အပိုင်း ၂၀၆
Viewers 29k

Chapter 206


C.Hမှ စကင်ကဲထုတ်ကုန်အမျိုးမျိုးက ပိုမိုများပြားလာပြီး C.H၏ ထုတ်ကုန်များကို ခေတ်သစ်သို့ ရောက်စေသည်။


မူလက ပစ္စည်းတစ်ခုတည်းကိုသာ မိတ်ဆက်ခဲ့သည်။ မကြာခင်တွင် sunscreenများ၊ အသားဖြူစေသည့် ပစ္စည်းများ၊ တင်းတိပ် မှည့်ခြောက် ပျောက်စေသည့် ပစ္စည်းအတွဲများ၊ ရေဓာတ်ဖြည့် ပစ္စည်းအတွဲများ၊ အရွယ်တင် နုပျိုစေသည့် ပစ္စည်းများ နှင့်အခြားအရာမျိုးစုံကို ကြော်ငြာခဲ့သည်။


ထိုပစ္စည်းမျိုးစုံကို ကြော်ငြာလိုက်သည်နှင့် မရေမတွက်နိုင်သော အမျိုးသမီးများ၏ သဘောကျမှုကို ခံလိုက်ရသည်။


ထိုပစ္စည်းအတွဲများက မူရင်းထက် ဈေးမြင့်ပြီး အထူးသဖြင့် အရွယ်တင်နုပျိုစေသည့် ပစ္စည်းများမှာ အခြား brand အကြီးစားများနှင့် ဈေးနှုန်းအတူတူပင်။


C.H၏ ထုတ်ကုန်များက ဈေးများ မြင့်သွားကြသော်လည်း ဝယ်ယူကြမည့် အမျိုးသမီး မတားဆီးနိုင်ပေ။


ဖီလာအားဖြင့် ပစ္စည်းအတွဲများ ထပ်တိုးလိုက်ခြင်းက C.H၏ ရောင်းရနှုန်းကို မြင့်တက်သွားစေသည်။


၎င်း၏ ရောင်းရနှုန်းက မရေမတွက်နိုင်လောက်သည့် နံပါတ်များအထိ မြင့်တက်သွားသည်။ ၎င်းတွင် နိုင်ငံတွင် အွန်လိုင်းဈေးရောင်း ချန်နယ်ထဲမှ ရောင်းနှုန်းပါ ပါဝင်လေသည်။


C.H၏ စကင်ကဲ brandက ယခုမှ တည်ထောင်ကာစ ဖြစ်သော်လည်း အခြားသော တည်ထောင်ပြီးသည့် ကုမ္ပဏီများကို ဖိနှိပ်ပြီးပြီ ဖြစ်သည်။ ၎င်းက စကင်ကဲဈေးကွက်တွင် မြင့်မားသော နေရာတွင် ရှိနေလေပြီ။


"Big Bang"၏ အပိုင်းများတစ်လျောက်တွင် C.H၏ ထုတ်ကုန်များက ပိုမိုနာမည်ကြီးလာသည်။


မည်သို့ပင်ဆိုစေ C.H၏ ထုတ်ကုန်များက Big Bang၏ အပိုင်းတိုင်းတွင် ထည့်သွင်းထားသည်။


အမေရိကန် ဇာတ်လမ်းတွဲထဲတွင် အချစ်ခံရဆုံး ဇာတ်ကောင် အော်ရိုရာက ၎င်းကို ကြော်ငြာပေးလေသည်။


ရှအန်း သရုပ်ဆောင်ရသည့် ဂန်းစတား အော်ရိုရာက နောက်တစ်ပိုင်းထုတ်လွှင့် ပြသပြီးသည်နှင့် ပိုမိုအရေးပါလာသည်။


၎င်းက ဇာတ်လိုက်မ၏ ဇာတ်ကောင်ကိုပင် ဖိနှိပ်သွားပြီး နောက်ထပ် အဓိကဇာတ်ကောင် တစ်ယောက် ဖြစ်လာသည်။


