အပိုင်း ၂၂၁
Viewers 29k

Chapter 221


သူမ၏စီးပွားရေးတန်ဖိုးများက မြင့်တက်လာခဲ့သည်။ သူမက အားလုံးကို ငုံ့ကြည့်ရသည့် ထိပ်ဆုံးနေရာသို့ရောက်ရှိနေသည်။


ရှအန်း၏စိတ်ခံစားမှုသည် ရှုထျန်းထျန်း၏စိတ်လှုပ်ရှားမှုနှင့်အတူ အကျိုးသက်ရောက်နေသည်။


“အိုး… ဒါက ဒီလောက်အရမ်းမြန်လိမ့်မယ်လို့ မထင်ခဲ့ဘူး...."

C.H ကုမ္ပဏီနှင့် C.H ၏ဝင်ငွေများအားလုံးက သူမ၏ပိုင်ဆိုင်မှုပင်ဖြစ်သည်။


ဒီတစ်ကြိမ် ကြော်ငြာကုန်ကျစရိတ်သည် အတော်လေးများသော်လည်း ထိုက်တန်သည်။


သူမ၏ လက်အောက်ငယ်သားများ ပို့လိုက်သည့် အစီရင်ခံစာကိုကြည့်ပြီး သူမသည် သူတို့၏မူလရင်းနှီးမြှုပ်နှံမှုက တဖြေးဖြေးချင်းမူလနေရာသို့ ပြန်ရောက်လာသည် ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။


သူတို့သည် မကြာမီ ငွေအမြောက်အမြားရရှိအောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။


ထို့အပြင်…ဒီအရှိန်ဖြင့်သာသွားမည်ဆိုလျှင်.. မကြာမီ.. သူမ၏ C.H ကုမ္ပဏီက တရုတ်နိုင်ငံ၏ နေ့စဉ်သုံးထုတ်ကုန်လုပ်ငန်းတွင် နေရာတစ်ခု ရလာနိုင်တော့မည်ဖြစ်သည်။


ရှမိသားစုကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက်..

အိုး..အမှန်မှာ.. သူမက ဒါကို စတင်ခဲ့ပြီးဖြစ်သည်။ ရှ၏နေ့စဉ်သုံး ဓာတုထုတ်ကုန်ကုမ္ပဏီသည် ၎င်းတို့၏နေ့စဉ်ထုတ်ကုန်ပစ္စည်းများဖြစ်သော ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းဆေး၊ သွားတိုက်ဆေး စသည်တို့ကြောင့် ကျော်ကြားခဲ့သည်။


C.H က ရှမိသားစု၏ ထုတ်ကုန်များကဲ့သို့ တူညီသောထုတ်ကုန်များကို ပို၍အာရုံစိုက်ခဲ့သည်။


၎င်းတို့၏ပြိုင်ဆိုင်မှုက စတင်နေပြီဖြစ်သည်။


ရှအန်းက စိတ်လှုပ်ရှားမှုများဖြင့်ပျော်ရွှင်နေသော်လည်း အခြားတစ်ဖက်မှ ရှမိသားစုက ဝမ်းနည်းပြီး စိတ်မချမ်းမြေ့ဖြစ်နေသည်။


C.H ထုတ်ကုန်ထွက်ပေါ်လာမှုကြောင့် ရှနေ့စဉ်သုံးထုတ်ကုန်များ၏ရောင်းအားက သိသိသာသာ ကျဆင်းခဲ့သည်။


လက်ရှိတွင်.. ရှမိသားစု၏နေ့စဉ်သုံးထုတ်ကုန်လုပ်ငန်းတွင် ခြိမ်းခြောက်မှုမရှိခဲ့သော်လည်း ဒီဦးတည်မှုအတိုင်း ဆက်သွားနေလျှင် C.H သည် အနည်းဆုံး ရှ၏နေ့စဉ်သုံးထုတ်ကုန်လုပ်ငန်း၏ဈေးကွက်တစ်ဝက်လောက်ကို နုတ်ယူနိုင်သည့် အလားအလာရှိသည်။


၎င်းက ရှမိသားစုအတွက် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်လာလိမ့်မည်မှာ သံသယပင်ဝင်စရာမလိုပေ။


