အပိုင်း ၂၂၃
Viewers 29k

Chapter 223


ရင်းနှီးမှုငွေပမာဏများ အလုံအလောက်ရရှိလာသောအခါ မကြာမီတွင် C.H နေ့စဉ်သုံးထုတ်ကုန်ပစ္စည်းများ ရောင်းချရေးဆိုင်ခွဲများကို နိုင်ငံအနှံ့အပြားတွင် ဝေဝေဆာဆာဖွင့်လှစ်နိုင်ခဲ့သည်။


ဆိုင်ခွဲများ နိုင်ငံအနှံ့အပြားတွင် ဖွင့်ပြီးပြီးချင်း နေ့စဉ်သုံးထုတ်ကုန်များအတွက် အင်တာနက်ချန်နယ်များကိုလည်း ဖွင့်ခဲ့သည်။


C.H သည် ပို့ဆောင်ရေးဝန်ဆောင်မှုအတွက် ဝန်ထမ်းများကိုလည်း ခန့်အပ်ခဲ့သည်။ C.H ဆိုင်ခွဲများကို နိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်ထားသောကြောင့် ကုန်လှောင်ရုံများကိုလည်း မျှတစွာ ထားရှိနိုင်ခဲ့သည်။ ထို့ကြောင့် ပို့ဆောင်ရေးအတွက် အလွန်အဆင်ပြေသည်။


ဒေသအလိုက်ပို့ဆောင်ရေးကိုပြုလုပ်ထားသောကြောင့် သာမာန်ပို့ဆောင်ရေးများထက် ပို၍မြန်ဆန်သည်။


အခြေခံအားဖြင့် မနက်ပိုင်းမှာထားသော ပစ္စည်းများကို နေ့လယ်ပိုင်းတွင် အရောက်ပို့ပေးသည်။ ထိုသို့မြန်ဆန်မှုကြောင့် ဝယ်ယူသူများ၏စိတ်ကျေနပ်မှုကို ရရှိခဲ့သည်။


လက်တွေ့ရောင်းချသည့်ဆိုင်များဖွင့်လှစ်ပြီးနောက် လူများက C.H ဆိုင်များ၏အဖွဲ့ဝင်များဖြစ်လာနိုင်ပြီး အဖွဲ့ဝင်ဈေးနှုန်းနှင့် လျှော့ဈေးများကိုလည်း ခံစားနိုင်သည်။


ဒါတင်မကဘဲ C.H ဆိုင်တွင် ပစ္စည်းအမြောက်အများဝယ်လျှင် ဆိုင်ဝန်ထမ်းများက အိမ်အရောက် အလားကားပို့ဆောင်ပေးသည်။


ဤအချက်သည် အန်တီကြီးများ၏နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။


ဆိုင်မှပစ္စည်းဝယ်ဖူးသည့်သုံးစွဲသူဖြစ်နေသ၍ သုံးစွဲသူဝန်ဆောင်မှုနည်းလမ်းများက အလွန်ကောင်းသည်။


ယခင်က ကုန်စည်ပြတ်လက်ခဲ့သည့်အခြေအနေကြောင့် ရောင်းချမှုများက ပိုအားကောင်းပြီး ကုန်ပစ္စည်းများကိုလည်း များစွာဖြည့်တင်းနိုင်ခဲ့သည်။


C.H ကဲ့သို့ အခြားဆိုင်ခွဲများက ကံမကောင်းခဲ့ပေ။ အထူးသဖြင့် C.H ဆိုင်ခွဲများနှင့်နီးသော ဆိုင်ခွဲများက ပို၍ဆိုးသည်။


C.H ဖွင့်ခဲ့သောကြောင့် ထိုဆိုင်များတွင် ပြဿနာဖြစ်လာသည်မှာ ဝယ်ယူသူများနည်းပါးလာခြင်းဖြစ်သည်။


ပုံမှန်စူပါမားကတ်ကြီးများနှင့် ရှော့ပင်းမောလ်ကြီးများတွင် ကြီးကြီးမားမားသက်ရောက်မှုမရှိသော်လည်း နေ့စဉ်သုံးကုန်ပစ္စည်းများ၏ ရောင်းအားသည် လျှော့နည်းလာသည်ကို တွေ့မြင်ခဲ့သည်။


