အပိုင်း ၂၂၂
Viewers 29k


Chapter 222


ထိုညွှန်ကြားချက်များပြောပြီးနောက် ရှချန်က ဖုန်းချလိုက်သည်။ ဖုန်း၏အခြားတစ်ဖက်မှ ရှကျင်းက တတီတီမြည်သံကို ကြားလိုက်ရသည်။


“ဘုန်း-“


သူမက ဖုန်းကို မြေပေါ်သို့ လွှင့်ပစ်လိုက်သည်။ ဖုန်းက စကျင်ကျောက်အခင်းနှင့်ထိတွေ့ပြီးခဏမှာတင် တစ်စစီပြုတ်ထွက်သွားသည်။


သူမက မြေပြင်ပေါ်ရှိပျက်ဆီးသွားသောဖုန်းကိုကြည့်ပြီး သူမ၏နှလုံးသားထဲတွင် စိတ်ဖိစီးမှုများနှင့်ပြည့်နှက်နေလေသည်။


ရှကျင်းက နားမလည်ခဲ့ပေ။ သူမက ရှအန်းကို နိုင်ငံခြားမှ တရုတ်ပြည်သို့ပြန်ရောက်အောင် အတင်းကြိုးစားခဲ့ပြီး ဘာကြောင့် အခုထိ သူမကို မတိုက်ခိုက်နိုင်သေးတာလဲ။


ရှအန်းက ဂုဏ်သတင်းများ ပို၍ကျော်စောပြီး ပရိတ်သတ်များ ပိုရနေတာတောင် သူမက ကြယ်ပွင့်တစ်ယောက်မဟုတ်လား....


ပြီးတော့ သူမက လုပ်ငန်းရှင်တစ်ယောက်လေ... ရှအန်းလို ဘယ်လိုလုပ် ပုရွက်ဆိတ်သေးသေးလေးကို မဖြေရှင်းနိုင်ရမှာလဲ...


ရှချန်က ရှကျင်းအား ရှအန်းကိုတားဆီးမည့်ကိစ္စကို မေ့ထားပြီး တစ်ခြားကိစ္စကို အာရုံစိုက်ရန်ပြောခဲ့သော်လည်း သူမသည် သူမ၏မူလရည်ရွယ်ချက်များကို လက်မလွှတ်နိုင်ခဲ့ပေ။


ဆန့်ကျင်ဘက်အနေဖြင့် ရှအန်းကိုတားဆီမည့်စိတ်ကူးက ပို၍ပင် အားကောင်းလာခဲ့သည်။


သူမက အမြဲတမ်း ရှအန်းကို လုယူသူတစ်ယောက်အနေဖြင့်သာ သဘောထားခဲ့သည်။ ရှအန်းက ကောင်းကောင်းလုပ်နေလျှင် သူမက အဆိုးများကြုံရတော့မည် ဖြစ်သည်။


ဥပမာ သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းတွင် ပြန်ပေးဆွဲခံရသောအခါ ရှအန်းက ပျော်ရွှင်သောဘဝနှင့် အဆုံးသတ်ခဲ့ပြီး သူမက စိတ်မချမ်းမြေ့သော ဘဝနှင့် အဆုံးသတ်ခဲ့ရသည်။


သူမ ပြန်လာသောအခါ ရှအန်းက စိတ်မချမ်းမြေ့သောဘဝတွင် စတင်နေထိုင်ခဲ့ရပြီး သူမက ပျော်ရွှင်သောဘဝတွင် နေထိုင်ခဲ့ရသည်။


ထို့ကြောင့် ရှကျင်း၏နှလုံးသားထဲတွင် အမြဲတမ်း စွဲလမ်းမှုတစ်ခုက ရှိနေသည်။ ၎င်းမှာ-


အကယ်၍ ရှအန်းသာ လုံးဝပျောက်ကွယ်သွားခဲ့လျှင် သူမက အပူအပင်ကင်းပြီး ပျော်ရွှင်သော ဘဝတွင် အမှန်တကယ်နေနိုင်မည်ဖြစ်သည်။


