အပိုင်း ၂၀
Viewers 804

ဂုဏ်မြင့်သူရယ်


အပိုင်း ၂၀.၁




ညသည် မူးနောက်စွာဖြင့် ကုန်လွန်သွားသည်။



ယဲ့အန်းသည် နံနက်ခင်းနေရောင်၏ တောက်ပသောအလင်းရောင်ကြောင့် နိုးလာသည်။ မျက်နှာကျက်ကို ကြည့်လိုက်ရာ သူမ၏ခေါင်းသည် မူးနောက်နေသေးသည်။



သူမဘေးနားရှိ နေရာလွတ်မှာ ဗလာဖြစ်၍ အေးစက်နေသည်။ ရေချိုးခန်းသည်လည်း တိတ်ဆိတ်နေသည်။

ထိုနေရာ၌ ခဏမျှမိန်းမောနေပြီးနောက် ထထိုင်ကာ သူမ၏ နားထင်များကို ပွတ်သပ်လိုက်သည်။



မနေ့ညက မှတ်ဉာဏ်များကို သူမ တရိပ်ရိပ်ပြန်သတိရလာသည်။ သူမသည် အသိစိတ်တစ်ဝက်ရှိသေးသောကြောင့် သူမ၏မှတ်ဉာဏ်များသည် ရှင်းရှင်းလင်းလင်း ရှိနေဆဲဖြစ်သည်။



သူမက ရှဲ့‌ရှော၏ ဆိုဖာပေါ်ထိုင်နေသော အနေအထားကို ရယ်မောခဲ့သည်၊ ဂစ်တာတီးပြီး သူ့ကိုသီချင်းဆိုပြခဲ့သည်၊ နောက်ဆုံး... သူမသည် သူ့လည်မျိုကိုပင် တစ်နည်းနည်းနှင့် အပိုင်နမ်းလိုက်သေးသည်။



ယဲ့အန်းက သူ့ခေါင်းကိုသူ ထုလိုက်သည်။



… အရက်ကတော်တော် ဒုက္ခပေးတာပဲ။



ရှဲ့ရှောက ဘယ်လိုထပ်တုံ့ပြန်ခဲ့လဲမသိဘူး။



ယဲ့အန်းသည် ခေတ္တရပ်ကာ သူမကို လွှတ်လိုက်ပြီး ရေချိုးရန် ထွက်သွားပုံရသည်ကို သတိရမိသည်။



ထိုအချိန်တွင် ယဲ့အန်းသည် သူမခေါင်းကို ကိုင်ထားကာ သူက ဖြုံတောင်မဖြုံချေ။ ဒီလူကြောင့်... အားကိုးရာမဲ့နေသည်...



သူမသည် ကုတင်ဘေးမှ စားပွဲပေါ်က ရီမုတ်ကွန်ထရိုးကို ကောက်ကိုင်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းရန် ဂွမ်းကပ်ကို မဖယ်မီ ကန့်လန့်ကာများကို ဖွင့်လိုက်သည်။



နေရောင်ခြည်သည် သူမနောက်သို့ ဖြာကျလာပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။


 —-


ရေချိုးပြီးနောက် ယဲ့အန်းသည် မနက်စာစားရန် အောက်ထပ်သို့ဆင်းလာကာ ရှဲ့ရှောကို တွေ့လိုက်ရသည်။



သူ ထမင်းစားပြီးသည်နှင့် အပေါ်ထပ်သို့ တက်ရန် ဟန်ပြင်လိုက်သည်။



ထမင်းစားခန်းသည် တောက်ပစွာ ထိန်လင်းနေပြီး သူသည် အိမ်ထဲတွင် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ၀တ်ထားကာ ခါတိုင်းထက် နူးညံ့သော အသွင်အပြင်ဖြင့် တည်ငြိမ်နေ၏။



သူ၏ မမြင်နိုင်ခြင်းကိုပင် ကျေးဇူးတင်ရမည်။ မနေ့ညက ဤသို့ ဖြစ်ပျက်ခဲ့သည့်တိုင် သူတို့သည် နေရခက်ခြင်းမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နိုင်ကြသည်။



ယဲ့အန်းက သူ့ကို နှုတ်တောင်ဆက်နိုင်သည်။ "Morning.."



အရက်မူးနေချိန် သူမဘာတွေလုပ်ခဲ့လဲဆိုတာကို သူ မမြင်နိုင်သောကြောင့် အခြေအနေကို စိတ်ကူးကြည့်ရုံသာ တွေးကြည့်နိုင်ပြီး သူမအရှက်ရမှုကို သက်သာစေသည်။ 



ရှဲ့‌ရှောက သူမကို မတုံ့ပြန်ဘဲ အပေါ်ထပ်သို့ တိတ်တဆိတ် မတက်သွားမီ အနည်းငယ် ခေတ္တရပ်လိုက်သည်။



ယဲ့အန်းသည် သူ၏ကျောပြင်ကို စိုက်ကြည့်ကာ ခါတိုင်းလို အဝေးကို အကြည့်လွှဲလိုက်သည်။



အန်တီ ကျိုးက သူ့အတွက် စားစရာကို နွှေးပေးပြီး သူ့ရှေ့တွင် ချပေးသည်။



ပဲနီယာယာဂု၏ ရနံ့သည် သူမနှာခေါင်းထဲသို့ တိုးဝင်လာသည်။



ယဲ့အန်းက သူမကို ကျေးဇူးတင်စကားပြောပြီး ထိုင်ကာ ဇွန်းကို ကောက်ကိုင်လိုက်သည်။



အဒေါ် ကျိုးက ရုတ်တရက် မေးခဲ့သည်။ "မဒမ် ဒီနေ့ အပြင်သွားစရာရှိသေးလား"



ယဲ့အန်းက မော့ကြည့်လိုက်သည်။ "တခြား ကိစ္စရှိလို့လား"



အန်တီ ကျိုး - “ကျွန်မရဲ့မြေးမလေး နေမကောင်းလို့ ဆေးရုံကို လိုက်ပို့ချင်လို့ပါ”



ယဲ့အန်း - “သွားပါ၊ နောက်ရက်အနည်းငယ်အတွင်း ကျွန်မ အပြင်မထွက်တော့ပါဘူး၊ ဒါကြောင့် အန်တီ ဒီမှာရှိမနေလည်း ရပါတယ်”



အန်တီ ကျိုးက သူမကို ကျေးဇူးတင်စကားဆိုသည်။ သန့်ရှင်းရေးလုပ်ပြီး မပြန်ခင် သူမ မနက်စာ စားပြီးသည်အထိ စောင့်ပေးခဲ့သည်။



လူတစ်ယောက် လျော့သွားသောကြောင့် ဗီလာကြီးသည် ပို၍ပင် တိတ်ဆိတ်သွားသည်။ ယဲ့အန်းသည် အပေါ်ထပ်သို့ ပြန်လာကာ အင်တာနက်ကို စစ်ဆေးရန် ဖုန်းကို ဆွဲထုတ်လိုက်သည်။



မနေ့ညက သူမ၏ မောက်မာသော လုပ်ရပ်သည် တကယ်ပင် အချည်းနှီး မဖြစ်ခဲ့ပေ။ ထုတ်ဖော်မပြောပြနိုင်သော ဆက်ဆံရေး ရှိနေသည်ဟု ဖော်ပြထားသော မူရင်းဖိုရမ်ပို့စ်ကို ဖျက်လိုက်သည်။ သူမသည် ချမ်းသာပြီး သြဇာကြီးမားသော မိသားစုတွင် အိမ်ထောင်ကျကြောင်း အတည်ပြုသည့် ပို့စ်တစ်ခုက အစားထိုး ဝင်ရောက်လာသည်။



[Plot Twist!!! ဒါဆို ယဲ့အန်းက အိမ်ထောင်ကျနေပြီးသားပေါ့။ ပြီးတော့ ချမ်းသာတဲ့ မိသားစုနဲ့ !!]



