အပိုင်း ၂၂၅
Viewers 29k

Chapter 225


အိပ်နေသောကုရှုမော့ကိုကြည့်ရင်း ရှရှင်းချန်သည် သူ၏စိတ်ထဲတွင် တိုးတိတ်စွာရေရွတ်လိုက်သည်။


'ငါက ငါ့အမေနဲ့အရမ်းတူတယ်...ငါက ငါ့အမေရဲ့သားပဲ...'


၎င်းသည် မိမိကိုယ်ကိုစိတ် ဖြေသည့်ပုံစံဖြစ်သည်။


သို့သော်လည်း… သူ၏အတွေးထဲတွင် အမျိုးသားတစ်ယောက်၏စကားသံများက တစ်ဖန်ပြန်၍နှောက်ယှက်နေပြန်သည်။

'စဉ်းစားမနေနဲ့, မင်းက သူမရဲ့သားလုံးဝမဟုတ်ဘူး...'


'လူလိမ်...ခင်ဗျားလိမ်နေတာ... ခက်ဗျားက လူဆိုးပဲ... ကျွန်တော်က လူဆိုးတွေပြောတဲ့စကားကို မယုံဘူး..."


'ငါက မင်းကိုလိမ်နေတယ် ဟုတ်လား....ဟေး.. ရှရှင်းချန်... ဒီကမ္ဘာမှာ ငါကလွဲပြီး ကျန်တဲ့သူတွေ မင်းကိုလိမ်ချင်လိမ်လိမ့်မယ်... ငါကတော့မင်းကိုဘယ်တော့မှ မလိမ်ဘူး...'


“မဟုတ်ဘူး...မာမားက ငါ့ကိုပြောထားတယ်.. ငါက သူမရဲ့သားတဲ့... မာမားက ငါ့ကိုဘယ်တော့မှလိမ်မှာမဟုတ်ဘူး...'


'အိုး…ရှရှင်းချန် နိုးထတော့...မင်းက တကယ် ရှအန်းရဲ့ကလေးမဟုတ်ဘူး...ဘာဖြစ်လို့လဲဆိုတော့.. အဲ့မိန်းမက မိန်းကလေးတစ်ယောက်ပဲမွေးခဲ့တာ, ယောက်ျားလေးမဟုတ်ဘူး...'


တရုတ်နိုင်ငံတွင်…


“ဒီတစ်ကြိမ်တော့ ငါတို့ရှမိသားစု တစ်ကယ်ကိုပွဲသိမ်းသွားပြီ... ဒီ C.H ကုမ္ပဏီက ငါတို့မိသားစုကို တိုက်ခိုက်ဖို့ တရုတ်နိုင်ငံကိုရောက်လာတာ... ငါတို့ဆီက တန်ဖိုးနည်းနေ့စဉ်သုံးထုတ်ကုန်ဈေးကွက်ကို လုယူဖို့ တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေကို ချန်ထားခဲ့တာ..."


ရှချန်းသည် ရှမိသားစု၏နေ့စဉ်သုံးထုတ်ကုန်ကုမ္ပဏီ၏ရောင်းအားများက မကြာသေးမီအချိန်အတွင်း သိသိသာသာ လျှော့ကျသွားသည်ကိုတွေ့ရှိခဲ့သည်။ သူ၏နှလုံးသားထဲမှအပူမီးများက အလွန်ပြင်းထန်လာခဲ့သည်။


သူသည် C.H ကုမ္ပဏီက တရုတ်နိုင်ငံအနှံ့အပြားတွင် ထုတ်ကုန်များ၏ရောင်းအားကောင်းမှုကိုထိန်ထားနိုင်ပြီး ထိုသို့ကြီးမားသောဈေးကွက်တစ်ခုအတွက် ရင်းနှီးမြှုပ်နှံနိုင်သော ငွေကြေးအမြောက်အမြားရှိနေမှုအပေါ် နားမလည်နိုင်ခဲ့ပေ။


ထို့အပြင်… ကုမ္ပဏီ၏ထုတ်ကုန်များကလည်း သူတို့၏ထုတ်ကုန်များနှင့် တစ်ထပ်တည်းကျနေသည်။ ၎င်းတို့၏ကုန်ကျမှုအချိုးအစားသည်လည်း မယုံကြည်နိုင်လောက်အောင်ပင် အကျိုးရှိစေခဲ့သည်။


“အဖေ.. ဒီတစ်ခါတော့ ကျွန်တော်တို့ရှမိသားစု တစ်ကယ်ကို အထိနာတယ်နော်...."


