အပိုင်း ၂၁၈
Viewers 29k

Chapter 218


ရှအန်း၏ ပရောဂျက်များ ပြီးသွားသည်နှင့် သူမက တရုတ်ပြည်တစ်ခွင်ကို လွှမ်းမိုးတော့သည်။


ရှအန်း၏ ပရိတ်သတ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နေရာတိုင်းတွင် ရှအန်းကို မြင်နေရသည်။


ကြော်ငြာများတွင်သာမက TVစီးရီး၏ ထွေလာများတွင်ပါ သူမ၏ ရုပ်ပုံများ ပြည့်နေသည်။


သူတို့ TVဖွင့်လိုက်တိုင်း ပထမဆုံးမြင်ရသည့် လူမှာ ရှအန်းဖြစ်နေနိုင်ရန် ၈၀% ၉၀% မျှသေချာလေသည်။


သူတို့အပြင်သွားတိုင်း Billbordကြီးများနှင့် ကြော်ငြာတင်သည့် စခင်ရင်များတွင် ရှအန်း၏ ဗွီဒီယိုများနှင့် ဓာတ်ပုံများကို တွေ့ရသည်။


မဂ္ဂဇင်းတစ်အုပ် ကောက်လှန်လိုက်လျှင်ပင် ရှအန်းကို မြင်နိုင်ပေသည်။


အချိန်ခဏအတွင်း ရှအန်း၏လှပကာ နူးညံ့သော မျက်နှာလေးက လူတိုင်း၏မျက်လုံးထဲတွင် ထိုးဖောက်သွားသည်။


ရှကျင်းကလည်း သေချာပေါက်မြင်ရလေသည်။


ထိုအချိန်များအတွင်း သူမက သူမ၏သမီးလေးကို ဂရုစိုက်ပေးနေရ၍ အပြင်သွားရန် အချိန်မရှိခဲ့ပေ။ သူမက အိမ်တွင်နေရင်း မဂ္ဂဇင်းများဖတ်ကာ TVသာကြည့်နေခဲ့ရသည်။


သူမ TVဖွင့်ချိန်တိုင်း ရှအန်း၏ စက်ဆုပ်စရာမျက်နှာကို ဆယ်ခါတွင် ခြောက်ခါမျှတွေ့နေရသည်။


သူမ မဂ္ဂဇင်းဖွင့်ပြီး ကြည့်ချိန်တိုင်းလည်း သူမ မေ့ထားချင်သော ရှအန်း၏မျက်နှာကို မြင်နေရသည်။


၎င်းက ရှကျင်းကို ပိုမိုဒေါသထွက်လာစေသည်။


"ချီးလိုပဲ... ရှအန်းပဲ ပါလာပြန်ပြီ... ရှအန်းပဲ လာပြန်ပြီ..."


ရှကျင်းက နောက်ဆုံးထွက် မဂ္ဂဇင်းကို မြေကြီးပေါ် ပစ်ချပြီး အဖုံးပေါ်ရှိ မိန်းမကို စူးစူးရဲရဲစိုက်ကြည့်လေသည်။


သူမ ထိုမဂ္ဂဇင်းကို ပြင်းပြင်းထန်ထန် ဆောင့်နင်းပစ်ချင်သည်။


သူမ ရှအန်းကို ပြန်လာစေချင်ကာ ညှင်းပန်းချင်ခဲ့သည်။


သို့သော် သူမ၏ သမီးလေးက ရုတ်တရက် ဖျားနာလာ၍ ရှအန်းကို ကိုင်တွယ်ရန် လက်မအားဘဲ ဖြစ်သွားခဲ့သည်။


ရလဒ်အဖြစ် သူမ အမုန်းဆုံးမိန်းမက တိုင်းပြည်တစ်ခွင် ဟုန်းဟုန်းတောက်နာမည်ကြီးနေသည်။


ရှကျင်းမျက်နှာပေါ်ရှိ အကြည့်များက အကြည့်ရဆိုးလာတော့သည်။


ယခုတွင် ဖုရှန်းက ရှအန်းကို ကိုင်တွယ်ရန်အတွက် သူမကို မကူညီပေးတော့ပေ။


ထို့ကြောင့် သူမကို ကူညီနိုင်မည့် တစ်ဦးတည်းသောလူမှာ ရှမိသားစုသာဖြစ်သည်။


ထိုသို့တွေးမိပြီး ရှကျင်းက အသက်ပြင်းပြင်းရှူကာ သူမကိုယ်သူမ စိတ်ငြိမ်အောင် လုပ်လိုက်သည်။