မူရင်းပိုစ့်တင်သူသည် သံသယဖြစ်ခံရမည်ကို ကြောက်သောကြောင့် ပို့စ်တွင် မနေ့ညက ဓာတ်ပုံများ မပါဝင်ခဲ့ပါ။ သူတို့သည် မနေ့ညက သူမ၏ ပြိုးပြိုးပြက်ပြက်ပြက် ပုံစံကိုသာ ဖော်ပြခဲ့ကြသည်။ ပိုစ့်တင်သူက သူမသည် ဖရဲသီးစားသူများ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်းနှင့် ဤအတင်းအဖျင်းသတင်းသည် အသိုင်းအဝိုင်းတွင်းတွင် ယုံကြည်စိတ်ချရသော အရင်းအမြစ်တစ်ခုမှဖြစ်ကြောင်း ပိုစတာတွင် အလေးပေး ဖော်ပြထားသည်။



မကြာမီတွင် commentsများ ဝင်လာသည်-



1st comment- [WTF! ဒီ plot twist!]



2nd comment - [ဟားဟား၊ ငါ့နတ်ဘုရားမလေးကို ထုတ်မပြောနိုင်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဘယ်သူကပြောတာလဲ။ ထွက်လာခဲ့၊ ငါ မင်းကို ဆုံးမပေးမယ်!]



3rd comment - [ဒါက အမှန်ပဲလား။ ချမ်းသာပြီး သြဇာကြီးတဲ့သူနဲ့ လက်ထပ်ဖို့က တကယ်ကို လွယ်လား။]



4th comment - [ယဲ့အန်းရဲ့ အသွင်အပြင်နဲ့ ချမ်းသာတဲ့သူကိုလက်ထပ်ဖို့ လုံလောက်သလား။]



5th comment - [တချို့လူတွေက တကယ်မသိဘဲနဲ့ ချမ်းသာတဲ့သူတွေက ရုပ်ရည်ကိုပဲ ဂရုစိုက်တယ်လို့ ထင်ကြတယ်။ သူတို့အဲ့လိုဆိုရင်တောင် သူမက မိသားစုအတွက် အပြင်လူတစ်ယောက်ပဲ ဖြစ်နိုင်တယ်။ အဲဒီလူ အသက်ဘယ်လောက်ရှိပြီလဲ ဘယ်သူသိမလဲ။ အဲ့အပြင် သူမက အစွမ်းထက်လွန်းတဲ့သူကို လက်ထပ်ထားရင် ဘာလို့ အဲ့စတူဒီယိုမှာ အသံသရုပ်ဆောင်ဆက်လုပ်ပြီး နောက်ကွယ်မှာပဲ ဆက်ရှိနေရတာလဲ။]



7th comment - [အသံသရုပ်ဆောင်ခြင်းကို အထင်အမြင်သေးဖို့ကြိုးစားနေတာလား။ ချမ်းသာတဲ့သူနဲ့ လက်ထပ်ရင် သူမ ဆက်ပြီး အသံသရုပ်ဆောင် လုပ်လို့မရတော့ဘူးလား။ တစ်စုံတစ်ယောက်ရဲ့ မနာလိုမှုက ငါတို့ commentထဲက ထွက်ကျလာတာပဲ။ ချင် မင်းဆက်က ပြိုလဲခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ မင်းဘာလိုတောင် ခေတ်နောက်ကျနေရတာလဲ။]



8th comment - [အပုပ်နံ့ထွက်နေတာပဲ။ မင်းရဲ့ နှလုံးသားထဲမှာ မင်းမြင်တဲ့ နေရာတိုင်းမှာ sh*tတွေပဲ ရှိတယ်။]



9th comment - [Godfather၊ တို့အတွက် ပုံလေးတွေမရှိဘူးလား။]


 ……


Comment Sectionသည် တစ်နေ့တာလုံး ယောက်ယက်ခတ်နေသည်။ ပို့စ်ကို မယုံကြည်သူ အနည်းငယ်သာ ရှိသော်လည်း ယဲ့အန်းသည် သူမ၏ လိုချင်သော အကျိုးသက်ရောက်မှုကို ရရှိခဲ့သောကြောင့် သူမ ကျေနပ်စွာဖြင့် အက်ပ်မှ ထွက်ခဲ့သည်။



မကြာခင်မှာပဲ သူမသည် ဗီရိုထဲမှ luxuryအိတ်တစ်အိတ်ကို ကောက်ယူပြီး မနေ့ညက သူမကို ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးဆပ်သောအနေဖြင့် ရှီရွှမ်းရွှမ်း ဆီသို့ ပို့ပေးခဲ့သည်။



၎င်းကိုရရှိပြီးနောက် ရှီရွှမ်းရွှမ်းသည် အမြင့်သုံးပေလောက်ထိထခုန်ကာ သက်တံ့အီမိုဂျီကို စိတ်လှုပ်ရှားစွာ ပေးပို့ခဲ့သည်။



ယဲ့အန်းသည် အထူးပင် သဘောကျနေခဲ့သည်။



များမကြာမီ ယွမ်ဟဲက ကောလဟာလဖြန့်သူကို တွေ့ပြီဖြစ်ကြောင်း သူမကိုဖုန်းဆက်ပြီး ကြောင်းကြားသည်။



သေချာသလောက်ရှိသည်။ ယခင်က ထုတ်လုပ်ရေးမှ ဖယ်ထုတ်ခံရလုနီးပါး ဖြစ်ခဲ့သော စုန့်ယင်း ဖြစ်သည်။



လုဟုန်က သူမအား လှည့်စားခဲ့ပြီး ယဲ့အန်းသည် ဇာတ်ရုပ်ကိုခိုးယူရန် မလျော်ကန်သောနည်းလမ်းများ အသုံးပြုသည်ဟု စုန့်ယင်းက အခိုင်အမာဆိုခဲ့သည်။ သူမသည် ထိုအချိန်က ဒေါသထွက်နေပြီး ထိုအရာများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယဲ့အန်းသည် သူမအား တွေ့ဆုံတောင်းပန်ရန် အခွင့်အရေးပေးမည်ဟု မျှော်လင့်နေသည် ။



"Miss ယဲ့ ဒါကို ဘယ်လိုကိုင်တွယ်ချင်လဲ" ယွမ်ဟဲသည် ယဲ့အန်းအား ဆုံးဖြတ်ချက်ချစေသည်။



ယဲ့အန်းက ပြန်မပြောမီ သေသေချာချာဝေဖန်ပိုင်းခြားသည်။ “သူမက ဒီကိစ္စကို ရှင်းရှင်း လင်းလင်းပြောပြခိုင်းပြီး သူမ မူလပို့စ်ကို တင်ထားတဲ့ အကောင့်ကိုသုံးပြီး တောင်းပန်ခိုင်းမယ်။ ပြီးရင် ဒီကိစ္စကို ကျွန်မတို့နောက်ကွယ်မှာပဲ ထားလိုက်မယ်။” 



ဒီကိစ္စကို လိုအပ်တာထက် ပိုကြီးအောင်လုပ်လျှင် သူမအတွက် ကောင်းကျိုးမရှိပါ။ ယခုဆိုလျှင် သူမသည် ရှဲ့ မိသားစုနှင့် ပတ်သက်နေပြီဖြစ်သည်။ ထို့အပြင် ဤကိစ္စတွင်တရားခံမှာ လုဟုန် ဖြစ်သောကြောင့် မိန်းကလေးတစ်ဦးအား အပြစ်ဖို့ရန် မလိုအပ်ပါ။



ဒီကိစ္စကို လွယ်လွယ်နှင့် ဖြေရှင်းရန် သူ မမျှော်လင့်ထားသောကြောင့် ယွမ်ဟဲ အံ့သြသွားသည်။ သူက ပြန်ဖြေသည်။“ကောင်းပြီ”



သူမသည် မည်သူကိုမျှ ချေပရန် မတတ်နိုင်သောကြောင့် စုန့်ယင်းသည် ခပ်မြန်မြန်သာ လုပ်ဆောင်ခဲ့သည်။ နာရီဝက်အတွင်းမှာပဲ သူမသည် ဖိုရမ်တွင် တောင်းပန်စာတစ်စောင်ကို “သတင်း” ဆိုသော စာတန်းနှင့် တင်ခဲ့သည်။



