အပိုင်း ၂၁၄
Viewers 29k

Chapter 214


ရှအန်း၏ လျှင်မြန်သည့် တုံ့ပြန်မှုနှင့် ရှုထျန်းထျန်း၏ အင်အားကြီးမားလှသည့် လူထုဆက်ဆံရေး စွမ်းရည်ကြောင့် ရှအန်းကို နာမည်ဖျက်ရန် ပိုက်ဆံများစွာ သုံးထားသူခင်ဗျာ မလှုပ်နိုင် မကိုင်နိုင်ဖြစ်နေရသည်။


များစွာသောဆိုက်ဘာအဖွဲ့များကို သုံးကာ နာမည်ဖျက်စေသော်လည်း အသုံးမဝင်ပေ။


တစ်ဖက်လူကို အင်တာနက်ပေါ်တွင် မြှောက်ပင့်နေကြသည်ကို ကြည့်ပြီး ရှကျင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ အောက်နှုတ်ခမ်းကို ကိုက်ထားမိသည်။


ရှအန်းကဲ့သို့ နောက်ခံမရှိသည့် စတားလေးတစ်ယောက်က ဘာကြောင့် အမြဲတမ်း လွတ်မြောက်နေရသလဲ မသိတော့ပေ။


သူမက ရှအန်းကို ထပ်ကာထပ်ကာ ဖိနှိပ်သော်လည်း သူမ၏ လက်သီးချက်တိုင်းက ဝါဂွမ်းအပေါ် ကျရောက်သွားသလို ထိခိုက်မှုသေးသေးလေးပင် မကျန်ခဲ့ပေ။


"ရှအန်း...."


သူ့ကို တရုတ်ပြန်လာအောင်လုပ်ဖို့ ဘာလို့ အဲ့လောက်တောင် ခက်ခဲနေရတာလဲ...


ရှကျင်း လက်သီးဆုတ်လိုက်မိသည်။ ရှအန်းသာ နိုင်ငံအတွင်းတွင် banခံရလျှင် ရှက်ရွံ့သွားပြီး နောက်ပိုင်းနေ့ရက်များတွင်လည်း အဆင်မပြေတော့ဟု သူမထင်ခဲ့မိသည်။ သို့သော် ရှအန်းက နိုင်ငံခြားထွက်သွားပြီး ပြည်တွင်းထက် ပိုကောင်းသော ဖျော်ဖြေရေးလောကထဲတွင် နေရာတစ်ခုရလာခဲ့သည်။


သူမရှအန်းကို ကိုင်တွယ်ချင်သော်လည်း နည်းလမ်းရှိမနေပေ။


ထို့ကြောင့် ရှအန်းကိုတရုတ်ပြန်လာရန် ဖိအားပေးလိုက်သည်။


ဒါပေမဲ့ အခု ဘာဖြစ်သွားလဲ... သူ့ကို ပြန်လာဖို့ ဖိအားပေးလို့ မရတော့ဘူးလေ....


ခဏအကြာတွင် ရှကျင်းတွင် ရှအန်းအကြောင်းတွေးရန် အားမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော်....


"မဒမ်.. မမလေး အန်းချီ နောက်တစ်ကြိမ် အဖျားတက်လာပြန်ပြီ...."


နာနီ၏စကားကို ကြားသောအခါ ရှကျင်း၏ မျက်နှာက ချက်ချင်း တင်းမာသွားသည်။


"ဘာဖြစ်သွားတာလဲ... ဘယ်လိုလုပ် အဖျားထပ်ထက်လာရပြန်ပြီလဲ... ရှင်သူ့ကို ဂရုမစိုက်ဘူးလား..."


ရှကျင်း၏ အပြစ်တင်သံကို ကြားလိုက်ရသောအခါ နာနီက ကူကယ်ရာ မဲ့သွားရပြီး မတရားခံလိုက်ရသလို ခံစားလိုက်ရသည်။


သူမ ရှကျင်းနှင့် မငြင်းခုန်နိုင်ပေ။


သူ့လိုနာနီတစ်ယောက်က ဖုအန်းချီကို ဘယ်လိုလုပ် ဂရုမစိုက်ပဲ နေရဲမှာလဲ...


ထူးဆန်းတယ်... မမလေးဖုက အအေးမမိဘူးဆိုတာ သေချာပါရက်နဲ့ အဖျားပဲတက်နေတယ်....