ဟုတ်သည်။ ရှအန်းပျောက်ကွယ်နေသ၍ သူမက ပျော်ရွှင်ရမှာပါ။


ဒါ့အပြင် သူမ၏သမီးလေးလည်း ပျော်ရွှင်ရမည်ဖြစ်သည်။


လက်ရှိတွင် C.H ၏ထုတ်ကုန်များက ကွန်ရက်တစ်ခုလုံးတွင် ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။


C.H ၏အလှကုန်ပစ္စည်းများက အလွန်ကောင်းသောကြောင့် အားလုံးက C.H ၏ထုတ်ကုန်များကို သိကြသည်။


ဈေးကြီးသောအလှကုန်ပစ္စည်းများ၏လုပ်ဆောင်ချက်က သုံးစွဲသူများ၏နှလုံးသားကို ဆွဲဆောင်ခဲ့သည်။


ဒါသည် သုံးစွဲသူများက ဈေးနည်းသောအလှကုန်ပစ္စည်းများနှင့်ယှဉ်လျှင် နာမည်ကြီးပစ္စည်းများကို ဘာကြောင့်ကြိုက်ကြသည်ဆိုသည့် အကြောင်းပြချက်ပင်ဖြစ်သည်။


အမှန်မှာ ဒီကမ္ဘာပေါ်တွင် ချမ်းသောသောသူသည် အနည်းငယ်သာရှိသည်။


အများစုသည် ပုံမှန်ဝင်ငွေသာရှိသော သာမာန်လူများဖြစ်သည်။ ထိုကြောင့် C.H၏အလှကုန်ပစ္စည်းများက သာမာန်လူတန်းစားများ၏စိတ်ထဲတွင် ကျေနပ်မှုအရှိဆုံးဖြစ်သည်။


သို့သော်လည်း C.H က အလယ်အလတ်မှ အနိမ့်ဆုံးအဆင့် အလှကုန်ပစ္စည်းများ ပြုလုပ်လိုက်တာတောင် ၎င်းတို့၏ သုံးစွဲသူများကို အမြင့်ဆုံးဈေးကွက်တွင် ဆုံးရှုံသွားခြင်းမရှိပေ။


အမှန်မှာ C.H တွင်အနိမ့်ဆုံးထုတ်ကုန်များရှိသော်လည်း အမြင့်ဆုံးအလှကုန်ပစ္စည်းများကလည်း တကယ်ကို မြင့်မားသည်။ ဈေးနှုန်းမှာလည်း ထိပ်တန်းအမျိုးသမီးများ၏ အလှကုန်ပစ္စည်းများထက် ပိုကြီးပြီး အရည်သွေးမှာလည်း စံချိန်ချိုးနိုင်သည်။


၎င်းတို့သည် အထင်ကရအလှကုန်ပစ္စည်းများ ဖြစ်လာခဲ့သည်။


ထို့အပြင် အကောင်းဆုံးအချက်မှာ C.H ၏အမြင့်ဆုံးအလှကုန်ပစ္စည်းများကို လူတစ်ဦးချင်းစီ၏အသားအရည်နှင့်လိုက်အောင် အထူးစီမံထားသည်။ အမေရိကတွင် ၎င်းသည် နာမည်ကြီးအမျိုးသမီးကြယ်ပွင့်များ၏ အကြိုက်ဆုံး Brand ဖြစ်လာခဲ့သည်။


C.H သည် အလှကုန်ပစ္စည်းနယ်ပယ်တွင် နေရာတစ်ခုရလာခဲ့သည်။ အားလုံးက C.H ကုမ္ပဏီသည် နေ့စဉ်သုံးထုတ်ကုန်များဘက်သို့ အာရုံပြောင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


