အပိုင်း ၂၁၃
Viewers 29k

Chapter 213


အတော်လေး စိုးရိမ် ပူပန်နေသော ရှုထျန်းထျန်းက သူ့မ၏နတ်ဘုရားမက ဤကိစ္စကို သူမဘာသာ ဖြေရှင်းလိုက်နိုင်မည်ဟု မထင်မိပေ။


ယခုတစ်ကြိမ်တွင် အင်တာနက်ပေါ်ရှိ လူများ၏ တိုက်ခိုက်ခံရမှုကို ဖြေရှင်းသည့် နည်းလမ်းမှာ အတော်လေး မထင်မှတ်ထားသည့် နည်းမျိုးဖြစ်နေသည်။


ရှအန်းက နိုင်ငံတကာတွင် ကျော်ကြားသော brandတစ်ခု၏ ထုတ်ကုန်အသစ်များ မိတ်ဆက်ပွဲကို တက်ရောက်ရန် Milanကိုသွားနေသည်။


လေယာဉ်က Milanတွင် ဆိုက်ရောက်ကာစဖြစ်သော်လည်း သူမကိုလာကြိုသည့် ထိုနာမည်ကြီး Brandမှ ဝန်ထမ်းက လေဆိပ်တွင် ရောက်နေပြီဖြစ်သည်။ သူက သူ့brand ကုမ္ပဏီမှ ဖိတ်ခေါ်ထားသည့် စတားအကြီးအစားကို ကြိုဆိုရန် အသင့်ဖြစ်နေလေသည်။


မည်သူကသိမည်နည်း....


"ရှအန်းကျဲ... ဒီဇိမ်ခံ brandက တရုတ်လူမျိုးတွေရဲ့ ဒေါသတကြီး တိုက်ခိုက်တာကို ခံနေရတဲ့ အကြောင်း အင်တာနက်ပေါ်မှာ တွေ့လိုက်ရသည်။


သူမ လေယာဉ်ပေါ်မှ ဆင်းမည် ပြင်ရုံရှိသေး သူမဘေးမှ လက်ထောက်လေး၏ စကားများကို ကြားလိုက်ရ၍ မျက်ခုံးပင့်မိလိုက်သည်။


၎င်းက တိုက်ဆိုင်မှုတစ်ခုပင်။ ယခုတွင် သူမက မျိုးချစ်စိတ်ဓာတ်မရှိသူဟုအပြောခံရပြီး ပုတ်ခတ်ခံနေရသည်။ သူမသာ ဤbrand၏ ပွဲကို အမှန်တကယ် တက်ရောက်လိုက်ပါ... ဖြစ်နိုင်သည်မှာ...


ရှောင်လီက ရှအန်းတိတ်ကျသွားသည်ကို မြင်ပြီး စိုးရိမ် ပူပန်သွားရသည်။


ရှအန်း၏ ယခုလက်ရှိ အခြေအနေက ကိုင်တွယ်ရန် အနည်းငယ် ခက်ခဲကြောင်း သူမသိနေသည်။ အကယ်၍ ရှအန်းသာ ဤbrand၏ ပွဲကို တက်ရောက်လိုက်ပါက ပိုမို မုန်းတီးခြင်း ခံရပေလိမ့်မည်။


"ရှအန်းကျဲ.... အခု ညီမတို့ ဘာလုပ်ကြမလဲဟင်...."


ရှောင်လီက ရှုထျန်းထျန်းလို မဟုတ်ပေ။ သူမတွင် ပြင်းထန်သည့် အခြေအနေများကို ကိုင်တွယ်ရန် စွမ်းမရှိပေ။ သူမက ဟိုသွားဒီသွားပတ်သွားပြီး လူများကို ဂရုစိုက်ပေးရသည့် နေရာတွင်သာ ကျွမ်းကျင်ပေသည်။


သူမက ယခုလို အရေးပေါ်ကိစ္စများကို ကိုင်တွယ်ရန်လောက်အထိ မသန်မာပေ။


တိတိကျကျပြောရလျှင် သူတို့က brand၏ ပြောရေးဆိုခွင့်ရှိသူများ မဟုတ်သော်လည်း စာချုပ်တွင် လက်မှတ်ထိုးပြီးသားဖြစ်သည်။