၎င်းက ထိုဇာတ်ကောင်ကို ပိုမိုနာမည်ကြီးလာစေသည်။


နိုင်ငံခြားသားများကလည်း တရုတ်ရိုးရာများကို ပိုမိုစိတ်ဝင်စားလာကြသည်။


အထူးသဖြင့် တရုတ်ကွန်ဖူးဖြစ်ပြီး ရှအန်း၏ ကွန်ဖူးက အလွန်ထက်ရှကာ လှပလှသည်။


တိုက်ခိုက်သည့် အခန်းတိုင်းက အလွန်ကြည့်၍လှပေသည်။


ဇာတ်ညွှန်းကြောင့်သာမဟုတ်ပါက ဒါရိုက်တာက ရှအန်းကို တိုက်ခိုက်ခန်းချည်းသာ ရိုက်ခိုင်းပစ်ချင်နေသည်။


သို့သော် ဤသည်က ခေတ်သစ်ဇာတ်ကားမျိုးဖြစ်ပြီး သူမက ဂန်စတားတစ်ယောက် အနေဖြင့် သရုပ်ဆောင်ရခြင်းဖြစ်သည်။


ထို့ကြောင့် ရှအန်း၏ တိုက်ခိုက်ခန်းများမှာ အများကြီး မပါပေ။


သို့သော် ၎င်းက သူမ၏ခန့်ညားမှုကို မထိခိုက်စေပေ။


ရှအန်းတွင် ဓားများသေနတ်များ ရှိပြီး ထိုသည်များကို အသုံးပြုစဉ်တွင်လည်း သူမ၏ဆွဲဆောင်မှုက လျော့ကျသွားခြင်း မရှိပေ။


ဓားပစ်ချိန်တွင်လည်း တစ်ချက်တည်းဖြင့် ပန်းသီးကို ထိအောင် ပစ်နိုင်သည်။


သေနတ်ပစ်ချိန်တွင် ပိုမိုကြောက်မက်ဖွယ် ကောင်းလေသည်။


သေနတ်အစစ်မဟုတ်ပဲ ဇာတ်ကားသုံး ပစ္စည်းဖြစ်သော်လည်း ရှအန်း၏ ကိုယ်နေဟန်ထား၊ မောင်းတင်ပုံ၊ ပစ်ခတ်ပုံ၊ ချိန်ရွယ်ပုံတိုင်းက ကြောက်မက်ဖွယ်ကောင်းနေသည်။


ရှအန်းက စတားတစ်ယောက်ဟု အသေအချာ မသိထားပါက Big Bangမှ ရိုက်ကူးရေးအဖွဲ့မှာ သူမကို တကယ့်ဂန်းစတားတစ်ယောက်ဟု သေချာပေါက် ထင်မိပေလိမ့်မည်။


ပရိုဂရမ်ကို ကြည့်သည့် လူများကလည်း ထိုအတ်ုင်းပင်။ TVတွင် ဇာတ်လမ်း ထုတ်လွှင့် ပြဿည်နှင့် ပရိတ်သတ်များက ရှအန်း၏ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းလှသည်ဟု ခံစားနေကြရသည်။


အမေရိကန်တွင် ရှအန်း၏ကျော်ကြားမှုကလည်း တစ်ဟုန်ထိုးမြင့်တက်လာသည်။


တရုတ်လူမျိုးတစ်ယောက်က အမေရိကန်တွင် တစ်နေရာရအောင် သူမဘာသာ လုပ်နိုင်ခဲ့သည်။ ဟောလိဝုဒ်မှ အရင်းအမြစ်များကို သိမ်းယူပြီး ဥရောပနှင့် အမေရိကမှ စတားများထံမှ ကျော်ကြားမှုကိုလည်း သိမ်းယူလိုက်သည်။


ထိုသည်ကို သာမန်လူများက မလုပ်နိုင်သလို အာရှသားများဆို ပိုဆိုးပေသည်။


သို့သော် ရှအန်းက အလွန်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။


အမေရိကန်ဇာတ်လမ်းတွဲ Big Bangဖြင့် ရှအန်း၏ တန်ကြေးက မြင့်တက်လာခဲ့သည်။


ရှအန်းကို ခေါ်ယူ၍ ဇာတ်ကားရိုက်ချင်နေသည့် လူများစွာ ရှိနေသည်။


ထိုသည်နှင့်အတူ ရသစုံရှိုးများမှ ဖိတ်ကြားချက်များ၊ အင်တာဗျူးနှင့် Talk ရှိုးများ၏ ဖိတ်ကြားမှုများ အလွန်များပြားလှသည်။