ဤသည်က ဖုအန်းချီ ပထမဆုံးဖျားဖူးခြင်းဖြစ်ပြီး သူမက အပြင်လည်း မထွက်သလို သူမ(နာနီ)ကလည်း ဖုအန်းချီအတွက် ပြတင်းပေါက်ပင် မဖွင့်ပေးဖူးပေ။


သူမက မမလေးဖုကို အတော်လေး ဂရုစိုက်ပေးသည်။ သို့သော် သူမ အလွန်ဂရုစိုက်ပေးသော်လည်း မမလေးဖုတွင် အဖျားရှိနေဆဲပင်။


၎င်းက အတော်လေးထူးဆန်းသည်။ ရွာမှလာသည့် အိမ်ဖော်များက တစ်စုံတစ်ခု မှားနေသည်ဟု ပြောနေကြသည်။


သို့သော် နာနီက မဒမ်ကို မပြောရဲ၍ ပိုမို၍ ဂရုစိုက်ပေးခဲ့သည်။


ရှကျင်းက နာနီကို စိုက်ကြည့်ပြီး သူမသမီးလေး၏ အိပ်ခန်းဆီ ပြေးသွားလိုက်သည်။


သူမ အခန်းထဲဝင်လိုက်သည်နှင့် သင့်တော်သည့် အပူရှိန်ကို ခံစားလိုက်သည်။


သူမသမီးလေး၏ ကုတင်နားကပ်လိုက်သောအခါ သူမလေးကုတင်ပေါ်တွင် လှဲနေရသည်ကို ကြည့်ပြီး စိတ်ဖိစီးသွားရသည်။


သူမ၏ သမီးလေးက ဖျားနေလျှင်ပင် ရုပ်ဆိုးမနေကြောင်းတွေ့လိုက်ရ၍ ထူးဆန်းသွားရသေးသည်။


သူမ၏မျက်နှာလေးက ဖြူဖျော်နေသော်လည်း ဖျားနေပုံ လုံးဝမပေါက်ချေ။ ရှကျင်းက အများကြီးမတွေးလိုက်ပေ။ မည်သို့ပင်ဆိုစေ သူမ၏ သမီးလေးက အမြဲတစေလှနေသည်သာဖြစ်သည်။


"လိမ္မာတဲ့သမီးလေးရယ်... ဘယ်လိုနေနေသေးလဲဟင်.. မေမေ ဦးလေးချန်ကို ခေါ်ထားပေးပါတယ်...."


ဦးလေးချန်ဆိုသည်မှာ ဖုမိသားစု၏ မိသားစုဆရာဝန်ဖြစ်ပြီး နောက်ဆုံးတစ်ကြိမ် သူစစ်ဆေးပေးချိန်က ရိုးရိုးအဖျားဟုသာ ပြောသွားခဲ့သေးသည်။


သူသာ ဤတစ်ကြိမ်တွင် ဘာဖြစ်သလဲ မပြောပြနိုင်လျှင် သူမ၏သမီးလေးကို နိုင်ငံခြား ခေါ်သွားရန်ပင် တွေးပြီးသား ဖြစ်လေသည်။


ဖုအန်းချီလေးက သူမ၏တစ်ဦးတည်းသော ရင်နှစ်သည်းချာသမီးလေးဖြစ်သည်။ သူမ၏သမီးလေးကို အသေးငယ်ဆုံးသော နာကျင်မှုကိုပင် မခံစားစေချင်ပေ။


ခန့်မှန်းထားသည့်အတိုင်း ဤတစ်ကြိမ်တွင်လည်း ဆရာဝန်က ဘာကိုမှ မစမ်းသပ်မိပေ။


ရှကျင်းက သူမသမီးလေး၏ အပူရှိန်က ပိုမိုမြင့်လာသည်ကို ခံစားမိနေသည်။ အဆုံးတွင် သူမတို့၏ သမီးလေးက တစ်ခါမှ မဖျားဖူးပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင်....


သူမက အချိန်အတော့ကြာဖျားနေပြီး ဆက်ဖျားနေသေးသည်။


၎င်းက ရိုးရိုးအဖျား လုံးဝမဟုတ်ပေ။ သူမ၏ သမီးလေးက သေချာပေါက်ဖျားမနေသော်လည်း သူမ၏ ကိုယ်ပူရှိန်က မြင့်တက်နေသည်။ အဘယ်ကြောင့်ဆိုသော်......