ယခု သူတို့ ပွဲကို မတက်ရောက်ပါက စာချုပ်ဖောက်ဖျက်ရာရသည်ဟု သတ်မှတ်နိုင်ပေသည်။


ထို့ကြောင့် ရှောင်လီက ပူပန်နေရခြင်းဖြစ်သည်။ သူမ၏ နတ်ဘုရားမလေးကို ပွဲသို့ မတက်ရောက်စေချင်သော်လည်း လျော်ကြေးလည်း မပေးဆောင်စေချင်ပေ။


ရှောင်လီက ထိုပြဿနာကြောင့် အတော်လေး စိတ်သောကရောက်နေရသော်လည်း ရှအန်းက ဂရုပင်မစိုက်ပေ။


သူမက ထိုကဲ့သို့သော ထုတ်ကုန်များ၏ ကြော်ငြာပွဲများကို မတက်ရောက်ချင်ပေ။


သို့သော်လည်း တစ်ဖက်မှ brand ကုမ္ပဏီက ပိုက်ဆံပေးပြီးသားဖြစ်ကာ ရှုထျန်းထျန်းကလည်း သူမကို ဖက်ရှင်အသိုင်းအဝိုင်းတွင် အာရုံစိုက်စေချင်နေသည်။


ထို့ကြောင့် သူမက ဤပွဲကို စိတ်မပါလက်မပါ လာခဲ့ရခြင်းဖြစ်သည်။


သူမက ဤထူးဆန်းလှသည့် ဖက်ရှင်ရှိုးများကို ကြည့်ရင်း အချိန်မဖြုန်းချင်ခဲ့ပေ။ သို့သော် ယခုတွင် သူမ လစ်ထွက်ရန် အကြောင်းပြချက် ရလာလေပြီ။


ပြီးတော သူမရဲ့ မျိုးချစ်စိတ်မရှိဘူးဆိုတဲ့ ကောလဟာလတွေကိုလည်း တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားမယ်... လုပ်စမ်းပါ.. သူမ ဒီမှာထိုင်ပြီး ဖက်ရှင်ရှိုးကြည့်ပြီး အချိန်မဖြုန်းတော့ဘူးလေ....


ထို့ကြောင့် ရှအန်းက ရှောင်လီကို သူမတို့ ဤbrand၏ ထုတ်ကုန်အသစ်များ ကြော်ငြာသည့်ပွဲကို မတက်တော့ကြောင်း ပျော်ပျော်ကြီးပြောလိုက်သည်။


သူမ အမေရိကန်ကို မြန်မြန်ပြန်ချင်နေသည်။


သို့သော် ပြန်မသွားခင် သူမလုပ်စရာရှိသေးသည်။


"ရှောင်လီ... တို့ကို ဓာတ်ပုံရိုက်ပေးဦး... "


ရှောင်လီက ရှအန်း တစ်ပတ်လှည့်ကာ ပို့စ်ပေးရန် ထိုင်ချလိုက်သည်ကို ကြောင်တောင်တောင်လေး ကြည့်နေလိုက်သည်။


သူမတို့ကို လာကြိုသည့် Brandမှ ဝန်ထမ်းကို ဂရုပင်မစိုက်တော့ပဲ အမေရိကန်သို့ ပြန်သွားလိုက်သည်။


ထိုကဲ့သို့ လျှင်မြန်လှသည့် လှုပ်ရှားလိုက်မှုကြောင့် ရှောင်လီက ရှုထျန်းထျန်းကို တစ်ခုခုပြောရန် အချိန်မရှိတော့ပေ။


ရှအန်းက အိမ်သို့ မြန်မြန်ပြန်လိုက်သော်လည်း ပြည်တွင်းမှ အင်တာနက်ပေါ်တွင် ဆူပွက်နေပြီဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ထို ဇိမ်ခံ Brandက တရုတ်ပြည်ကို စော်ကားမော်ကားလုပ်ခဲ့ပြီး မတောင်းပန်၍ နိုင်ငံချစ်စိတ်အပြည့်ရှိသော အင်တာနက်အသုံးပြုသူများကို ဒေါသထွက်စေ၍ ဖြစ်သည်။


