အပိုင်း ၂၂၀
Viewers 29k

Chapter 220


ရှကျင်းက သူ့ကိုရှတစ်မိသားစုလုံးကိုပါအသုံးချ၍ တိုက်ခိုက်ရန် ပြင်ဆင်နေမည်ဟုရှအန်းက မထင်ခဲ့ပေ။


ရှအန်း သာသိလျှင် ပျော်ပင် ပျော်သွားပေလိမ့်မည်။


တစ်ကြိမ်တစ်ခါက ရှမိသားစု၏ စောင့်ရှောက်ပေးခြင်းခံခဲ့ရသော သမီးတစ်ဦးဖြစ်သည့် သူမက သူမ၏ သဘောကောင်းသော မိသားစုနှင့် ရင်ဆိုင်ရပေတော့မည်။


သူတို့က သူတို့၏သမီး ရှကျင်းကို သူမထံမှ အနိုင်ကျင့်ခံရအောင် လုပ်ပေးလိုက်ခြင်းဟု ထင်မည်မဟုတ်ကြပေ။


ထို့ကြောင့် သူမက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ရှကျင်းနောက်မှ အင်အားကို ဖြတ်ချမည်ဖြစ်သည်။


ထို့အပြင် ဤအရာကို ရှအန်းက ဖြေးဖြေးမှန်မှန်လေး ပြီးပြည့်စုံအောင် လုပ်သွားမည်ဖြစ့သည်။


ယခုတစ်ခေါက် သူမ တရုတ်သို့ ပြန်လာခဲ့သည်မှာ ပြည်တွင်းဈေးကွက်တွင် နေရာယူရန်ဖြစ်သည်။


C.Hမှ ခန့်အပ်ထားသည့် အကြီးပိုင်းများက နိုင်ငံတကာမှ ကျွမ်းကျင်သူများဖြစ်သည်။ ရှအန်း၏ပိုက်ဆံများနှင့် ရှအန်း၏ ကျော်ကြားမှုတို့ပေါင်းစပ်ကာ ဈေးတန်ပြီး အရေအသွေးကောင်းသော နေ့စဉ်သုံးထုတ်ကုန်များက စတင်၍ ထုတ်လုပ်တော့သည်။


ထို ပြီးပြည့်စုံသော ပြင်ဆင်မှုများဖြင့် C.Hနေ့စဉ်သုံး အလှကုန်များက တရုတ်ပြည်ဈေးကွက်တွင် ထွက်လာခဲ့သည်။


C.Hက တရုတ်တွင် နာမည်တစ်ခုရှိပေသည်။ ယခုတစ်ခေါက် C.Hက စကင်ကဲပစ္စည်းအသစ်များ ထုတ်ရုံသာမက ဈေးတန်လှသော နေ့စဉ်သုံးပစ္စည်းများကိုပါ ထုတ်လုပ်လိုက်သည်။


၎င်းက ပြည်သူလူထု၏ စိတ်ဝင်စားမှုကို ဆွဲဆောင်မိသည်။ ထိုအထဲတွင် C.Hထုတ်ကုန်များ သုံးဖူးသော လူများလည်း ပါဝင်သည်။


တစ်ယောက်ယောက်သာ နေ့စဉ်သုံး ပစ္စည်းများတွင် ဈေးကွက်တစ်ခု လိုချင်လျှင် အမေများနှင့် အဘွားများကို ပစ်မှတ်ထားရပေမည်။ အဆုံးတွင် သူတို့ကသာ နေ့စဉ်သုံးပစ္စည်းများကို အဓိကဝယ်ယူကြသူများ ဖြစ်ကြသည်။


ထို့ကြောင့် ဤတစ်ခေါက်တွင် ရှအန်းက ကြော်ငြာအတွက် ပိုက်ဆံများစွာ အသုံးပြုခဲ့သည်။


ပိုက်ဆံချွေတာရန်နှင့် အလျှင်အမြန်ရောင်းရစေရန် ရှအန်းက သူမ၏ နာမည်ကြီးလှသော ပုံရိပ်ကို အသုံးချ၍ ကြော်ငြာခဲ့သည်။


သူမက ပြည်တွင်း TVလိုင်းများတွင် ကြော်ငြာချိန်ကို သက်လတ်ပိုင်းတို့ အကြည့်များသော အချိန်ကိုယူပြီး ကြည့်ရှုသူများကို ဦးနှောက်ဆေးလေသည်။


