အပိုင်း၄၅
Viewers 6k

🥰 Chapter 45 ✅


မြောင်လွေ့မင်က ကျေကျေနပ်နပ်ကြီးခေါင်းငြိမ့်လိုက်သည်။ သို့သော် မျက်လုံးများကတော့ စားပွဲပေါ်မှသီးစုံအနှစ်များကိုကြည့်နေသည်။


မင်လျိုရီသည် မြောင်လွေ့မင် ခေါင်ငြိမ့်ပြမှစိတ်အေးသွားပြီး သီးစုံအနှစ်အားကြည့်နေသည်ကိုမြင်သောအခါ သူမကချက်ချင်းပဲပြောလိုက်သည်။


"ဆရာမြောင် ဒီတလော အလုပ်ကြိုးစားပေးလို့ကျေးဇူးတင်ပါတယ်... ဒီနေ့ ရှင့်အတွက်သီးစုံအနှစ်နဲ့ ကွတ်ကီးတွေလုပ်ထားပေးတယ်... အပြန်လမ်းမှာ စားသွားလို့ရတာပေါ့" 


မြောင်လွေ့မင်က ပြုံးကာပြောလိုက်သည်။ 


"အရမ်းကို ကြင်နာလွန်းနေပါပြီ" 


မင်လျိုရီသည် အရင်တခါကသူ့အားသီးစုံအနှစ်ပေးခဲ့ဖူးသည်။ သူ စားကြည့်ပြီးနောက် ကိုယ်တိုင်လဲစမ်းလုပ်ကြည့်သလို တခြားနေရာမှလဲဝယ်စားခဲ့ဖူးသည်။ သို့သော် သူမလက်ရာလောက် ဘယ်ဟာမှမကောင်းပေ။ 


မင်လျိုရီသည်မြောင်လွေ့မင်၏ အမူအရာကိုကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားတော့သည်။ 


'ဒီမြောင်လွေ့မင်က တကယ့်နတ်ဘုရားဟ...ဘယ်ဟာက ဘာလဲကောင်းကောင်းခွဲခြားတတ်တယ်' 


မင်လျိုရီ၏ သီးစုံအနှစ်သည် ဝိညာဥ်စမ်းချောင်းမှရေနှင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အရသာရှိရုံပင်မက စားလိုက်သည့်လူတိုင်းကို တစ်နေ့တာလုံးလန်းဆန်းသွားစေသည့်အကျိုးရှိသည်။ 


မင်လျိုရီသည် မြောင်လွေ့မင်က ယောင်ကျိကျိုးအား အပ်စိုက်ကုထုံးဆက်လက်ပြုလုပ်ပေးရန် ပြင်ဆင်

နေသည်ကိုတွေ့သောကြောင့် ထိုနေရာတွင်ဆက်မနေတော့ဘဲ ယိုလင်လင်ကိုစောင့်ရန်အောက်ထပ်သို့ ဆင်းလာလိုက်သည်။ မကြာခင်မှာပင် ယိုလင်လင်အားသွားကြိုသည့်ကားလေးသည် ပြန်ရောက်လာခဲ့သည်။ ဒရိုက်ဘာသည် ယိုလင်လင်၏ ခင်ပွန်းလောင်းကို ကားပေါ်မှဝီးချဲပေါ်သို့ ချပေးရန်ကူညီပေးခဲ့ပြီး ယိုလင်လင်က မင်လျိုရီထံသို့ တွန်းလာသည်။ 


ယိုလင်လင်သည် မင်လျိုရီတို့ချမ်းသာကြောင်းကို သိသော်လည်း သူမရှေ့မှဗီလာကြီးကိုကြည့်ပြီး အတော်လေးအံ့ဩသွားသည်။ ဒါက ဗီလာတောင်မဟုတ်ဘူး စံအိမ်ဆိုတာ သိသာနေတာပဲကို...အထဲကို ဝင်ကြည့်ဖို့ ဝင်ခွင့်လက်မှတ်တောင် လုပ်လို့ရတဲ့စံအိမ်မျိုး...