၎င်းက ထိုbrandကို အကြီးမားဆုံးဆန့်ကျင်သည့်နေရာတွင် အစပျိုးမှုသာရှိသေးသည်။


ထို brandကို အပြစ်တင် ကြိမ်းမောင်းနေကြချိန်တွင် brand၏ ဖက်ရှင်ရှိုးကို တက်ရောက်ကြသော စတားများကလည်း ကြိမ်းမောင်းခံနေရသည်။


[ဟီးဟီးဟီးဟီး... ချီးbrandက... တရုတ်မှာ တည်မြဲဦးမှာတဲ့လား....]


[Brandတွေဆိုတာက မတူကွဲပြားတဲ့ ရိုးရာကို မီးမောင်းထိုးပြရမှာ... အဲ့ဒီ့ရိုးရာတွေကို မထီမဲ့မြင်ပြုရမှာမဟုတ်ဘူး... နိုင်ငံခြားဈေးကွက်အဖြစ် ချဲ့ထွင်ချင်ရင် အနည်းဆုံးတော့ လေးစားသမှုလေးထားပြီး နားလည်နေရမယ်...]


[ဒီbrandကို boycottမယ်... အဲ့ brandက ထုတ်သမျှ ဘာမှမဝယ်ကြပါနဲ့လို့ တိုက်တွန်းချင်တယ်....]


[အဲ့ brandက နောက်ဆုံးကြရင် ဒါက အထင်လွဲတာပါဆိုပြီး ပြောမလာဖို့ မျှော်လင့်မိတာပဲ... [ခွေးချီးပုံ jpg] ]


....


ထို မျိုးချစ်စိတ်အပြည့်ရှိသော နိုင်ငံသားများက ထို brand၏ ရှိုးပွဲဖို့ ဖိတ်ကြားခံရသည့် ပြည်တွင်းမှ စတားများ အကြောင်းပြောနေကြသည်။


ထို့အပြင် အလွန်သဘာဝကျစွာဖြင့် ရှအန်းအကြောင်းပါ ပါလာခဲ့သည်။


[ရှအန်းကိုလည်း အဲ့ brandက ဖိတ်ကြားထားသေးတယ်... ငါတော့ သူ့ကို နိုင်ငံချစ်စိတ်မရှိတဲ့လူလို့ ပြောတဲ့ ဟာတွေက အမှန်လို့ ခံစားနေရတယ်...]


[ဟီးဟီးဟီး... ရှအန်းက နိုင်ငံခြားတိုင်းပြည်တွေကိုပဲ သဘောကျတဲ့ နိုင်ငံချစ်စိတ်မရှိတဲ့ လူလို့ပြောကြတယ်... သူက နိုင်ငံတွင်းက ကြော်ငြတွေကို ရိုက်ပေးရင်တောင် တရုတ်ကို ပြန်မလာဘူးတဲ့လေ... ဘယ်လိုလုပ်ပြီး အဲ့လိုလူမျိုးက နိုင်ငံချစ်စိတ်ရှိတဲ့လူ ဖြစ်မှာလဲ...]


[ဒါပေမဲ့ အဲ့ဒီ့ brandရဲ့ ထုတ်ကုန်အသစ်တွေ ကြော်ငြာတဲ့ ပွဲကို တက်တဲ့လူတွေက ရှအန်းထက် ပိုဆိုးပါတယ်... အခု ရှအန်းက ဒီကိစ္စကို မတုန့်ပြန်သေးဘူး.. ဆက်ပြီး စောင့်ကြည့်ကြတာပေါ့...]


[ဟုတ်တယ်... ဘယ်စတားကမှ မငြင်းပယ်သေးဘူး... သူတို့က နိုင်ငံတွင်းက ပြောဆိုနေတာတွေကို မမြင်သေးဘူးနေမှာ... အဲ့brandက တရုတ်ကို စော်ကားထားတဲ့အကြောင်း မသိသေးတာ နေမှာ...]


