အပိုင်း ၂၂၄
Viewers 29k

Chapter 224


သူမသည် ရေချိုးပြီးနောက် တီဗီကြည့်ရန် နေရာယူလိုက်သည်။ ထိုအချိန်တွင် သူမ သဘောမကျသောသူထံမှ ဖုန်းခေါ်ခဲ့သည်။


“ရှအန်း... ကိုယ် မင်းနဲ့တွေ့ပြီး စကားပြောချင်တယ်...."


ရှအန်းက အေးစက်စွာသက်ပြင်းချလိုက်ပြီး ဖုန်းနံပါတ်အစိမ်းအား ကြည့်လိုက်သည်။


“ငါတို့မှာ ပြောစရာအကြောင်းတွေရှိတယ်လို့ ငါမထင်ဘူး...."


ဖုရှန်သည် အမှန်တကယ်ပင် ထပ်တလဲလဲကြိုးစားခဲ့သည်။ သူမက သူ၏ဖုန်းနံပါတ်များအား အကြိမ်ပေါင်းများစွာ ဘလော့ခဲ့သည်။ သို့သော်လည်း ထိုသူသည် သူမအား ထပ်ခါတလဲလဲ ဖုန်းခေါ်ရန် ကြိုးစားခဲ့သည်။


သူမက ဖုန်းနံပါတ်အစိမ်းတိုင်းကို ငြင်းဆန်နေသင့်လားတောင် မသိတော့ပေ။


“ရှအန်း... ကိုယ် တကယ်ကို မင်းကိုပြောစရာရှိတယ်..."

ဖုရှန်က အသက်ကိုပြင်းပြင်းရှူလိုက်သည်။


သူ၏လေသံများတွင် ပြောမပြနိုင်လောက်သော လေးနက်မှုများနှင့် ပူပန်သောကများကို တွေ့နိုင်သည်။


“ဆောရီး... ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာမှပြောစရာမရှိဘူး..."


ထိုသို့ပြောပြီးနောက် ရှအန်းက ဖုန်းကိုချချင်ခဲ့သည်။


ဖုန်း၏အခြားတစ်ဖက်မှလူသည် အလောတကြီးဖြင့် အော်ပြောလိုက်သည်။


“ခဏလေး…ဖုန်းမချလိုက်နဲ့နော်... ငါ ဖုယွီရဲ့ဖခင်ဖြစ်ကြောင်းကို စစ်ဆေးမှုတစ်ခုလုပ်ချင်တယ်.... မှားလို့ ရှရှင်းချန်ပြောတာ..."


“ ရှင်ဘာကိုဆိုလိုတာလဲ..."


ဖုရှန်က ရှရှင်းချန်ကို ရည်ညွှန်းလိုက်သောကြောင့် ဖုန်းခလုတ်ပေါ်မှရှအန်း၏လက်များက တုန့်ဆိုင်းသွားခဲ့ပြီး သူမသည် ဘဝင်မကျဖြစ်ခဲ့သည်။


“ရှအန်း... ဒီအချိန်မှာ မင်းနဲ့ကိုယ်တို့နှစ်ယောက်လုံး ရှရှင်းချန်ရဲ့ မိဘတွေ ဟုတ်မဟုတ်ကို စစ်ဆေးမှုလုပ်သင့်တယ်... ကိုယ်တို့ကို ရှကျင်းက လှည့်စားခဲ့တာဖြစ်နိုင်တယ်လို့ ထင်နေတယ်...."


ဖုရှန်၏အသံထဲတွင် အဆုံးမရှိသောစိတ်လှုပ်ရှားမှုများ ရှိနေသည်။


သူသည် အရေးကြီးသောအရာကိုတွေ့ခဲ့သည်။ သူသည် သူ၏ပုံမှန်အမူအရာများဆုံးရှုံးသွားလောက်အောင် အလွန်စိတ်လှုပ်ရှားခဲ့သည်။


ရှအန်းက သူမ၏မျက်လုံးများကို မတင်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် ဖော်မပြနိုင်လောက်သောလေးနက်မှုများ ရှိနေသည်။


အချိန်တော်ကြာသောအခါ.. ရှအန်းက ပြောခဲ့သည်.

“ ဖုရှန်း... ကျွန်မနဲ့ကျွန်မသားက ရှင့်မိသားစုနဲ့ ပတ်သက်ဆက်နွယ်ဖို့ ဆန္ဒမရှိဘူး... ကျေးဇူးပြုပြီး ကျွန်မကို ရှေ့ရှောက် မနှောက်ယှက်ပါနဲ့တော့... ကျွန်မသားကိုလည်း လွှတ်ထားပေးပါ..."


“ရှအန်း....ဒါပေမဲ့ ရှရှင်းချန်က မင်းရဲ့သားလုံးဝမဖြစ်နိုင်ဘူးနော်.... မင်းရဲ့ကလေးက တကယ်ဖြစ်နိုင်တာက.......”