ရှဖုန်းမင်၏ ကူကယ်ရာမဲ့သောမျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။


သူတို့သည် ထုတ်ကုန်များ၏အကျိုးသက်ရောက်မှုနှင့် ဈေးအသက်သာဆုံးသောအချက်များကိုပင် သူတို့၏ပြိုင်ဘက်များနှင့် မယှဉ်နိုင်ခဲ့ပေ။


ထိုသို့ အရည်အသွေးကောင်းပြီး ဈေးသက်သာသည့်အပြင် နာမည်ကြီးအနုပညာရှင်ကကြော်ညာပေးထားသောကြောင့် လူများက C.H ကုမ္ပဏီ၏ထုတ်ကုန်များကိုသာ ရွေး၍ဝယ်ကြလိမ့်မည်။


သူတို့၏ဆိုင်ခွဲများသည် အခြားကုမ္ပဏီများကဲ့သို့တူညီသောရပ်တည်မှုမျိုးမဟုတ်ဘဲ ပို၍စေ့စပ်သေချာစွာဆောင်ရွက်ခဲ့သည်။


“ဒါပေမဲ့ အဖေ.. အများကြီးမစဉ်းစားပါနဲ့... ဘာပဲပြောပြော.. ကျွန်တော်တို့ကုမ္ပဏီတစ်ခုတည်း နစ်နာတာမဟုတ်ပါဘူး”


ရှချန်းသည် ထိုစကားကိုကြားပြီး ပို၍ဒေါသထွက်ခဲ့သည်။


“အရူးကောင်…မင်းဘာသိလို့လဲ... ငါတို့မိသားစုက အခုကိစ္စကို အရင်ကကိစ္စတွေလို တောင့်ခံနိုင်မယ်လို့ မင်းထင်နေတာလား.... မင်းအဘွားမရှိတော့ကတည်းက ငါတို့ရဲ့စီးပွားရေးတွေကကျဆင်းလာတာ...လက်ရှိရှမိသားစုက အရင်တုန်းကရှမိသားစုနဲ့ လုံးဝနှိုင်းယှဉ်လို့မရတော့ဘူးကွ..."


ထိုသို့ပြောရင်း..ရှချန်းသည် မခံမရပ်နိုင်ဖြစ်နေလေသည်။


မိခင်ဖြစ်သူ၏မိသားစုစီးပွားရေးသည် သူ၏ မှားယွင်းသောစီမံခန့်ခွဲမှုများကြောင့် ကျဆင်းသွားခဲ့ရသည်။ စီးပွားရေးသည် မုန်တိုင်းများကိုဆက်လက်၍ကြံ့ကြံ့မခံနိုင်တော့ဘဲ ချုံးချုံးကျလာပြီဖြစ်သည်။


အကယ်၍ C.H ကုမ္ပဏီ၏အရှိန်အဟုန်က ဆက်လက်အားကောင်းနေမည်ဆိုလျှင် သူတို့၏ကြီးမားသောလုပ်ငန်းကြီးတစ်ခုလုံး အဆုံးသတ်သွားမည်ဖြစ်သည်။


“C.H ကုမ္ပဏီရဲ့ထုတ်ကုန်တွေက ငါတို့ထုတ်ကုန်တွေနဲ့ တစ်ထပ်တည်းတူနေတယ်... C.Hကုမ္ပဏီဖွင့်နေသ၍ ငါတို့ကုမ္ပဏီက ကျရှုံးနေမှာအသေအချာပဲ..."

ရှချန်က လေးနက်စွာပြောလိုက်သည်။


ရှဖမ်းမင်က ရုတ်တရက် မှင်သက်မိသွားသည်။ သူသည် C.H ကုမ္ပဏီက သူတို့၏ကုမ္ပဏီအား ခြိမ်းခြောက်နေသည်ကိုမသိရလောက်အောင် မအပေ။


သူသည် ရှကုမ္ပဏီက အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး C.H ကုမ္ပဏီက နိုင်ငံခြားကုမ္ပဏီတစ်ခုမျှသာဖြစ်သည်ဟု အမြဲတမ်း သဘောထားခဲ့သည်။


