အပိုင်း ၂၁၅
Viewers 29k

Chapter 215


"ရှအန်းကျဲ.. ကျဲတို့က ညီအစ်မတွေမလား...."


ရှုထျန်းထျန်းက သူမ၏နတ်ဘုရားမက ရှကျင်း၏ ညီမဖြစ်နေမည်ဟု မထင်ခဲ့ပေ။


ရှအန်းနှင့် ရှကျင်းတို့ကြား ဆက်နွယ်မှုကို ခန့်မှန်းလိုက်မိသော ရှုထျန်းထျန်း လုံးဝမယုံနိုင်အောင်ဖြစ်နေသည်။


ငါ့ရဲ့နတ်ဘုရားမက အရမ်းလှသလို နတ်သမီးလေးတစ်ယောက်နဲ့လည်း တူတယ်လေ... ကောလဟာလတွေက ဘယ်လိုလုပ်မှန်နိုင်မှာလဲ အဓိပ္ပါယ်ကို မရှိဘူး ....


"ညီအစ်မတွေတဲ့လား... ဘယ်သူက သူနဲ့ ညီအစ်မတော်မှာလဲ..."

ရှအန်း နှာခေါင်းရှုတ်လိုက်ကာ သရော်နေသော လေသံဖြင့် ပြောလာသည်။


"အဲ့စကားလုံးနဲ့ မစော်ကားစမ်းပါနဲ့..."


ရှအန်း၏ စကားများကို ကြားသောအခါ ရှုထျန်းထျန်းက စိတ်သက်သာရာရသွားရသည်။


တော်ပါသေးရဲ့... ငါ့နတ်ဘုရားမလေးက ရှကျင်းရဲ့ ညီမ မဟုတ်လို့... အတော်လေးအထင်လွဲစရာ ဖြစ်သွားရတာပဲ...


ကိုယ့်ညီမရဲ့ လမ်းကိုယ် ဖျက်ဆီးတယ် ဆိုတာမျိုးက တွေးကြည့်တာနဲ့တင် ကြက်သီးထစရာကြီးလေနော်....


"ရှအန်းကျဲ... သူက ကျဲကို ဘာလို့ ပစ်မှတ်ထားနေရတာလဲဟင်... ကျဲတို့နှစ်ယောက်က မျိုးရိုးနာမည်တောင် တူနေတာကြီးကို....."

ရှုထျန်းထျန်းက မေးလိုက်သည်။


ရှအန်းကလည်း ဘာမှဖုံးကွယ်စရာမလိုဟု တွေးလေသည်။ မည်သို့ပင်ဆိုစေ မပြောနိုင်သည့်အရာရှိမနေပေ။ ရှုထျန်းထျန်းက အပြင်လူမဟုတ်ဘဲ ယုံရသည့် အေးဂျင့်တစ်ယောက်ပင်။


ထို့အပြင် ဤဆက်ဆံရေးမျိုးက သေသေချာချာရှင်းပြထားမှ ရပေလိမ့်မည်။ ထိုမှသာ အနာဂတ်တွင် တစ်ခုခုဖြစ်လာလျှင် ရှုထျန်းထျန်းက ဖြေရှင်းပေမည်ဖြစ်သည်။ သူမ၏အေးဂျင့်က PRကျွမ်းကျင်သူပင်။


ဤသို့ဖြင့် ရှအန်းက ဘာကိုမှ မဖုန်းကွယ်ပဲ ရှကျင်းနှင့် သူမကြားရှိ ဆက်နွယ်မှုကို ရှင်းပြလိုက်သည်။


လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်ခဲ့သည့် ပြန်ပေးဆွဲခြင်းအမှုက နောက်ဆက်တွဲ ကိစ္စများစွာအပြင် သူမကို ရှမိသားစုက မွေးစားခဲ့ကြောင်းလည်း ပြောလိုက်သည်။


ရှုထျန်းထျန်းက အံ့ဩသွားရသည်။


သူမ မျက်နှာတွင် မယုံကြည်နိုင်ဟန်အကြည်တို့ ထွက်ပေါ်လာပြီး ထိုကိစ္စများကြောင့် အံ့ဩနေသည်။


အချိန်အတော်ကြာမှ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"အဲ့တာက တော်တော်လေး...."

