အပိုင်း ၂၁၂
Viewers 29k

Chapter 212


ကောင်ငယ်လေးက ထိုပြဿနာကြောင့် အတော်လေး စိတ်ဖိစီးနေသော်လည်း ကုရှုမော့ကို ပြောပြရလောက်အောင်အထိ မတုံးအပေ။


ရှောင်ရှင်းချန်က ကလေးငယ်လေးသာရှိသေးသည်။ သူမည်မျှ ထက်မြက်နေပါစေ ကလေးသာဖြစ်နေဆဲဖြစ်သည်။


လိမ်ညာခြင်းအကြောင်းအများကြီးမသိပေ။ ထို့ကြောင့် သူကာသူငယ်ချင်းက သူ့အမေကို လိမ်လိုက်သည်ဟုသာ ပြောပြလိုက်သည်။


သို့သော် ကုရှုမိုက ရှရှင်းချန်၏ အလိမ်အညာကို တိုက်ရိုက်ကြီး ဖော်ထုတ်လိုက်သည်။


"ရှောင်ရှင်း မင်းပြောတဲ့ သူ့အမေကို လိမ်လိုက်တယ်ဆိုတဲ့ အတန်းဖော်က မင်းပဲမလား..."


ကုရှုမော့က ညှာတာမှုပင်မပြပဲ ရှရှင်းချန်၏ အလိမ်အညာကို ပြောလိုက်သည်။


"..."


ရှရှင်းချန်က ကုရှုမော့သူ့ကို ဖမ်းမိသွားမည်ဟု မထင်ခဲ့ပေ။


ယခုတွင် ကောင်ငယ်လေးက နောင်တရနေပြီဖြစ်သည်။


ဘာလို့ သူ့စိတ်မတည်ငြိမ်သေးခင် ကုရှုမော့ကို ဘာကိစ္စကြောင့် အကူအညီတောင်းလိုက်မိတာလဲလို့...


"ငါမဟုတ်ပါဘူး..."

ခဏမျှငြိမ်ကျသွားပြီးနောက်တွင် ရှရှင်းချန်က လုံးဝငြင်းလေသည်။


သို့သော် ကုရှုမော့၏ EQက ရှရှင်းချန်ထက် မြင့်ပေသည်။


သူရှရှင်းချန်ကို ပြုံးပြုံးကြီးကြည့်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

"ငါ့ကို မလိမ်ပါနဲ့... မင်းပြောတဲ့ အတန်းဖော်ဆိုတာက မင်းပါပဲ.. ငါတို့က တစ်ခန်းတည်းလေ..မင်း အတန်းထဲက အခြားလူတွေနဲ့ စကားပြောတာ မမြင်ဖူးပါဘူး..."


ကုရှုမော့သူ့လက်သူ ဆန့်ထုတ်ပြကာ ရှရှင်းချန်ကို ရယ်လိုက်သည်။


"မင်းမှာ ငါကလွဲလို့ သူငယ်ချင်းမှ မရှိတာ..."


"..."


ရှရှင်းချန်က ကုရှုမော့မျက်နှာပေါ်ရှိ ရယ်ချင်ပက်ကျိဖြစ်နေသော အပြုံးကြီးကိုကြည့်ပြီး ကုတ်ဆွဲပစ်ချင်လာနေသည်။


"ငါ့မှာ သူငယ်ချင်းမရှိဘူးလို့ မင်းကို ဘယ်သူပြောလဲ... "

ရှရှင်းချန် နှာမှုတ်လိုက်ကာ သူ၏နူးညံ့နေသော မျက်နှာလေးထက်တွင် မပျော်မရွှင်ဖြစ်နေသော ခံစားချက်တို့ ပြည့်နှက်နေသည်။


ဒီရှုမိုက မကောင်းတဲ့ကောင်ပဲ... အရမ်းဉာဏ်ကောင်းတဲ့ မကောင်းတဲ့အကောင်...