[ဆင်ခြေတွေ... သူတို့က နိုင်ငံခြားရောက်နေရုံပဲလေ... အင်တာနက်ကနေ အဘန်းခံထားရတာမှမဟုတ်တာ... ဒီကိစ္စက ဒီလောက်ကြီးနေပြီကို သူတို့ မမြင်သေးဘူးဆိုတာ ဖြစ်နိုင်လို့လား... သူတို့က မတုန့်ပြန်ချင်ရုံပဲကွ... ဘာပဲဖြစ်ဖြစ် ငါတော့ အဲ့ပွဲသွားတဲ့ စတားတွေအကုန်လုံးကိုဟBoycottပြီပဲ...]


[သူတို့က သူတို့ရဲ့ အမိမြေကိုတောင် လေးစားမှုမထားနိုင်မှတော့... ငါတို့လို တရုတ်လူမျိုးပရိတ်သတ်တွေကလည်း သူတို့ကို ကာကွယ်မနေဘူး...]


...


အမှန်တကယ်တွင် ထိုဆယ်လီများက မတုန့်ပြန်ချင်၍မဟုတ်ပဲ ဤမျှမြန်မြန်ကြီး ဖြစ်ပျက်သွားလိမ့်မည်ဟု မထင်၍ဖြစ်သည်။


Brandဘက်မှ လူများကို ဤမျှဒေါသထွက်အောင် လုပ်လိုက်မည်ဟု မထင်၍ဖြစ်သည်။


လူများက ထုတ်ကုန်အသစ်ကြော်ငြာပွဲ၏ စားသောက်ပွဲတည်ခင်းရာ နေရာကို ရောက်နေကြလေပြီ။


သူတို့သာ စားသောက်ပွဲသို့ ရောက်မနေလျှင် ချက်ချင်း ပြန်လှည့်ထွက်သွား၍ ရပေသည်။


သို့သော် သူတို့က စားသောက်ပွဲရောက်နေပြီဖြစ်ပြီး ချက်ချင်းကြီး လှည့်ပြန်သွားရန်မှာ မကောင်းလှပေ။


သူတို့ကိုယ်သူတို့ စိတ်ထဲတွင် ဆူပူနေကြသည်။

ဘာလို့များ ဒီပွဲပြီးမှ အဲ့ပြဿနာတွေ မဖြစ်ရတာလဲ... အခုလို ကိုးလိုးကန့်လန့်အခြေအနေကြမှ ဖြစ်ရလား...


အခြားသော တရုတ်မှ စတားများက စားသောက်ပွဲတွင် အနားမရဖြစ်နေချိန်ကြသည်။ သူတို့ ဘာလုပ်ရမလဲမသိကြပေ။ ရှေ့ထွက်ကြရန် အချိန်ရောက်လာသောအခါ မျိုးချစ်စိတ်မရှိသူ၏ အပြောခံနေရသော ရှအန်းက ဝေ့ပေါ်တွင် ပထမဆုံး ပို့စ်တင်မည့်လူဖြစ်ကြောင်း မည်သူမျှမထင်ခဲ့ကြပေ။


[ရှအန်းV : တာ့တာပါ Milanရေ [မစင်ပုံ jpg] Noပဲ ပြန်ပြီ... ပြန်ပြီ [အလံပုံ jpg] ]


တရုတ်အပေါ် brand၏ စော်ကားမှုကို ပထမဆုံးတုံ့ပြန်သူမှာ မျိုးချစ်စိတ်မရှိသူ နိုင်ငံချစ်စိတ်မရှိသူ၏ ဆူပူခံနေရသော ရှအန်းဖြစ်နေမည်ဟု မည်သူမှ မထင်ခဲ့ကြပေ။


ထိုအပြင် ရှအန်း၏ ပို့စ်က ဘွင်းဘွင်းရှင်းရှင်းနှင့် ဤမျှကြမ်းတမ်းမည်ဖြစ်ကြောင်းလည်း မထင်ခဲ့ကြပေ။