ထိုအဖွဲ့များသည် C.H ဆိုင်ခွဲများအလွန်ရောင်းအားမြင့်တက်နေသည်ကို မြင်ပြီး နောင်တရခဲ့ကြသည်။


၎င်းသည် နောင်တရရန် အလွန်နောက်ကျသွားပြီဖြစ်သည်။


“ ဟားဟားဟား….ရှအန်းကျဲ.... သိလား.. မကြာခင်က ကျဲရဲ့ C.H ကုမ္ပဏီက ကျဲထက်တောင် ပိုပြီး နာမည်ကြီးသွားသေးတယ်”


တစ်နေ့တာအလုပ်များပြီးစီးသွားသောအခါ ရှုထျန်းထျန်းသည် ရှအန်းနေသောနေရာသို့သွားပြီး အတင်းအဖျင်းများ စတင်ပြောဆိုခဲ့သည်။


C.H ကုမ္ပဏီ၏မကြာခင်ကပြုလုပ်ခဲ့သောစီးပွားရေးလည်ပတ်မှုများက တရုတ်နိုင်ငံတွင် ကြီးမားသောအကျိုးသက်ရောက်မှုများရရှိခဲ့သည်။


“အခု သူတို့က C.H ရဲ့သူဌေးက ဘယ်သူလဲဆိုပြီး ခန့်မှန်းနေကြပြီ... တစ်နိုင်ငံလုံးမှာ ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်တယ်ဆိုတော့ အဲ့လူက တော်တော်ချမ်းသာမှာပဲ ဖြစ်နိုင်တယ်ဆိုပြီးတော့ပေါ့....”


ထိုသို့ပြောပြီး ရှုထျန်းထျန်းက ရက်ထားလိုက်ပြီး ရှအန်းကို ကြည့်လိုက်သည်။


“ရှအန်းကျဲ.. အားလုံးက ကျဲက ဘယ်သူ ဆိုတာကို ရှာဖွေဖို့ကြိုးစားနေကြတယ်”


ရှအန်းက သူမကို ပြုံး၍ကြည့်လိုက်သည်။


“ချမ်းသာတဲ့သူတစ်ယောက်ယောက်...."


ရှုထျန်းထျန်းက သူမ၏ခေါင်းကိုခါ၍ လေးနက်စွာပြောလိုက်သည်။

“မှားတယ် ~ အဲ့ဒါ နိုင်ငံခြားက အတော်လေးချမ်းသာတဲ့လူတစ်ယောက်ပဲ..."


ရှအန်းက ရုတ်တရက် ရှုထျန်းထျန်း၏ သူမကိုဖော်ညွှန်းလိုက်ပုံကို ကြားလိုက်ပြီး ရယ်ချင်သွားသည်။


“အရမ်းချမ်းသာတဲ့ နိုင်ငံခြားသားတစ်ယောက်..."


“ဟားဟား. ..ဒါက ရယ်စရာအကောင်းဆုံးမဟုတ်ဘူး... အားလုံးက C.H ရဲ့သူဌေးက လူလတ်ပိုင်းဖြစ်ရမယ်လို့ပြောနေကြတယ်...”


ရှုထျန်းထျန်းက ရှအန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ရယ်လိုက်သည်။


“ဟားဟားဟား… လူလတ်ပိုင်း..."


အားလုံးမှန်းဆနေသော C.H၏သူဌေးသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိပြီး အနုပညာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့်လူငယ်တစ်ယောက်ဖြစ်သည်ကို မည်သူကသိနိုင်မည်နည်း။


အမှန်တရားသာ ထွက်ပေါ်လာခဲ့လျှင် ဤသတင်းက အုံကြွလာမည်ဖြစ်ပြီး ရှအန်းကို အရာရာစွမ်းဆောင်နိုင်သော နတ်ဘုရားမဖြစ်လာစေလိမ့်မည်။


ရှအန်းက အရမ်းမစိုးရိမ်သောပုံစံဖြင့် သူမ၏ပခုံးအားတွန့်လိုက်သည်။


သူမစိုးရိမ်သည်မှာ သူမ၏လုပ်ဆောင်မှုက ရှမိသားစုကိုဖိနှိပ်ကာ ၎င်းတို့၏ကုမ္ပဏီကိုဖျက်ဆီးနိုင်မလားဆိုသည့်အကြောင်းပင်ဖြစ်သည်။