အနာဂတ်မှာ သူသတိထားမှရမယ်...


"ဟေး... ရှောင်ရှင်း.. ငါ့အဘိုးကပြောတယ် မုသားပြောတာကို နှစ်မျိုးခွဲလို့ရတယ်တဲ့... အဖြူရောင် မုသားနဲ့ အနက်ရောင်မုသားတဲ့... အဖြူရောင်မုသားဆိုတာက မမနတ်သမီးအတွက် ကောင်းစေဖို့ လိမ်တာဆိုပေမဲ့..."


ကုရှုမော့၏ စကားများကို ကြားသောအခါ သူ့ခံစားချက်များ မတည်မငြိမ်ဖြစ်လာသည်။


သူကုရှုမော့ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။


ကုရှုမော့စကားပြောတာရပ်သွား၍ သူ့နှလုံးက လျှင်မြန်စွာ ခုန်ပေါက်လာသည်။


"ဒါပေမဲ့ ဘာဖြစ်လဲ...."

ကောင်ငယ်လေးက သူဒေါသထွက်နေသည်ကိုပင် မေ့သွားပြီး မြန်မြန်လေး မေးလိုက်သည်။


ရှရှင်းချန် စိုးရိမ်ပူပန်နေသည်ကိုမြင်၍ ကုရှုမော့မျက်နှာပေါ်ရှိ အပြုံးကြီးက ပိုမိုကြီးမားလာသည်။


"ဒါပေမဲ့... ဘာပဲဖြစ်ဖြစ် မင်း မမနတ်သမီးကို မြန်မြန်လေး ဝန်ခံလိုက်ရင် ကောင်းမယ်ထင်တာပဲ.. ဘယ်လိုပဲပြောပြော ကောင်းစေချင်လို့ လိမ်ညာပြောတာကလည်း မုသားပဲလေ..."


ကုရှုမော့၏စကားများကို ကြားပြီးနောက် ရှရှင်းချန်၏ စိတ်ကလေး ပိုမိုစိတ်ဖိစီးလာသည်။


အဘယ်ကြောင့်ဆိုသော် သူ သူ၏နတ်သမီးမေမေကို ဘယ်လို ဝန်ခံရမလဲ မသိပေ။ သူ့နတ်သမီးမေမေက သူ့ကို ယုံမလားလည်း မသိပေ။


"ကောင်းပြီလေ... ရှောင်ရှင်းရေ မမနတ်သမီးနဲ့အတူတူ ကာတွန်းကြည့်ရအောင်လေ... သွားကြစို့..."


သနားစရာရှရှင်းချန်လေးက ထိုအချိန် သူ့စိတ်ထဲတွင် အခြားအတွေးများ ဝင်လာခဲ့သည်။


ကောင်ငယ်လေးက သူ၏နတ်သမမေမေကို ထပ်တွေ့သောအခါ ခေါင်းပင် မမော့ရဲတော့ချေ။


သူက အချိန်တစ်ချို့ရှာပြီး သူ၏နတ်သမီးမေမေကို သူ့တွင် ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့်အရာများကို ဝန်ခံရမည့်အကြောင်း တွေးနေသည်။


အတွေးများဖြင့် ရုန်းကန်ရင်း သနားစရာကောင်လေးက သူ့ဘဝတွင် ပထမဆုံးအကြိမ် အိပ်မပျော်ဖြစ်ခဲ့ရသည်။


....