________


ရှအန်းက သူမအခုတလော အများကြီး မစားသော်လည်း ပိုပိုလှလာကြောင်း အထိတ်တလန့်တွေ့လိုက်ရသည်။


သူမက ပိုမိုငယ်ရွယ်သည်ပုံ ပေါက်နေလေပြီ။


သူမ နေရာလွတ်ဆီပြန်သွားပြီး မေးလိုက်သောအခါ နဂါးနှစ်ကောင်ပြောပြသည့် စကားကြောင့် ထိတ်လန့်သွားရသည်။


သူမ ပိုမိုငယ်ရွယ်လာရခြင်းမှာ တစ်စုံတစ်ယောက်က စန်းယုံအော်ပရာကျောက်စိမ်း၏ အလှဆင်ပုတီးစေ့ကို ရသွား၍ဖြစ်သည်။ ထို ပုတီးက အခုတလော အတော်လေး ပုံမှန်မဟုတ်နေပေ။


ထိုအလှဆင်ပုတီးစေ့က စန်းယုံအော်ပရာကျောက်စိမ်းဆီမှ စွမ်းအင်များ စုဆောင်းထားသည့် အရာသာဖြစ်သည်။


ထို့ကြောင့် ထိုကဲ့သို့သော ပုတီးစေ့များက အများကြီးရှိလေသည်။


စွမ်းအင်စုဆောင်းသည့် ပုံစံက အတော်လေး ဖိနှိပ်သည့်ပုံပေါက်၍ ထိုပုတီးစေ့များက ပျက်ဆီးလုနီးနီးဖြစ်သည်။


အရံပုတီးစေ့များဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုးများရှိသလို ကောင်းကျိုးများစွာလည်း ရှိသည်။


ရှင်းချီကျင့်ကြံရေး ခေတ်တွင် ထိုပုတီးစေ့လေးများက ပိုင်ရှင်ကို ရှင်းချီပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးသည် ။ပိုင်ရှင်၏ ခန္ဓာကိုယ်ကလည်း အားအပြည့်ရှိနေရမည်ဖြစ်ပြီး ထိုမှသာ ရှင်းချီကို ပိုမိုစုပ်ယူနိုင်မည် ဖြစ်သည်။


ထို့ကြောင့် ၎င်းတို့၏ ဆိုးကျိုးရှိသော်လည်း လူများစွာကို ထိုပုတီးစေ့များကို သုံးကြခြင်းဖြစ်သည်။


ယခုလက်ရှိခေတ်တွင် ထိုအကျိုးသက်ရောက်မှုများက အတော်ကြီး လျော့သွားလေပြီ။


သင်သာကံကောင်းလျှင် အဆောင်အယောင်ပုတီးစေ့က သင့်ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးမည် ဖြစ်သော်လည်း အရင်ဦးတုံး ပိုင်ရှင်၏ ခန္ဓာကိုယ်က အရွယ်ရောက်ပြီးသား ဖြစ်ရမည် ဖြစ်ပြီး ပုတီးစေ့၏ ပိုင်ရှင်၏ ခန္ဓာကိုယ်မှ စွမ်းအင်များ စုပ်ယူမှုကို သည်းခံရမည်ဖြစ်သည်။


သို့သော် ပိုင်ရှင်၏ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရမ်းမကောင်းလျှင်တော့...


.....


ရှအန်းက ထိုကဲ့သို့သော အဖြေကို ရလာသောအခါ ဒေါသထွက်သွားရသည်။ ထိုအဆောင်အယောင်ပုတီးစေ့ကို ရသွားသူက ဇာတ်လိုက်မဖြစ်ကြောင်း သိလိုက်ပေသည်။


ပထမတစ်ချက်က ဤကမ္ဘာက ဝတ္ထုကမ္ဘာဖြစ်ပြီး ဆိုးကျိုးအစား ရွှေလက်ချောင်းအဖြစ် ကောင်းကျိုးသာရပေလိမ့်မည်။


ဒုတိယအချက်က သူမ နေ့စွဲကို တစ်ချက်ကြည့်လိုက်သောအခါ ယခုအချိန်က ဇာတ်လိုက်မ ရွှေလက်ချောင်းရလာသည့် အချိန်ဖြစ်ကြောင်း သိနေ၍ဖြစ်သည်။


"မဟုတ်သေးဘူး.... ဖုအန်းချီသာ အဲ့ဒီ့ ပုတီးစေ့ကို တကယ်ရသွားရင်...."


အဲ့တာက ကလေးမလေးအတွက် ကောင်းတဲ့အရာပဲမလား....


သူမ၏ ရှောင်ပိုင်နှင့် ရှောင်ဟိုင်းတို့က ပုတီးစေ့ကိုရသည့်သူက အရွယ်ရောက်ပြီးသူဖြစ်မှသာ သူတို့ဘက်က စိတ်ဝင်စားမည်ဖြစ်ပြီး ထိုမှသာ ရွှေလက်ချောင်း ဖြစ်သွားမည်ဖြစ်သည်။


ရှအန်းက ထိုအကြောင်းကို လေးလးနက်နက်ရစဉ်းစားနေသည်။မည်သို့ပင်ဆိုစေ ဖုအန်းချီက ဤစာအုပ်၏ ဇာတ်လိုက်မဖြစ်နေလေသည်။


ဇာတ်လိုက်မက သူ့ရွှေလက်ချောင်းသူ လုပ်ယူရမှာ မဟုတ်ဘူးလား....