ထိုကဲ့သို့သော ကြော်ငြာမှုမျိုးက အလွန်သက်ရောက်မှု ရှိလှသည်။


ရှအန်းက အိမ်နီးချင်း ညီမငယ်လေးလို အလွန်အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းသည့် ပုံစံလေးဝတ်ထားသည်။ အလွန် ရင်းနှီးချစ်ခင်ဖွယ်ကောင်းသော မော်ဒယ်ဖြင့် ကြော်ငြာထားသည်ဖြစ်ရာ အမေများစွာနှင့် အဘွားများစွာက C.Hထုတ်ကုန်များကို သတိထားမိပြီး ဝယ်ချင်ကုန်ကြသည်။


မကြော်ငြာမီတွင် ရှအန်းက သူမ၏ထုတ်ကုန်များကို အဓိက စူပါမားကတ်ကြီးများတွင် တင်ထားပြီးဖြစ်သည်။


ပြိုင်ဘက်အများစုက C.Hက ဤမျှများပြားသည့် အရောင်းပစ္စည်းများကို စောင့်ကြည့်နေကြသည်။ နိုင်ငံခြား ကုမ္ပဏီက ပြည်တွင်းဈေးကွက်ကို ဝင်ချင်နေသည်။ ထိုကိစ္စက ဘယ်သောအခါမှ ဖြစ်လာမည်ဟု မထင်ဘဲ ထိုနိုင်ငံခြားကုမ္ပဏီမှ ငွေများစွာ ဆုံးရှုံးမည်ဟု ထင်ခဲ့ကြသည်။


သို့သော် မည်သူမှမထင်ထားသည်မှာ ပထမဆုံးနေ့တွင် ရောင်းရနှုန်း အလွန်ဆိုးသော်လည်း နောက်တစ်နေ့ ကြော်ငြာတင်သည်နှင့် ရောင်းရနှုန်းက ထိုးတက်သွားမည်ဟူ၍ ဖြစ်သည်။


တစ်ပတ်ကြာသောအခါ အဓိကစူပါမားကတ်များတွင် မှာထားသော C.Hထုတ်ကုန်များအားလုံး ရောင်းထွက်သွားကြသည်။


စူပါးမားကတ်တိုင်းကလည်း C.Hထုတ်ကုန်များစွာကို မှာယူကြသည်။


သို့သော် သိထားရမည်မှာ C.Hက နေ့စဉ်သုံးပစ္စည်းများဈေးကွက်တွင် မကျော်ကြားသော နိုင်ငံခြား ကုမ္ပဏီဖြစ်သည်။


ထို့ကြောင့် ၎င်းကထိတ်လန့်စရာပင်။


ဟာသဖြစ်သွားမည်ကို စောင့်ကြည့်နေကြသော လူများက အရာတိုင်းက အစစ်အမှန်မဟုတ်ပဲ အိပ်မက်တစ်ခုဟုသာ ခံစားနေရသည်။


အင်တာနက်ပေါ်ရှိ သတင်းများကို မြင်ပြီးသောအခါတွင် လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။


[ဝိုး.. တစ်ပတ်ပဲရှိသေးတာကိုလေ...မိုက်ချက်ပဲ... ငါလည်း ရှန်ပူကုန်သွားလို့ C.Hက ရှန်ပူကို သုံးကြည့်ဦးမယ်ပဲရှိသေးတယ်.. အကုန် ရောင်းထွက်သွားပြီတဲ့ နှမျောစရာကြီး..]


[ငါဒီနေ့ စူပါမားကတ်ကနေ ပြန်လာတာ... မနေ့က ငါဝယ်ခဲ့တဲ့ ကွန်ဒီရှင်နာလေးက အတော်ကောင်းတယ်... ဒီတော့ ငါ ဒီနေ့ C.Hထုတ်ကုန်တွေအကုန်လုံး ဝယ်ဖို့ သွားခဲ့တယ်.. ဘာပဲဖြစ်ဖြစ် ဈေးမှမကြီးပဲလေ... ဒါပေမဲ့ ငါစူပါမားကတ်ကိုသွားတော့ ဆိုင်ဝန်ထမ်းလေးကို C.Hထုတ်ကုန်တွေဘက်ပြဆိုတော့ အကုန်ရောင်းထွက်သွားပြီလို့ ပြောတယ်လေ.. အရမ်းကြောက်ဖို့ကောင်းတာပဲ.. ကြည့်ရတာတော့ ထုတ်ကုန်တိုင်းက အရမ်းကောင်းတယ်ထင်ပါတယ်လေ..]