ယဲ့အန်းက ၎င်းကို နှိပ်ပြီး တစ်ချက်ကြည့်လိုက်သည်။ သူမသည် သူမ၏ တောင်းပန်မှုတွင် စိတ်ရင်းဖြစ်ပုံရပြီး အခြားမည်သည့်အရာကိုမျှ အရိပ်အမြွက်မပြခဲ့ပေ။



မှတ်ချက်များက သူမအား လှောင်ပြောင် ရှုတ်ချကြသော်လည်း တောင်းပန်မှုသည် "marrying into the rich and powerful " ပို့စ်ကဲ့သို့ ရေပန်းစားလာခြင်းမရှိပေ။ ယဲ့အန်းသည် စာမျက်နှာမှ မထွက်ခွာမီ ပို့စ်၏ကျန်သောအပိုင်းကို အပေါ်ယံသာ ဖတ်လိုက်သည်။



လုဟုန်၏အကျပ်အတည်းက ပြီးဆုံးသွားပြီဖြစ်သည်။

အရာအားလုံးကို ကိုင်တွယ်ပြီးနောက် ယဲ့အန်းသည် လန်းဆန်းသွားကာ ဖုန်းကို ဖယ်လိုက်သည်။ စိတ်အခြေအနေကောင်းကောင်းဖြင့် စာဖတ်ခန်းသို့သွားခဲ့ပြီး သူမ၏နေ့စဉ်ကိစ္စအဝဝကို ဆက်လက်လုပ်ဆောင်သည်။



သခင်လေး ရှဲ့ ကို ဂရုစိုက်သည်။



သူမဝင်လာခဲ့ပြီးနောက် ရှဲ့ရှောသည် ထိုနေရာတွင် ငြိမ်သက်စွာထိုင်နေပြီး ဘာမှမလုပ်ဘဲ သူမရောက်ရှိမည့်အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ တွေ့လိုက်ရသည်။



ယဲ့အန်းက သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမ ရုတ်တရက် အကြံတစ်ခုရပြီး “အန်တီ ကျိုးက အားလပ်ရက်ပေးဖို့ ပြောထားတော့ ဒီနေ့ ဒီမှာ ရှိနေမှာမဟုတ်ဘူး။ ဒီနေ့ နေ့လည်စာ အပြင်ထွက်စားချင်လား"



ရှဲ့ရှောက ခေါင်းညိတ်လိုက်သည်။



ယဲ့အန်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ "ကျွန်မတို့ အိမ်ထောင်ကျတာကြာပြီ၊ ဒါပေမယ့် တို့တွေအတူတူ အပြင်မထွက်ဖူးကြသေးဘူးနော်"



နှစ်စက္ကန့်ကြာပြီးနောက် ရှဲ့‌ရှောသည် ခေါင်းကိုလှည့်ကာ စိတ်ဝင်တစားမရှိပဲပြန်ပြောသည်။ "တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး မင်း စားချင်ရာကို ယူလာခိုင်းလိုက်။"



သူမ၏ အကြည့်ထဲတွင် တောက်ပမှု ပျောက်ကွယ်သွားကာ သူမ၏ စိတ်အခြေအနေလည်း ဆက်မကောင်းနေနိုင်တော့ပါ။



ယဲ့အန်းသည် သူ၏တုံ့ပြန်မှုကြောင့် စိတ်ဆိုးသွားသည်။ “အပြင်ထွက်စားတာနဲ့ တစ်ယောက်ယောက်ကို အိမ်ကို လာပို့ခိုင်းတာ ဘာမှမဆိုင်ဘူး။ နားလည်လား။ အပြင်ထွက်စားတာက အတွေ့အကြုံနဲ့ စိတ်ခံစားချက်တွေအတွက်ပဲ!”



ရှဲ့ရှောက မတုန်မလှုပ်ပင်။ “ဘယ်လို အတွေ့အကြုံမျိုးကို မင်းကလိုချင်တာလဲ”



ယဲ့အန်း - “…”



လူတစ်ယောက်က နှစ်ကိုယ်ကြားဆက်ဆံရေးကို ဂရုမစိုက်ဘူးဆိုလျှင် သူ့ဖြစ်တည်မှုရဲ့ အဓိပ္ပါယ်က ဘာများလဲ။



ယဲ့အန်း၏ ရင်ဘတ်သည် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး သူမ စကားဆက်၍မပြောနိုင်တော့ပေ။



“လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လုံးလုံး ရှင်ဘယ်လိုရှင်သန်နေထိုင်ခဲ့လဲ။ ရှင့်ကို ဘယ်မိန်းမတစ်ယောက်ကမှ ဂရုမစိုက်ပေးဖူးဘူးလား။"



ရှဲ့ရှောက အကြောင်းမပြန်တော့ချေ။ ဖြေဆိုရန် အဓိပ္ပါယ်မရှိလှကြောင်း သူ၏အမူအရာအရ ထင်ရှားနေသည်။



ယဲ့အန်းသည်  စိတ်ရှည်မှုမှာ ထပ်မံကုန်ဆုံးလာသည်။



သူမသည် စိတ်ကိုတည်ငြိမ်စေရန် အချိန်ခဏယူလိုက်သည်။ သူ့နည်းဗျူဟာကိုပြောင်းလိုက်ပြီး သူ့ကိုစတင်ခြိမ်းခြောက်တော့သည်။ “ကျွန်မ ရှင့်ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ အပြင်ထွက်ပြီးစားမလား ဒါမှမဟုတ် မီးဖိုချောင်ထဲဝင်ပြီး ရှင့်အတွက် ကျွန်မကိုယ်တိုင်ချက်ပေးရမလား!"



သူ၏ ပင်ကိုယ်စရိုက်နှင့် သူမကို သဘောမကျသောကြောင့် သူမလုပ်ထားသော အရာကို ဘယ်သောအခါမျှ မစားချင်လောက်ဘူးဟု သူမမျှော်လင့်ထားခဲ့သည်။



သို့သော်၊ သူသည် မမျှော်လင့်ထားသောအရာကိုပြောလိုက်သည်။“မင်းကို အဲ့လိုလုပ်မှာကို ဘယ်သူမှ တားမနေဘူး”



ယဲ့အန်းကို အံ့အားသင့်စေခဲ့သည်။ ရှင်ဘာလို့ ဇာတ်ညွှန်းအတိုင်း မလုပ်ဆောင်နိုင်ရတာလဲ။



“ရိုးရိုးသားသားပြောရရင် ကျွန်မက ဟင်းချက်တာ ညံ့တယ်။ ကျွန်မ ချဲ့ကားပြီးပြောနေတာမဟုတ်ဘူး ကျွန်မချက်သမျှ အကုန်တူးကုန်တာ။ ရှင်တကယ်ပဲ ကျွန်မလက်ရာကို မြည်းစမ်းကြည့်ချင်နေတာလား။"



ယဲ့အန်းသည် သူမအကြောင်းကို မကောင်းပြောရန် ပထမအကြိမ်ဖြစ်သော်လည်း အထူးတလည် ကြိုးစားအားထုတ်ခဲ့ခြင်း မရှိပေ။



ကံမကောင်းစွာပဲ၊ သူမ၏ကြိုးစားအားထုတ်မှုမှာ အရာမထင်ခဲ့ပေ။ ရှဲ့ရှောက တိတ်ဆိတ်နေပြီး သူ့အမူအရာက တည်ငြိမ်သွားသည်။



"သေချာလား... ရှင် ဒီအကြောင်းကို နောက်တစ်ကြိမ်ပြန်မစဥ်းစားချင်တော့ဘူးလား။ တကယ်ဆိုးတယ်နော် ကျွန်မ မလိမ်ဘူး။ တစ်ကြိမ်စားဖူးတဲ့သူတွေက နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မတောင်းဆိုတော့ဘူး”