Big Bangပင် မပြီးသေး၍ ဇာတ်ကားရိုက်ရန်အတွက်တော့ ရှအန်းတွင် အစီအစဉ်မရှိသေးပေ။


ရိုက်ကူးရေး ပြီးသွားလျှင်လည်း လတ်တလောတွင် ထပ်မံသရုပ်ဆောင်ရန် ရှအန်းတွင် အစီအစဉ်မရှိပေ။


သို့သော် ရသစုံရှိုးများနှင့် Talk ရှိုးများအတွက်မူ သူမ၏အေးဂျင့်ဖြစ်သူ ရှုထျန်းထျန်း စီစဉ်ထားသည်များကို ငြင်း၍မရပေ။


ရှအန်းက ထိုထူးဆန်းလှသည့် နိုင်ငံခြားရသစုံရှိုးများနှင့် Talk ရှိုးများအတွက် နာနာခံခံဖြင့် လေ့ကျင့်လေသည်။


အမေရိကန်ရသစုံရှိုးများနှင့် Talk ရှိုးများတွင် စတင်၍ ပါဝင်လာသော ရှအန်းက မရေမတွက်နိုင်သော လူများထံမှ ချီးကျူးခံလိုက်ရသည်။


ရှုထျန်းထျန်းက ရှအန်း၏ ပင်ကိုယ်အရည်အချင်း မျိုးစုံကို သေသေချာချာသိပေသည်။


ထို့ကြောင့် သူမ၏ အရည်အချင်းကို သေသေချာချာပြနိုင်သော ရသစုံရှိုးများကို ရွေးချယ်ခဲ့သည်။


ခစ်ခစ်ခစ်...


ရှုထျန်းထျန်း ရှအန်းအတွက် စီစဉ်ပေးထားသည့် ရသစုံရှိုးများမှာ သာမန်ရှိုးများ မဟုတ်ကြပဲ ပြင်းထန်လှသည့် အားကစားစိန်ခေါ်မှုများ ပါဝင်သည့် ရှိုးများ ဖြစ်ကြသည်။


တစ်ပိုင်းစီတွင် အပျော်တမ်း ပါဝင်သူများနှင့် ဆယ်လီများက အတူတူယှဉ်ပြိုင်ရသည်။ ထိုလူအုပ်စုက မဖြစ်နိုင်လုနီးပါး ဖြစ်သည့် စိန်ခေါ်မှုများကို အတူတူလုပ်ရသည်။


ရှိုး၏ ခက်ခဲမှုက အလွန်မြင့်ပြီး အပျော်တမ်းပါဝင်သူများနှင့် စတားများကလည်း အတူတူယှဉ်ပြိုင်ရသဖြင့် ထိုရသစုံရှိုး၏ ကြည့်ရှုနှုန်းမှာ အလွန်မြင့်လှသည်။


ရှအန်းက သူမ၏ သန်မာလှသည့် အရည်အချင်းများနှင့် စိန်ခေါ်မှုတိုင်းကို အောင်အောင်မြင်မြင် အနိုင်ယူလေ့ရှိသည်။ ထို့ကြောင့် သူမက လူရှာဖွေမှုအများဆုံး စာရင်းထဲတွင် ထပ်ပါလာပြီး ထပ်မံကျော်ကြားလာပြန်သည်။


တိုက်ရိုက်ထုတ်လွှင့်သည့် Talk ရှိုးများတွင်လည်း ရှအန်းက သူမ၏ ကောင်းမွန်လှသည့် မှတ်ဉာဏ်များနှင့် ချောမွေ့လှသည့် အင်္ဂလိပ်စာ စွမ်းရည်ကို ချပြခဲ့သည်။


အမေရိကန်ဇာတ်လမ်းတွဲ Big Bang၏ ဒသမပိုင်းဖြစ်သည့် နောက်ဆုံးပိုင်းကို ထုတ်လွှင့်သောအခါ နိုင်ငံခြားတွင် ရှအန်း၏ ကျော်ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့လေသည်။


Big Bang၏ ဒဿမမြောက်အပိုင်းကို ထုတ်လွှင့်သည်နှင့် ရှအန်းက အမေရိကန်လူမျိုးများ၏ ပါးစပ်ဖျားတွင် ရေပန်းစားလာခဲ့သည်။


ထို့အပြင် ၇၀%သော ထိုလူများက သူမ၏ ပရိတ်သတ်များ ဖြစ်ကြသည်။


ကျန်သည့် ၃၀%မှာ ရှအန်းကို သဘောကျသည့် ဖြတ်သွား ဖြတ်လာ လူများသာဖြစ်သည်။