သူမ မည်သို့ ဖော်ပြရမလဲ မသိတော့ပေ။


ရှအန်းနှင့် ရှကျင်းတို့ကြား ဖြစ်ပျက်ခဲ့သည်များက သွေးပျက်ဖွယ်ပင်။


"ဒါပေမဲ့ ရှကျင်းက ထူးဆန်းတယ်... သူပြန်ပေးဆွဲခံရတာကော ကျဲကိုရှမိသားစုက မွေးစားတာကရော ကျဲအပြစ်မှ မဟုတ်တာ.... ကျဲကို အပြစ်တင်လို့ မရဘူးလေနော်..."


ရှုထျန်းထျန်းက ပြောလေလေ ဒေါသထွက်လေလေဖြစ်လာသည်။


"ပြီးတော့ နစ်နာသူဆိုရင် ကျဲမကမှ နစ်နာသူလေ... သူတို့က သူ့ကို ပြန်ပေးဆွဲတာလေ ကျဲကို ပြန်ပေးဆွဲတာမှ မဟုတ်တာ.... သူ့ကြောင့် ကျဲက ဘာမှမဆိုင်ပဲ ပါသွားထတာကို... ကျဲကံသာမကောင်းနေရင် ရောင်းစားခံရတာ ကြာလှပြီ... ကလေးတစ်ယောက်က အဲ့လိုရောင်းစားခံရရင် အသက်ရှင်ဖို့ ဆိုတာတောင် ဘယ်လောက် ခက်ခဲလိုက်သလဲ..."


ရှအန်း သူမစကားကြောင့် ပြုံးလိုက်မိသည်။


အကြောင်းပြချက်အစစ်အမှန်က လူတစ်ယောက်၏ အတွေးအခေါ်က မူမမှန်သောကြောင့်ပင်။


ရှကျင်းက ထိုကိစ္စများကို သေသေချာချာမတွေးပေ။ သူမထိုနှစ်ပေါင်းများစွာ ခံစားခဲ့ရသည်များကိုလည်း လက်မခံနိုင်ပေ။ ထို့ကြောင့်အရာအားလုံးအတွက် မူလခန္ဓာကိုယ်ပိုင်ရှင်ကို အပြစ်တင်ခဲ့သည်။


မူလခန္ဓာကိုယ်ပိုင်ရှင်က အလွန်သနားစရာကောင်းလှသည်။ သူမက အမှားမှ မလုပ်ခဲ့ချေ။ သူမ မှားသည့် တစ်ခုတည်းသောအရာမှာ ရှမိသားစု၏ မွေးစားသမီး ဖြစ်လာသည့် အရာတစ်ခုတည်း ဖြစ်သည်။


သို့သော် ထိုအချိန်က သူမ၏အဖေနှင့် မိထွေးတို့က လျော်ကြေးငွေ များစွာရခဲ့၍ သူမဘက်က ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရခြင်းဖြစ်သည်။


ပြန်ပေးဆွဲသည့် ကိစ္စသာမရှိလျှင် မူလပိုင်ရှင်က ရှမိသားစု၏ မိန်းမပျိုလေးအဖြစ် စံစားရမည်လည်း မဟုတ်ချေ။


သူမက သာမန်လူများလို ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။


မူလပိုင်ရှင်က ကောင်းကင်ဘုံ၏ သမီးတော်မဟုတ်ပေ။ သူမက အားနည်းသည့် သာမန်မိန်းမငယ်လေး တစ်ယောက်သာဖြစ်သည်။ သူမ၏ ဘဝက တဖြေးဖြေး အခြေအနေဆိုးလာသောအခါ စိတ်ဓာတ်ကျမှုနှင့် နာကျင်မှုတို့ကို ထွေးပိုင်ရင်း အသက်ငယ်ငယ်လေးဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် မူလပိုင်ရှင်က အလွန်သနားဖို့ကောင်းလှသည်။