ရှုထျန်းထျန်းက ရှအန်း၏ နိုင်ငံချစ်စိတ်မရှိဘူးဟူသော သတင်းများကို တက်တက်ကြွကြွ ကိုင်တွယ်နေသည်။


ရှုထျန်းထျန်းက ဤသည်ကို ဖြေရှင်းရန် မခက်သော ပြဿနာဟုပြောခဲ့သည်။


သို့သော်လည်း ထိုမျှမလွယ်ကူပေ။


အဘယ်ကြောင့်ဆိုသော် သူမ ရှအန်းအတွက် မည်မျှ ဖြေရှင်းချက်ပေးနေပါစေ တစ်စုံတစ်ယောက်က တမင်တကာကို ရေဆိုးရေညစ်များ လိုက်လောင်းနေပြီး အဖြူမှ အမဲလိုက်ပြောင်းနေသည်။


ထိုဆိုက်ဘာစကွက်က မည်သည့် အကျိုးရလဒ်ကိုမှ ဂရုမစိုက်ပဲ လုံးဝပင် မသက်ဆိုင်သည့် စကားများကိုပင် ပြောနေသည်။


ဒီလူအုပ်က အတော်လေး ဉာဏ်ကောင်းလှချေသည်။


၎င်းက သတင်းအမှားများ ဖြစ်ကြောင်း သိ၍ ရှအန်းကို အသေရေဖျက်ရာတွင် ကုဒ်နာမည်များကိုသာ သုံး၍ ပြောကြပေသည်။


ထို့အပြင် ပြန်လည်ဝေမျှသည့် နံပါတ်များနှင့် ပြန်တင်ကြသည်များက ဥပဒေကို ချိုးဖောက်သည်အထိ မရောက်၍ ရှုထျန်းထျန်း အနည်းငယ် ကိုင်တွယ်ရခက်နေသည်။


"ငါသေချာပြောနိုင်တာကတော့... ဒီကိစ္စနောက်ကွယ်ကလူက တကယ်ချမ်းသာတယ်ဆိုတာကိုပဲ...."


ရှုထျန်းထျန်းက ဖျက်မရသည့် ကောလဟာလများကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်းနှင့် ခုန်တက်လာသည့် ကွန်းမန့်အရေအတွက်ကို ကြည့်နေသည်။


သူမရဲ့ နတ်ဘုရားမလေးကို ဘယ်သူကများ ဒီလောက်ပိုက်ဆံတွေအများကြီးသုံးပြီး အပုတ်ချနေရအောင် မုန်းနေတာပါလိမ့်... အဲ့လူက နတ်ဘုရားမကို ဘယ်လောက်ပေးရပေးရ နာမည်ဖျက်ချင်နေသလိုကြီးပဲ...


သူမက PR အဖွဲ့ကိုသုံး၍ ဤပြဿနာကို ပြန်ဖြေချင်းလိုက်သည်။


သူမ၏ ဖြေရှင်းချက်ကို သူမ၏ PRက လိုက်ဖြန့်လေသည်။


သို့သော် ဆိုက်ဘာစကွက်က အရင်ကထပ် ပိုမိုလှုပ်ရှားလာခဲ့သည်။


သူမ၏ ဖြေရှင်းချက်က အတော်လေး သက်ရောက်မှုရှိသော်လည်း သတင်းအမှားများကို ယုံကြသော ဦးနှောက်မရှိသည့် လူများ ရှိနေသေးသည်။


သူတို့က စဉ်းစားကြည့်မည့်အစား သူမ၏ဖြေရှင်းချက်ကို အလိမ်အညာဟုသာ တွင်တွင်ပြောနေသည်။ ၎င်းက ယခုတွင် ပြဿနာဖြစ်နေသည်။


အင်တာနက်ပေါ်ရှိ ဆိုက်ဘာစကွက်၏ မရေမတွက်နိုင်သော ပြောဆိုမှုများကြောင့် ရှုထျန်းထျန်းက ဤပြဿနာကိုဖြေရှင်းရန် ဥပဒေကို သုံးရန် စဉ်းစားလာသည်။


ထို့နောက် သူမ၏ဟက်ကာ ရှောင်ဟယ်ဆီမှ မက်ဆေ့တစ်စောင်ရောက်လာသည်။


"တွေ့ပြီ.. ထျန်းထျန်း နောက်ဆုံးတော့ ငါအသုံးဝင်တာလေး ရှာတွေ့ပြီ..."