[စူပါးမားကတ်မှာ ကြောက်စရာကိစ္စကြီး ကြုံခဲ့ရဲ့ ပရိတ်သတ်အသေးစားလေးဖြစ်တဲ့ ငါလေးလည်းပြောပြမယ်.. ငါက အဲ့ဒီ့ထုတ်ကုန်တွေကို ငါ့နတ်ဘုရားမလေးကို support ပေးဖို့ သူကြော်ငြာတာနဲ့ ဝယ်ပေးလိုက်တာလေ... ဘာပဲဖြစ်ဖြစ် ကျောင်းသူဖြစ်တဲ့ ငါလေးက အခုလို ဈေးပေါတဲ့ ပစ္စည်းလေးတွေပဲ ဝယ်နိုင်တာကိုး... ဒါပေမဲ့လေ အဲ့လောက်ကောင်းမယ်လို့ တကယ်မထင်ခဲ့ဘူး... အရမ်းကောင်းတာနဲ့ ဒီနေ့ စူပါမားကတ်ကို ထပ်သွားခဲ့တယ်... အန်တီကြီးတွေက ကြောက်ဖို့ကောင်းချက်ပဲဟေ... C.Hက ထုတ်ကုန်တွေကို သူတို့ ဈေးခြင်းတောင်းထဲ ပစ်ထည့်လိုက်တာများတော့ ဝှစ် ဝှစ်နဲ့နေတာပဲ... သူတို့လက်တွေက တကယ့်ကိုမြန်တာပါ...]


[ငါလည်း သတင်းတစ်ပုဒ်ဖတ်ခဲ့သေးတယ်... အခု C.Hက ထုတ်ကုန်တွေကို အဓိကဝယ်တဲ့လူတွေက အန်တီကြီးတွေတဲ့... ငါပြောချင်တာကတော့ C.Hက ရှအန်းကို ပြောရေးဆိုခွင့်ရှိသူခန့်ထားတာ အရမ်းအမျှော်အမြင်ရှိတယ်ဆိုတာကိုပဲ.... ငါ့အမေကပြောတယ် ရှအန်းက အရမ်းလိမ္မာပြီး ချစ်ဖို့ကောင်းတယ်တဲ့... သူ့လို သမီးမျိုးတောင် လိုချင်တယ် ပြောလိုက်သေးတယ်...]


[+1 +1 +1 ငါ့အမေလည်း ရှအန်းက အရမ်းလိမ္မာတယ်လို့ပြောသေးတယ်... သူက လိမ္မာတဲ့ ကလေးမလေးနဲ့တူတယ်တဲ့... သူက ရှအန်းကို အရမ်းကြိုက်သွားတော့ ရှအန်းရောင်းတာက ဈေးတန်တာနဲ့ ချက်ချင်းသွားဝယ်တာပဲ... အခုတော့ ငါလည်း ရှအန်းရဲ့ ပရိတ်သတ်ဖြစ်သွားပြီ... ငါ့ကိုလည်း အရင်က ရှအန်း ပါခဲ့ဖူးတဲ့ ရသစုံရှိုးတွေ ညွှန်းပေးကြပါဦး...]


[ဟားဟားဟား.... ငါ့အဘွားကလည်း ငါ့အစ်ကိုကို ရှအန်းလို မြေးချွေးမလေး ရှာဖို့ပြောနေသေးတာ... ဟားဟား သူကဘယ်လိုလုပ်ပြီး ရှအန်းလို လူမျိုးကို လက်ထပ်နိုင်မှာလဲ..]


....


ယခုတစ်ကြိမ် C.H၏ ကြော်ငြာက အလွန်အောင်မြင်ခဲ့သည်။ ထိုအောင်မြင်မှုက C.Hကိုသာမက ရှအန်းကိုလည်း နာမည်ကျော်စေခဲ့သည်။


ရှအန်းတွင် လူငယ်မျိုးဆက် ပရိတ်သတ်များသာရှိတတ်သော်လည်း ယခုတစ်ခေါက်သူမ၏ ချစ်စဖွယ်ကြော်ငြာလေးကြောင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း ပရိတ်သတ်များ ရလာခဲ့သည်။


ထိုကဲ့သို့သော ကိစ္စမျိုးကိုမည်သည့် စတားမှ မလုပ်နိုင်ခဲ့သော်လည်း ရှအန်းကတော့ အကျိုးရလဒ်အကြီးကြီးပင် ရလိုက်သေးသည်။


ထိုသည်ကိုမြင်ပြီးနောက်တွင် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများအပေါ် အဓိကထားသော ဈေးကွက်ကလည်း လူငယ်များထက် မနိမ့်ကျကြောင်းသိသွားကြသည်။


အဆုံးတွင် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းလူများတွင် ပိုက်ဆံရှိကြပြီး အိမ်၏ဝင်ငွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ကြပေသည်။


ရှအန်းကြော်ငြာပေးသည့် C.Hမှ ထုတ်ကုန်များမှာ အကုန်ရောင်းထွက်သွားခဲ့သည်။ C.Hမှ ထုတ်ကုန်များမှာ အရည်အသွေးကောင်းလှသော်လည်း ချက်ချင်းရောင်းထွက်ရန်မှာ မလွယ်လှပေ။