ရှုထျန်းထျန်းပြောသလို မူလပိုင်ရှင်က ဤကိစ္စတစ်ခုလုံးတွင် အကြီးမားဆုံး နစ်နာသူဖြစ်သည်။


"ညီမ အရမ်းဒေါသထွက်တာပဲ... အဲ့ဒီ့မကောင်းတဲ့ မိန်းမအကြောင်းကို အကုန်ထုတ်ပေါ်ပစ်ချင်တယ်... သူ့ကို ပြန်ပေးဆွဲခံခဲ့ရတာက သနားစရာကောင်းပေမဲ့လည်း ကျဲကို ခက်ခဲအောင် လုပ်ခွင့်မှမရှိတာ.. ပြီးတော့ သူက ကျဲရဲ့ အချစ်ဦးကိုလည်း ခိုးသွားခဲ့သေးတယ်... အဲ့ဒါ သူ့ယောက်ျားမလား...."


ရှအန်းကလည်း သဘောတူသလိုခေါင်းငြိမ့်လိုက်သည်။


"သူ ဒီလိုတွေ လုပ်နေရတဲ့ အကြောင်းအရင်းကလည်း ကျဲထင်တာတော့... ကျဲကို တရုတ်ပြန်လာဖို့ ဖိအားပေးချင်တာနေမှာ..."


ရှအန်းပြုံးလိုက်သည်။ သူမ၏ ရည်ရွယ်ချက်များကို ခန့်မှန်းရသည်မှာ မခက်ခဲပေ။ ထိုမိန်းမက သူ့ဘဝသူ ကောင်းမွန်နေသည်ဟု မမြင်ပေ။


ထို့ကြောင့် သူမ(ရှအန်း)က ကောင်းကောင်းနေနေရ၍ မပျော်မရွှင်ဖြစ်နေရခြင်းဖြစ်သည်။


သို့သော် သူမကို တရုတ်မှနေ၍ ဘာမှလှမ်းလုပ်၍မရချေ။ ထို့ကြောင့် သူမကို တရုတ်ပြန်လာအောင် ဖိအားပေးပြီးမှ ကိုင်တွယ်မည်ဟု တွေးထားပုံပင်။


ဟက်... အဲ့မိန်းမကတော့ အရမ်းအလုပ်ရှုပ်တာပဲ....


မူလက ရှအန်းက ကျောက်စိမ်းပုတီးစေ့ကြောင့် ကလေးမလေး၏ ခန္ဓာကိုယ်တွင် ပြဿနာတစ်ခုခုရှိနေမည်လားဟု စိုးရိမ်နေခဲ့သည်။


ဒါပေမဲ့ အခုတော့.... ဟားဟား... အဲ့မိန်းမကို ခံစားခိုင်းခိုင်းလိုက်စမ်းပါ....


"ညီမက အရမ်းတုံးတာပဲ... သူ့အကြံအတိုင်း လိုက်လုပ်မိတော့မလို့...ရှအန်းကျဲ တရုတ်မပြန်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ ကံကောင်းတာပဲ...."


ရှုထျန်းထျန်းက ရှကျင်းကို မာန်မဲနေသည်။


သို့သော် ခဏအကြာတွင် ရှအန်းက ပြောလိုက်သည်။

"မဟုတ်ဘူး... ကျဲတွေးပြီးပြီ... တရုတ်ပြန်ရအောင်...."


ရှအန်း၏ စကားများက ရှုထျန်းထျန်းကို သီးသွားစေသည်။

"တရုတ်ပြန်မယ်.... ဘာလို့ တရုတ်ပြန်ကြမှာလဲ... အဲ့မိန်းမက ညီမတို့ကို တရုတ်ပြန်စေချင်နေတာ မဟုတ်ဘူးလား...."


ရှအန်းက လှောင်ရယ်လိုက်ကာ မထူးမခြားနားသလို ပြောလိုက်သည်။

"သူက ကျဲကိုနှောင့်ယှက်နေတယ်လေ... ဒီတော့ တရုတ်ပြည်ပြန်ပြီး အဲ့မိန်းမနဲ့ တစ်ခါတည်း အကုန်ရင်ဆိုင်ပစ်မလို့...."


