အပိုင်း ၂၁၆
Viewers 29k

Chapter 216


"ရှအန်းကျဲ... အစ်မသိလား... ဒါတွေက အရမ်း အံဩစရာကြီးပဲ... ညီမရဲ့ E mailထဲကို ဒီလောက် အသုံးဝင်တဲ့ဟာတွေကို ဘယ်သူ ပို့ပေးလိုက်လဲ မသိဘူး... အစက ညီမကို တစ်ယောက်ယောက်က တမင်လာစတယ်ထင်နေတာ... ဒီရှော့ ရှောင်ဟယ်ကို ဒါတွေ ဘယ်သူပို့လဲ စုံစမ်းခိုင်းလိုက်တာ..."


ယနေ့တွင် ရှအန်းက ကလေးနှစ်ယောက်ကို နှစ်သိမ့်ကာ ကျောင်းသို့ လိုက်ပို့လိုက်ပြီး ကျောင်းမှ ဆရာများနှင့် စကားပြောခဲ့သည်။ ထို့နောက် သူမ၏ ခရီးဆောင်အိတ်ကို ထုတ်ပိုးကာ ရှုထျန်းထျန်းအပါအဝင် အခြားလူများနှင့် တရုတ်သို့ ပြန်သွားလိုက်သည်။


လေဆိပ်သွားရာ လမ်းတွင် ရှုထျန်းထျန်းက တစ်စုံတစ်ခုပြောခဲ့သည်။


သူမ၏စကားများက ရှအန်းကို ထိတ်လန့်သွားစေမိသည်။ ထိုကိစ္စများက အလွန်ကြောက်ဖို့ ကောင်းလှသည်။


"ဒီ E mailထဲက ကိစ္စတွေသာမှန်မယ်ဆိုရင် ရှကျင်း ဘာလို့ ပုံမှန်ဟုတ်မနေလဲဆိုတာကို ကျဲနားလည်ပေးလို့ ရသွားပြီ..."

ရှအန်း ခပ်သာသာ ခေါင်းငြိမ့်၍ ပြောလိုက်သည်။


ဟုတ်ပေသည်။ အကယ်၍ ထိုကိစ္စများသာ တကယ်မှန်ပါက ရှကျင်း ဘာကြောင့် ဤမျှရူးနှမ်းနေရကြောင်း နားလည်သွားရပေသည်။


အဆုံးတွင် အလိုလိုက် အကြိုက်ဆောင်ခံရသော မင်းသမီးလေးတစ်ယောက် ပြန်ပေးဆွဲခံရပြီး ကျေးလက်ဘက်တွင် ရောင်းစားခံခဲ့ရသည်။ သူမ၏ ဘဝက လူတိုင်း တွေးနိုင်သည်ထက် ပိုမို ဆိုးဝါးလေသည်။


သူမကို မိသားစုတစ်စုက ဝယ်သွားခဲ့သော်လည်း ကောင်းကောင်းမွန်မွန် မဆက်ဆံကြပေ။


သို့သော် သူမထွက်ပြေးလာချိန်တွင် လိင်ကုန်ကူးသည့် အဖွဲ့ဖြင့်တွေ့ပြီး ပြည့်တန်ဆာတစ်ယောက် ဖြစ်လာရသည်။


ထိုအရာများက မိန်းမတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာကို သေချာပေါက် ယိုယွင်းသွားစေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအတွေ့အကြုံများက ခံပြင်းစရာ ကောင်းလွန်း၍ဖြစ်သည်။


သို့သော်လည်း ထိုကံမကောင်း အကြောင်းမလှသည့်အရာများကို မူလပိုင်ရှင်အပေါ်တွင် အပြစ်မတင်သင့်ပေ။


သူမ နိမ့်ကျခဲ့ရသည် ညစ်ညမ်းခဲ့ရသည်များကို စိတ်တိုနိုင်သော်လည်း သူမကိုပြန်ပေးဆွဲခဲ့သူ၊ ရောင်းစားခဲ့သူ၊ အတင်းအကြပ်ခိုင်းစေသူများကိုသာ မုန်းသင့်ပေသည်။


သူမ ချမ်းသာလာသောအခါ ထိုပိုက်ဆံများကို ရဲတပ်ဖွဲ့ကို ထောက်ပံ့ပြီး ထိုပြစ်မှုများကို တိုက်ဖျက်မှုအပေါ် သုံးခဲ့သင့်သည်။


သို့မဟုတ် လူကုန်ကူးခံခဲ့ရသည့် ကလေးများအတွက် လှူဒါန်းပေးကမ်းခဲ့သင့်သည်။


ဘာလို့များ မူလပိုင်ရှင်ကို အပြစ်ပုံချရတာလဲ.. အဲ့တာတွေကို မူလပိုင်ရှင်က လုပ်ခဲ့လို့လား....