မင်လျိုရီသည် အလျင်အမြန်ပဲသူမဆီသွားလိုက်သည်။ ယိုလင်လင်၏ ခင်ပွန်းလောင်းအကြောင်း ခဏခဏကြားဖူးသော်လည်း အခုမှပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူသည် ဝီးချဲပေါ်တွင်ထိုင်နေပြီး သန့်ရှင်းညင်သာပုံပေါ်သည်။ သူ၏ဆံပင်နှင့် အဝတ်အစားများသည် အလွန်ကိုသပ်ရပ်နေသည်။ 


မင်လျိုရီသည် ယိုလင်လင်၏ ခင်ပွန်းလောင်းအား ထိုသို့သောအခြေအနေတွင် မြင်လိုက်ရသောအခါ ရင်ထဲမကောင်းဖြစ်သွားသည်။ သို့သော်လည်း ယိုလင်လင်သည် အလွန်ကိုမှတက်ကြွနေပြီး မြူးတူးစွာပြောလိုက်သည်။ 


"လျိုရီ ငါရောက်ပြီ ကျေးဇူးအများကြီးတင်ပါတယ်နော်" 


မင်လျိုရီ နက်နဲစွာကြည့်လိုက်ပြီး သူမ ခံစားချက်များကို မြိုသိပ်ကာနူးညံ့ညင်သာသည့် အပြုံးတစ်ခုကို တပ်ဆင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် တက်ကြွနေတဲ့ ယိုလင်လင်ကို သူမရဲ့ဝမ်းနည်းမှုတွေပြပြီး ဝမ်းနည်းအောင်မလုပ်ချင်ပေ။ 


မင်လျိုရီက ပြုံးကာမေးလိုက်သည်။


"ဒီကိုလာတဲ့လမ်းမှာ အဆင်ပြေရဲ့လား"


ယိုလင်လင်က ပြုံးပြီးခေါင်းငြိမ့်လိုက်သည်။ ပြောစရာတောင်လိုသေးလို့လား ဒီလိုဇိမ်ခံကားမျိုးတွေက လမ်းခရီးမှာ နှောင့်နှေးစရာအကြောင်းမရှိပေ... တခြားသောကားတွေသည် ထိိုသို့သောကား၏ လမ်းကို မပိတ်ဆို့ဝံ့ကြပေ။


ယိုလင်လင်က ပြောလိုက်သည်။ 


"အတော်လေး သက်တောင့်သက်သာရှိပါတယ်...လျိုရီ နင်ကအရမ်းတွေးပေးတတ်တာပဲ အာဟုတ်သား နင့်ကို မိတ်ဆက်ပေးမယ် ဒါက ငါ့ရဲ့ ခင်ပွန်းလောင်း ကျွီဖုန်း" 


ထို့နောက် ယိုလင်လင်က ထိုလူအနားသို့ကပ်လိုက်သည်။ ထိုအခြေအနေသို့ရောက်နေသော်လည်း ယိုလင်လင်သည် ထိုသူအားနက်နက်ရှိုင်းရှိုင်းမြတ်နိုးနေဆဲဖြစ်ပြီး တစ်နေ့ပြန်နိုးထလာမည်ဟုယုံကြည်နေလေသည်။ 


သူမက အပြုံးလေးနှင့်ပြောသည်။


"အချစ် ဒါက ကျွန်မပြောပြောနေတဲ့ လျိုရီလေ...ဘယ်လိုလဲ ချောတယ်မဟုတ်လား" 


သူမပုံစံသည် အလွန်တက်ကြွနေပုံပေါ်ကာ မင်လျိုရီ၏ဝမ်းနည်းနေသည့်နှလုံးသားလေးလဲ ယိုလင်လင်ဆိုသည့် နေရောင်ခြည်လေးကြောင့် ပြန်ပြီး လန်းဆန်းလာတော့သည်။ မကျော်ဖြတ်နိုင်တဲ့ ပြဿနာဆိုတာမရှိဘူး သူမလိုမျိုး အကောင်းမြင်စိတ်ကို များများမွေးမြူထားရမည်။ 


မင်လျိုရီလည်း ပြုံးကာပြန်ပြောလိုက်သည်။ 


"နင့်ရဲ့ ခင်ပွန်းလောင်းကလဲ အများကြီးကြည့်ကောင်းပါတယ်" 


ထို့နောက် မင်လျိုရီသည် ဒီနေ့သူမ မြောင်လွေ့မင်ကို စိတ်ဆိုးအောင်လုပ်ခဲ့မိသည်ကို သတိရသွားတော့သည်။ 


'ခဏနေရင် သူမတို့ကို သူကူညီပါ့ဦးမလား.... သီးစုံအနှစ်နဲ့ဆိုရင်တော့ ကိစ္စမရှိလောက်ပါဘူး... စကားအသုံးအနှုန်းကိုပဲ နည်းနည်းဂရုစိုက်ရမှာ..'