အမြင့်ဆုံးဈေးကွက်မှ အနိမ့်ဆုံးဈေးကွက်သို့ ရွှေ့ကာ အနိမ့်ဆုံးဈေးကွက်ဖွင့်ရန်အတွက် ဆုံးဖြတ်သော ဆုံးဖြတ်ချက်ကို မည်သူမှ နားလည်နိုင်မည်မဟုတ်ပေ။


သို့သော်လည်း ထိုဆုံးဖြတ်ချက်က ၎င်းတို့အား မှင်သက်မိသွားစေခဲ့သည်။


မင်းရဲ့ထုတ်ကုန်က အရည်အသွေးကောင်းမွန်စွာ အကျိုးသက်ရောက်မှုရှိနေသ၍ ဘာပြဿနာမှမရှိဘူး ဟူသော အချက်အား အားလုံးကို သိရှိစေခဲ့သည်။


C.H ၏တရုတ်နိုင်ငံအနိမ့်ဆုံးနေ့စဉ်သုံးဈေးကွက်သို့ဝင်ရောက်မှုသည် အလွန်ချောမွေ့ခဲ့သည်။ အဓိကစူပါမားကတ်နှင့်စတိုးဆိုင်များတွင် ထားသော ပထမအသုတ်ကုန်ပစ္စည်းများက ရောင်းကုန်ခဲ့သည်။ အင်တာနက်ပေါ်တွင် စမ်းသပ်ဝေဖန်မှုအများအပြားကို ဖြန့်ချိခဲ့ကြသည်။


ဝယ်ယူသူတစ်ယောက်ချင်းစီ၏သုံးသပ်ချက်များကို ဖက်ရှုရခြင်းက အံ့အားသင့်သွားနိုင်သည်။


C.H သည်ထိုကဲ့သို့ ဈေးသက်သာသော ကုန်ပစ္စည်းများ ထုတ်လုပ်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။၎င်းက အနိမ့်ဆုံးနေ့စဉ်သုံးကုန်ပစ္စည်းဖြစ်နေတာတောင် အခြားBrandများထက် ပို၍ဈေးသက်သာခဲ့သည်။


[ C.H ရဲ့စပရင်းဝါးတားကွန်ဒီရှင်နာ.. ၁၂ ယွမ် ပဲပေးရတဲ့ စကင်ကွန်ဒီရှင်နာက ငါဝယ်ဖူးတဲ့ ယွမ် ၁၀၀ပေးရတဲ့ ကွန်ဒီရှင်နာထက်ပိုကောင်းတယ်]


[ C.H ရဲ့ပုလဲသွားတိုက်ဆေးကအရမ်းမိုက်တယ်... ယွမ် နည်းနည်းဆီပဲပေးရတယ် ဒါပေမဲ့ အရမ်းကောင်းတယ်... တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ တစ်ပတ်တိုက်ပြီးသွားတော့ ငါ့သွားတွေ ဖြူဖွေးလာတာပဲ.. ]


[ ငါလည်း C.H က ဘီဘီခရင်မ် အကြောင်းကိုကြွားဦးမယ်... လုံးဝကို အကောင်းဆုံးတွေထဲက တစ်ခုပဲ... ဈေးချိုပြီး အရမ်းအသုံးတည့်တယ်... ငါအသားအရည်တွေက အဲ့ဒါနဲ့မှ ပိုကောင်းလာတာ... ငါနည်းနည်းလေးဝယ်ခဲ့မိတာ နာတယ်... တစ်ပုလင်းကို ၁၂ ယွမ် ငါအဲ့ဒါကို အလှဆီအနေနဲ့ သုံးလို့ရမယ်ထင်တယ်... နာမည်ကြီးအလှဆီတွေထက်ပိုကောင်းရုံတင်မကဘူး ဈေးကလည်းချိုသေးတယ်]