ရှုထျန်းထျန်းသည် ရှအန်းနှင့် အချိန်အတော်ကြာစကားပြောပြီးနောက် အိမ်သို့ပြန်ခဲ့သည်။


ရှအန်းက နာရီကိုကြည့်ကာ အချိန်၏ခြားနားချက်ကိုတွက်ချက်ပြီး ၎င်းသည်ဖုန်းခေါ်ရန်အကောင်းဆုံးအချိန်ပင်ဖြစ်သည်။


၎င်းသည် Bမြို့တွင်ညအချိန်ဖြစ်ပြီး အမေရိကတွင်နံနက်ခင်းဖြစ်သည်။


“ရှောင်ရှင်း... ရှောင်ချန်း, ဂွတ်မောနင်း..."

သူမက ဗီဒီယိုကောခေါ်၍ ကလေးငယ်နှစ်ယောက်အားထုံးစံအတိုင်းနှုတ်ဆက်လိုက်သည်။


ဗီဒီယိုထဲတွင် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသော ကလေးနှစ်ယောက် ရပ်နေသည်။


“ဂွတ်မောနင်း...မာမား..."


“ဂွတ်မောနင်း...မမနတ်သမီး..."


ရှအန်း၏မျက်နှာတွင် တောက်ပသောအပြုံးများနှင့်ပြည့်နေသည်။


သူမက ကလေးများအား ထုံးစံအတိုင်း ကောင်းကောင်းစားရန်၊ ဆရာမစကားနားထောင်ရန် ဆုံးမပြောဆိုပြီး ကလေးများကလည်း ခေါင်းငြိမ့်နာခံခဲ့သည်။ သို့သော် ထို့နောက်တွင် သူမက တစ်ခါမှမပြောဖူးသော စကားကို ပြောလိုက်သည်။

“ မာမား မရှိတုန်း မင်းတို့နှစ်ယောက် ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်နော်...မာမားမကြာခင်ပြန်လာဖြစ်လောက်မယ်... ပြီးတော့ မာမားကို အရမ်းကြီးလွမ်းမနေကြနဲ့..."


သူတို့သည် ရှအန်း၏စကားကိုကြားပြီးပြီးချင်း ကလေးနှစ်ယောက်လုံးက ချက်ချင်းပင်း စိတ်ဓါတ်များတက်ကြွလာကြသည်။


“ကောင်းပြီလေ... မမနတ်သမီး..မမ ပြန်လာတော့မှာလား..."


“မားမား... ဘယ်အချိန် ပြန်လာမှာလဲ....သား လေဆိပ်ကို လာကြိုမယ်လေ..."


ရှအန်းက ကလေးနှစ်ယောက်၏စိတ်မရှည်တော့သည့်ပုံစံများကိုကြည့်ကာ ပြုံးနေခဲ့သည်။


“ မာမား ဒီကိုရောက်နေတာအတော်ကြာနေပြီဆိုတော့ မင်းတို့ကိုတွေ့ဖို့ ပြန်လာမှာပါ....ဒီရက်ပိုင်း တရုတ်နိုင်ငံမှာရှိတဲ့အလုပ်တွေအားတဲ့အချိန်ကျရင် မာမား မင်းတို့ကို တွေ့ရအောင် ပြန်လာမှာပါ..."


ကလေးနှစ်ယောက်သည် ရှအန်းက ခဏတဖြုတ်အဖြစ်သာပြန်လာမည်ကိုသိသည်။ သူတို့က အလွန်ပျော်ရွှင်နေသော်လည်း သူတို့၏စိတ်ခံစားမှုများက မသာယာပေ။


“ကတိပေးပါတယ်ကွာ...ဒီကကိစ္စတွေကို အတက်နိုင်ဆုံးဖြေရှင်းပြီးပြီးချင်း အိမ်ကို အတက်နိုင်ဆုံးချက်ချင်းပြန်လာခဲ့ပါ့မယ်...”


သူမက အချိန်ကိုကြည့်ကာ ကလေးနှစ်ယောက်အား အတန်းသွားရန် နှိုးဆော်လိုက်သည်။


ထိုအချိန်သည် သူမအတွက် အိပ်ရတော့မည့် အချိန်ဖြစ်သည်။