အပိုင်း ၂၁၁
Viewers 29k

Chapter 211


ရှအန်း၏ သရုပ်ဆောင်လုပ်ငန်းက နိုင်ငံခြားခြားတိုင်းပြည်တွင် ကောင်းမွန်စွာ တိုးတက်နေသော်လည်း ရှုထျန်းထျန်းက တရုတ်လူမျိုးဖြစ်နေသည်။ သူမ၏ ဆွေမျိုးများ သူငယ်ချင်းများမှာလည်း တရုတ်တွင် ရှိနေသည်။


သူမက ရှအန်း တရုတ်ပြည်ပြန်ပြီး ပြည်တွင်းဈေးကွက်တွင် လွှမ်းမိုးရန် မျှော်လင့်နေမိသည်။


တရုတ်ကို ပြန်ပြီး အခြေခိုင်အောင် လုပ်ခြင်းက အကောင်းဆုံးပင်။


ပြည်တွင်းရှိ တိုးတက်နှုန်းက ပြည်ပထက် သေချာပေါက် မြန်ပေသည်။ တရုတ်ပြည်တွင် ပြည်တွင်း ပြည်ပ အရင်းအမြစ်တို့ စုံလင်စွာ ရှိလေသည်။


မူလကစ ပြည်သူလူထုဘက်၏ အထင်အမြင်ကို မတုံ့ပြန်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှအန်း တရုတ်ပြည် ပြန်လိုက်သည်နှင့် အရာရာတိုင်း ဖြေရှင်းပြီးသား ဖြစ်မည်ဟု သိနေ၍ဖြစ်သည်။


ထပ်ပြောရလျှင် ထိုသို့လုပ်လိုက်ပါက ပြည်တွင်းတွင် ပိုမိုကျော်ကြားလာမည် ဖြစ်သည်။


သို့သော်လည်း သူမက ရှအန်း၏ ရှရှင်းချန်နှင့် ကုရှုမိုတို့အပေါ် ခံစားချက်များကို လျှော့တွက်မိလိုက်သည်။


ထို့ကြောင့် ရှအန်း၏ တရုတ်ပြည်မပြန်တော့ဘူးဟူသော ဆုံးဖြတ်ချက်ကို ကြားသည်နှင့် ရိုးရိုးသားသား တောင်းပန်လိုက်ခြင်းဖြစ်သည်။


"ဒီတစ်ကြိမ်မှာ ကျဲတရုတ်ပြည်ပြန်ဖို့ အကြောင်းပြချက်ရသွားပြီလို့ တကယ်တွေးနေမိတာပါ... ညီမ တကယ်တောင်းပန်ပါတယ်... နောက်ဆို ညီမထင်သလို ကောက်ချက်မချတော့ပါဘူး..."


ရှအန်းက ဖျော်ဖြေရေးနယ်ပယ်အတွင်းရှိ လှည့်စားမှုများကို နားမလည်ပေ။


ရှုထျန်းထျန်း၏ ဝန်ခံမှုကို ကြားလိုက်သောအခါ သူမ သတိပြုမိလိုက်သည်ကား...


သူမတော့ သူမရဲ့သစ္စာရှိပရိတ်သတ်လေးဆီက အရူးလုပ်ခံလိုက်ရပြီပဲ...


ဤတစ်ကြိမ်က သူမအကျိုးအတွက် ဖြစ်နေသည်။ ကမ္ဘာတစ်ဝှမ်းကို ခရီးပတ်သွားခဲ့ပြီး ဖြစ်သော ရှအန်းက အတော်လေး သည်းခံလာနိုင်ပြီ ဖြစ်သည်။


"ထားလိုက်တော့... ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်... ဒါပေမဲ့ ရှုထျန်းထျန်း နောက်တစ်ခေါက် ကျဲကို လိမ်ရင်တော့... အာ... ကျဲက လိမ်တဲ့လူတွေကို မုန်းတယ်နော်... အထူးသဖြင့် ကျဲနဲ့ ရင်းနှီးတဲ့လူတွေဆို ပိုမုန်းတယ်..."