[ အမျိုးသမီးတွေနဲ့ ညီမလေးတွေအများကြီးကိုကြည့်ပြီး ပထမနေရာမှာဘာကြောင့်C.H ကုန်ပစ္စည်းတွေမရတာလဲဆိုပြီး ငါစိတ်မကောင်းဖြစ်နေတာ... C.H ရဲ့ကုန်ပစ္စည်းတွေက ရက်အနည်းငယ်လောက် ပြတ်လပ်နေတာ..ဘာလို့ သူတို့က ပြန်မဖြည့်ကြသေးတာလဲ! အရမ်းနှေးတာပဲ..စိတ်ပျက်တယ်... ]


[ @C.H ရဲ့တရားဝင် Weibo ဂရု….နေ့စဉ်သုံးကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းပါ... အဲ့ဒါက ပိုပြီး အဆင်ပြေလိမ့်မယ်... ]


[ ဟုတ်တယ်.. အဲ့ဒါက တကယ်ထူးဆန်းတယ်... ပစ္စည်းတွေပြတ်နေတာ ရက်တော်တော်ကြာနေပြီ... ဘာလို့ ပြန်မသွင်းသေးတာလဲ? တစ်ခုခုဖြစ်နေတာလား]


ကွန်ရက်တွင် အချို့စိတ်ခံစားမှုမြန်သောအင်တာနက်သုံးစွဲသူများသည် မှန်းကြည့်လျှင် မှားခဲသည်။ C.H နေ့စဉ်သုံးထုတ်ကုန်များသည် အမှန်ပင် ပြဿနာရှိနေပြီဖြစ်သည်။


ရှမိသားစုနှင့်ဖုမိသားစု၏ဆက်ဆံရေးသည် အပြန်အလှန်အကျိုးပြုသော ဆက်ဆံရေးဖြစ်သည်။


ထို့ကြောင့် ရှမိသားစုက C.H နိုင်ငံခြားလုပ်ငန်းကို ဖြေရှင်းပေးရန်တောင်းဆိုလိုက်သောအခါ ဖုမိသားစုသည် စဉ်းစားမနေဘဲသဘောတူခဲ့သည်။


ရှမိသားစုသည် ကြွယ်ဝချမ်းသာသောမိသားစုတစ်ခုမျှသာဖြစ်သည်။ သို့သော် ဖုမိသားစုနှင့်မတူ။ ဖုမိသားစုက အဆက်အသွယ်များစွာရှိသည်။


ဘီမြို့တစ်ခုလုံးတွင် ဖုမိသားစုသည် ထိပ်ဆုံး၅နေရာအဆင့်တွင်ရှိသည်ဟု သတ်မှတ်နိုင်သည်။


ထို့ကြောင့် ဖုမိသားစုက ကြားဝင်စွက်ဖက်လိုက်ပြီးနောက် C.H ၏နေ့စဉ်သုံးထုတ်ကုန်များအရောင်းကောင်းနေသည်ဆိုသော်လည်း ၎င်းသည် အဓိကချန်နယ်များ၏ စူပါမားကက်များနှင့် ရှော့ပင်းမောလ်များသို့ မဝင်ရောက်နိုင်တော့ပေ။


ဒီရုတ်တရက်ရိုက်ခက်မှုအပြီးတွင် သာမန်နိုင်ငံခြားကုမ္ပဏီများသာမက အကောင်းဆုံးထုတ်ကုန်ရောင်းချသည့်ကုမ္ပဏီပင်လျှင် ချောချောမွေ့မွေ့မလည်ပတ်နိုင်တော့ပေ။ ထုတ်ကုန်များကို စတိုးဆိုင်များမှတစ်ဆင့် မရောင်းချနိုင်သောကြောင့် ၎င်းတို့၏ဘဏ္ဌာရေးက လည်ပတ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူတို့သည် ဈေးကွက်ကို ပြည်တွင်းနေ့စဉ်သုံးထုတ်ကုန်လုပ်ငန်းတွင် မဖွင့်နိုင်တော့ပေ။


အမှန်မှာ ထိုလူလတ်ပိုင်းနှင့် လူကြီးပိုင်း အများစုသည် အင်တာနက်သုံးစွဲနိုင်မှုမရှိသူများဖြစ်ကြသည်။