ရှကျင်းက မည်သည့် အသက်အန္တရာယ်ထိခိုက်သေသော အရာကိုမှ မလုပ်ခဲ့သော်လည်း ထိုမိန်းက အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသည်။ သူမကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြဿနာလာရှာနေသည်။


"သူက ကျဲကို မြင်ချင်နေတာမလား ... ဒီလိုဆိုမှတော့ တရုတ်မှာ ကျဲရဲ့ သရုပ်ဆောင်အလုပ်ကို တိုးတက်အောင်လုပ်လိုက်မယ်... သူက ကျဲကို အရမ်းမြင်ချင်နေတော့ သူTVဖွင့်တိုင်း မဂ္ဂဇင်းဖတ်တိုင်း ကားစီးရင်း လမ်းပေါ်က ကြော်ငြာဆိုင်းဘုတ်တွေ ကြည့်တိုင်း ကျဲမျက်နှာကို မြင်ရအောင် လုပ်ပေးရမှာပေါ့...."


ဟေး.. အဲ့တာက အတော်လေး စိတ်ဝင်စားစရာကောင်းတာပဲ....


ရှုထျန်းထျန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ ဂုဏ်ယူစွာ ပြုံးနေသည့် ရှအန်းကို ကြည့်မိလိုက်သည်။ ဘာကြောင့်လဲမသိပဲ သူမ ရယ်ချင်လာမိသည်။


အုပ်စ်... ငါ့ရဲ့နတ်ဘုရားမလေးက အရမ်းချစ်ဖို့ကောင်းတာပဲ... အရမ်းချစ်ဖို့ကောင်းလွန်းတယ်...


"အမ်... အမ်း... ကျဲလုပ်နိုင်ပါတယ်...."


ရှုထျန်းထျန်း ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမ ရှကျင်းကို ကျေးဇူးတင်ချင်မိသည်။


သူမရဲ့ နတ်ဘုရားမဘယ်လောက် တက်ကြွမှုမရှိလဲ သူမသိတာပေါ့.. နိုင်ငံခြားမှာ သူမရဲ့ လုပ်ငန်းကတိုးတက်နေပြီး သူမကအရမ်း နာမည်ကြီးလွန်းလို့ လူပေါင်းများစွာက အတူတူလက်တွဲလုပ်ချင်နေတာတောင်.... သူမရဲ့ နတ်ဘုရားမက အရမ်းပျင်းတယ်... အရမ်းကို ပျင်းလွန်းတာ....


ဒါပေမဲ့အခုတော့.... ဒီလို ရန်သူတစ်ယောက်နြဲဆိုတော့... နတ်ဘုရားမက တရုတ်ပြန်ပြီး အလုပ်ကြိုးစားချင်နေပြီလေ....


သူမ၏ နတ်ဘုရားမပြောသည်က သူမက အရာတိုင်းကို လက်ခံမည်ဖြစ်သော်လည်း ထိုကဲ့သို့ ပုံရိပ်ကြီးကြီးရရန် အလုပ်အတော်များများ လုပ်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။


TVပေါ်မှာ ပါလာဖို့... TVဇာတ်လမ်းတွေ အများကြီး ရိုက်ရမယ်မလား...


မဂ္ဂဇင်းတွေမှာ ပါလာဖို့ မဂ္ဂဇင်းကာဗာတွေ အများကြီး ရိုက်ရမယ်မလား....


လမ်းပေါ်က ကြော်ငြာဆိုင်းဘုတ်ကြီးတွေမှာ ပါလာဖို့က ကြော်ငြာတွေ အများကြီး ရိုက်ရမယ်မလား...


ဟီးဟီး.... ရှုထျန်းထျန်းတော့ နည်းနည်းလောက် စိတ်လှုပ်ရှားနေပြီ....


ဒီအတိုင်းသာ တကယ်ဖြစ်မယ်ဆိုရင် သူမရဲ့ နတ်ဘုရားမက လူတိုင်းကို တစ်ချက်တည်းနဲ့ ကျော်သွားမှာပဲ....