ရှအန်း၏ စကားများက ဖုန်းတစ်ဘက်ရှိ ရှုထျန်းထျန်းကို တောင့်တင်းသွားစေကာ အချိန်အတော်ကြာ လေးလေးနက်နက် တောင်းပန်လာသည်။


သူမ နောက်တစ်ကြိမ် ထပ် မလိမ်တော့ပါကြောင်း ဆက်တိုက် အာမခံလိုက်သည်။ ထို့အပြင် ၎င်းက ယခုအကြိမ်တွင် ဖြစ်ပျက်ခဲ့သည်အတွက် အကောင်းဆုံး ဖြေရှင်းနည်းပင်။


ဖုန်းချပြီးသည်နှင့် ရှအန်းက သူမလက်ထဲရှိ ဖုန်းကိုကြည့်ကာ ကူကယ်ရာမဲ့စွာ ရယ်လိုက်သည်။


ရှုထျန်းထျန်းက သူမရဲ့ အမာခံပရိတ်သတ် အကြီးစားကြီးပဲ..


ဖုန်းခေါ်နေစဉ်အတွင်းတွင် ကလေးနှစ်ယောက်က သူမ အခန်းတံခါးနားတွင် နားရွက်ကပ်၍ ခိုးနားထောင်နေကြောင်း ရှအန်းမသိခဲ့ချေ။


တစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်သည်


"ရှောင်ရှင်း သွားကြစို့..."


ကုရှုမော့က ရှအန်း ဖုန်းချပြီးကြောင်း သိလိုက်၍ ကြောင်ငေးငေးဖြစ်နေသော ရှောင်ရှင်းကို ဆွဲ၍ပြေးလေသည်။


ကုရှုမော့က သူတို့၏ အရုပ်ခန်းထဲသို့ ပြေးလိုက်သည်။


"ငါအရမ်းစိတ်လှုပ်ရှားနေတာ... ကံကောင်းလို့ မမနတ်သမီးက ငါတို့ကို ရှာမတွေ့သွားလို့ပေါ့..."


သူ အပြေးရပ်လိုက်သောအခါ သူ၏သူငယ်ချင်းလေးက ငေးကြောင်ကြောင် ဖြစ်နေသေးကြောင်း တွေ့လိုက်ရသည်။


သူ့ကြည့်ရသည်မှာ အတွေးနက်နေသည့် ပုံပင်။


"ဟေးဟေး... ရှောင်ရှင်း ရှောင်ရှင်းရေ... မင်းဘာဖြစ်နေတာလဲ..."


ကုရှုမော့က သူ့သူငယ်ချင်းလေး၏ ကြောင်တောင်တောင်မျက်နှာလေးကို ကြည့်ပြီး အတော်လေးကြောက်သွားမိသည်။


သူတို့တွေ ပထမဆုံး ခိုးနားထောင်တာမလို့ သူ့သူငယ်ချင်းလေးက အရမ်းစိတ်လှုပ်ရှားနေတာများလား...


ကုရှုမော့က ကြောင်တောင်တောင်ဖြစ်နေသော ရှရှင်းချန်ကိုသာ မြင်သော်လည်း သူ့သူငယ်ချင်းလေး၏ စိတ်ထဲတွင် မုန်တိုင်းတိုက်နေကြောင်း သိမနေပေ။


မှန်ပေသည်။ သူတကယ်ကြောက်နေမိပြီ။ သို့သော်လည်း သူတို့ချောင်းနားထောင်၍ ကြောက်နေခြင်းမဟုတ်ပဲ...


သနားစရာရှရှင်းချန်လေးက ရှအန်း၏ စကားများကြောင့် ကြောက်နေခြင်းဖြစ်သည်။


'အာ... ကျဲက လိမ်တဲ့လူတွေကို မုန်းတယ်နော်... အထူးသဖြင့် ကျဲနဲ့ ရင်းနှီးတဲ့လူတွေဆို ပိုမုန်းတယ်...'