"ဘာတဲ့လဲ.."


ရှအန်း တိုက်ခိုက်ခံရစဉ်က ရှုထျန်းထျန်းက သူမတို့၏ ဟက်ကာ ရှောင်ဟယ် ကို တစ်ညလုံးနေခိုင်းပြီး ဤကိစ္စနောက်ကွယ်မှ ကြိုးကိုင်သူကို ရှာခိုင်းလိုက်သည်။


ရှောင်ဟယ်၏ ဟက်ကင်းစကေးက အရမ်းကောင်းပြီး ကိစ္စတိုင်း၏နောက်ကွယ်ရှိ လူကို ရှာတွေ့သွားမည်ဟု မထင်ခဲ့ပေ။


သူတို့ ဆိုက်ဘာအဖွဲ့ဆီမှ သတင်းအချက်အလက်များ လဲလှယ်ခဲ့သော်လည်း နောက်ကွယ်မှ လူကို ရှာမတွေ့ခဲ့ပေ။ ဆက်သွယ်သည့် နည်းလမ်းနှင့် လိပ်စာပြောင်းလဲမှုအမျိုးမျိုးကြောင့် ဘာကိုမှ မဖော်ထုတ်နိုင်ခဲ့ပေ။


ရှုထျန်းထျန်းက ဤကိစ္စက ရှကျင်းဟူသော မိန်းမနှင့် ဆက်နွယ်မှုရှိမည်ဟုခံစားမိသည်။


"ထျန်းထျန်း... မင်းငါ့ကို ဒီကိစ္စက ရှကျင်းနဲ့ ဆိုင်လောက်မယ်ပြောလို့ ငါရှကျင်းပတ်ဝန်းကျင်က ဒေတာတွေကိုပါ သေချာရှာခဲ့တော့ ဒီကိစ္စအကြီးကြီးကို တွေ့လာရတာ...."


ပထမ ရှုထျန်းထျန်းက ထိုသို့တွေးမိသည်မှာ ရှကျင်းက သူမနတ်ဘုရားမနှင့် သဘောထားကွဲလွဲမှုရှိကြောင်း သိ၍ဖြစ်သည်။


ဒုတိယက ရှကျင်းက အလွန်ချမ်းသာ၍ ဖြစ်သည်။


သူမက ယခုတရုတ်တွင် မရှိသော်လည်း ရှအန်း၏ နိုင်ငံတကာမှရသည့်အရင်းအမြစ်များကြောင့် တရုတ်ရှိ အမျိုးသမီးစတားအများစု၏ အမုန်းတရားကို ဆွဲဆောင်မိလေသည်။


သို့သော် ထိုအမုန်းတရားက ယခုလက်ရှိ သူတို့ရနေသော တန်ဖိုးနှင့်မတူ၍ ရှအန်းကို ဘယ်လောက်ကုန်ကုန် အသေရေဖျက်နေကြခြင်းဖြစ်သည်။


ထို့အပြင် ၎င်းက သူတို့ဘက်က ရှအန်းကို တရုတ်ပြည်ပြန်လာရန် တွန်းအားပေးသလို ဖြစ်နေသည်။


သို့သော် ရှအန်းကို တရုတ်ပြည်ပြန်လာအောင်တွန်းအားပေးရန် ငွေအကုန်အကျခံရအောင် မည်သူက ထိုမျှတုံးအမည်နည်း။


ယခုလက်ရှိ ပြည်တွင်းမှ အမျိုးသမီးစတားများက ရှအန်းကို တရုတ်ပြည်ပြန်လာပြီး သူတို့ရရှိထားသည် အရင်းအမြစ်များကို ယူစေရအောင်အထိ မတုံးအပေ။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက ပြိုင်ဘက်များသာဖြစ်ကြပေသည်။


သို့သော် ရှကျင်းက ရှအန်းအပေါ် ထိုမျှ ရန်လိုမည်ဟု သူမ မထင်ထားခဲ့ပေ။ သူတို့၏ အခုအနေက ပို၍ဆိုးနေပေသည်။


"အိုး... ငါမှန်သွားတာပဲ...."

