အပိုင်း ၂၀၇
Viewers 29k

Chapter 207


"Big Bang"၏ ပထမ seasonက TVတွင် ထိပ်ဆုံး ကြည့်ရှုနှုန်းဖြင့် ဗိုလ်ဆွဲနေသည်။


ပထမ seasonပြီးသည်နှင့် ဒုတိယ seasonအကြောင်းကို အစီအစဉ်ဆွဲပြီးဖြစ်သည်။


၎င်းက လူများစွာကို ရှအန်း၏တန်ဖိုးကို သိစေပြီး ကမ်းလှမ်းမှုများစွာ ရလာစေသည်။


[အိန်ဂျယ်လ်က တောက်ပနေတာပဲ... ငါတော့ Big Bangအဆုံးသတ်သွားမှာကို မကြည့်ရက်ဘူး...]


[ငါတော့ Big Bangရဲ့ ဒုတိယseasonစရိုက်တော့မယ်လို့ ကြားထားတယ်... သူတို့ ရိုက်ပြီးတာနဲ့ ချက်ချင်း လွှင့်ပေးရင် ကောင်းမှာပဲ...]


[ငါတို့ ဒုတိယseasonကို နောက်နှစ်အထိ စောင့်ရမှာ... အိန်ဂျယ်လ်က အခြားTVစီးရီးတွေမှာ ပေါ်လာပါစေလို့ ဆုတောင်းမိတယ်...]


[သူမက ရသစုံရှိုးတွေနဲ့ Talk ရှိုးတွေမှာ ပါနေလည်း အဆင်ပြေပါတယ်... အိန်ဂျယ်လ်ရဲ့ လက်ရှိရှိုးနှစ်ခုက အတော်ကောင်းတယ်... ငါတော့ အိန်ဂျယ်လ်က IQအရမ်းမြင့်တယ်လို့ ထင်တာပဲ..]


[အိန်ဂျယ်လ်ကို TVပေါ် ထပ်ခေါ်လာပေးပါ... အိန်ဂျယ်လ်က အရမ်းကို သိုသိုသိပ်သိပ်နေတာပဲ... အခုလက်ရှိ သူမရဲ့ ရှုတင်အသစ်တွေကလွဲလို့ အခြားအချိန်တွေမှာ မြင်ကို မမြင်ရဘူး....]


[အိန်ဂျယ်လ်က ငါတို့တိုင်းပြည်မှာ ဆက်ပြီးသရုပ်ဆောင်နေဦးမှာလား... တရုတ်ကို ပြန်မသွားဘူးလား...]


[မပြန်လောက်ဘူး... အိန်ဂျယ်လ်က USမှာပဲ ရှိုးတွေရိုက်နေတာ... တရုတ်ကို တစ်ခါမှ မပြန်ရသေးဘူး... ပြီးတော့ တရုတ်မှာအိန်ဂျယ်လ်ကို ဘလော့ထားကြတာ...]


[အိန်ဂျယ်လ်က ငါတို့နိုင်ငံသားအဖြစ်ခံယူပြီး အနာဂတ်မှာ ငါတို့နဲ့ နေလည်းရတယ်.. တရုတ်ကို ပြန်ဖို့ မလိုအပ်ဘူး...]


[အိန်ဂျယ်လ်က အမေရိကန်နိုင်ငံသား ခံယူပြီးလောက်ပြီ....]


...


အမေရိကန်လူမျိုးများက ရှအန်းကို အတော်လေး ချစ်ခင်ကြပြီး ရှအန်း၏ နိုင်ငံသားဖြစ်တည်မှုက စိတ်ဝင်စားစရာ သတင်းကြီးတစ်ပုဒ် ဖြစ်နေသည်။


ရှုထျန်းထျန်းက ရှအန်း၏ နိုင်ငံသားခံယူမှုအကြောင်း မေးခွန်းကို ကြည့်နေသည်။ သူမ တစ်စုံတစ်ခု မှားနေကြောင်း အာရုံခံမိနေသည်။