ဖြစ်နိုင်တာက မင်းရဲ့ကလေးအရင်းကတစ်ကယ်ကိုစိတ်မချမ်းသာစရာနေရာတစ်ခုခု မှာဖြစ်ကောင်းဖြစ်နိုင်တယ်...


သို့သော်လည်း, ဖုရှန်၏စကားများမဆုံးခင် ရှအန်းက ကြားဖြတ်ပြောခဲ့သည်။

"ဖုရှန်း...ရှရှင်းချန်က ကျွန်မရဲ့သား.. ရှအန်းရဲ့သား...,သူက ကျွန်မရဲ့အတိတ် ကျွန်မရဲ့ပစ္စုပ္ပန် ပြီးတော့ ကျွန်မရဲ့အနာဂတ်..."


ထိုသို့ပြောပြီး ရှအန်းက ဖုန်းချလိုက်သည်။


“ဘိ----“


ဖုန်း၏အခြားတစ်ဖက်မှတုန့်ပြန်ချက်ကင်းမဲ့သောအသံများသာရှိခဲ့သည်။ ဖုရှန်သည် သူ၏လက်ကိုလှုပ်ခါလျှက် မချင့်မရဲဖြစ်နေသည်။


အချိန်အနည်းငယ်အကြာက သူသည် ရှအန်း၏ကိုယ်ဝန်ဆောင်နှင့် သားဖွားသည့်ကိစ္စရပ်ကို စုံးစမ်းစစ်ဆေးခဲ့သည်။ သူငှားထားသော ကိုယ်ပိုင်ထောက်လှမ်းရေးသမားသည် အလွန်ကျွမ်းကျင်သော်လည်း ဖြစ်ရပ်များကြောင့် နှစ်ပေါင်းအတော်ကြာစုံစမ်းခဲ့ရသည်။


ဒါ့အပြင် ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ သဲလွန်စများကို လူတစ်ချို့ကဖျောက်ဖျက်ခဲ့သည်မှာ သိသာသည်။


ယခုသူရရှိထားသောသတင်းများမှာ ထိုနှစ်၏အဖြစ်အပျက်များသာ ဖြစ်သည်။ ၎င်းသည် ရှကျင်း၏ကြားဝင်နှောက်ယှက်မှုဖြစ်နိုင်သည်။


သူမ၏စစ်မှန်သောစရိုက်လက္ခဏာကိုကြည့်ခြင်းအားဖြင့် ရှအန်းက သူ့အား သစ္စာမဖောက်ခဲ့သည်မှာ ပို၍ဖြစ်နိုင်သည်။ သူမက သူ့အတွက် ကလေးတစ်ယောက်ကို အမှန်တကယ် ပေးခဲ့‌သည်။


အားလုံးကို ရှကျင်းက တွက်ချက်ထားခဲ့သည်။


ထို့ကြောင့် ယခု ရှကျင်းက ရှောင်ရှင်းချန်၏ဖခင်ဖြစ်ကြောင်းစစ်ဆေးမှုနှင့် ရှရှင်းချန်ကအမှန်တကယ်သူတို့၏ကလေးဖြစ်ကြောင်း ကလီအမာလုပ်ခဲ့သည်ဟုပြောနိုင်သည်။


ဒါမှမဟုတ် ရှရှင်းချန်က သူ့ကလေးလည်းမဟုတ် ရှအန်း၏ကလေးလည်းမဟုတ်


“သေစမ်း..”


“ရှအန်း....မင်းအမှန်တရားကို မသိချင်ဘူးလား..."


“မင်းရဲ့ကလေးအစစ်က ဘယ်သူဆိုတာ မသိချင်ဘူးလား..."


“ငါတို့ရဲ့ကလေးက ဒုက္ခခံစားနေရတာဖြစ်နိုင်တယ်..."


ဖုရှန်၏နှလုံးသားထဲတွင် ထိုသို့စဉ်းစားရင်းနာကျင်နေသည်။


စုံစမ်းမယ်.... ဒါကို စုံစမ်းစစ်ကိုစစ်ဆေးရမယ်...သူ အမှန်တရားကိုရှာကိုရှာရမယ်....သူ့ရဲ့ကလေးကိုရှာရမယ်...