ရှအန်းက သူမအပေါ် စာနာသနားသော်လည်း ထိုမိန်းမ၏တွေးခေါ်ပုံကို လက်မခံနိုင်ပေ။


သူမက ကြောက်မက်ဖွယ်အရာများကို ကြုံခဲ့သော်လည်း ၎င်းက ရှအန်း၏စိတ်ကိုမပြောင်းလဲနိုင်ပေ။


ရှကျင်းက ထိုအရာများကို သူ့ဘာသာလုပ်ခဲ့ခြင်းပင်။


"ရှအန်းကျဲ... ပြောပါဦး... သူသာဒါတွေကို တကယ်ကြုံခဲ့ရရင် ညီမတို့ သူနဲ့ ရင်ဆိုင်သင့်သေးရဲ့လား...."


ရှုထျန်းထျန်းလည်း ရှကျင်းကို မုန်းပေသည်။ သူမက ထိုအရာများကို သုံးပြီး ရှကျင်းကို ရင်ဆိုင်ချင်ပြီး ရှကျင်ကို လုံးဝအလွှတ်မပေးချင်ပေ။


ထိုအတွေ့အကြုံများက မည်သည့် အမျိုးသမီးအတွက်မဆို ငရဲတမျှကြမ်းတမ်းပြီး စိတ်ပိုင်းဆိုင်ရာပင် ပျက်စီးစေနိုင်သည်မှာ မှန်ပေသည်။


သူတို့ ရှကျင်း၏ မှောင်မိုက်လှသည့် အတိတ်ကို သိပြီးနောက်တွင်လည်း နောက်သို့ ဆုတ်မပေးနိုင်ပေ။


ရှကျင်းက သူမ၏နတ်ဘုရားမကို ထိခိုက်အောင် မလုပ်ခဲ့သင့်ပေ။ ထို့ကြောင့် ရှုထျန်းထျန်းက အနည်းငယ် မပျော်ရွှင်သလို ခံစားနေရသည်။


ရှုထျန်းထျန်း၏ ရှုပ်ထွေးနေသည့် အကြည့်ကို မြင်ပြီး ရှအန်းက သူမ ဘာစဉ်းစားနေလဲ နားလည်ပေသည်။


အကယ်၍ ရှအန်းသာ ကမ္ဘာပျက်ကပ်မှာ ကူးပြောင်းလာစအချိန်များတွင် ဤအချက်အလက်များကိုရခဲ့ပါက လူတိုင်းမြင်အောင် ဖြန့်ပစ်မည်ဖြစ်သည်။


သို့သော် သူမက ဤသက်တောင့်သက်သာရှိပြီး ငြိမ်းချမ်းသော ကမ္ဘာတွင် နေထိုင်တာ ကြာပြီဖြစ်၍ သူမက ထိုမျှ သွေးမအေးတော့ပေ။


သူမ ရှကျင်း၏ မှောင်မိုက်လှသော အတိတ်ကို ဂရုမစိုက်ပဲ သူမနှင့် ရင်ဆိုင်ဖြေရှင်းဦးမည်သာ ဖြစ်သည်။ သူမ ထိုအတိတ်ဆိုးများအပေါ်တွင် အမှီပြု၍ အနိုင်မယူချင်ပေ။


ဤအတိတ်ဆိုးများသာ ရှိမနေလျှင်လည်း ရှအန်းတွင် ရှကျင်းကိုကိုင်တွယ်ရန် နည်းလမ်းမျိုးစုံ ရှိပေသည်။


ရှအန်းက ရှကျင်း၏အတိတ်ဆိုးများကို မဖော်ထုတ်ဘူးဆိုသည်မှာ သာမန်သာဖြစ်သည်။


"ထျန်းထျန်း ညီမ ရှကျင်းကို သနားနေတာလား...."