ထို့ကြောင့် ထိုနေ့တွင် ရှအန်းကို သွားရှာခဲ့သည်။


"Big Bang"ရိုက်ကူးပြီးနောက်တွင် ရှအန်းက နောက်ထပ် ပျင်းရိလာပြန်သည်။


သူမတွင် ဟယ်ရီဝင်စတန်အတွက် ကြော်ငြာအနည်းငယ် ရိုက်ကူးပေးရန်သာ ကျန်တော့သည်။


ရှုထျန်းထျန်း ရှအန်းအိမ်ရောက်သောအခါ ရှအန်းက မုန့်ထုပ်ကြီးပိုက်၍ ဟာသကားကို ပျော်ပျော်ရွှင်ရွှင်ကြည့်နေကြောင်း တွေ့လိုက်ရသည်။


သူမက အမျိုးသမီး စတားတစ်ယောက်နှင့် လားလားမှ တူမနေပေ။


ရှုထျန်းထျန်းက မုန့်ထုပ်မျိုးစုံ ဝန်းရံနေသော သူမအနားသို့ ဖြေးဖြေးချင်း သွားလိုက်ရသည်။ သူမ ရှအန်းအနားသို့ ကပ်လာပြီးသည်နှင့် ရှအန်း၏ အမို့အဖောင်းတို့ ပြည့်စုံသော ခန္ဓာကိုယ်၊ သေးသွယ်သော ခြေလက်များနှင့် သွယ်လျသည့် ခါးလေးကို ကြည့်လိုက်မိသည်။


သူမ စိတ်ထဲတွင် 'ရှအန်းရဲ့ ခန္ဓာကိုယ်က မရေမတွက်နိုင်တဲ့ မိန်းမတွေမနာလိုစေတဲ့ ခန္ဓာကိုယ်ပဲ...'ဟု ပြောလိုက်မိသည်။


သူမ ဘယ်လောက်စားစား ဝမလာပေ။


ဝမလာ ကံကောင်းသွားလေသည်။ မဟုတ်ပါက ရှအန်းကဲ့သို့ အစားသမားအကြီးစားကြီးက သူမ၏ စတားဟူသော အလုပ်အကိုင်ကို ဖျက်ဆီးမိသွားမည် ဖြစ်သည်။


ရှုထျန်းထျန်း သူမကိုယ်သူမ ထပ်ခါ ထပ်ခါပြောနေရသည်။


သူမ နတ်ဘုရားမ၏ ခန္ဓာကိုယ်တည်ဆောက်ပုံက ဝမလာစေသည့် အပြင် ပိုစားလေလေ ကျန်းမာလေလေဖြစ်ကာ ပိုမိုသွယ်လျလာလေလေဖြစ်သည်။


"ရှအန်းကျဲ... ကျဲက ဝမလာဘူးဆိုပေမဲ့ အများကြီးမစားနဲ့လေနော်... အဲ့တာက ကျန်းမာရေးချို့ယွင်းစေတယ်..."

ရှုထျန်းထျန်း လေးလေးနက်နက်ပြောလိုက်သည်။


ရှအန်းက ခေါင်းပင် လှည့်မကြည့်ပဲ TVကိုသာ ကြည့်နေသည်။


"သိပါပြီ သိပါပြီ... အိမ်အကူလေးရယ်..."

ရှအန်းက အမှုမထားသလို ပြောလိုက်သည်။


ရှုထျန်းထျန်းက သူမ၏နတ်ဘုရားမလေး မည်သူ့စကားမှ နားမထောင်ကြောင်း သိလေသည်။ ထို့ကြောင့် ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီး ရှအန်းဘေးတွင် ထိုင်လိုက်သည်။


သူမ ရှအန်းဘေးရှိ TV ရီမုကို ယူကာ ခဏရပ်သည့် ခလုတ်ကို နှိပ်လိုက်သည်။


TVပေါ်ရှိ ဟာသကားက ရပ်သွားသည်။


"ထျန်းထျန်း... ဘာလုပ်တာလဲလို့..."