ရှဲ့ရှောက မတုန်မလှုပ်ပဲ နေသည်။



ယဲ့အန်းသည် အကြံကုန်နေခဲ့သည်။ “ဘာလို့ ကျွန်မတို့အပြင်ထွက်စားဖို့ကို ဒီလောက်ခက်နေရတာလဲ။ ရှင်က အပြင်ထွက်တာထက်စာရင် ကျွန်မရဲ့ ဆိုးရွားတဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းဖို့ ပိုစိတ်ဝင်စားတယ်ပေါ့…”



သူမဖုန်းထဲတွင် ဟင်းချက်နည်းများကို ရှာရင်း ထိုစကားလုံးများကို ညည်းတွားသည်။



အခန်းသည် တစ်ဖန်တိတ်ဆိတ်သွားကာ ရှဲ့ရှောက သူမ ဒေါသထွက်သွားပြန်ပြီဟု တွေးလိုက်သည်။ အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် ဘာသံမှ မကြားရတော့သဖြင့် သူမျက်မှောင်ကြုတ်သွားသည်။



လည်ချောင်းလည်း ယားယံလွန်းသဖြင့် ပါးစပ်ကို အုပ်ကာ ချောင်းဖွဖွဆိုးလိုက်သည်။



ယဲ့အန်း မော့ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ ရှင်အအေးမိထားတာလား"



သူမ စိတ်ဆိုးပုံမပေါ်တာကြောင့် ရှဲ့ရှောက ချောင်းဆိုးတာကို ရပ်လိုက်ပြီး အဖြေပြန်ပေးသည်။"ငါ အဆင်ပြေပါတယ်”



ခဏအကြာတွင် နွေးထွေးသော လက်တစ်စုံက သူ့နဖူးကို ဖိအုပ်လိုက်သည်။



ယဲ့အန်းက သူမ၏လက်ကို သူ့နဖူးပေါ်အနှံ့ စမ်းသပ်လိုက်ပြီး မှတ်ချက်ပေးသည်။“အဖျားတော့မရှိပါဘူး၊ ကောင်းပါတယ်” 



သို့သော် သူမ စိတ်မချမ်းမြေ့ဖြစ်နေဆဲပင်။ သူမက ဖုန်းကိုချပြီး မတ်တပ်ထရပ်ကာ ပြောသည်။ "ကျွန်မ ရှင့်အတွက် ရေနွေးတစ်ခွက် ယူလာခဲ့မယ်"



အိမ်ထဲတွင် အချိန်ကြာကြီး နေခြင်းက ရောဂါ တိုးလာစေနိုင်သည်။ အဘိုး ရှဲ့ နဲ့ ရှဲ့ပိုင်ယန သာ သိခဲ့လျှင် သူမရဲ့ နူးညံ့ပြီး ချစ်စရာကောင်းသော ဇနီးသည်၏ ပုံရိပ်သည် ပျက်ပျယ်သွားပေလိမ့်မည်။



ရှဲ့ရှောသည် ထွက်သွားသော သူမ၏ခြေသံကို နားထောင်သည်။



မကြာမီ ယဲ့အန်းက ရေတစ်ခွက်နှင့် ပြန်လာပြီး ကိုင်ထားရန် သူ့လက်ကို ရွှေ့လိုက်သည်။



"နည်းနည်းပူသေးတယ်၊ မသောက်ခင် ခဏလောက် အအေးခံထားဦး"



ရှဲ့ရှောက ၎င်းကို ယူရန်စမ်းသပ်နေရင်း မေးလိုက်သည်။“ဘယ်အချိန်ရှိပြီလဲ” 



ယဲ့အန်းက ထိုင်လိုက်ပြီး အချိန်ကို ကြည့်ရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ "ဆယ်နာရီ သုံးဆယ်။"



သူမ ရုတ်တရက် စိတ်ပူလာသည်။ "ဒီလောက်တောင် နောက်ကျနေပြီလား။ ကျွန်မ ဟင်းချက်ရမှာဆိုရင် မြန်မြန်ပြင်ဆင်မှရမယ်!"



သူမ အခုမှရှာတွေ့သော ဟင်းချက်နည်းကို အမြန်ဖွင့်လိုက်ပြီး "ဘာစားချင်လဲ" လို့ မေးလိုက်သည်။



ရှဲ့ရှော ; "မင်းဘာလုပ်ရမလဲဆိုတာသိလား"



"ကျွန်မသိတယ်…"



ယဲ့အန်းသည် မျှော်ကြည့်၍ သံသယရှိသော အမူအရာကို မြင်သောအခါ ဆို့နင့်သွားသည်။ အရှက်ရသွားသလို ခံစားရပြီး သူမကပြန်လည်ချေပသည်။ "ကျွန်မက ဘာမဆို လုပ်နိုင်တယ်!"



ရှဲ့ရှော က လှည့်ထွက်သွားပြီး သူမကို ယုံကြည်မှုမရှိသည်က သေချာသည်။



 “……”



ရှင် ကျွန်မကိုမယုံရင် ကျွန်မနဲ့ဘာလို့ အပြင်ထွက်မစားတာလဲ။



ယဲ့အန်းသည် သူ့ကို စိုက်ကြည့်ကာ သက်ပြင်းချလျက် ဟင်းချက်နည်းကို လေ့လာရန် ခေါင်းငုံ့လိုက်သည်။



သူ မှားကြောင်းသက်သေပြရန် ဒီနေ့ဟင်းချက်ရမည်။



သူမသည် ပုံကို zoom ချဲ့ရန် ဖန်သားပြင်ကို နှိပ်လိုက်သည်။



"ကွန်ပေါင်ကြက်ရော ဘယ်လိုလဲ။"



ရှဲ့ရှော စကားမပြောမီတွင် သူမကိုယ်တိုင် ဆုံးဖြတ်ခဲ့သည်။ "မကောင်းဘူး၊ အရမ်းအလုပ်များပြီး ရှင့်လည်ချောင်းက လည်းကောင်းတာမဟုတ်ဘူး။ ဒီတစ်ခုက အဆင်မပြေဘူး။”



သူမ အောက်ကို ဆက်ဆင်းသွားသည်။



"စီချန်း ငါးစွပ်ပြုတ်?"



“ဒါလည်းမကောင်းဘူး၊ လှီးရဦးမယ်။ ကျွန်မ ငါးနံ့ကို မုန်းတယ်…”



"ဂျူးမြစ်ကြက်စွပ်ပြုတ်?"



"အင်း...ဒါတော့ အဆင်ပြေမယ်ထင်တယ်..."



ရှဲ့ရှော ယသည် သူမက ဟင်းပွဲတစ်ခုစီကို မငြင်းမီတွင် အမျိုးမျိုးသော ဟင်းအမည်များကို ထုတ်ဖော်ပြောဆိုနေသည်ကို နားထောင်နေခဲ့သည်။ သူ့အမူအရာက တဖြည်းဖြည်း အေးစက်လာပြီး နောက်လာမည့် ဟင်းပွဲအတွက် ဘာမျှ မမျှော်လင့်ထားပေ။



"ကျွန်မတို့ အောက်ထပ်ကိုဆင်းပြီး ပါဝင်ပစ္စည်းတွေကိုဘာလို့ သွားမကြည့်ကြတာလဲ" ယဲ့အန်းက ရုတ်တရက် မေးလိုက်သည်။



ရှဲ့ရှောက မတုံ့ပြန်ပါ။



ယဲ့အန်းက သူမဖုန်းကို ပိတ်လိုက်ပြီး သူ့ကိုဆွဲခေါ်သွားသည်။



ရှဲ့ရှောသည် မီးဖိုချောင်အောက်ထပ်သို့ တုံ့ဆိုင်းစွာဖြင့် ဆွဲချသွားခံရသောအခါတွင် မျက်မှောင်ကြုတ်သွားသည်။



ယဲ့အန်းသည် သူတို့တွင်ရှိသော ပါဝင်ပစ္စည်းများကို အသုံးပြု၍ ချက်ရလွယ်ကူသော ဟင်းချက်နည်းများကို ရှာဖွေရင်း ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ထို့နောက် သူမသည် စတင်၍ ချက်ပြုတ်တော့သည်။