ထို့ကြောင့် နေ့စဉ်သုံးဓာတုထုတ်ကုန်လုပ်ငန်းတွင် လက်တွေ့ကျကျရောင်းချမှုသည် အလွန်အရေးကြီးသည်။


ပုံမှန်စူပါမားကက်များနှင့် ရှော့ပင်းမောလ်များကဲ့သို့ လက်တွေ့ရောင်းချသည့်စတိုးဆိုင်များတွင် မရောင်းချနိုင်မှုသည် C.H အပေါ် သိသာသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။


သို့သော် ထိုသက်ရောက်မှုက ရှအန်းနှင့်သူမ၏ကုမ္ပဏီကို ဆွဲချရန် မလုံလောက်ပေ။


အမှန်မှာ သူမက ဈေးကြီးကြီးပေး၍ခန့်အပ်ထားသော စီမန်ခန့်ခွဲရေးသမားများက အလကားထားဖို့မဟုတ်ပေ။


သူတို့၏ပြည်တွင်းဖွင့်ဖြိုးတိုးတက်မှုကိုပစ်မှတ်ထားနေကြောင်း သိရှိပြီးနောက် မကြာမီ သူတို့သည် plan Bကို အကောင်အထည်ဖော်ခဲ့သည်။


သူတို့သည် သူတို့၏ထုတ်ကုန်များကို ရှော့ပင်းမောလ်ကြီးများနှင့် စူပါမားကက်ကြီးများတွင် ဝင်ရောက်ခွင့်မပြုသည်ကို လက်ခံထားလိုက်ပြီး သူတို့၏ ကိုယ်ပိုင်Brand ဖြင့် ဆိုင်ခွဲများကို တစ်နိုင်ငံလုံးတွင် တိုက်ရိုက်ဖွင့်လှစ်လိုက်သည်။


ဒီအစီအစဉ်က အကုန်အကျအရမ်းများသည်။ ရလဒ်သည်လည်း plan Aကဲ့သို့ မြန်ဆန်စွာ ထွက်မည်မဟုတ်။ စွန့်စားမှုများဖြင့် လုပ်ခဲ့သည်။


သို့သော် ပထမဆုံးအချိန်ရောင်းချမှုကိုကြည့်ပြီးနောက် သူတို့သည် plan Bက စွန့်စားမှုတွေရှိလာနိုင်သည်ဟု လုံးဝစိတ်မကူးတော့ပေ။


၎င်းသည် plan Aထပ်ပို၍ အကျိုးအမြတ်ပိုများလိမ့်မည်။


ထို့ကြောင့် ပလန်အေကိုအသုံးပြုရန်မစွမ်းဆောင်နိုင်တော့သည့်အခြေအနေများနှင့်ရင်ဆိုင်ပြီးနောက် ကုမ္ပဏီ၏စီစဉ်သူစီနီယာများက ပလန်ဘီကို အရှိန်မြှင့်ခဲ့သည်။


ရှအန်းက တုန့်ဆိုင်းမှုမရှိဘဲ ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။


သူမသည် မူလရင်းနှီးမြှုပ်နှံမှုပမာဏကို သိသောအခါ ၎င်းသည် သူမအတွက် အလွန်နာကြင်စေသည်။


အမှန်မှာ အားလုံးက သူမ၏ငွေများဖြစ်သည်။ရှအန်းသည် တရုတ်နိုင်ငံတွင် Brand ဆိုင်ခွဲများစတင်ရန်အစီအစဉ်တွင် ရင်းနှီးရသော ကြီးမားသောစုစုပေါင်းငွေပမာဏကို ကြည့်ခဲ့သည်။ မျိုသိပ်ထားသည့်ခံစားချက်က ပို၍ အားကောင်းခဲ့သည်! သူမသည် ထိုရှမိသားစု၏ခေါင်းကို ဖြတ်ပစ်ချင်နေသည်။