်တဲ့ကိစ္စရှိရင် ရမ်ရို့ရို့ကို ရှင်းပြခိုင်းလိုက်...ငါနဲ့သူနဲ့ ကောင်းကောင်းမွန်မွန်ပဲ လမ်းခွဲလိုက်တာ ဒီနေရာမှာလာပြီး မရှုပ်နဲ့တော့"
ထိုအခါမှ သူတို့နှစ်ယောက်ကြားတွင် ပတ်သက်မှုမရှိ
သည်ကို ချိုက်ရီရှီးနားလည်သွားသည်။ ထိုမိန်းကလေးက သူမသူငယ်ချင်းအတွက် လာရောက်ခဲ့ခြင်းသာဖြစ်သည်။ ဒီလိုဆိုမှတော့ ကိစ္စတွေက ကိုင်တွယ်ရန် လွယ်ကူသွားသည်။ ချိုက်ရီရှီးသည် သူမဖုန်းကိုထုတ်ကာ ဖုန်းဆက်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
"ဒီတစ်ယောက်က အကြမ်းဖက်မဲ့ပုံပဲ... ကျိရန် ရဲကိုခေါ်လိုက်ရအောင်"
ယောင်ကျိရန်သည် ထိုစကားများကို ကြားတော့ ချိုက်ရီရှီးကို ရင်ခွင်ထဲထည့်လိုက်သည်။ ဒီကိစ္စလေးကြောင့် ချိုက်ရီရှီးလန့်သွားလိမ့်မည်ဟု မထင်ခဲ့ပေ။
'မဖြစ်တော့ဘူး...'
သူမကိုနှစ်သိမ့်ပေးပြီး ချိုက်ရီရှီးအထင်မလွဲအောင် ပြုလုပ်ရမည်။
ယောင်ကျိရန်က ညင်သာစွာပြောလိုက်သည်။
"မကြောက်နဲ့နော် ကိုယ်ရှိတယ်...ဒီရူးနေတဲ့မိန်းမကြောင့် မင်းမထိခိုက်စေရဘူး"
ကျုံးရှင်းယွီသည် နာမည်ကြီးတစ်ယောက်ဖြစ်ပြီး သူမ၏ပုံရိပ်သည် အလွန်အရေးကြီးသည်။ ချိုက်ရီရှီး၏ ရဲကိုဖုန်းဆက်မည့်စကားကိုကြားသော် သူမဒေါသမီးများချက်ချင်းငြိမ်းသွားပြီး ချိုက်ရီရှီးကိုကြည့်ကာ စည်းရုံးရန်ကြိုးစားတော့သည်။
"ဒီမယ် ကျွန်မစကားကိုနားထောင် ရှင့်မျက်လုံးတွေကို ဖွင့်ထားစမ်းပါ... ဒီလိုနတ်ဆိုးကောင်နဲ့ မအိပ်လိုက်နဲ့သူကဆန်ကုန်မြေလေး...ရှင့်အပေါ်ဖောက်ပြန်ပြီး ရှင့်ခန္ဓာကိုယ်ကိုပါ အပိုင်သိမ်းသွားလိမ့်မယ်"
ထိုစကားအား ယောင်ကျိရန်ကြားသောအခါ ဒေါသပုန်ထသွားတော့သည်။
သူတို့နှစ်ယောက်လုံးက တစ်ချိန်က တစ်ဖက်တည်းလေ ဘယ်လိုတောင်ပြောရက်ရတာလဲ ...
သူအရှေ့သို့ခြေတစ်လှမ်းတိုးလိုက်စဉ် ကျုံးရှင်းယွီသည် အိတ်ထဲမှငရုတ်ကောင်းဘူးအားထုတ်ကာ ယောင်ကျိရန်ကိုဖြန်းလိုက်သည်။ သူမက သူ့အားမီးပွင့်မတက်ကြည့်ကာ ယောင်ကျိရန်ဘက်မှမတုန့်ပြန်နိုင်ခင်မှာပဲ ထွက်သွားတော့သည်။
ယောင်ကျိရန်သည် လူကြီးလူကောင်းအသွင်ဟန်ဆောင်ကာ ချိုက်ရီရှီးကို ငရုတ်ကောင်းမှုန့်များ မစင်အောင်ကာပေးလိုက်သည်။ သူ၏မျက်နှာကိုထိမသွားသော်လည်း အင်္ကျီတွင်အရောင်များစွန်းသွားပြီး အရေပြားလည်းစပ်လာသည်။ အသံထွက်ညည်းမိသွားသော်လည်း သူကချိုက်ရီရှီးကို ဖက်ကာ ဝမ်းနည်းဟန်ဖြင့်ပြောလိုက်သည်။
"မင်းကိုကြောက်အောင်လုပ်မိလို့ တောင်းပန်ပါတယ်နော် ကိုယ်ကတိပေးပါတယ် အနာဂတ်မှာဒီလိုကိစ္စမျိုးထပ်မဖြစ်စေရဘူး ရီရှီး ကိုယ့်ကိုယုံကြည်ပေးမယ်မလား"
ချိုက်ရီရှီးသည် ယောင်ကျိရန်၏ ရင်ခွင်ထဲမှရုန်းထွက်လိုက်ပြီး သူ့အရေပြားအားစစ်ဆေးပေးလိုက်သည်။ ငရုတ်ကောင်းမှုန့်အနည်းငယ်က အတော်လေးသက်ရောက်မှုပြင်းထန်လေသည်။ ချိုက်ရီရှီး၏ သူ့အပေါ်ဂရုစိုက်မှုကိုတွေ့ရတော့ ယောင်ကျိရန်ဂုဏ်ယူမိသွားသည်။
နာကျင်မှုများကို ကြိတ်မှိတ်ကာ ချိုက်ရီရှီးကို ပြောလိုက်သည်။
"ကိုယ်အဆင်ပြေပါတယ်"
"အထဲဝင်ပြီး ရေချိုးလိုက်ဦး... အဝတ်အစားသစ်တစ်ထည်လဲလိုက်ရင် အဆင်ပြေသွားမှာပါ"
🥰