C.Hက ဤမျှရောင်းရလွယ် ရောင်းရမြန်သွားသည်မှာ ရှအန်း၏ကြော်ငြာ သက်ရောက်မှုကြောင့်ဖြစ်သည်။


ထို့နောက်တွင် မည်သူကမှ သက်ကြီးပိုင်း ပရိတ်သတ်များကို ကြော်ငြာရေးတွင် အထင်မသေးရဲတော့ပေ။


လူများက သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း ပရိတ်သတ်များကို မလိုချင်၍ မဟုတ်ဘဲ မရခဲ့ဖူး၍ဖြစ်သည်။


ရှအန်း၏ လှပသောမျက်နှာလေးနှင့် C.H၏ ဦးနှောက်ဆေးသည့်ပုံစံ ကြော်ငြာတို့က ထုတ်ကုန်အသစ်များအတွက် အကောင်းဆုံးသော မားကတ်တင်းဖြစ်ခဲ့သည်။


"ရှအန်းကျဲက တကယ်ကောင်းချီးပေးခံထားရတာပဲ...ညီမက ကျဲ C.Hရဲ့ ဈေးနိမ့်တဲ့ ထုတ်ကုန်တွေကို ကြော်ငြာလိုက်တာ ကျဲရဲ့ တန်ဖိုးကို ကျသွားမယ်ထင်တာ... ဒါပေမဲ့ ကျဲကတော့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း ပရိတ်သတ်တွေ အများကြီးရခဲ့တယ်...."

ရှုထျန်းထျန်းက ရှအန်းကို မယုံနိုင်သည့်ပုံလေးဖြင့်ကြည့်နေပြီး သူမအသံကလည်း စိတ်လှုပ်ရှားနေသည့် အသံလေးပင်။


သူမက အခြားလူများလို ဤကိစ္စကို အရမ်းကြီးမမျှော်မှန်းထားပေ။


ဖျော်ဖြေရေးနယ်ပယ်တွင် လူတိုင်းက မြင့်သည်ထက် မြင့်အောင်သာ တက်ချင်ကြသည်။ သူတို့၏ ကြော်ငြာက အောင်မြင်သည်ဆိုပါက ဈေးနိမ့်ပစ္စည်းဖြစ်စေ မည်သည့်ပစ္စည်းဖြစ်စေ လက်ခံပေးကြသည်။


သို့သော် ၎င်းက သူတို့၏ ဖိအားများနှင့် တန်ဖိုးများကို ကျဆင်းသွားစေသည်။


ယခုရှအန်းကမူ အဆုံးသတ်ကောင်းခဲ့သည်။


ရှုထျန်းထျန်းက ရှအန်း တန်ဖိုးနည်း ပစ္စည်းများစွာအတွက် ကြော်ငြာရိုက်ကူးရန် ရွေးချယ်ခဲ့စဉ်က အတော်လေး မပျော်မရွှင်ဖြစ်ခဲ့ရသည်။


သို့သော် သူမ၏ ကိုယ်ပိုင် နတ်ဘုရားမကိုလည်း မတားနိုင်ပေ။ သူမက ကြော်ငြာများကို တစ်ချက်ကြည့်ပြီး နာမည်ကြီးအောင် PRအဖွဲ့နှင့်တိုင်ပင်မည်ဟု ကြံရွယ်ခဲ့သည်။


သို့သော် ကြော်ငြာထွက်လာသည်နှင့် ရှအန်း၏တန်ဖိုးက မကျဆင်းသွားသည့်အပြင် ပရိတ်သတ်များစွာပင် ရလာမည်ဟု သူမ မထင်ခဲ့ပေ။


C.Hထုတ်ကုန်များက တစ်ပတ်အတွင်းရောင်းထွက်ကုန်သလို သူမ၏ဖုန်းကလည်း အဆက်မပြတ်မြည်လာတော့သည်။


သူမ၏နတ်ဘုရားမနှင့် ပူးပေါင်းချင်သည့် လူများစွာ ရှိလာခဲ့သည်။


C.Hကို ကြော်ငြာပေးပြီးနောက်တွင် လူတိုင်းက ရှအန်း၏ စွမ်းဆောင်ရည်နှင့် အင်အားကို သိသွားကြသည်။


ယခုတွင် ပြည်တွင်းဖျော်ဖြေရေး နယ်ပယ်မှ စတားတိုင်းအကုန်ပေါင်းလျှင်ပင် ရှအန်းကို မယှဉ်ပြိုင်နိုင်တော့ပေ။


အဆုံးတွင် သူမ၌ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း ပရိတ်သတ်များစွာ ရှိနေပြီဖြစ်သည်။