ရှအန်းက ဖုအန်းချီ ဘာဖြစ်သွားမလဲ တွေးနေရင်း သူမ၏အေးဂျင့်က သူမကို အလျှင်စလို အော်ခေါ်နေသံကို ကြားလိုက်ရသည်။


"ရှအန်းကျဲ... ညီမကျဲကို အခုလေးတင်ခေါ်နေတာ ပြန်လည်း မဖြေဘူး...."


ရှုထျန်းထျန်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မှုန်မှိုင်းနေသော အော်ရာတို့ လွှမ်းခြုံနေသည်။ ရှအန်းက မျက်တောင်ခတ်လိုက်ပြီး သူမစိတ်ထဲတွင် ခပ်တိုးတိုးရေရွတ်လိုက်သည်။


နေရာလွတ်ထဲရောက်နေလို့ မကြားလိုက်တာပါ...


"ဘာဖြစ်လို့လဲ... ကျဲက အခုမှ လေယာဉ်ပေါ်ကနေ ပြန်ရောက်တော့လေ အခုထိ နေရထိုင်ရ အဆင်မပြေးသေးလို့ပါ..."


ရှုထျန်းထျန်းက သူမ၏နတ်ဘုရားမကို မျက်စိသာ လှန်ပြချင်လူသည်။

ဘာကိုနေရထိုင်ရ အဆင်မပြေသေးတာလဲ... လိမ်နေတာကြီးကို...


သူမတွင် ပြောစရာများရှိနေ၍ ချက်ချင်းပင် စပြောတော့သည်။


"ရှအန်းကျဲ.... ကျဲကို နာမည်လိုက်ဖျက်နေတဲ့ နောက်ကွယ်ကလူကိုသိလား..."


ရှုထျန်းထျန်းက ထိုသို့မေးပြီး ထိုလူ၏နာမည်ကို ပြောရန် လုပ်လိုက်သည်။


သို့သော် ရှအန်းက သူမထက်အရင် ပြောလာမည်ဟု မည်သူက ထင်မည်နည်း....


"တကယ်တော့... ကျဲသိပါတယ်... ရှကျင်းမဟုတ်လား...."

ရှအန်းက တွေးပင် မတွေးပဲ ပြောလိုက်သည်။


သူမ သေချာမသိသော်လည်း သူမကို အလွန်မုန်းတီးနေသည့် သူမှာ ရှကျင်းသာရှိ၍ သူမဖြစ်ကြောင်း ခန့်မှန်းမိချေသည်။


"အာ.... ကျဲဘယ်လိုလုပ်သိတာလဲ..."


ရှုထျန်းထျန်း အံ့ဩသွားသည်ကို မြင်ပြီး ရှအန်းက နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။


ကြည့်ရတာတော့... ရှကျင်းက သူမကို နက်နက်ရှိုင်းရှိုင်းကြီးကို ချစ်နေပုံပဲ...


သူတို့နှစ်ယောက်မှာ တစ်ယောက်က တရုတ်မှာ တစ်ယောက်က နိုင်ငံခြားမှာ... သူတို့ကြား ဆက်သွယ်မှုလဲ ရှိမနေပါဘူး...


အဲ့မိန်းမက ဘာကြောင့် သူမကို အရမ်းတွယ်ကပ်နေရတာလဲ....


လူတိုင်းကို ငြိမ်းငြိမ်းချမ်းချမ်း မနေစေချင်ဘူးလား....


"ကျဲ... ကျဲတို့ နှစ်ယောက်လုံးက ရှမျိုးနွယ်တွေဆိုတော့.... ကျဲတို့ကြား ဆက်ဆံရေးတစ်ခုတော့ ရှိကြတယ်မလား..."


ရှအန်းက တွေးပင် မတွေးပဲ ရှကျင်း၏ နာမည်ကို ပြောလိုက်သဖြင့် ရှုထျန်းထျန်းက ထိုနှစ်ယောက်ကြားရှိ ဆက်ဆံရေးကို မေးခွန်းထုတ်မိနေလေပြီ။


သူမ အရင်က ကြားခဲ့ဖူးသည့် ကောလဟာလများကို ပြန်သတိရလာသည်။ နတ်ဘုရားမလေးက သူမ၏ညီမကို ပျောက်သွားဖူးသည်။ ရှုထျန်းထျန်း ရုတ်တရက် သတိပြုမိသွားသည်။


"ရှအန်းကျဲ... ကျဲတို့က ညီအစ်မတွေမလား...."