သို့နှင့်သူမ ယိုလင်လင်အား တီးတိုးပြောလိုက်သည်။ 


"လင်လင် ငါဒီနေ့ အဲဒီကြီးမြတ်တဲ့ ဒေါက်တာမြောင်ကို ရန်စမိသွားတယ်...အဲအတွက် သူစိတ်ပျော်နေမှာမဟုတ်ဘူး ငါတို့သူနဲ့စကားပြောတဲ့အချိန်ကျရင် သတိထားရမယ်နော်" 


မင်လျိုရီ၏ အမူအရာကိုတွေ့သောအခါ ယိုလင်လင်သည် သူမကိုယုံလိုက် ဆိုသည့်သဘောဖြင့် မျက်တောင်ခက်ပြသည်။ ယိုလင်လင်သည် မြောင်လွေ့မင်နှင့် မရင်းနှီးသော်လည်း သူမက ပေါင်းသင်းဆက်ဆံသည့်နေရာတွင် အလွန်တော်သည်။ ယိုလင်လင်က ပြုံးပြပြီး ဆိုသည်။ 


"စိတ်မပူပါနဲ့ ငါရှိနေသ၍တော့ နွေးထွေးအောင်မလုပ်နိုင်တဲ့ လေထုဆိုတာမရှိစေရဘူး" 


မင်လျိုရီသည် ယိုလင်လင်၏အသံအား ထိုမျှကျယ်လိမ့်မည်ဟုမထင်ထားပေ။ သူမ ယိုလင်လင်၏ပါးစပ်ကို လက်ဖြင့်ချက်ချင်းအုပ်လိုက်သည်။ မြောင်လွေ့မင်သည် အပေါ်ထပ်တွင်ဖြစ်သောကြောင့် နားကန်းနေသည်တော့မဟုတ်ပေ။ လင်လင်အပေါ်တွင် မည်သည့်အဆိုးမြင်မှုကိုမဆို မလိုချင်သည့်အတွက် မင်လျိုရီ အမြန်ပြောလိုက်သည်။ 


"လင်လင်... တိုးတိုးပြော သူကအပေါ်ထပ်မှာရှိတယ် ငါတို့ပြောတာတွေ မကြားသွားစေနဲ့" 


သူမပြောပြီးသည်နှင့် အဝေးမှမြောင်လွေ့မင်သည် အနီးသို့ရောက်နေခဲ့သည်။ သူထွက်လာသည်နှင့် မင်လျိုရီ၏ စကားကိုကြားလိုက်ရသောကြောင့် သိချင်သွားသည်။ 


အင်္ကျီလက်ကိုပြန်ဖြည်နေရင်း သူမတို့အနားလျှောက်လာကာ မျက်လုံးထဲတွင်သိချင်နေသည့်ပုံရိပ်အပြည့်ဖြင့်မေးလိုက်သည်။ 


"အမ် ဘာကြီး....ပြန်ပြောလို့ရလား ကျွန်တော်မကြားလိုက်လို့" 


မင်လျိုရီ၏မျက်နှာသည် စိတ်ပျက်မှုများဖြင့်ပြည့်နှက်သွားတော့သည်။ သူမသည် တခြားသူများအကြောင်းကို နောက်ကွယ်တွင်ပြောနေစဥ် ထိုအပြောခံရသည့်လူ၏ လက်ထဲတွင်ဖမ်းမိသွားသည့်ပုံစံဖြစ်နေသည်။ 


'ဒါကို မြေကြီးထဲဝင်ပြီးပျောက်ကွယ်သွားလိုက်ချင်တဲ့ခံစားချက်လို့ ခေါ်တာလား....'



🥰