ဓာတ်ပုံက အလွန်ကျော့မောနေသည်။ ရာသီဥတုနှင့် အချိန်ကို ကြည့်ခြင်းအားဖြင့် ရှအန်းက Milanကို ရောက်နေကြောင်း သိနိုင်သည်။ သို့သော် လေယာဉ်ပေါ်မှ ဆင်းဆင်းချင်း အမေရိကန်သို့ ပြန်သော လေယာဉ်ပေါ် တက်သွားခဲ့သည်။


လုံးဝတုံဆိုင်းခြင်းမရှိပဲ အဝေးကို လျှောက်ထွက်သွားသည့် လူမျိုးကို ကျော့မော့သည်ဟု ခေါ်ပေသည်။


ထိုဝေ့ပေါ်ကို တင်လိုက်သည်နှင့် လိုက်ခ်ပေါင်းများစွာ ရခဲ့သည်။ ကွန်းမန့်များနှင့် ပြန်လည်ဝေမျှသူများကလည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် များပြားနေသည်။


ရှအန်းက နိုင်ငံချစ်စိတ်အကြောင်း သို့မဟုတ် တရုတ်နိုင်ငံအကြောင်းပင် တစ်ခွန်းမှ မဟခဲ့သော်လည်း ၎င်းက လူများကို ရှအန်းက မျိုးချစ်စိတ် အလွန်အမင်း ရှိသူဟု ထင်သွားကြစေသည်။


ယခုထိ ရှေ့ထွက် မရပ်လာကြသော စတားများနှင့် ယှဉ်လျှင် သူမက ပထမဆုံးရှေ့ထွက်ရပ်သူဖြစ်၍ အထင်အမြင်ကောင်းများစွာကို ရရှိခဲ့သည်။


၎င်းက ထိုအချိန်တွင် သူမကို မျိုးချစ်စိတ်မရှိသူဟု ပုတ်ခတ်နေကြသော ဆိုက်ဘာအဖွဲ့က အနည်းငယ် ကိုးရိုးကားရားဖြစ်သွားကြသည်။


အဲ့ပို့စ်တင်ပြီးတာနဲ့ သူတို့က ရှအန်းက ဘယ်လိုလုပ် အသရေဖျက်လို့ ရတော့မှာလဲလို့... သူမက တရုတ်ကိုစော်ကားတဲ့ brandအပေါ်ကို ပထမဆုံး တုန့်ပြန်တဲ့လူဖြစ်နေတယ်လေ....


(╯‵□′)╯︵┻━┻


ချီးလိုပဲ... သူ့ကို နာမည်ဖျက်ဖို့ နည်းလမ်းမရှိတော့ဘူးဟ...


ရှအန်း၏ ဝေ့ပေါ်တွင် ပို့စ်တင်ပြီးသည်နှင့် မျိုးချစ်စိတ်ဟူသော ခေါင်းလောင်းသံက မြည်ဟီးသွားပြီး အခြားသော စတားများကလည်း သူတို့၏ နိုင်ငံချစ်စိတ်ကို သက်သေပြရန် ပို့စ်တင်ကြတော့သည်။


သို့သော်လည်း ရှအန်းက ပထမဆုံးရှေ့ထွက်ရပ်သည့် စတားတစ်ယောက်ဖြစ်နေ၍ အခြားသော လူများ၏ တုန့်ပြန်မှုမှာ သူမလောက် မရိုးသားကြပေ။


၎င်းက ရှအန်းအပေါ်ကို ပြည်သူလူထု၏ ထင်မြင်ချက် ပိုမိုကောင်းမွန်လာစေသည်။


ထိုအချိန်တွင် ရှုထျန်းထျန်းက တရုတ်တွင် ဘာဖြစ်နေလဲ သိသွားသလို ရှအန်း၏ တရုတ်နိုင်ငံအပေါ် စော်ကားသည့် brandအပေါ် တုံ့ပြန်မှုကိုလည်း သိလိုက်ပြီဖြစ်သည်။


ရလဒ်အဖြစ် သူမက ရှအန်းအတွက် မီးစာထပ်ထည့်ပေးလိုက်သည်။ သူမက နိုင်ငံချစ်စိတ်အပြည့်ရှိသူ ရှအန်းက လျော်ကြေးအကြီးကြီးပေးဆောင်ကာ ထိုကဲ့သို့သော brand၏ ပွဲတွင် မနေခဲ့ဟူသော သတင်းများကို လွှင့်ပေးလေတော့သည်။