ရှချန်က အရာအားလုံးဒီလောက်ဆိုးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူတို့၏အာရုံထဲတွင် တစ်ခါမှမရှိဘူးသောရှအန်းက ထိုကဲ့သို့ကြီးမားသည့်လွှမ်းမိုးမှုမျိုး ရရှိနိုင်ခဲ့သည်။


နောက်ဆုံးအနေဖြင့် သူသည် သူ၏သမီးအား မကျရှုံး မနာကျင်စေချင်သည့်အတွက် ရှအန်းအား ပြောရေးဆိုခွင့်ရှိသူခန့်အပ်ရေးကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ကုမ္ပဏီ၏ရှယ်ရာရှင်အများစုက သူ၏ဆုံးဖြတ်ချက်ကို လက်မခံခဲ့ကြပေ။


ရှ၏နေ့စဉ်သုံးထုတ်ကုန်လုပ်ငန်း၏ ဆောင်ရွက်ချက်များ ကျဆင်းလာမှုသည်ရှ အန်းအား ပြောရေးဆိုခွင့်ရှိသူအဖြစ် မငှားရမ်းခဲ့သောကြောင့် ဖြစ်ပြီး အားလုံးက ရှချန် ကို အပြစ်တင်ခဲ့ကြသည်။


အားလုံးက သူ၏အမှားများဖြစ်သည်။


အထူးသဖြင့် သူ၏သားအရင်းဖြစ်သူက ထိုသို့တွေးကာ သူ့အား အလွန်အမင်း အပြစ်တင်ခဲ့သည်။


“အဖေ.... အဖေ စိတ်တွေအရမ်းရှုပ်ထွေးနေတယ်ထင်တယ်... ကျွန်တော်တို့ ရှအန်းကို ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေအတွက် ကြော်ညာပေးဖို့ အကူအညီတောင်းနိုင်ပါတယ်... သူကအခု တရုတ်နိုင်ငံမှာတင်မကဘူး နိုင်ငံတကာမှာပါ အရမ်းအောင်မြင်နေတာ... သူမကိုကြော်ငြာရိုက်စေချင်တဲ့သူတွေက အရမ်းများနေပြီ..."

ရှချန်း၏တစ်ဦးတည်းသောသားဖြစ်သူ ရှဖုန်းမင် က ဒေါသထွက်စွာ ပြောခဲ့သည်။


ဤကြီးမားသည့် လုပ်ငန်းစုကြီးမှာ အနာဂတ်တွင် သူက ဆက်ခံစေမည်ဖြစ်သည်။ နစ်နာမှုအနည်းငယ်ရှိခဲ့လျှင် ထိုအရာသည် သူ၏ဆုံရှုံးမှုပင် ဖြစ်သည်။


“ကျွန်တော်တို့မိသားစုက ရှအန်းနဲ့ ဆက်ဆံရေးရှိတယ်လေ... သူမက ကျွန်တော်တို့ရှမိသားစုရဲ့ သမီးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်... ဘယ်လိုပြောမလဲ.. အားလုံးက ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတွေပါပဲ...,သူမက သူမကိုမွေးစားပေးခဲ့တဲ့မိသားစုကို ကြည့်ရှုစောင့်ရှောက်ပြီး ကျွန်တော်တို့ကို ထောက်ခံကြော်ညာပေးမှာသေချာတယ်... ဒါက လူအများစုဖြစ်ချင်နေတဲ့အရာပဲ… ဒါပေမဲ့ အဆုံးသတ်မှာ အဖေက ဒီဆက်ဆံရေးရဲ့ အကျိုးအမြတ်ကို မယူဘဲ တိုက်ရိုက်ငြင်းချလိုက်တယ်...."

ရှချန်က သားဖြစ်သူ၏စကားကို နားထောင်ပြီး မျက်မှောင်ကြုတ်သွားသည်။


သူသည် မကြာသေးခင်က ဒါရိုက်တာဘုတ်အဖွဲ့၏ စွပ်စွဲပြစ်တင်ချက်များကို ရရှိခဲ့သည်။ ယခု သူ၏သားအရင်းကပါ သူ့အား အပြစ်တင်နေပြီဖြစ်သည်။ သူ၏နှလုံးသားသည် ပို၍နာကျင်ကာ မသက်မသာ ခံစားရလေသည်။


“ဖုန်းမင်. မင်း တကယ်ပဲ အဲ့လို ထင်တာလား.... ငါတို့ တောင်းဆိုရင်တောင် ရှအန်းက ငါတို့ကို ကူညီမှာတဲ့လား...."