ရှအန်း၏ ထိုစကားများက မှော်ဂါထာတစ်ခုလို ရှောင်ရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး သူ့ကို အခြားအရာများကိုပင် မကြားရအောင် ဖြစ်နေစေသည်။


သူ၏ နတ်သမီးမေမေက လိမ်သည့်လူများကို မုန်းပြီး သူမနှင့် ရင်းနှီးနေသည့် လူက လိမ်လျှင် ပိုမုန်းလေသည်။


ရှရှင်းချန်က သူ၏ နှုတ်ခမ်းလေးကို တင်းတင်းစေ့ပြီး အတော်လေး ထိတ်လန့်နေသည်။


သူ သူ့မေမေနတ်သမီးကို လိမ်လိုက်မိပြီလေ... ဘယ်လိုလုပ်ရတော့မလဲ...


သူ အမှန်အတိုင်း ပြောလိုက်သင့်လား...


အဲ့ဒီ့ စကင်ကဲထုတ်ကုန်တွေရဲ့ ဖော်မြူလာတွေက သူရှာတွေ့ထားတာ မဟုတ်ဘူးလေ...


ပြီးတော့ စန်းယုံအော်ပရာပုတီးရဲ့ ဆွဲသီးကလည်း သူမအတွက် သူဝယ်ပေးတဲ့ဟာလည်း မဟုတ်ဘူးလေ..


တကယ်တော့ သူ့ခေါင်းထဲမှာ ရှိနေတုန်း...


"ဟေးရှောင်ရှင်း... မင်းဘာတွေ တွေးနေတာလဲ... မင်းတကယ် ကြောက်နေတာလား..."


ထိုအချိန်က ကုရှုမော့က ရှောင်ရှင်း ကြောက်တောင်တောင်ဖြစ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။ ဤအကြိမ်တွင် သူအရမ်းစိုးရိမ်သွား၍ ရှောင်ရှင်း၏ နှာခေါင်းကို အားပါးတရညှစ်လိုက်ကာ အသက်ရှူမရအောင်ပင် ဖြစ်သွားစေသည်။


ထိုလုပ်ရပ်က အလွန် ထိရောက်မှုရှိလှသည်။ ရှရှင်းချန်က သတိပြန်ဝင်လာသည်။


"မင်း ဘာလုပ်နေတာလဲ..."


ရှရှင်းချန် မျက်မှောင်ကြုတ်ကာ ကုရှုမော့လက်ကို ရိုက်ချလိုက်သည်။


"ရည်ရွယ်ချက်ကောင်းတွေက မြည်းရဲ့ အသည်းနဲ့ အဆုတ်ကို အမှားဖြစ်သွားစေတယ်... မမနတ်သမီးက ငါတို့ကို အပြင်ထွက်လာတဲ့ ကာတွန်း အတူတူကြည့်ကြမယ်တဲ့..."


ကုရှုမော့က ပြုံးပြုံးလေး ပြောလိုက်သည်။


ရှရှင်းချန်က နှုတ်ခမ်းတင်းတင်းစေ့ကာ တိုးတိုးလေးပြောလိုက်သည်။

"အိုး... ကျေးဇူး.."


"ဟေး.. ပြဿနာမရှိပါဘူး... စကားမစပ် ရှောင်ရှင်း မင်းဘာတွေ စဉ်းစားနေတာလဲ..."

ရှရှင်းချန်က ရိုးရိုးသားသား ကျေးဇူးတင်၍ ကုရှုမော့ လန့်သွားရသည်။


ထို့ကြောင့် ရှရှင်းချန်ဘာဖြစ်သွားသလဲ ထပ်မေးလိုက်သည်။


ကုရှုမော့၏ စပ်စုချင်နေသော မျက်နှာကို ကြည့်ပြီး ရှရှင်းချန်က မပြောပြချင်တော့ပေ။


ထို့ကြောင့် ရှရှင်းချန်က ခဏမျှ တုန့်ဆိုင်းပြီးမှ ပြောပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။

"ငါမင်းကို ပြောပြမယ်.. ဘယ်သူ့ကိုမှ မပြောနဲ့နော်.."


"ကောင်းပြီလေ....ငါကတိပေးပါတယ်...."