ရှုထျန်းထျန်း ရေရွတ်လိုက်သည်။


ထိုအချိန်တွင် ရှအန်းက Milanမြို့သို့ လေယာဉ်နှင့်သွားနေပြီး ကျော်ကြားသည့် နာမည်ကြီး အဝတ်အစားများ ပြသမည့် စုဝေးပွဲတွင် ပါဝင်ဆင်နွှဲရန် လုပ်နေသည်။


ရှုထျန်းထျန်းက ရှအန်းကို သူမစုံစမ်းရရှိထားသည်များကို မပြောပြသေးပေ။ နိုင်ငံတကာ နာမည်ကြီးအဝတ်အစားအသစ်များ ပြသမည့် စုဝေးပွဲပြီးမှသာ ဖုန်းခေါ်ရန် ဆုံးဖြတ်ချက်ချထားသည်။


"ရှောင်ဟယ်... နင်အဲ့ဒီ့ကနေစပြီး ပိုပြီး တိုက်ရိုက်ကျကျနဲ့ တိကျတဲ့ သက်သေတွေရအောင် တူးဆွလိုက်..."


ရှုထျန်းထျန်း၏ လေသံက အလွန်လေးနက်နေသည်။ သူမ ထိုအကြောင်းကို အတော်လေး တွေးခဲ့ပြီးပြီဖြစ်သည်။


ရှကျင်း၏ ကောင်းမွန်သည့်နောက်ခံက ရင်ဆိုင်ရန် မလွယ်ကူပေ။


သို့သော် သူမ မျက်စိဖွင့်ထားသည်ဖြစ်စေ မှိတ်ထားသည်ဖြစ်စေ ထိုပြဿနာက ရှုပ်ထွေးနေဆဲဖြစ်နေမည်ဖြစ်၍ အလုပ်မဖြစ်လှပေ။


သူတို့ သူမနှင့် ရင်ဆိုင်မှဖြစ်ပေမည်။ ဤတစ်ကြိမ်တွင် သူတို့အရာတိုင်းကို ဖြေရှင်းနိုင်ခဲ့သည် ဆိုလျှင်ပင် နောက်တစ်ခါ ရှိလာဦးမည်ဖြစ်သည်။


ရှကျင်း၏ ချမ်းသာသည့် နောက်ခံကြောင့် သူမ အတော်လေး အလုပ်ကြိုးစားရပေတော့မည်။


ဤတစ်ကြိမ်တွင် ရှကျင်းကို သေအောင်ရိုက်ချရန် အခွင့်ကောင်းဖြစ်သည်။ ထိုမှသာ သူမ၏နတ်ဘုရားမက နောက်အနာဂတ်တွင် မကောင်းသည့် အရာများ မကြုံရတော့မည်ဖြစ်သည်။


ထို့နောက်...


ရှုထျန်းထျန်း၏ မျက်လုံးထဲတွင် မျှော်လင့်ချက်တို့ အပြည့်ဖြစ်လာသည်။ သူ၏ကွန်ပျူတာမှ တစ်စုံတစ်ယောက်၏ အတိတ်ကို ကြည့်နေသော ဟက်ကာကောင်လေးက သူ၏ပိန်ပါးပါးပခုံးပေါ် သန်မာသည့် လက်တစ်ဖက်တင်လာသည်ဟု ခံစားလိုက်ရသည်။


"ရှောင်ဟယ် ... ငါတို့ နတ်ဘုရားမလေးရဲ့ အနာဂတ်က မင်းအပေါ် မူတည်သွားပြီ... လုပ်စမ်းပါ... ငါ မင်းကို ယုံကြည်တယ်..."


"...."


ဟက်ကာလေး -ヽ(@ᗣ@)ノ