ရှအန်း နောက်ဆုံးတွင် ရှုထျန်းထျန်းကို လှည့်ကြည့်လိုက်သည်။


သူမ၏ ပါးစပ်တွင် ဆီများဝေ့နေကာ ကြက်ကြော်ကြီး တစ်တုံးလုံးကို စားနေသည်။


၎င်းကသူမ၏လှပမှုကို မထိခိုက်စေပေ။ ထိုတောက်ပနေသည့် ပန်းဆီရောင်နှုတ်ခမ်းလေးက ရှုထျန်းထျန်းကို ဆွဲဆောင်နေလေသည်။


၎င်းက သူမကို နမ်းရှိုက်ချင်စိတ် ပေါ်လာစေသည်။


ရှုထျန်းထျန်းက သူမကိုယ်သူမ အကြည့်မှားသည်လား မသိတော့ပေ။ ရက်အနည်းငယ်မျှ မတွေ့ရသေးသော်လည်း နတ်ဘုရားမက ပိုလှလာပုံပင်။


"အဟမ်း..."


ရှုထျန်းထျန်းက ချောင်းအသာဟန့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"ရှအန်းကျဲ.. ညီမ ကျဲနဲ့ ဆွေးနွေးစရာ ရှိလို့..."


ရှုထျန်းထျန်း၏ လေးနက်နေသည့် ပုံကြောင့် ရှအန်းက လိမ်လိမ်မာမာနားထောင်လိုက်သည်။


"ဘာဖြစ်လို့လဲ..."


"ရှအန်းကျဲ... ဘယ်တော့လောက် တရုတ်ကို ပြန်မလဲ..."

ရှုထျန်းထျန်း၏ စကားများက ရှအန်းကို အတွေးများသွားစေသည်။ ထို့နောက် သူမ၏ အေးဂျင့်ကို သံသယဖြင့် ကြည့်လိုက်သည်။


"တရုတ်ကို ပြန်ရမယ်... ကျဲက ဘာလို့ တရုတ်ကို ရုတ်တရက်ကြီးပြန်ရမှာလဲ...."


အမေရိကန်တွင် နေရသည်မှာ ကောင်းမွန်လှသည်။ ထို့ကြောင့် ရှအန်းက တရုတ်ကို ပြန်ရန် အစီအစဉ်မရှိပေ။


မူလက တရုတ်အစားအစာ မျိုးစုံကို စားချင်၍ အိမ်ပြန်ချင်ခဲ့သည်။


သို့သော် သူမ၏ ဉာဏ်ကြီးရှင် သားလေးချက်သည်က ပိုမိုအရသာရှိလှသည်။


သူမ ဘာစားချင်စားချင် သူမ၏ဉာဏ်ကြီးရှင်သားလေးက ချက်ပေးနိုင်သည်။ သူမ၏သားလေး ချက်သည့်ဟင်းပွဲများက သွားရည်ယိုစရာပင်။ ထို့ကြောင့် သူမသားလေးချက်ကျွေးသမျှကို စားပြီး ရှအန်း တရုတ်ကို မပြန်ချင်တော့ပေ။


သူမက အမေရိကန်ရှိ ဗီလာကြီးထဲတွင် ပျော်ပျော်ရွှင်ရွှင် နေနေရသည့် ကောင်မလေးတစ်ယောက် ဖြစ်နေသည်။ ရှအန်းက သူမ၏ ဘဝလေးက အလွန်သက်တောင့် သက်သာရှိကြောင်း ခံစားနေရသည်။


ရှအန်းက တရုတ်သို့ ပြန်ရန် အတွေးပင်ရှိသည့် ပုံမပေါ်ပေ။ ထို့ကြောင့် သူမ နှဖူးသာ ပွတ်လိုက်မိသည်။


"ရှအန်းကျဲ... ဘာပဲဖြစ်ဖြစ် ညီမတို့က တရုတ်လူမျိုးတွေလေ... တရုတ်ကို ပြန်ပြီး ကျဲရဲ့ သရုပ်ဆောင်အလုပ်ကို တိုးတက်အောင် လုပ်သင့်တယ်လေ..."