သူမက ဤအခွင့်အရေးကိုသုံး၍ သူမ၏နတ်ဘုရားမအတွက် နာမည်ကောင်း ဝင်ယူပေးလိုက်သည်။


လျော်ကြေး ဟုတ်လား.. တန်တာပေါ့... အခုဆို သူတို့ ပြဿနာတွေဖြေရှင်းဖို့ တရုတ်ကို ပြန်စရာမလိုတော့ဘူးလေ... ကံကောင်းချက်ပဲ...


ပိုကောင်းတာက နတ်ဘုရားမလေးက အခြား စတားတွေဘာမှ မလုပ်ရသေးချိန်မှာ အရမ်းကို မြန်မြန်ကြီး တုံ့ပြန်လိုက်တာလေ...


ရှအန်း၏ တုံ့ပြန်ချက်က အမှန်တကယ်တွင် 'ငါအဲ့လို ပျင်းစရာ ပွဲတွေတက်ပြီး ငါ့ရဲ့အချိန်တွေကို မဖြုန်းတီးချင်ဘူး..' ဆိုတဲ့ ပုံစံဆိုပေမဲ့... ပြည်သူလူထု ထင်တဲ့ပုံအတိုင်း အကောင်းဘက်ကပဲ သွားကြတာပေါ့....


[အတင်းအဖျင်းတွေအရတော့... ရှအန်းက အခုလေးတင်မှ Milanကိုရောက်ပြီး လေယာဉ်ပေါ်က ဆင်းကာစတဲ့... အဲ့ brandက တရုတ်ကို စော်ကားတယ်ဆိုတာလည်း သိရော မျက်နှာလေးတောင် မပြတော့ဘဲ တခြားလေယာဉ်ပေါ်တက်ပြီး ပြန်လာခဲ့တာဆိုပဲ...]


[ရှအန်းက ဒီတစ်ခေါက် စာချုပ်ပါ ဖျက်လိုက်တာနဲ့နော်... အဲ့ brandက တရုတ်ပြည်ကိုစော်ကားမှန်းလည်းသိရော လျော်ကြေး ကြီးကြီးပေးပြီးကို အဲ့brandကို ဆန့်ကျင်ခဲ့တာတဲ့...]


[ရှအန်းကို မျိုးချစ်စိတ်မရှိဘူးလို့ ဘယ်သူပြောရဲသေးလဲ... ရှအန်းကဖြင့် အခြားစတားတွေထက်ကို မျိုးချစ်စိတ် ရှိလွန်းလို့...]


[ဂုဏ်ယူစွာနဲ့ပြောရရင် ငါတို့ရဲ နတ်ဘုရားမလေးက အဲ့ brandက တရုတ်နိုင်ငံကို စော်ကားတယ်လည်း သိရော ချက်ချင်းတုန့်ပြန်လိုက်တာပဲ... အရမ်းမိုက်လွန်းတယ်... ငါ့ရဲ့နတ်ဘုရားမ အမိုက်ဆုံးပဲ...]


[ဒီတစ်ခေါက် ရှအန်းလုပ်လိုက်တာ အတော်ကောင်းတယ်.. ငါတောင် သူ့ကို လေးစားသွားတယ်... သူ့ရဲ့ တကယ့်ခံစားချက်လား တမင်သက်သက်လုပ်ယူတဲ့ ပါဖောမန့်လားတော့ မသိပေမဲ့ ဘာပဲဖြစ်ဖြစ် သူတကယ် လုပ်ခဲ့တယ်လေ...]


[ရှအန်းရဲ့ တုံ့ပြန်ချက်က ကြောက်စရာကြီးပဲ.. အဲ့ brandက ချီးထုတ်ပဲ.. အနာဂတ်မှာ ငါကတော့ ရှအန်းနောက်လိုက်ပြီး အဲ့ [မစင်ပုံ jpg] brandကို boycottတော့မှာ...]