ဂုဏ်မြင့်သူရယ်


အပိုင်း ၂၀.၂



ရှဲ့‌ရှောအား တံခါးနားတွင် ရပ်ခိုင်းပြီး နားထောင်ခိုင်းသည်။



အနီးနားမှ အမျိုးမျိုးသော ဆူညံသံများ ထွက်ပေါ်လာပြီး စည်းချက်မကျသော ခုတ်ထစ်သံများ စတင်ထွက်ပေါ်လာသည်။ သူမကို ချက်ပြုတ်ဖို့ ခွင့်မပြုသင့်ဘူးလို့ သူရုတ်တရက် ခံစားလာရသည်။



ချမ်းသာတဲ့မိသားစုမှ သမီးတစ်ယောက်သည် ဟင်းချက်နည်းကို ဘယ်လို သိနိုင်လိမ့်မည်နည်း။ မတော်တဆ သူမကိုယ်သူမ လှီးမိသွားပါက သူ့ကိုယ်ပါ အမှုပတ်စေလိမ့်ဦးမည်။



သူ့လည်ချောင်းက အနည်းငယ် မသက်မသာ ဖြစ်နသေးပြီး ပါးစပ်ကို အုပ်ကာ ချောင်းဆိုးသည်။



ယဲ့အန်းသည် သူမ၏လက်ထဲတွင် ငရုတ်သီးစိမ်းတစ်တောင့်ကို ကိုင်ထားပြိး လှီးခါနီးတွင် သူမသည် ချောင်းဆိုးသံကြားသောကြောင့် လှည့်ကြည့်လိုက်သည်။ "တကယ် အဆင်ပြေရဲ့လား? အအေးမိပျောက်ဆေး လိုချင်လား"



ရှဲ့‌ရှောသည် ဆေးသောက်ရန် လွန်စွာ ဆန့်ကျင်နေပုံရသည်။ သူက မျက်မှောင်ကြုတ်ကာ ပြောသည်။ “မလိုဘူး ရတယ်၊  ကျေးဇူးပဲ”



“ရပ်နေဖို့ တခြားနေရာ ရှာလိုက်ဦး။ ခဏနေရင် မီးခိုးက ရှင့်ကို အသက်ရှူကျပ်စေလိမ့်မယ်… ရှင်ခဏလောက်အပြင်ထွက်ပြီး လမ်းလျှောက်နေပါလား” ယဲ့အန်းက သူ့ကို အပြင်ထွက်ခိုင်းရန် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူဖို့ မမေ့လျော့ခဲ့ချေ။



ရှဲ့‌ရှောသည် နောက်လှည့်၍ ထွက်ခွာသွားပြီး တိတ်တဆိတ် နောက်ပြန်ဆုတ်သွားသော ပုံသဏ္ဌာန်နှင့် သူမအား ထားခဲ့လိုက်သည်။



ယဲ့အန်းသည် ပြတင်းပေါက်မှ တောက်ပနေသော နေရောင်ကို လှမ်းကြည့်လိုက်သည်။ လမ်းလျှောက်ချင်စရာကောင်းသော ရာသီဥတုဖြစ်နေသောကြောင့် သူ့ကို သွားခိုင်းလိုက်ခြင်းဖြစ်သည်။



နေ့လည် ၁၂နာရီအထိ မီးဖိုချောင်မှ အိုးသံခွက်သံများ ထွက်ပေါ်နေပြီး‌ နောက်ဆုံးတွင် နေ့လည်စာကိုအောင်မြင်စွာ ချက်ပြတ်ပြီးစီးခဲ့သည်။



ယဲ့အန်းသည် သူမ၏ ဟင်းလျာများကို စားပွဲသို့ ယူလာခဲ့သည်။ ရှဲ့ရှောသည် အပေါ်ထပ်မှ ပြန်ဆင်းလာပြီး  ပြင်ဆင်ထားပြီးမှသူ့ကို လှမ်းခေါ်ရမည်ဟု သူမ ထင်သော်လည်း ဒီအစား သူသည်ဧည့်ခန်းတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။



"ထမင်းစားချိန်ရောက်ပြီ!" ယဲ့အန်းက သူ့ကို ခေါ်သည်။



ရှဲ့ရှောက ထလိုက်ပြီး စားပွဲဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ယဲ့အန်းက မှိုဟင်းချိုပန်းကန်သေးသေးလေးကို သူ့ရှေ့တွင်ချလိုက်သည်။ “ဒီမှာ ၊ မြည်းကြည့်။ နည်းနည်းတော့ ပူနေလောက်သေးတယ်။"



သူမက သူ၏လက်ဝဲဖက်ခြမ်းတွင် ထိုင်နေသောကြောင့် ဟင်းလျာများ ထည့်ပေးရာတွင် ပိုအဆင်ပြေသည်။



ရှဲ့ရှောက ဇွန်းကိုကိုင်ပြီး ဟင်းချိုကိုနည်းနည်း မြည်းကြည့်သည်။



ယဲ့အန်းက သူ့ကို ထိတ်လန့်စွာ ကြည့်နေသည်။ "ဘယ်လိုနေလဲ?"



ရှဲ့ရှောသည် ၎င်းကို စကားမပြောဘဲ မျိုချလိုက်ပြီး အဆင့်သတ်မှတ်ပေးရန် သင့်မသင့် မသေချာဖြစ်နေသည်။



ယဲ့အန်း - အဲ့လောက်တောင် ပြောပြဖို့ခက်နေလား။



သူ့အမူအရာကြောင့် ရင်နာလာသော ယဲ့အန်းက ဒေါသတကြီးပြောခဲ့သည်။ “ဒီဆိုးဆိုးရွားရွား အမူအရာက ဘာလဲ။ အဲ့လောက်ဆိုးလား?"



ရှဲ့ရှောသည် သူမရုတ်တရက် ဒေါသထွက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ခေတ္တရပ်ပြီး နောက်ဆုံးတွင် စကားလုံးနှစ်လုံးဖြင့် အဆင့်သတ်မှတ်ခဲ့သည်။"ကောင်းတယ်"



ဒါက ယဲ့အန်းကို ပိုဒေါသထွက်စေမယ်ဆိုတာ မည်သူသိနိုင်မည်နည်း။ "ရှင့်ရဲ့ အသံနေအသံထားကို ကျွန်မသတိမထားမိဘူးထင်လား"



ရှဲ့ရှော - “…”



ယဲ့အန်းသည် ဒေါသကြောင့် ဗိုက်နာလာသည်။



သူမသည် ဤဟင်းပွဲတွေအတွက် တစ်မနက်လုံး အားထုတ်ထားရသည်။ ကျေးဇူးမတင်လျှင် ရသော်လည်း သူက အထင်သေးရဲတယ်လား။



သူက ဘယ်လိုလူလဲ!



သူမသည် စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ကာ ချက်ခြင်းပင် မြည်းစမ်းကြည့်ချင်စိတ် မရှိတော့ပေ။



“အပြင်ထွက်စားကြမယ်လို့ ကျွန်မ ပြောသားပဲ။ ရှင်ပဲမသွားချင်ပဲနဲ့ အိမ်မှာပဲစားချင်နေတာလေ”



ရှဲ့ရှော မျက်မှောင်ကြုတ်လိုက်သည်။ ဟင်းချိုပန်းကန်ကို ဖျက်စီးနိုင်ခြေကို သူတွက်ဆမိသောကြောင့် အသံပြောင်းသွားသည်။ “အရသာက အရမ်းပြင်းပေမယ့် သိပ်မဆိုးပါဘူး။ တခြားဟင်းလျာတွေလည်း ချက်ထားသေးတယ်မဟုတ်လား။ အဲဒါတွေက ဘာတွေလဲ?"