“ ဘာလို့မကူညီရမှာလဲ..တကယ်တော့..ကျွန်တော်တို့မိသားစုက သူမကို ၁၀နှစ်ကျော်ကြာ မြေထောင်မြှောက်ပေးခဲ့တာလေ...”


ရှဖမ်းမင်က ၎င်းကိုမှန်သည်ဟုမှတ်ယူလေသည်။ ရှကျင်းကို ပြန်ပေးဆွဲခဲ့စဉ်က သူသည် ငယ်သေးသောကြောင့် တော်တော်များများကို မမှတ်မိပေ။ သူသည် သူ၏ညီမအရင်း ရှကျင်းလောက် ရှအန်းကို ရင်းနှီးသည်ဟုမခံစားရပေ။


သူက ရှမိသားစုနှင့် ရှအန်းကြားတွင် ကွဲလွဲချက်များရှိလိမ့်မည်ဟု မခံစားမိပေ။


အမှန်မှာ.. သူသည် သူ၏အမနှင့် မွေးစားအမကြားရှိ ကွဲလွဲချက်များကို စိတ်မဝင်စားခဲ့ပေ။


“ရှအန်းနဲ့ မင်းရဲ့ယောက်ဖက အတူတူပြန်ပေါင်းသွားပြီဆိုတာ မင်းမသိဘူးလား... သူမက မင်းအမအပေါ် အားနာမှုနဲ့ ငါတို့ ရှမိသားစုကို ကူညီသင့်တယ်လို့မင်းမထင်ဘူးလား..."


ရှချန်းက ရှအန်းအားကုမ္ပဏီအတွက် ကြော်ညာပေးစေချင်သော်လည်း သူတို့၏ရှမိသားစုနှင့် ရှအန်းကြားရှိ မကျေမချမ်းမှုများကိုလည်း တွေးမိပြန်သည်။


သူ့မွေးစားသမီး၏ခံစားချက်များသည် အားနည်းသည်။ သူမက သူတို့ကို မုန်းချင်မှမုန်းလိမ့်မည်။ သို့သော် ရှအန်းနှင့်သူ၏သမတ်ဖုရှန်တို့ကိစ္စကို သိသွားပြီးနောက် သူ၏ အားနည်းသောမွေးစားသမီး၏ စိတ်အခြေအနေက ပြောင်းလဲခဲ့လိမ့်မည်ဟု ခံစားမိသည်။


သူမက ရက်စက်တတ်လာသည်။ ဒါမှမဟုတ်လျှင်…သူမက ရှကျင်း၏မိသားစုကို ဖျက်ဆီးမှာမဟုတ်ပေ။


“အမရှအန်းက ကျွန်တော့်ယောက်ဖနဲ့ ဟုတ်လား...."

ရှဖမ်းမင်က ဖခင်ဖြစ်သူ၏စကားကို ကြားပီးနောက် အထင်သေးစွာတတွတ်တွတ်ရေရွက်လိုက်သည်။


“အမက ပြန်လာပြီး ရှအန်းနဲ့လက်ထပ်မယ့်သူကို လုယူမယ်ဆိုရင် ကျွန်တော်သဘောမတူဘူးနော်... တကယ်တော့ ..သူတို့နှစ်ယောက်က နှစ်တွေအကြာကြီး ချစ်ခဲ့ကြတာ...."


ရှချန်းက သူ့ကို ရိုက်ပစ်ချင်နေသည်။ သူက ဤသို့သာ ပြောလိုက်သည်။


“လိုရင်းပဲပြောမယ်… ဒီအကြောင်းကို ထပ်မပြောနဲ့တော့... ကိစ္စတွေက ဖြစ်ပြီးနေပြီးသား ထပ်ပြောလို့လည်း ဘာမှအကျိုးရှိမှာမဟုတ်ဘူး..."