ကျေးဇူးကြီးမြတ်လှပါတယ်... ရှကျင်းရယ်...


အောင်မြင်ချင်တဲ့ လူတိုင်းမှာ သူတို့အောင်မြင်ချင်ရတဲ့ အကြောင်းအရင်းတွေရှိတယ်ဆိုတာ အမှန်ပဲလေ....


"ရှအန်းကျဲ.... ညီမကိုသာ ယုံလိုက်.... ကျဲဆန္ဒအတိုင်းဖြစ်စေရမယ်... ကျဲရဲ့ မျက်နှာကို ရှကျင်းဘယ်သွားသွား မြင်နေရစေရမယ်... ညီမတို့ တရုတ်ပြန်တာနဲ့ ဘယ်သာကမှ ကံဆိုးတဲ့ အဆုံးသတ်ရမလဲ ကြည့်ကြတာပေါ့...."


ရှုထျန်းထျန်း သူမ၏ လက်သီးလေးများကို ဝှေ့ရမ်းကာ အလေးအနက်ပြောနေသည်။


သူမ၏ နှလုံးသားလေးကလည်း အလွန်အမင်း ခုန်ပေါက်နေသည်။


"ဒါပေမဲ့ အရင်ဆုံး ကျဲဘက်က ပြောစရာရှိသေးတယ်... TVရှိုးတွေ အများကြီး မရွေးနဲ့ ... ရသစုံရှုံးတွေကောပဲ... ကြော်ငြာတွေကမှ နေ့တိုင်း TVပေါ်မှာ ပေါ်လာဖို့ သင့်တော်တယ်လို့ ကျဲထင်မိတယ်...အတိုချုပ်ပြောရရင် TVရှိုးတွေမရွေးနဲ့ ကြော်ငြာတွေပဲရွေးပါ.. ကြော်ငြာတွေဆိုတာကလည်း နှစ်ဆယ့်လေးနာရီလုံး ထုတ်လွှင့်တာတွေပဲလေ..."


ရှုထျန်းထျန်းတွင် ကိုယ်ပိုင်အစီအစဉ်ရှိသလို ရှအန်းတွင်လည်း ကိုယ်ပိုင် အကြံရှိသည်။


ရှကျင်းကို အနှောင့်အယှက်ပေးရန်လေးအတွက်နှင့် သူမ၏ပျော်ရွှင်မှုကို မစတေးလိုက်နိုင်ပေ။


"ပြီးတော့ ကျဲက အမေရိကန်မှာ မနေဘူးနော်... ကျဲက နိုင်ငံခြားမှာပဲ အခြေချမှာ... ဘာပဲဖြစ်ဖြစ် ရှောင်ရှင်းနဲ့ ရှောင်ချန်တို့က အရမ်းငယ်နေသေးတယ်လေ... ပြီးတော့ သူတို့တက်နေတဲ့ကျောင်းကလည်း ဒီမှာပဲကို.."


ရှအန်းက ရှကျင်းကို ရင်ဆိုင်ချင်ရုံဖြင့် ကလေးများကို လျစ်လျူမရှုချင်ပေ။


"အမ်...အမ်း.. ရှအန်းကျဲစိတ်သာချထားလိုက်... ရှောင်ရှင်းနဲ့ ရှောင်ချန် လုံးဝကို အဆင်ပြေစေရမယ်... ညီမကို ကလေးနှစ်ယောက်ကို အဆောင်မှာထားလိုက်ရင် ပိုကောင်းမယ် တွေးမိတယ်...."


ရှအန်း တရုတ်ပြည်ပြန်ရန် ဖြစ်နိုင်ခြေများကို ကြိုတွက်ထားမိသဖြင့် ရှုထျန်းထျန်းက ကိစ္စတိုင်းကို ကြိုတွေးထားပြီးသားဖြစ်သည်။


ထို့ကြောင့် ရှုထျန်း၏ကြိုတင်ပြင်ဆင်မှုတွင် ကလေးနှစ်ယောက်ကို ထိပ်ဆုံးက ဦးစားပေးထားခဲ့သည်။


သူမက ကောင်ငယ်လေးနှစ်ယောက်အတွက် အသေအချာမစီစဉ်ပေးပါက သူမ၏နတ်ဘုရားမက တရုတ်သို့ သေချာပေါက် ပြန်မည် မဟုတ်ချေ။


"အဆောင်မှာထားမယ်တဲ့လား...."