ယဲ့အန်းသည် သူ့ကို မော့ကြည့်ကာ သူ့စေတနာကို သတိပြုမိသည်။ သူမ နှုတ်ခမ်းကို ခပ်ဖွဖွဖိရင်း သူမကိုယ်ကိုနှိမ့်ချကာ တွန့်ဆုတ်နေမိသည်။ “ နောက်ထပ်သုံးခုပဲကျန်တာပါ၊ နံနံပင်နဲ့ ကြော်ထားတဲ့ ပုစွန်စတူး၊ ဝက်စပ်ကြော်၊ ရှလကာရည်နဲ့ ကြာရိုးအမြစ်”



သူမသည် တူကို ကောက်ယူပြီး ပုဇွန်နှင့် နံနံပင် တစ်ခုကို သူ့ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။

ရှဲ့ရှောသည် ပုဇွန်ကို ကောက်ယူပြီး မြည်းစမ်းကြည့်တယ်။ ယခု သူသည် သူ၏ သင်ခန်းစာကို သင်ယူပြီး ပုံမှန် အမူအရာ ကို ဆက်ထိန်း ထားသည်။”အဆင်ပြေပါတယ်”



ယဲ့အန်းသည် နောက်ဆုံးတွင် သက်သာသော အနေအထားတွင်ရှိကာ အခြားဟင်းပွဲများမှ အနည်းငယ်ကို ထည့်ပေးသည်။



"ဝက်စပ်ကြော်ကို စမ်းစားကြည့်။"



ရှဲ့ရှောက ခေါင်းငုံ့ပြီး တိတ်တဆိတ်လေး စားလိုက်သည်။



ယဲ့အန်းသည် သူကိုယ်တိုင်မစားမီ သူစားသည်ကိုအနည်းငယ် စောင့်ကြည့်သည်။



ရိုးရိုးသားသား ပြောရလျှင် ဒါဟာ သူမရဲ့ ပထမဆုံးအကြိမ် ဟင်းချက်ခြင်း မဟုတ်သလို သူမရဲ့ ချက်ပြုတ်မှုကလည်း အရသာ ခံနိုင်ရည် မရှိလောက်အောင် မဆိုးပါ။ သခင်လေး ရှဲ့သည် မင်းသားတစ်ပါးလို နေထိုင်လေ့ရှိသောကြောင့် သူ့အရသာအာရုံခံစားမှုမှာ ချေးများလှသည်။



ရှဲ့‌ရှော၏ အမြင်အာရုံကွယ်မှုကြောင့် အစာစားရန် အဆင်မပြေသောကြောင့် ဖြည်းညှင်းစွာ စားသောက်ခဲ့သည်။ ယဲ့အန်းသည် ဦးစွာစားပြီးသွားသဖြင့် သူမသည် သူမ၏ တူများကို ချလိုက်ပြီး သူ့ကို လှမ်းကြည့်လိုက်သည်။ သူမက တုန်လှုပ်ချောက်ချားစွာနှင့် “ရှင်အဆင်မပြေရင် အများကြီးမစားပါနဲ့။ နောက်မှ ရှင့်အတွက် အသီးအနှံတွေ ညှပ်ပြီး ယာဂု လုပ်ကျွေးမယ်"



ရှဲ့ရှောက ခေါင်းကိုမော့၍ သူမသည် အကျိုးသင့် အကြောင်းသင့် ပြောဆိုနေခြင်းကြောင့် အံ့သြသွားသည်။ သူက အေးဆေးတည်ငြိမ်စွာ ပြောခဲ့သည်။ “တကယ်တော့ ကျင့်သားရမနေနိုင်စရာ ဘာမှမရှိပါဘူး။ ဒါက အဆင်ပြေပါတယ်။”



ရိုးရိုးသားသားပြောရရင် သူမရဲ့ ဟင်းချက်ကျွမ်းကျင်မှုက သူ့မျှော်မှန်းချက်ထက် များစွာသာလွန်နေသည်။ သူမရေနွေးတည်လျှင်ပင် မီးဖိုချောင်သည် မီးထလောင်တော့မည်ဟု မူလက သူထင်ခဲ့သည်။



ယဲ့အန်းက ဝမ်းသာအားရ နားထောင်ပြီး မေးဖို့ အခွင့်အရေးကို အမိအရ အသုံးချသည်။ “ရှင့်အတွက် ဟင်းချက်ဖို့ ကျွန်မ အရမ်းကြိုးစားခဲ့ရတာဆိုတော့ ဒီနေ့နေ့လည် အေးအေးဆေးဆေး အပြင်ထွက်ပြီး အပန်းဖြေချင်သေးလား” 



ရှဲ့ရှောက ခေတ္တရပ်လိုက်ပြီး သူ့အမူအရာက ပထမဆုံးအကြိမ် မအေးစက်ပဲ နှိမ့်ချပြောဆိုခြင်းဖြစ်သည်။ သူက တုံ့ပြန်သည်။"နောက်မှပေါ့"



ယဲ့အန်းက သူမနားကြားမှားသည်ဟုထင်လိုက်မိသော်လည်း ခပ်သွက်သွက် အကြံပြုလိုက်သည်။ “နေဝင်ချိန်အထိ စောင့်ရအောင်၊ အပြင်မှာ သိပ်မပူတော့ဘူးပေါ့” 



တူကိုင်ထားသော သူ့လက်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုကို ရုတ်တရက် သတိရသွားတယ်။ သူမ မျက်လုံးတွေ ပြူးသွားသည်။ "ဟုတ်သားပဲ၊ ရှင့်ရဲ့လက်သည်းတွေကို ညှပ်ဖို့ ကျွန်မပြောထာတယ်မဟုတ်ဘူးလား။ စားပြီးရင် လုပ်ရအောင်။"



“…” ရှဲ့ရှော၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။



ယဲ့အန်းက သူ့အမူအရာ ပြောင်းလဲနေတာကို သတိမထားမိလိုက်ချေ။ မလှီးဖြတ်ခင် သူ့ကို ထမင်းစားပြီးအောင် စောင့်ပေးပြီးနောက် ပန်းကန်လုံးနှင့် တူချောင်းများကို သိမ်းလိုက်ပြီး သူ့ကို လက်သည်းညှပ်ပေးရန် ခေါ်ဆောင်သွားသည်။



နေ့လည်ခင်း နေရောင်သည် တောက်ပနေပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ သူမ၏ ခေါင်းကို ငုံ့ထားပြီး မျက်လုံးများကို အာရုံစူးစိုက်ကာ မျက်တောင်ခတ် လိုက်သောအခါတွင် သူမ၏ မျက်တောင်များ လှုပ်ခါသွားသည်။



ရှဲ့ရှော၏ အမူအရာသည် ရုပ်တုနှင့်တူနေပြီး အေးစက်ကာ ခံစားချက်မဲ့နေသည်။



သူ၏ သွယ်လျသော လက်ချောင်းများသည် နေရောင်အောက်တွင် တောက်ပနေပြီး အပြာရောင်သွေးပြန်ကြောများကို သူ့အရေပြားအောက်တွင် မြင်တွေ့နေရသည်။



ယဲ့အန်းက မျက်မှောင်ကြုတ်ကာ ညည်းညူရင်း “ဘာလို့ ရှင် ပိန်သွားတယ်လို့ ခံစားရတာလဲမသိဘူး”



ရှဲ့ရှောက ဘာမှပြန်မပြောချေ။



အချိန်များသည် အေးချမ်းစွာ ကုန်ဆုံးသွားသည်။ နှစ်ယောက်သား အတူထိုင်ကာ နွေးထွေးမှုနှင့် နှစ်သိမ့်မှုတို့ကို ပေးစွမ်းနေကြသည်။



သူ့လက်သည်းများကို ညှပ်ပေးပြီးနောက် ယဲ့အန်းသည် သင်တုန်းဓား အသုံးပြုနည်းကို သင်ပေးရန်အတွက် ရှဲ့ရှော ကို ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။



သို့သော်လည်း သူမသည် ရှဲ့ရှောအပေါ် စမ်းသပ်ရမည်ကိုကြောက်ပြီး သူမကိုယ်တိုင်လည်း မစမ်းသပ်ဝံ့သောကြောင့် လက်မလျှော့လိုက်ခင်တွင် အနည်းငယ် လေ့လာခဲ့သည်။



အကယ်၍ သူမသည် မှားယွင်းသော လှုပ်ရှားမှုတစ်ခု ပြုလုပ်မိပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။