ရှအန်း ရှုထျန်းထျန်းကို ကြည့်ကာ ရယ်လိုက့သည်။


မည်သို့ပင်ဆိုစေ ရှုထျန်းထျန်း စာနာသနားတတ်သော မိန်းမငယ်လေးတစ်ယောက်သာဖြစ်သည်။


သူမက ရှအန်းမပျော်မရွှင်ဖြစ်နေသည်ဟု ထင်မိ၍ သူမ မျက်နှာက နီရဲသွားပြီး တုန့်ဆိုင်းစွာ ပြောလိုက်သည်။

"ရှအန်းကျဲ..ညီမ သူ့ကို မသနားပါဘူး.... ညီမ ကျဲပြောတာပဲ နားထောင်မှာပါ...ဒီလိုကိစ္စတွေ ကြုံခဲ့ရလို့ သူက သနားဖို့ကောင်းတယ်ဆိုပေမဲ့ သူလုပ်ခဲ့တာတွေကလည်း ဆိုးဝါးလှတဲ့အရာတွေပဲလေ....သူ ကျဲကို အပြစ်ပုံမချသင့်ဘူး... ကျဲက အမှားမှ မလုပ်ခဲ့တာ...."


"အိုကေပါ... ထျန်းထျန်းရယ်... ကျဲမဒေါသမထွက်ပါဘူး... ဒီအတိတ်ဆိုးတွေဆိုတာ ကျဲအတွက် အရေးမှမကြီးတာ..."


ရှုထျန်းထျန်း၏ ပူပင်နေသည့် အကြည့်ကို မြင်လိုက်ရ၍ ရှအန်းက ခေါင်းခါပြလိုက်သည်။


"ကျဲ ဒါတွေသုံးဖို့ ကြံနေတာမဟုတ်ဘူး..."


သူမ တရုတ်ပြန်ရသည့် အဓိက ရည်ရွယ်ချက်မှာ သူမ၏ ကုမ္ပဏီကို တရုတ်ဈေးကွက်ထဲ ခေါ်ဆောင်ရန်သာဖြစ်သည်။


သူမ ရှကျင်းကို ခံစားရအောင် လုပ်ချင်သည်ဆိုသော်လည်း သူမ၏ ကုမ္ပဏီကိုသုံးပြီး ရှ ကုမ္ပဏီကို လက်စားချေရန်သာဖြစ်သည်။


သူမ C.Hကို တည်ထောင်စဉ်က လက်စားချေရန်မတွေးခဲ့ပဲ သူမ၏နေရာလွတ်ကို သုံး၍ ငွေရှာချင်ရုံမျှသာဖြစ်သည်။


ရှလုပ်ငန်းစုက စကင်ကဲထုတ်ကုန်များကဲ့သို့ နေ့စဉ်အသုံးအဆောင်များကိုလည်း ထုတ်ပေသည်။


ထို့ကြောင့် တရုတ်ပြန်ပြီး သူမ၏ကုမ္ပဏီကိုသုံးကာ ထိုအရာများကို ဖိနှိပ်ပစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။


C.Hက ကုမ္ပဏီအသစ် brandအသစ်ဖြစ်သည်။ ရှလုပ်ငန်းစုလောက် မသန်မာသေးပေ။


သို့သော် C.H၏ နာမည်ကြီးမှုကြောင့် ရှေ့သို့ဦးဆောင်သွားနေသည့် အခြေအနေသို့ ရောက်နေလေသည်။


ရှလုပ်ငန်းစုက တရုတ်တွင် နေ့စဉ်သုံးပစ္စည်းများ ထုတ်သည့် ထိပ်တန်းကုမ္ပဏီငါးခုထဲတွင် တစ်ခုဖြစ်ခဲ့သည်။


သို့သော် အဘွား၏ သေဆုံးမှုကြောင့် ရှများ၏ နေ့စဉ်သုံးပစ္စည်းထုတ်သည့် ကုမ္ပဏီများက အရင်ကလောက် မကောင်းတော့ပေ။


