အပိုင်း ၂၁၇
Viewers 29k

Chapter 217


"အာ.. အာ.. ကောင်းပြီလေ..."

ရှုထျန်းထျန်း တသိမ့်သိမ့်တုန်သွားသော်လည်း ခဏအကြာတွင် ထပ်မံ၍ပျော်ရွှင်လာသည်။


နတ်ဘုရားမက ကြည့်ကောင်းရုံတင်မကဘူး စိတ်နှလုံးသားလေးကလည်း ကောင်းလိုက်တာ...


ရှအန်းကျဲက တကယ့်ကို လူသားတစ်ယောက်မဟုတ်ဘူး...


"ဒါပေမဲ့ ကျဲပိုသိချင်မိတာက ဒီအချက်အလက်တွေပါတဲ့ E mailကို ပို့ပေးတဲ့လူရဲ့ အကြောင်းကိုပဲ..."


ရှအန်း မျက်မှောင်ကြုတ်မိလိုက်သည်။ ရှကျင်း၏ အတိတ်များကို တူးဆွပြီး ရှုထျန်းထျန်း၏ ကိုယ်ရေးကိုယ်တာသုံး E mailကို ပို့ပေးနိုင်သူက လုံးဝသာမန်မဟုတ်ပေ။


အဲ့လူက ဘယ်သူလဲ... သူ့ရည်ရွယ်ချက်ကဘာလဲ....


ရှကျင်းက ဇာတ်လိုက်မ၏ အမေဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ရှကျင်းက ဤကမ္ဘာ၏အရေးကြီးသော ပုံရိပ်တစ်ခုဖြစ်သည်။


စာအုပ်ထဲမှာဆို ဇာတ်လိုက်မအမေမှာ ဒီလောက် မှောင်မိုက်နေတဲ့ အတိတ်ကအကြောင်းတွေ မရှိဘူးမလား...


မည်သို့ပင်ဆိုစေ သူမ ထိုအကြောင်းများကို သူမ၏ ညီမလေးဆီမှ မကြားခဲ့ဖူးပေ။


စာအုပ်ထဲတွင် ရှကျင်း၏အတိတ်ဆိုးများကို ဖော်ပြခဲ့ပါက သူမညီမက ထိုအကြောင်းကို သေချာပေါက် ပြောပြပေလိမ့်မည်ဖြစ်သည်။


ဒီတော့ ရှကျင်းရဲ့ အတိတ်ကို အတော်လေးရင်းနှီးပြီး သူမနဲ့ရှကျင်းအကြားက သဘောထားကွဲလွဲမှုကို သူတဲ့လူက ဘယ်သူများလဲ...


"ညီမ ဒီ E mailကိုရတုန်းက ရှောင်ဟယ်ကို ပို့ပေးတဲ့လူရဲ့ Idကို ကြည့်ခိုင်းသေးတယ်... ဒါပေမဲ့ တစ်ဖက်လူက ဟက်ကာတစ်ယောက်ဖြစ်တဲ့ပုံပဲ....သူက ကြားခံ IDတွေအများကြီး ခံထားတယ်... ဘာပဲဖြစ်ဖြစ် ညီမက နည်းပညာပိုင်းကို နားမလည်တော့ ရှောင်ဟယ်က အကျဉ်းချုပ်ပြီးပဲ ပြောပြလိုက်တာ... တစ်ဖက်လူက သူ့ထက်မြင့်တဲ့အဆင့်မှာရှိလို့ အဲ့လူက ဘယ်သူလဲဆိုတာ မရှာနိုင်ပါဘူးတဲ့...."


ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။

နောက်ထပ် နတ်ဘုရားအဆင့်ဟက်ကာပြန်လား....


ဒီကမ္ဘာမှာ ဟက်ကာအဆင့်အတော်ကြီး မြင့်တဲ့ လူတွေရှိသေးတာလား...