လေးနာရီခန့်တွင် နေမင်းကြီးသည် အနောက်ဘက်သို့ တိမ်းစောင်းသွားပြီး နှစ်ယောက်သား ပန်းခြံထဲတွင် လမ်းလျှောက်ထွက်ခဲ့ကြသည်။



လေသည် ညင်သာစွာ တိုက်ခတ်လာပြီး နေရောင်ခြည်သည် တဖြည်းဖြည်း အားနည်းလာသည်။ ယဲ့အန်း၏ ခန္ဓာကိုယ်နှင့် နှလုံးသားသည် နေရောင်ကြောင့် နွေးထွေးလာကာ သူမဘေးနားရှိ အမျိုးသားကို ကြည့်လိုက်ရာ၊ သူမ၏ အစီအစဉ်များကို နောက်တဆင့် စတင်ရန် အချိန်တန်ပြီဟု တွေးလိုက်မိသည်။



သို့သော်လည်း သူမ မတတ်နိုင်ခင်တွင် လက်တွေ့လောကသည် သူမကို ခပ်ကြမ်းကြမ်း နိုးထစေခဲ့သည်။



ရှဲ့ရှော အအေးမိသွားသည်။



အဖျားမရှိသော်လည်း ဆက်တိုက် ချောင်းဆိုးနေသည်။ သူ၏ အပြင်းထန်ဆုံး လက္ခဏာမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်သည်။



သူ ကားမတော်တဆဖြစ်ခဲ့စဥ်က သူ့ဦးနှောက်တွင် ပြင်းထန်သော ဒဏ်ရာက သူ့မျက်လုံးအာရုံကြောကို ထိခိုက်ခဲ့သည့်အတွက် မျက်စိကွယ်ပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာကို စတင်ခံစားခဲ့ရသည်။



ယခု အအေးမိပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်း ပြန်ဖြစ်လာသည်။



ရှဲ့ရှောသည် ခဏခဏ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရကြောင်း ရှဲ့ပိုင်ယန် ပြောခဲ့သည်ကို ယဲ့အန်း သတိရသော်လည်း သူမ သိပ်အလေးအနက် မထားပေ။ သူမမျက်လုံးနှင့် မြင်လိုက်ရမှ ဘယ်လောက်ထိ ပြင်းထန်ကြောင်း သူမ သိလိုက်ရသည်။



ပထမနှစ်ရက်လုံးလုံး သူအိပ်မပျော်နိုင်ပဲဖြစ်နေသည်။ ယဲ့အန်းသည် ညသန်းခေါင်တွင် အိပ်ရာမှနိုးလာကာ သူ့မျက်နှာသည်ဖြူဖျော့ပြီး သွေးပြန်ကြောများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ နဖူးတွင် ချွေးများထွက်နေပြီး ခေါင်းအုံးများပင် စိုရွှဲနေသည်။



သို့သော် သူသည် အသံပင်မထွက်ဘဲ အံကြိတ်ခံနေသည်။



ယဲ့အန်းသည် သူ့နဖူးပေါ်တွင် မျက်နှာသုတ်ပုဝါ အနွေးတစ်ထည်ကို ဖိပေးထားသော်လည်း အသုံးမဝင်ပေ။



"ရှင် အကိုက်အခဲပျောက်ဆေး သောက်ချင်လား"



ယဲ့အန်းက သူ့ကို ထထိုင်စေပြီး သူမ၏ပခုံးပေါ် မှီထားခိုင်းလိုက်သည်။ အကိုက်အခဲပျောက်ဆေးကို သူ့နှုတ်ခမ်းနားတွင် ကပ်ပေးသည်။



ရှဲ့ရှောသည် သူ့ဒဏ်ရာအတွက် ဆေးကုသမှုခံယူနေရင်း ဆေးရုံတွင် ဆေးမျိုးစုံကို မကြာခဏ တိုက်ကျွေးခံခဲ့ရသဖြင့် အခုချိန်တွင် ထိုဆေးများကို မထီမဲ့မြင်ပြုခဲ့သည်။ ပါးစပ်ကို ဖွင့်ရန် ငြင်းဆန်ပြီး နှုတ်ခမ်းကို ဖိပိတ်ထားသည်။



ယဲ့အန်းသည် သူမနှလုံးသားကို နာကျင်စေသော သူ၏ နှုတ်ခမ်းဖြူဖျော့ဖျော့များကို ကြည့်လိုက်သည်။ သူမ၏ လေသံသည် ပို၍ပင် နူးညံ့လာသည်။



"ဆေးတစ်လုံးလောက်ပဲ သောက်လိုက်ပါနော်။ ဟုတ်ပြီလား"



မွှေးရနံ့သင်းသင်းနှင့် နွေးထွေးမှုတို့က သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ရှဲ့ရှောသည် သူမ၏ နူးညံ့သိမ်မွေ့သော ချော့မြူမှုအောက်တွင် ပါးစပ်ကို မဖွင့်မီ သူ့နှုတ်ခမ်းကို ခဏကြာ ဖိထားသေးသည်။ 



ယဲ့အန်းသည် ရှဲ့ရှောအား ဆေးတိုက်ကျွေးပြီး နောက် ရေနွေးနွေးခွက်ကို ဘေးသို့ချပြီး ပြန်လှည့်ကြည့်လိုက်သည်။ သူ့ခေါင်းကို ပွတ်သပ်ပေးရင်း ကလေးတစ်ယောက်ကို ချော့မြူသကဲ့သို့ ပွေ့ဖက်ထားသည်။



“အဆင်ပြေသွားလိမ့်မယ်။ ဝေဒနာက မကြာခင် ပျောက်သွားမှာပါ… နောက်ထပ်မနာတော့ဘူး…”



သူမ၏ နူးညံ့သိမ်မွေ့သော အသံသည် သူ့နားထဲသို့ တိုးဝင်သွားသည်။ အချိန်အတော်ကြာအောင် နီရဲနေသော မျက်လုံးများဖြင့် သူမခေါင်းကို ငုံ့ထားလိုက်သည်။



ရှဲ့ရှောသည် မူလက ဆေးသောက်ပြီးနောက် အနည်းငယ် သက်သာလာသော်လည်း သူမ၏စကားကြားပြီးနောက်တွင် သူ၏မူလနာကျင်မှုတွင် တဆစ်ဆစ်ကိုက်ခဲ လာခဲ့သည်။ နဖူးပေါ်ရှိ သွေးကြောများ ထောင်လာပြန်သည်။ 



သူသည် သူမ၏ သိမ်မွေ့သော လက်ကောက်ဝတ်ကို ညှစ်လိုက်ကာ နာကျင်မှုကို အံတုရင်း သူမကို တွန်းထုတ်လိုက်သည်။



နာကျင်မှုကြောင့် သူ့အားကိုသူ သတိမထားမိဘဲ ယဲ့အန်း၏ လက်ကောက်ဝတ်တစ်ဝိုက်တွင် အနီရောင်အစင်းကြောင်းများ ဖြစ်ပေါ်သွားစေသည်။



ယဲ့အန်းသည် သူမ၏လက်ကောက်ဝတ်ကို ကိုင်ကာ ခက်ထန်သော အမူအရာကို အံ့သြသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ ဆွံ့အသွားသည်- ရှင်အခု ကျွန်မရဲ့ စေတနာတွေကို မြည်းအသည်းလို မှတ်ယူနေတာလား။



သူမ စိတ်ထဲတွင် ဆဲရေးမိသော်လည်း သူ့ကို ပြောပြရန် ပင်ပန်းလွန်းလှသည်။ သူ့နဖူးပေါ်မှ ချွေးတွေကိုမြင်၍ သူမ တိုးတိုးလေး မေးလိုက်သည်။ “ရှင် သက်သာလာလား? မအိပ်ခင် ရေချိုးချင်သေးလား"


……


ရှဲ့ရှောက ပြန်မဖြေ‌သော်လည်း ချောင်းဆိုးလျက် အိပ်ရာမှထကာ ရေချိုးခန်းဆီသို့ လမ်းကိုခံစားရင်းလျှောက်သွားရသည်။ သူ့နောက်ကျောက ပျော့ခွေနေပြီး အနည်းငယ်တော့ သနားစရာကောင်းသည်။