ရှမိသားစုက ဖုမိသားစုလောက် အင်အားမကြီးသော်လည်း ၎င်းက တရုတ်တွင်ရှိသော အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပေသည်။


ရှအန်းက နောက်ခံမရှိသည့် စတားလေးတစ်ယောက်သာဖြစ်သည်။ ရှအန်းကို ကိုင်တွယ်ရန်အတွက် ရှမိသားစုက လုံလောက်သည်ထက် ပိုနေလေပြီ။


ရှကျင်းက သူမ၏ အိမ်အကူများကို သူမသမီးလေးကို ဂရုစိုက်ပေးရန် ပြောကြားပြီး ရှအိမ်တော်ကို ထွက်လာခဲ့သည်။


ရှအန်းက ရှကျင်းတစ်ယောက် သူမကိုတိုက်ခိုက်ရန် နောက်တစ်ကြိမ် လှုပ်ရှားနေပြီမှန်း မသိချေ။


ယခု သူမက C.H၏ ရုံးအသစ်တွင် သူမလက်အောက်မှ ကျွမ်းကျင်သူများထံမှ ပြည်တွင်းဓာတုထုတ်ကုန် လုပ်ငန်းများထဲ ခြေဆန့်ရန် ခွဲခြမ်းစိပ်ဖြာပြသည့် အစီအစဉ်များကို နားထောင်နေသည်။


ရှအန်းက လုပ်ငန်းအကြောင်းအများကြီး မသိသော်လည်း သူမခန့်ထားသည့် ကျွမ်းကျင်သူများ၏ စိတ်ကို နားလည်ပေသည်။


ယခုအချိန်က နေ့စဉ်သုံးပစ္စည်းထုတ်ကုန်များဘက်သို့လှည့်ကာ ကုမ္ပဏီကို အခြေချစေရန် လုပ်ရမည့် အချိန်ဖြစ်ကြောင်းလည်း နားလည်ပေသည်။


"နိုင်ငံတွင်းက နေ့စဉ်သုံးပစ္စည်းနယ်ပယ်က နေ့စဉ်သုံးထုတ်ကုန်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီအများစုက ပူးပေါင်းပြီးဖွဲ့ထားတာပဲ... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ အရည်အသွေးက သူတို့ထုတ်ကုန်ပစ္စည်းတွေထက် ပိုသာနေတယ်... ဒါကြောင့် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက နာမည်ကောင်းရှိပြီး ဈေးတန်နေသမျှတော့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက နေ့စဉ်သုံးပစ္စည်းဈေးကွက်မှာ ခြေကုတ်ရယူပြီး နေရာတစ်နေရာရလာမှာပဲ...."


ရှအန်းက ထိုကျွမ်းကျင်သူများပြောသည်ကို သဘောတူလိုက်သည်။


သူမက ကျွမ်းကျင်ပညာရှင်များကို ယုံကြည်၍မဟုတ်ပဲ သူမ၏နေရာလွတ်ကို ယုံကြည်၍ဖြစ်သည်။


ကုမ္ပဏီမှအသစ်ထပ်မံ ထုတ်တော့မည့် ပစ္စည်းများအားလုံးကို နေရာလွတ်ရေ၏ အဆင့်နိမ့်ဗားရှင်းဖြင့် ပြုလုပ်မည်ဖြစ်သည်။


၎င်းက အတော်လေး အရည်အသွေးနိမ့်၍ ရှအန်းက သူမ၏ဉာဏ်ကြီးရှင် သားလေးကို မပေးတော့ပဲ ယုံကြည်ရသည့် သိပ္ပံပညာရှင်တစ်ယောက်ကိုသာ ဓာတ်ခွဲခိုင်းလိုက်သည်။