ရှအန်းက ဟက်ကာနှင့်ဆက်နွယ်မည့် လူများအကြောင်း မှတ်မိရန် အဆက်မပြတ်ကြိုးစားကာ တွေးနေလိုက်သည်။


သူမ ရှာတွေ့လိုက်ပြီထင်သော်လည်း အသက်အရွယ်က မှန်ကန်မနေသေးကြောင်း တွေ့လိုက်ရသည်။


ယခုတွင် ဇာတ်လိုက်မက ခြောက်နှစ်အရွယ်သာရှိသေးသည်။


အခြား အရေးကြီးသော ဇာတ်ရံများမှာလည်း အသက်မကြီးကြသေးပေ။


ဗီလိန်များနှင့် ဟီးရိုးများ၏ကွန်ပျူတာ စကေးများမှာ အလွန်ကောင်းကြောင်း သိသော်လည်း ယခုတွင် သူတို့အားလုံး သင်ပြီးကြပုံ မပေါ်ပေ။


အသက်အရွယ်က လုံးဝမှားနေပြီး အခြားဇာတ်ကောင်များအတွက်လည်း ရှအန်းက မည်သူ့ကိုမှ ထပ်မံ၍ စဉ်းစားမရတော့ပေ။


သူမညီမထည့်မပြောထားသည့် ဇာတ်ရံတစ်ယောက်လည်း ရှိရင်ရှိပေဦးမည်။


တစ်ဖက်လူကလည်း သူမကို ဆန့်ကျင်လိုစိတ်မရှိပုံပင်။


သူမကို ဤမျှအရေးကြီးသည့် သတင်းအချက်အလက်များကိုပင် ပေးလိုပ်သေးသည်။


ရှကျင်း၏ အကြီးမားဆုံးပျော့ကွက်မှာ သူမလက်ထဲရောက်နေပြီဖြစ်သည်။


ထိုလူက ဤမျှအရေးကြီးသည့် အရာများကို ဘာကြောင့်ပေးခဲ့လည်း သိချင်နေမိသည်။


စိတ်ဓာတ်ကျနေပြီး အတော်လေးသနားစရာကောင်းသော တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ဟေး... ခင်ဗျားပဲ ဒါတွေပို့လိုက်ရင် မာမားက ထွက်မသွားတော့ပါဘူးဆို..."


နောက်ထပ်စိတ်ဓာတ်ကျနေသော လူတစ်ယောက် "...."


ရှအန်းတရုတ်ပြန်လာသည်ဟူသော သတင်းကို ပိတ်ပင်မထားခဲ့၍ လေယာဉ်စိုက်လာသည်နှင့် မရေမတွက်နိုင်သော ပရိတ်သတ်များက ဝိုင်းအုံလာကြသည်။


သူမပတ်ပတ်လည်တွင် လူအုပ်ကြီးတို့ ဝန်းရံနေသည်။ ပရိတ်သတ်တိုင်းက bannerများကို ကိုင်ထားပြီး ရှအန်း၏ နာမည်ကို အားပါးတရ အော်ခေါ်ကြသည်။ ရှအန်းက ဆယ်လီဖြစ်ရခြင်း၏ အဓိပ္ပါယ်အစစ်ကို သိသွားခဲ့သည်။


နိုင်ငံခြားတွင်လည်း သူမပုံရိပ်က ကြီးသော်လည်း သူမက အပြင်သိပ်မထွက်၍ ဤကဲ့သို့သော ခံစားချက်များကို မခံစားခဲ့ရပေ။


"နတ်ဘုရားမ...."


"နတ်ဘုရားမရှအန်း...."


"နတ်ဘုရားမ ဒီဘက်ကို ကြည့်ပါဦး..."