“အခု.. ကျွန်တော်တို့ ဖြေရှင်းဖို့ နည်းလမ်းကိုပဲ စဉ်းစားနိုင်မယ်.... ကုမ္ပဏီရဲ့ အဓိကထုတ်ကုန်တွေက ကျွန်တော်တို့ရဲ့ အဓိကထုတ်ကုန်တွေနဲ့ တစ်ထပ်တည်းဖြစ်နေတယ်... အင်တာနက်ပေါ်မှာ လူတွေက သူတို့ရဲ့ထုတ်ကုန်ကို ချီးမွမ်းနေကြတယ်... ဒါကြောင့်.. ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို သေချာစဉ်းစားရမယ်... ဒီကုမ္ပဏီက အနာဂတ်မှာ ကျွန်တော်တို့စီးပွားရေးကို ခြိမ်းခြောက်လာနိုင်တယ်..."


ရှဖုန်းမင်သည် အင်တာနက်ပေါ်ရှိသတင်းများကို မကြာခဏ ရှာဖွေနေသော လူငယ်တစ်ယောက်ဖြစ်သောကြောင့် သူသည် အင်တာနက်တွင် လူများက C.H ထုတ်ကုန်များကို ချီးမွမ်းနေသည်ကို သိသည်။


C.H ၏တန်ဖိုးနည်းနေ့စဉ်သုံးထုတ်ကုန်များက အင်တာနက်ပေါ်တွင် ကြည့်ရှုမှုအများဆုံး ရရှိခဲ့သည်။


သူက ရှမိသားစုဝင်သာမဟုတ်ခဲ့လျှင် C.H နေ့စဉ်သုံးထုတ်ကုန်များကို ရွေးချယ်မိမှာ အသေအချာပင်။


ဈေးနှုန်းအချိုးအစားအရ ဈေးသက်သာရုံတင်မကဘဲ ဈေးချင်းတူ ပိုဈေးကြီးသော ထုတ်ကုန်များထက်ပင် ကောင်းသည်။


ထိုကဲ့သို့ရှင်းလင်းသောအခြေအနေများအောက်တွင် အရူးတစ်ယောက်တောင် C.H ထုတ်ကုန်များကို ဝယ်သင့်သည်ကို သိသည်။


“အဖေ...အဖေ့မှာ တခြားအကြံဉာဏ်လေးများမရှိဘူးလား....ပွင့်ပွင့်လင်းလင်းပြောရရင်.. ရှအန်းက C.H ကိုကြောညာပေးပေး မပေးပေး C.H က ကျွန်တော်တို့ရဲ့ နေ့စဉ်သုံးထုတ်ကုန်လုပ်ငန်းမှာ အစားထိုးမှုတွေလုပ်နေတာက ကျွန်တော်တို့အတွက် ပြဿနာပဲ...."

သူသည် ထုတ်ကုန်များ၏အရည်အသွေးကို မြှင့်တင်ခြင်းက တစ်ခုတည်းသောနည်းလမ်းဟုသိခဲ့သည်။


သို့သော်.. ထိရောက်သည့် ကုန်ကျမှုများဖြင့်ထုတ်ကုန်များ၏အရည်အသွေးကို မြှင့်တင်ခြင်းက တကယ်မလွယ်ပေ။ ထို့ကြောင့် သူတို့သည် တခြားနည်းလမ်းများဖြင့် ကြိုးစားလုပ်ဆောင်နိုင်ဖို့သာရှိတော့သည်။


“ကောင်းပြီ.. ငါ ဖုမိသားစုဆီ သွားလိုက်မယ်... သူတို့မိသားစုက ရှော့ပင်းမောလ် တော်တော်များများနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ...ဖုမိသားစုဆီက အကူအညီတောင်းလို့ရမလား ကြည့်ကြည့်လိုက်ဦးမယ်..."

ရှချန်းက သက်ပြင်းချလိုက်သည်။


သူ၏နှလုံးသားထဲတွင် သူသည် ထိုသို့မလုပ်ချင်ပေ။ ဖုရှန်းက သူ၏သမီးအား ချစ်မြတ်နိုးခြင်းမရှိခဲ့ဘဲ လမ်းခွဲခဲ့သည်။


သို့သော်…သူ၏လုပ်ငန်းအတွက်. သူသည် ဖုမိသားစုအား အကူအညီတောင်းပြီး နိုင်ငံခြားအဖွဲ့ C.H ကို ဘယ်နည်းဖြင့်မဆို မောင်းထုတ်ရမည်ဖြစ်သည်။


"အဖေ ကျွန်တော် အဖေနဲ့ လိုက်လို့ရမလား...“

ရှဖုန်းမင် က တောင်းဆိုလိုက်သည်။


“ထားလိုက်.. မင်းအမေနဲ့ပဲ သွားလိုက်မယ်.... ငါ မင်းရဲ့ ဦးလေးဖု နဲ့ အဒေါ်ဖုကို ပြောလိုက်မယ်...”