သူမ၏ဉာဏ်ကြီးရှင်သားလေးက ဖော်မြူလာကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှအန်းက ထိုဖော်မြူလာကိုထုတ်ကာ သိပ္ပံပညာရှင်ဓာတ်ခွဲပြီး ရလာသည့်ပစ္စည်းများနှင့် နေ့စဉ်သုံး ပစ္စည်းများကို ထုတ်တော့သည်။


၎င်းက အဆင့်နိမ့်ဗားရှင်းဖြစ်၍ ဈေးက အတော်လေးလည်းနိမ့်သည့် နေ့စဉ်သုံး ပစ္စည်းများဖြစ်ကြသည်။


သို့သော် ထိုထုတ်ကုန်များက ကောင်းလှသည်။ ယွမ်နှစ်ဆယ်ပတ်ဝန်းကျင်ရှိ ထုတ်ကုန်လေးတစ်ခုက အခြားသော ယွမ်တစ်ရာကျော်ရှိသည့် ထုတ်ကုန်များထက် ပိုမိုကောင်းမွန်နေသည်။


ထုတ်ကုန်အသစ်က အလွန်ကောင်းနေ၍ C.Hမှ ဝန်ထမ်းများက ဈေးကွက်ထဲတွင် နေရာရလာတော့မည်ဟု ယုံကြည်ချက်ရှိနေကြသည်။


"ဒါတွေကို ရှင်တို့လက်ထဲအပ်ခဲ့ လိုက်တော့မ ယ် ကျွန်မက အဲ့တာတွေနားမလည်ဘူး..."


ရှအန်းက သူမကုမ္ပဏီရှိ ထိပ်တန်းကျွမ်းကျင်သူများကို အပြုံးလေးဖြင့် ပြောလိုက်သည်။


မစ္စတာကု၏ အစ်ကိုကြီးကြောင့်သာ မဟုတ်ပါက သူမကုမ္ပဏီက ဤမျှလွယ်လွယ်ကူကူ လည်ပတ်နိုင်နေမည် မဟုတ်ပေ။


"စိတ်မပူပါနဲ့ဗျာ... ကျွန်တော်တို့ ခင်ဗျားကို စိတ်မပျက်စေရပါဘူး..."


ကျွမ်းကျင်သူများကလည်း ခံစားသွားရသည်။


သူတို့ ကုမ္ပဏီ၏ ဘော့စ်က အံ့ဩစရာပင်ဖြစ်သည်။ သူမက အခြားသောဆယ်လီများလို နာမည်ရချင်ရုံဖြင့် ကုမ္ပဏီထောင်ခြင်း မဟုတ်ပေ။ သူတို့၏ဘော့စ်လို အလုပ်လုပ်တတ်သော ဆယ်လီမျိုးကို သူတို့ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။


C.Hကုမ္ပဏီများက အောင်မြင်မှုကြီးကြီးရနေရခြင်းမှာ သူတို့၏အလုပ်ကြိုးစားမှုကြောင့်ဖြစ်သလို ရှအန်းလက်ထဲရှိ ဖော်မြူလာများကြောင့်လည်း ဖြစ်သည်။


ထိုဖော်မြူလာများသူ မရှိပါက သူတို့မည်မျှအင်အားကြီးနေပါစေ ရက်ပိုင်းအတွင်း ကုမ္ပဏီ တစ်ခုကို ဤမျှနာမည်ကြီးအောင် လုပ်နိုင်မည် မဟုတ်ပေ။


ကုမ္ပဏီထဲရှိ လူတိုင်း C.Hတွင် ရှအန်း၏ အထောက်အထားကိုသိကြပြီး သူမကို အလွန်လေးစားကာ အားကျကြသည်။


အစည်းအဝေးပြီးနောက်တွင် ရှအန်းက ကုမ္ပဏီတွင် ဆက်မနေတော့ပေ။


သူမဆက်နေရန် မလိုတော့၍ အိမ်သာပြန်လိုက်ရသည်။


ကုမ္ပဏီမှ ထွက်လာပြီးနောက်တွင် ရှအန်းက အလုပ်ဆက်လုပ်ခဲ့သည်။


ရှအန်းက လက်တလောတွင် အရောဂျက်များစွာကို လုပ်ဆောင်ခဲ့ပြီး တရုတ်တွင် အမာခံပရိတ်သတ်များစွာကို ရခဲ့သည်။