မရေမတွက်နိုင်သော လူများက အော်ဟစ်နေကြချိန်တွင် ရှအန်းက လေဆိပ်မှအစောင့်များ၏ စောင့်ကြပ်ပေးမှုအောက်တွင် လေဆိပ်မှ ထွက်ခွာလာခဲ့သည်။


သူမ လေဆိပ်မှ ထွက်ခွာလာသည်နှင့် သူမတရုတ်ကို ပြန်ရောက်လာသည့် အကြောင်းက အင်တာနက်ပေါ် ချက်ချင်းရောက်သွားသည်။


ကုမ္ပဏီက အကြီးအကျယ်မားကတ်တင်း မဆင်းရသေးသော်လည်း အင်တာနက်ပေါ်တွင် ရှအန်း၏ အလှဓာတ်ပုံများကို တင်ချင်၍ SLRများကို ကိုင်လာခဲ့ကြသည်။


(SLR = Single-lens Reflex Camera)


ရှအန်း၏ ရုတ်တရက် ပြန်ရောက်လာမှုက နောက်ထပ် ခန့်မှန်းချက်များကို ဖြစ်ပေါ်လာစသည်။


အင်တာနက်ပေါ်ရှိ နေရာတိုင်းတွင် ရှအန်းတရုတ်ကို ပြန်ရောက်လာသည်ကို ဝမ်းသာနေကြသလို ဘာကြောင့်ပြန်လာသလဲ ဆွေးနွေးနေကြသည့် လူများ ရှိနေသည်။


သိပ်မကြာခင်တွင် သူတို့အားလုံး လေဆိပ်မှ ရှအန်း၏ ပုံများကို တွေ့လိုက်ရသည်။


[ရှအန်းက တကယ့်ကို ပစ်ချက်အကြီးစားကြီးပဲ... သူဝတ်သမျှအကုန်လုံးက brandကပစ္စည်းတွေချည်းပဲ... ဈေးနှုန်းက ဂဏန်းငါးလုံးထက် သေချာပေါက် များလိမ့်မယ်]


[ရှအန်းက ဖက်ရှင်အမြင် တကယ်ရှိတာပဲ... ဖက်ရှင်အသိုင်းအဝိုင်းဘက်က သူ့ကို အရင်းအမြစ်ကောင်းတွေ ပေးနေတာ မထူးဆန်းတော့ပါဘူးလေ...]


[ဒါက ပရိတ်သတ်ရိုက်ထားတဲ့ ပုံလား... ပြန်ပြင်ထားတဲ့အတိုင်းပဲနော်... သူ့အသားအရေက အပြစ်ကင်းစင်နေချက်ပဲ..]


[လုံးဝပြုပြင်ထားတာမဟုတ်ဘူး... ငါကရှအန်းရဲ့ ပရိတ်သတ်မဟုတ်ပေမဲ့ ရှအန်းကို လေဆိပ်မှာမြင်လိုက်တယ်... ပုံထဲကနဲ့တစ်ပုံစံတည်းပဲအရမ်းလှတယ်...အထူးသဖြင့် သူ့ရဲ့ အသားအရေပေါ့.. အရမ်းကို နူးညံ့နေတာပဲ]


[ရှအန်းရဲ့ အသားအရေက မကောင်းပဲနေနိုင်ရိုးလား... ဘာပဲဖြစ်ဖြစ် C.Hရဲ့ ထုတ်ကုန်တွေက တကယ်ကောင်းတာလေ... ငါက ဈေးပေါတာတွေပဲ တတ်နိုင်တဲ့အထိ အရမ်းဆင်းရဲနေတာ သနားစရာပဲ... ဘာပဲဖြစ်ဖြစ် နောက်လနည်းနည်းလောက် စုလိုက်ရင် ငါလည်း C.Hထုတ်ကုန်တွေ ဝယ်နိုင်မှာပါ]


[ငါ့တစ်ဘဝလုံး C.Hကထုတ်ကုန်တွေပဲ သုံးတော့မှာ... ရှအန်းရဲ့ အသားအရေထိန်းသိမ်းနည်းအတိုင်း လိုက်လုပ်တာ ငါ့အသားအရေတွေ တကယ်ကောင်းလာတယ်..]