ရှအန်း ခပ်ဖွဖွလေး မျက်မှောင်ကြုတ်မိပြီး သူမ၏အသံထဲတွင် တုံ့ဆိုင်းနေမှုတို့က သိသာထင်ရှားလှသည်။


"ရှအန်းကျဲ... စိတ်ချထားစမ်းပါ.... ကျောင်းရဲ့ အဆောင်ပတ်ဝန်းကျင်က တကယ်ကောင်းတာ... အဆောင်တိုင်းကိုလည်း ဆရာတစ်ယောက်က အမြဲစောင့်ကြည့်နေပြီး အစားအသောက်နဲ့ လုံခြုံရေးကလည်း အရမ်းကို ယုံကြည်ရတယ်... ကြယ်ငါးပွင့်ဟိုတယ်တွေထက်တောင် ပိုကောင်းသေးတယ်..."

ရှုထျန်းထျန်းက လက်မြှောက်ရင်း တိကျသေချာစွာ ပြောလိုက်သည်။


ရှအန်း ဆုံးဖြတ်ချက် ချပြီးသလို ခေါင်းငြိမ့်ပြလိုက်သည်။ ဤတစ်ကြိမ်တွင် သူမ တရုတ်ပြည်ပြန်ပြီး ရှကျင်းရှာထားသည့် ပြဿနာများကို ဖြေရှင်းတော့မည် ဖြစ်သည်။


သူမတစ်ဘဝလုံး အမြဲတမ်း အမြှီးတန်းသလို တန်းလန်းတန်းလန်းနှင့် လိုက်နေမည့် မိန်းမတစ်ယောက်ကို မလိုချင်ပေ။


"ဒါဆို ကိစ္စတွေကို အခြေကျအောင် လုပ်လိုက်တော့...."

ရှုထျန်းထျန်း ပျော်သွားသည်။ ထို့နောက် ရှအန်းကို ထားခဲ့ကာ အိမ်ပြန်ရန် ခရီးအတွက် ပြင်ဆင်တော့သည်။


ကလေးနှစ်ယောက်က ရှအန်း တရုတ်ပြန်မည်ဟူသော သတင်းကို ကြားလိုက်ရ၍ စိတ်အခြေအနေ မကောင်းကြတော့ပေ။


သို့သော် ကလေးနှစ်ယောက်လုံးက လိမ္မာရေးခြားရှိသည့် ကလေးများဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးက ရှအန်းနှင့်အတူ တရုတ်သို့ ပြန်လိုက်ချင်သော်လည်း သူမက အလုပ်နှင့် ပြန်သွားခြင်းဖြစ်ပြီး သူတို့ကို အတူခေါ်သွားဖို့လည်း အဆင်မပြေကြောင်း သိကြသည်။ ထို့အပြင် ရှအန်းကလည်း မြန်နိုင်သမျှမြန်အောင် ပြန်လာမည်ဟု ကောင်ငယ်လေးနှစ်ယောက်လုံးကို ကတိပေးလိုက်သည်။


သို့သော် အသေးလေးတစ်ယောက်က သူ့ခေါင်းထဲရှိ ဆန်းကြယ်သောလူကြီးကြောင့် စိတ်ရှုပ်နေရသည်။


တိတ်ဆိတ်သောညတစ်ညတွင် သူ ကွန်ပျူတာထဖွင့်ပြီး ကီးဘုတ်ပေါ်တွင် သူ၏လက်ချောင်းလေးများကို ပြေးလွှားစေလိုက်သည်။ သူက တစ်စုံတစ်ခု ပို့လိုက်ဟန် ပေါ်နေသည်။ ထို့နောက် ကုတင်ပေါ် ပြန်တက်ကာ အိပ်လိုက်တော့သည်။