သူမက အသက်အရွယ်အမျိုးမျိုးသော ပရိတ်သတ်များကို ဆွဲဆောင်နိုင်ခဲ့သည်။


လူငယ်များကသာ သူမအကြောင်း ပြောကြသည်မဟုတ်ဘဲ ဦးဦးနှင့် ဒေါ်ဒေါ်များစွာကလည်း သူမ ၏ပရိုဂရမ်များစွာကို အားပေးကြသည်။


သူမကြော်ငြာပေးသမျှ ပစ္စည်းတိုင်းကလည်း အကုန်ရောင်းထွက်ကုန်ကြသည်။ များစွာသော လုပ်ငန်းရှင်များက သူတို့ကုမ္ပဏီကြော်ငြာအတွက် ရှအန်းကို လိုချင်နေကြသည်။


ထိုအထဲတွင် ရှအုပ်စု၏နေ့စဉ်သုံး ပစ္စည်းထုတ်ကုန်များကုမ္ပဏီလည်း ပါသေးသည်။


ရှများ၏ နေ့စဉ်သုံးပစ္စည်းများက လက်တလောတွင် ပြဿနာများရှိနေသည်။ ထပ်ပေါင်းပြောရလျှင် ဤနှစ်များတွင် နေ့စဉ်သုံးပစ္စည်းထုတ်သည့် ကုမ္ပဏီငယ်လေးများစွာ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ရှလုပ်ငန်းစုက အတောအလေး အရှုံးပေါ်နေခဲ့ရသည်။


ရှကုမ္ပဏီ၏ PRဌာနမှ ထိုထုတ်ကုန်များကို ရှအန်းက ကြော်ငြာပေးလိုက်ပါက သူမ၏ကျော်ကြားမှုကိုသုံးရင်း ပစ္စည်းများစွာ ရောင်းထွက်မည်ဟု ထင်ခဲ့သည်။


ထို့အပြင် ဤအစီအစဉ်က ရှမိသားစု၏ နေ့စဉ်သုံးပစ္စည်းထုတ်သည့် ကုမ္ပဏီမှ လာခဲ့ခြင်းဖြစ်သော်လည်း....


"ဘာ... အဖေက သမီးတို့ရဲ့ ထုတ်ကုန်အတွက် ရှအန်းကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်မလို့ဆို... မရဘူးနော်..."


ရှကျင်းက သူမ ရှမိသားစုသို့ ပြန်ရောက်သည်နှင့် သူမ၏အဖေအရင်းထံမှ ထိုစကားကို ကြားရမည်ဟုမထင်ခဲ့ပေ။


၎င်းက သူမကို အလွန်ဒေါသထွက်သွားစေသည်။


သူမ၏အတွေးထဲတွင် သူမ မိဘများက ရှအန်းနှင့် လုံးဝမပတ်သတ်သင့်ပေ။


ရှချန်းက သူ့သမီး ရုတ်တရက်ပြန်လာမည်ဟု မထင်ခဲ့ပေ။ သူက သူ့ဇနီးသည်နှင့် လုပ်ငန်းကိစ္စကို သာမန်လိုပြောနေခဲ့သည်။ သို့သော် ရှကျင်း၏ တုံ့ပြန်မှုက အတော်လေး လွန်ကြူးနေခဲ့သည်။


"ကျင်းကျင်း... သမီးဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ..."

ရှကျင်း၏အမေ ကျိုးလန်ဟွားက သူမသမီးပြန်လာသည်ကိုမြင်၍ အံ့ဩသွားပြီးမေးလိုက်သည်။


"ချီချီလေးရော... ချီချီလေးက ဘာလို့ သမီးနဲ့အတူ ပြန်မလာရတာလဲ... တစ်ခုခုဖြစ်နေလို့လား..."


ရှကျင်းက စိတ်ဓာတ်ကျစွာဖြေလိုက်သည်။

"ချီချီကဖျားနေတော့ ဒီတစ်ခေါက် သမီးနဲ့ လိုက်မလာနိုင်ဘူးရယ်...."