ရှအန်း ခဏမျှ တွေးကြည့်လိုက်သော်လည်း သူမ အမေရိကန်တွင် နေသည်က ပိုကောင်းသည်ဟု ခံစားမိနေသေးသည်။


အဆုံးတွင် အမေရိကန်တွင် ရှိနေသည့် တစ်ချိန်လုံး သူမက ဇာတ်လိုက်မ၏ မိသားစုနှင့် ဆက်နွယ်မိတော့မည် မဟုတ်ပေ။


ဇာတ်လိုက်မ၏ မိသားစုကို မကြိုက်သော်လည်း ဝေးဝေးနေလျှင် ပိုကောင်းကောင်းသည်ဟု ခံစားမိသည်။ ရွံရေထဲဝင်လျှင် သူမပါ ညစ်ပတ်သွားမည်ဖြစ်သည်။


"ကျဲအမေရိကန်နေတာနဲ့ တရုတ်မှာရှိတဲ့ လုပ်ငန်းပိုင်းက မတိုးတက်ဘူးလို့ ဘယ်သူပြောလဲ... ကျဲတို့ရဲ့ စတားဘဝက တရုတ်မှာ ထုတ်လွှင့်ပြသနေတာကို တွေ့တာပဲကို...."


ရှုထျန်းထျန်းက သူမခေါင်းကို အသာခါလိုက်ပြီး လက်ရှိ ရှအန်း၏ လူမျိုးနှင့် ပတ်သတ်သည့် မေးခွန်းများကို တွေးနေလိုက်သည်။


"အဲ့လောက် မရိုးရှင်းဘူး...ရှအန်းကျဲ.. ကျဲရဲ့ လုပ်ငန်းပိုင်းက တရုတ်မှာ တိုးတက်နေတယ်ဆိုပေမဲ့ တခြားလူတွေနဲ့ မတူဘူးလေ.."


အဆုံးတွင် မည်သည့် တရုတ်ဆယ်လီအမျိုးသမီးကမှ နိုင်ငံခြား ကြော်ငြာမျိုးစုံနှင့် ရသစုံရှိုးများကို မရိုက်ကူးပေ။


ကြော်ငြာအပ်သူက နိုင်ငံခြားတွင် ရိုက်စေချင်၍ သွားရိုက်ရသည်က ပြဿနာမဟုတ်ပေ။ သို့သော် ရှအန်း၏ အခြေချရာက ဤတွင်ဖြစ်နေ၍ ကြော်ငြာအပ်ချင်သူများကသာ အမေရိကန်သို့ လာရမည့်ပုံ ဖြစ်နေသည်။


ထို့ကြောင့် ၎င်းက မမြင်ရသည့် ဗုံးတစ်လုံးလို ဖြစ်နေပြီး တစ်ခါလောက် အဆွခံလိုက်ရပါက... သေချာပေါက်ကို....


ရှုထျန်းထျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။


"အဲ့တာက ကျဲကို မျိုးချစ်ပုဂ္ဂိုလ်မဟုတ်ဘူးလို့ သက်သေခံသွားနိုင်တယ် ...."


သူမ ရှုထျန်းထျန်းမျက်နှာပေါ်ရှိ အလေးအနက်ဖြစ်နေပုံကို ကြည့်ပြီး ဆွံ့အသွားရသည်။


"အဲ့တာဘာကြီးလဲ..."

ရှအန်း မျက်ဆန်လှန်ချလိုက်သည်။


အဲ့လိုအရာတွေက သူမကို မျိုးချစ်ပုဂ္ဂိုလ်မဟုတ်ဘူးလို့ နာမည်ထွက်စေမယ်တဲ့လား... သူမက ဖျော်ဖြေရေးနယ်ပယ်ရဲ့ စတားတစ်ယောက်ပါနော်....


"ရှအန်းကျဲရယ်... ဒါက ညီမအတွေးပဲမဟုတ်ဘူး... အခုတလော အင်တာနက်ပေါ်မှာ ကျဲရဲ့ လူမျိုးရေးနဲ့ နိုင်ငံသားခံယူမှုအကြောင်းကို မေးနေကြတာ..."