မေ့လိုက်ပါ၊ ဒါလည်း သူ့အတွက် မလွယ်ကူပါပေ။



ယဲ့အန်း၏ မိခင်ဗီဇသည် လွန်ကဲသွားခဲ့သည်။ သူမသည် သူ့အတွက် ညဝတ်အင်္ကျီအသစ်တစ်ထည်ကို ထုတ်ယူပေးပြီး သူ့စိတ်အာရုံတွေကို ငြိမ်သက်စေရန်အတွက် ရေမချိုးခင်တွင် essential oilsများကို ထည့်ပေးလိုက်သည်။



ရေကိုအကြာကြီးမချိုးဖို့ပြောရန် သူမသည်တစ်ချက်လှည့်ကြည့်၍ သူ့ခန္ဓာကိုယ်သည် သူမ၏အမြင်အာရုံထဲသို့ ဝင်လာသည်။



အနက်ရောင် ညဝတ်အင်္ကျီ၏ လည်တိုင်သည် ပွင့်နေပြီး လည်ပင်းဖျော့ဖျော့နှင့် ညှပ်ရိုးကို ပေါ်လွင်စေသည်။ သူ၏ ကိုယ်သင်းရနံ့သည်  အပြင်းအထန်လေ့ကျင့်ခန်းလုပ်ထားသကဲ့သို့ ဖြစ်သည်။



ထို့အပြင် သူ၏နဖူးမှ ဆံပင်များက စိုစွတ်နေပြီး သူ့မျက်နှာသည် စွဲမက်လောက်စရာ ချောမောမှုကို ပိုင်ဆိုင်ထားသည်။


……


ဘယ်လောက်တောင် ဆွဲဆောင်မှု ရှိလိုက်လဲ…



မသင့်လျော်သော ပုံရိပ်များသည် ယဲ့အန်း၏ စိတ်ထဲတွင် ပေါ်လာသည်။ နားရွက်တွေ ပူလာပြီး သူမ၏ မျက်နှာသည်ရုတ်တရက် နီရဲလာသည်။



ယဲ့အန်း နင်ဘာတွေ တွေးနေတာလဲ။



အခုအချိန်မှာ တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို မည်သို့တပ်မက်နေနိုင်သေးတာလဲ။ နင်က မကောင်းဆိုးဝါးတစ်ကောင်ပဲ။



“အိုခေ၊ ရေကို အကြာကြီး မစိမ်နေနဲ့နော်၊ ရှင်တစ်ခုခုလိုအပ်ရင် ကျွန်မကို ခေါ်လိုက်။"



ယဲ့အန်းသည် သူမကိုယ်သူမ ကျိန်ဆဲပြီး သူမ၏ အကြည့်ကို လွှဲလိုက်သည်။ ကချော်ကချွတ်ဖြင့် ရေချိုးခန်းထဲမှ အမြန်ထွက်လာခဲ့သည်။



တံခါးပိတ်သံကြားသောအခါ ရှဲ့ရှောသည် သူ့အဝတ်အစားများကို စချွတ်လိုက်သည်။ အိပ်ဝတ်အင်္ကျီကိုရှောချလိုက်သည်နှင့် သူ့ထုထည်ကြီးမားသောပုခုံးနှင့် ကြွက်သားထုထည်များပေါ်ထွက်လာသည်။



ရေငွေ့များထူထဲလာပြီး လေထဲတွင် ပျံ့နှံ့သွားသည်။



အိပ်ခန်းထဲပြန်ရောက်ပြီးနောက် ယဲ့အန်းသည် ပူနေသော ပါးပြင်များကို အေးမြစေရန် ကြိုးစားခဲ့သည်။



သူမသည် သူမ၏ စိတ်ဆန္ဒနောက်သို့ မည်သည့်အချိန်ကစ၍ လွယ်ကူစွာ လိုက်ပါသွားတတ်ခဲ့သနည်း။



အသက်သုံးဆယ်ကျော် အမျိုးသမီးများသည် ဝံပုလွေများဖြစ်လာကြပြီး အသက်လေးဆယ်ကျော် အမျိုးသမီးများသည် ကျားသစ်များဖြစ်လာကြသည်ဟုပြောကြသည်။ သို့သော် သူမသည် နှစ်ဆယ့်သုံးနှစ်သာရှိသေးသည်။ ဒီအဖြစ်အပျက်သည် သိပ္ပံဥပဒေသများကို ဆန့်ကျင်နေသည်။



ယဲ့အန်းသည် သူမ၏ လက်များကို အသုံးပြုကာ မျက်နှာကို ဖွက်၍ သူမ၏ စိတ်အခြေအနေသည် ရှုပ်ထွေးနေသည်။


……


သူမသည် ကာမဆန္ဒပြင်းပြသူတစ်‌ယောက် ဖြစ်လာခဲ့သည်...



ခဏတာမျှ စိတ်ငြိမ်သက်အောင် ကြိုးစားပြီးနောက် ယဲ့အန်းသည် ကုတင်ဆီသို့ လျှောက်သွားကာ အိပ်ယာခင်းများကို လဲလိုက်သည်။ ထို့နောက် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။



ရှဲ့ စံအိမ်သည် လူကုန်ထံများ နေထိုင်ရာ လူသိများသော နေရာတစ်ခုတွင် တည်ရှိသည်။ ရှုခင်းသည် လှပပြီး လရောင်က ကြည်လင်နေသည်။ နူးညံ့သောလေနုအေးသည် သူမ၏ပါးပြင်များကို တိုက်ခတ်သွားပြီး လေထုထဲတွင် ငြိမ့်ညောင်းမှုကို ခံစားလိုက်ရသည်။



အဝေးမှ အဆက်မပြတ်သော တောင်တန်းကြီးများကို လရောင်အောက်တွင် မြင်နေရသည်။



ယဲ့အန်းသည် အဝေးကို မျှော်ကြည့်ရင်း ရုတ်တရက် လွမ်းဆွေးသလို ခံစားလိုက်ရသည်။ ဤမသန်မစွမ်းမှုကြောင့် သူသည် စိတ်ဓာတ်ကျနေသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည်ကို သူမစိုးရိမ်နေခဲ့ပြီး သူမအစီအစဉ်၏ နောက်တဆင့်သည် မည်သည့်အချိန်တွင် ဖြစ်နိုင်လိမ့်မည်ကို သူမ မသိနိုင်ခဲ့ပေ။



တိုးတက်မှုအချို့ကိုမြင်တွေ့ရန် သူမသည် အလွန်ကြိုးစားအားထုတ်ခဲ့ရသော်လည်း အရာအားလုံးသည် အချည်းနှီးဖြစ်သွားနိုင်သည်။



ရေချိုးပြီးနောက် ရှဲ့ရှော၏ ခေါင်းကိုက်ခြင်းဝေဒနာမှာ များစွာသက်သာလာပြီး အိပ်ရာဝင်ပြီး များမကြာမီ သူ အိပ်ပျော်သွားခဲ့သည်။



ယဲ့အန်းက နေမထိထိုင်မသာဖြစ်ပြီး ကောင်းကောင်းအိပ်မပျော်နိုင်သေးချေ။ တစ်ညလုံး သူမ အကြိမ်ပေါင်းများစွာ နိုးလာပြီး ရှဲ့‌ရှောကို အလိုလို စောင့်ကြည့်နေမိသည်။



သူမစိုးရိမ်မှုကြောင့် နေထွက်စပြုလာသည့်အခါတွင် သူမသည် ရင်းနှီးသော အိမ်မက်ထဲသို့ နစ်မျောသွားခဲ့သည်။



မှိန်ပျပျရှည်လျားသော စင်္ကြံတွင် သူမသည် ဆန္ဒအလျှောက် ပြေးလွှားနေခဲ့ပြီး ည၏ မိုးရွာသံများသည် ကြည်လင်ပြတ်သားနေခဲ့သည်။