ရှအန်းက တကယ်ပင် ဂရုမစိုက်ခဲ့ပေ။


အမှန်မှာ သူမက သာမန်လူတစ်ယောက်မဟုတ်ပေ။ သူမသည် ကလေးမီးဖွားခြင်း သို့မဟုတ် ကလေးမွေးစားခြင်းတို့တွင်လည်း အတွေ့အကြုံမရှိခဲ့ပေ။


သူမ ဂရုစိုက်သည်မှာ သူမ၏သားရှရှင်းချန်သာဖြစ်သည်။ အခြားသောအရာများကို သူမဂရုမစိုက်ပေ။


ဒါ့အပြင်, မူလပိုင်ရှင်သည် သူမ၏ကလေးနှင့်ပတ်သက်၍ သိပ်ဂရုမစိုက်ပေ။


တစ်နည်းအားဖြင့် သူမသည် ထိုကဲ့သို့သောကလေးငယ်ငယ်လေးအား မိဘမဲ့ဂေဟာတွင်ထားခဲ့ပြီး သူမကိုယ်သူမ သက်သေမည်မဟုတ်ပေ။


ထို့ကြောင့် မူလကလေးကဘယ်သူလဲဆိုတာသည် အရေးပါသလားဟုမေးလျှင် လုံးဝအရေးမပါဟု ခေါ်ရပေမည်။


သူမသည် ရှရှင်းချန်ကို သူမ၏တစ်ဦးတည်းသောသားတစ်ယောက်အဖြစ်သက်မှတ်ခဲ့သည်။


သို့သော်လည်း..သူမသည် အဲ့ဒီနေ့တွေတုန်းက ရှကျင်းက ရှအန်းကိုဘာလုပ်ခဲ့လဲဆိုတာကို အနည်းငယ် သိချင်နေသေးသည်။


အဲ့ဒါက သူမအတွက် ဖုရှန်းနှင့်ပူးပေါင်းရန်မဖြစ်နိုင်သေးသည့်အချက်ဖြစ်သည်။


သူမသည် ထိုကိစ္စများနှင့်ပတ်သက်ပြီး အချိန်ဖြုန်းရမည်ကို အလွန်ပျင်းသည်။


ဒါ့အပြင် ယခု ဖုရှန်းနှင့်ရှကျင်းသည် မတိုးသာမဆုတ်သာအခြေအနေနှင့်ရှိနေပြီး ဖုရှန်းက ထိုနှစ်ကဖြစ်ရပ်များကို စုံးစမ်းနေသည်။


သူမက သဲလွန်စတစ်ခုရှိနေသ၍ ဖုရှန်းက သူမကို ခေါ်မည်မှာသေချာသည်ဟု ယုံကြည်ထားသည်။ ထိုသို့ဖြစ်လာခဲ့လျှင် သူမသည် နားထောင်ရန်အချိန်ကောင်းတစ်ခုဖြစ်လာလိမ့်မည်။


ထိုအချက်ကိုကြည့်ခြင်းအားဖြင့် သူမသည် ဖုန်းနံပါတ်အစိမ်းများအားငြင်းဆန်စရာမလိုတော့ပေ။


သူမ တစ်ညလုံးကောင်းစွာ အိပ်စက်နိုင်ခဲ့သည်။


သူမ အိပ်ရာနိုးသောအခါ သူမဟကလေးနှစ်ယောက်အား ဂွတ်နိုက်ဟုပြောကာ သူမလုပ်စရာရှိသည်များအတွက် အင်းအားသစ်များပြည့်ဝခဲ့သည်။


သို့သော်လည်း ကလေးငယ်က အိပ်မပျော်ခဲ့ ပေ။


အဘယ်ကြောင့်ဆိုသော်.. ကုရှုမော့က “ ရှောင်ရှင်း... မင်းနဲ့မမနတ်သမီးက တော်တော်များများမတူဘူးနော်..” ဟု ပေါ့ပျက်ပျက်ပြောလိုက်သောကြောင့်ဖြစ်သည်။


ထိုစကားကြောင့်.. ကလေးကိုတစ်နေ့လုံးအားနည်းစေခဲ့ပြီး သူ၏စိတ်ကို ပျောက်ဆုံးသွားစေခဲ့သည်။


အမှောင်ညထဲတွင် ရှရှင်းချန်သည် သူ၏မျက်နှာချင်းဆိုင်အိပ်ရာတွင်အိပ်ပျော်နေသောကုရှုမော်အားကြည့်နေသည်။ သူသည် နှုတ်ခမ်းများကိုစူကာ ညင်သာစွာရေရွတ်လိုက်သည်။

"ကုရှုမော့... ငါက ငါ့မာမားနဲ့ အရမ်းတူနေတုန်းပဲ....ငါ့မျက်လုံးတွေက ငါ့မာမားနဲ့အရမ်းတူတယ်..."


အိပ်ပျော်တော့မည့်ကုရှုမော့သည် ရှရှင်းချန်၏စကားများကိုကြားပြီးနောက် သန်းဝေးလိုက်ပြီး ပြန်လည်ရေရွတ်လိုက်သည်။

“ရှောင်ရှင်းမင်းက အဲ့အကြောင်းကိုတွေးနေတုန်းပဲလား...မင်းပြောသလိုပဲထားလိုက်တော့... ဝှား .. ဒါဆို ငါတော့အိပ်ပြီ..."


နောက်ထပ်သန်းဝေပြီးနောက် ကုရှုမော်က အိပ်ချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။


သို့သော် ရှရှင်းချန်က ထပ်အိပ်လို့မရခဲ့ပေ။