ရှလုပ်ငန်းစုက အတော်လေး အင်အားကြီးနေဆဲဖြစ်သော်လည်း သူမကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များနှင့် မစ္စတာကုကြောင့် သူမစိတ်ထဲတွင် ကိစ္စတစ်ခုကို သေချာသိနေသည်။


ရှလုပ်ငန်းစုသာ ဖုမိသားစုဆီမှ ထောက်ပံ့ခြင်းမခံရလျှင် အခွံမျှသာဖြစ်သည့် အကြောင်းကိုပင်။


ထိုမျှ အသုံးဝင်သည့် သတင်းအချက်အလက်ကို ရပြီးချိန်တွင် သူမတရုတ်ကို ပြန်သင့်ပြီဖြစ်ကြောင်း ရှအန်း သိသွားလေသည်။


ရှကျင်း၏အတိတ်ဆိုးများကို အသုံးပြုပြီး ရှကျင်းကို အမှန်တကယ် ရူးသွားစေပြီး လုံးဝ ညှီနံ့ထွက်သွားအောင် လုပ်ခဲ့လျှင်လည်း ဘာဖြစ်မည်နည်း။


လာတိုင်းက ခဏမျှပြောဆိုပြီးသည်နှင့် သဘာဝကျကျမေ့သွားကြပေမည်။


ရှကျင်းက ဇာတ်လိုက်မ၏ အမေဖြစ်ပြီး ဖုမိသားစုက ဇာတ်လိုက်မကြောင့် သူမကို စွန့်ပစ်ကြမည် မဟုတ်ပေ။


ယင်းအစား လက်သီးဖြင့် တိုက်ရိုက်စကားပြောမည် ဖြစ်သည်။


အရေးအကြီးဆုံးအရာမှာ သူမပြန်လာရခြင်းမှာ သူမကုမ္ပဏီကို ဖြန့်ကျက်၍ ပိုက်ဆံပိုရှာရန်သာဖြစ်သည်။


C.H၏ ရောင်းရနှုန်းက ပြည်တွင်းဈေးကွက်တွင် ကြီးမားလှပြီး ဈေးသင့်တင့်ပြီး တန်လှသည်။ ၎င်းက တရုတ်တွင် အတော်လေး အကျိုးရှိစေသည်။


သူမ၏ ထုတ်ကုန်များက အလွန်ကောင်းလှသည်။


ရှအန်းက ဈေးနိမ့်သော ပစ္စည်းများကို ထုတ်ခြင်းက မကောင်းသည့်အရာ မဟုတ်ဟု တွေးသည့်လူဖြစ်သည်။


ထို့ကြောင့် ဤတစ်ခေါက် တရုတ်ကိုပြန်ပြီး ဈေးနိမ့်ပစ္စည်းများနှင့် နေ့စဉ်သုံးပစ္စည်းများ ဈေးကွက်သို့ ချဲ့ထွင်မည်ဖြစ်သည်။


ပထမဆုံး သူမ ရှကျင်းကို တိုက်ခိုက်နိုင်မည်။ ဒုတိယ သူမ ပိုက်ဆံရှာနိုင်မည်။


ဒါဆို ဘာလို့ မလုပ်ပဲ နေရမှာလဲနော်...


ထိုသို့ တွေးပြီး ရှအန်း အတော်လေး ပျော်သွားသည်။


ရှအန်း၏ စိတ်အခြေအနေကောင်းနေပုံကို ကြည့်ပြီး ရှုထျန်းထျန်းက မျက်တောင်ခတ်ရင်း မေးလိုက်သည်။

"ရှအန်းကျဲ... ကျဲ အဲ့ဟာတွေကို အသုံးချမလို့လား...."


"ထားလိုက်ပါ... အဲ့တာတွေကိုအဝေးသာ ပစ်ထားလိုက်စမ်းပါ..."


သူမ ယခုတွင် ထုတ်မသုံးသေးသော်လည်း အနာဂတ်တွင် မသုံးဟု မဆိုလိုပေ။


ရန်သူကို ရင်ဆိုင်ရာတွင် သူမလက်ထဲ၌ ကတ်ပေါင်းများစွာ ရှိနေသည်က ကောင်းပေသည်။


တစ်နေ့တွင် သူမ ထိုအရာကို သုံးဖြစ်ချင် သုံးဖြစ်လောက်ပေမည်။