[C.Hက စကင်ကဲထုတ်ကုန်တွေက ကောင်းပါတယ်... ဒါပေမဲ့ ငါတော့ သူတို့တွေ မိတ်ကပ်စီးရီးတွေ ထပ်ထုတ်ပါစေလို့ မျှော်လင့်နေမိတယ်..]


[C.Hက မိတ်ကပ်ပိုင်းကို စိတ်ဝင်စားပါ့မလား...]


[သူတို့တွေ မိတ်ကပ်နဲ့ရှန်ပူတွေလို နေ့စဉ်သုံးပစ္စည်းတွေပါ ထုတ်ရင်ကောင်းမယ်နော်... ငါ C.Hကို တကယ်သဘောကျနေမိတာ...]

...


ရှအန်းက ကားထဲတွင် ထိုင်နေရင်း အင်တာနက်ပေါ်မှ ကောမန့်များကိုဖတ်ပြီး စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။


သူမကို ချီးကျူးနေကြသော ကောမန့်များကြောင့်မဟုတ်ပဲ C.Hအကြောင်းပြောနေကြသည့် အတွက် ခေါင်းငြိမ့်လိုက်ခြင်းဖြစ်သည်။


"ရှအန်းကျဲ... ဒီနေ့တော့ နားကြတာပေါ့... ညီမတို့ ဟိုတယ်ရောက်ရင် မနက်ဖြန်အတွက် အချိန်ဇယားကို ပြောပြပေးမယ်..."


ရှုထျန်းထျန်းက ရှအန်းမျက်နှာပေါ်ရှိ အပြုံးလေးကို မြင်ပြီး ချောင်းအသာဟန့်လိုက်သည်။


သူမပြောနေသည်ကို ကြားကြောင်း သိလိုက်ရ၍ ရှုထျန်းထျန်းက သူမနတ်ဘုရားမအတွက် ခရီးစဉ်များကို စီစဉ်ပေးတော့သည်။


သူတို့၏ အချိန်များကို အကောင်းဆုံး အသုံးချရပေမည်။


မည်သို့ပင်ဆိုစေ ဤတစ်ကြိမ် ရှအန်း တရုတ်ပြန်လာသည်က နိုင်ငံအတွင်းတွင် နေရန်မဟုတ်ကြောင်း သူမသေချာသိသည်။


သူမ၏နတ်ဘုရားမက ယာယီသာလာသည်ဖြစ်ပြီး ပြည်တွင်းမှ လုပ်ငန်းများကို တိုးတက်အောင်လုပ်ပြီးသည်နှင့် ပြန်မှာဖြစ်သည်။


ရှအန်း မည်မျှကြာကြာနေမည်မှန်း မသိ၍ အချိန်ဇယားကို ပြည့်ညှပ်နေအောင် ဆွဲထားလိုက်သည်။


TV စီးရီးရိုက်ကူးရေး၊ ကြော်ငြာရိုက်ကူးရေး၊ ဖက်ရှင် လောကဘက်ခြေဆန့်ခြင်း၊ ရသစုံရှိုးနှင့် နောက်ထပ် အလုပ်ပေါင်းများစွာ ဖြစ်သည်။


ပုံစံမျိုးစုံ ပါဝင်ပြီး ရှုထျန်းထျန်းက နေ့တိုင်းအတွက် အသေအချာ စီစဉ်ထားခဲ့ကြသည်။


ပရောဂျက်တိုင်းက ကြီးမားက ဈေးနှုန်းကလည်း အလွန်မြင့်သည်။


ရှအန်း တရုတ်ပြန်ရောက်သည်နှင့် ချက်ချင်းလက်ငင်းပင် စတားများစွာလိုချင်ကြသော နိုင်ငံတွင်း၏ ထိပ်တန်းအရင်းအမြစ်များကို ရခဲ့သည်။


အရင်က ရှအန်း ဘန်းခံရစဉ်အချိန်ကိုပင် သွားတွေးမိသည်။ သို့သော် ဤတစ်ကြိမ် အိမ်ပြန်လာခြင်းက ကမ်းလှမ်းမှုများစွာ ရရှိခဲ့သည်။