ရှချန်းက ငြင်းလိုက်သည်။


ရှချန်က ဇနီးဖြစ်သူ ကျိုးလန်ဟွား အား ဖုအိမ်တော်သို့ ခေါ်ဆောင်သွားသောအခါသူ၏သမီးဆီမှ ဖုန်းလာခဲ့သည်။


ရှချန်းက ဖုန်းကိုပြန်ဖြေပြီး သူ၏သမီးဆီမှ ရှအန်းကို တားဆီးဖို့အကြောင်းကို ကြားလိုက်ရသည်။


ရှချန်းက သူမ၏ တည်ငြိမ်သောအသံကိုနားထောင်ပြီး ရယ်ခဲ့သည်။


“ ကျင်းကျင်း.. မင်းရဲ့အဖေမှာ အဲ့လောက်စွမ်းဆောင်နိုင်မယ့် အရည်အချင်းတွေရှိမယ်လို့ မင်းတကယ်ထင်နေတာလား...အခု ရှအန်းက ဘယ်မှာလဲ… အဖေလုပ်ချင်ပါတယ်ဆိုရင်တောင် သူမကို ဘယ်လိုပိတ်ပင်ရမှာလဲ...”


“အဖေ... သမီးကို ကတိပေးခဲ့တယ်လေ..မဟုတ်ဘူးလား… ဘယ်လို့ဒီလို ပြောနိုင်ရတာလဲ…”

ရှကျင်း၏စကားများမပြီးခင်…ရှချန်က ကြားဖြတ်လိုက်သည်။

“ ကျင်းကျင်း..အဖေ ညစာစားပွဲတစ်ခုလုပ်ပြီး ဒီကိစ္စကို ပြောလိုက်မယ်...ဒါပေမယ့်.. လူတွေက ဒါကိုကြားပြီးလည်း ဂရုစိုက်မှာမဟုတ်ဘူး စားပြီးပြန်သွားကြမှာပဲ..."


အမှန်မှာ.. ရှချန်က ထိုသို့ မပြောချင်ပေ။ သူက သူ၏ဂုဏ်သိက္ခာကို ကာကွယ်ချင်သေးသည်။ သူက တစ်စုံတစ်ယောက်အား ရှအန်းကို တားဆီးရန်အကူအညီတောင်းလိုက်သောအခါ ထိုသူက သူ့အား အရူးတစ်ယောက်ကဲ့သို့ ကြည့်ခဲ့သည်။ သူသည် အမှန်တကယ်ပင် ရှက်သွားခဲ့သည်။


သူသည် ထိုအချိန်က ရှက်ရွံမှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးပေ။ ၎င်းသည် ဂုဏ်သိက္ခာရှိသောနာမည်ကြီးကုမ္ပဏီ၏ဥက္ကဌတစ်ယောက်က ကြယ်ပွင့်တစ်ယောက်လောက်ပင် ပါဝါမရှိသလို ဖြစ်ခဲ့သည်။


“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... လက်ဆောင်တွေ မပေးခဲ့ဘူးလား..."


“ကောင်းပြီ.. ကျင်းကျင်း.. အဖေ့မှာ လုပ်စရာတွေရှိသေးလို့ ဆက်မပြောတော့ဘူးနော်.... သမီး ဒီအကြောင်းကို စဉ်းစားမနေနဲ့တော့... ဖုရှန်နဲ့ ကွာရှင်းဖို့သာ စဉ်းစားထား..ဘာပဲပြောပြော.. မင်းတို့တွေ အချိန်အကြာကြီး အတူတူနေခဲ့ပြီးပြီပဲ..ပြီးတော့ ချီချီလေးတောင် မကြာခင် မူကြိုကျောင်း တက်ရတော့မယ်."