ရှမိသားစုက ရင်းနှီးမြှုပ်နှံမှုအများအပြားရှိပြီး အခြားကုမ္ပဏီများက ရှမိသားစု၏ လက်အောက်ခံများသာဖြစ်သည်ဟု သဘောထားခဲ့သည်။


သို့သော်… ယခု.. သူသည် ရှမိသားစု၏ဘဏ္ဍာရေးအခြေအနေက သူစိတ်ကူးထားသည်လောက် မကောင်းတော့ကြောင်း သဘောပေါက်ခဲ့သည်။ သူ၏အဖေက သူ့အား မကြာသေးမီနှစ်က ဆုံးရှုံးခဲ့သော ဆုံးရှုံးမှုအချို့ကိုပြောပြခဲ့သောကြောင့် သူသည် ဘဏ္ဍာရေး၏စိုးရိမ်ဖွယ်ရာအခြေအနေကို သိရှိခဲ့သည်။


အကယ်၍ သူတို့က ဘာမှမလုပ်လျှင် ရှမိသားစု ကျဆုံးတော့မည်ဖြစ်သည်။


ချမ်းသာကြွယ်ဝသောသူ၏သားတစ်ယောက်သည်လည်း သာမန်လူတစ်ယောက်ဖြစ်လာနိုင်သည်ကို တွေးရင်း ရှဖုန်းမင်သည် ထိတ်လန့်နေခဲ့သည်။


“မဟုတ်ဘူး... မဟုတ်ဘူး...အဖေ့... ဒီပြဿနာကိုဖြေရှင်းဖို့ တခြားနည်းလမ်းရှိသေးလား..."


ရှချန်က အချိန်အတန်ကြာ ငြိမ်သက်ကာ အသက်ကိုပြင်းပြင်းရှူပြီး လေးနက်စွာပြောလိုက်သည်။

"အခုအချိန်မှာ C.Hနဲ့ပူးပေါင်းဖို့နည်းလမ်းပဲရှိတော့တယ်..."


“ငါတို့က C.Hကုမ္ပဏီနဲ့ပူးပေါင်းပြီး ကုမ္ပဏီထုတ်ကုန်အားလုံးရဲ့ အေဂျင်စီအခွင့်အရေးတွေကို ရရှိအောင်ကြိုးစားနိုင်မှသာ ဒီပြဿနာကို ငါတို့ဖြေရှင်းနိုင်ပြီး ရှမိသားစုရဲ့ ဂုဏ်ကို ပြန်ပြီးအဖက်ဆယ်နိုင်မှာ.."


ရှချန်က ဒီကိစ္စကို ဒီလိုဖြေရှင်းရမည်ဟု ခံစားမိသည်။


C.Hထုတ်ကုန်အေဂျင်စီအခွင့်အရေးများကို ရရှိအောင်လုပ်ရမည်။


ရှဖုန်းမင်က ဖခင်ဖြစ်သူ၏အတွေးများက အလွန်ရိုးရှင်းသည်ဟု ခံစားမိခဲ့သည်။


ယခုအချိန်တွင် C.Hကုမ္ပဏီ၏ထုတ်ကုန်များက အလွန်အရေးကြီးပြီး ရောင်းအားကောင်းနေသည်။ ၎င်းတို့က နိုင်ငံအနှံ့အပြားတွင် များပြားသောဆိုင်ခွဲများဖွင့်ခြင်းဖြင့် ပထမဆုံးအဆင့်မှာပင် ပမာဏကြီးမားစွာရင်းနှီးမြှုပ်နှံ့ထားခဲ့သည်။


ဘာကြောင့် C.Hက သူတို့ကို အေဂျင်စီအခွင့်အရေးပေးမှာလဲ....


ရှဖမ်းမင်က ဖခင်ကိုဖျောင်းဖျရန်ကြိုးစားခဲ့သည်။

"အဖေ..ဒါက……”


ရှချန်က ကြားဖြတ်ပြောလိုက်သည်.

“ကောင်းပြီ.. ငါမှာ ငါ့နည်းလမ်းနဲ့ငါရှိတယ်..."


အဆုံးမှာတော့.. အသက်ကြီးသောဂျင်းတက်က ပို၍စပ်သည်ဆိုသလို လူကြီးများက လူငယ်များထက်ပို၍ အမျှော်အမြင်ရှိသည်။


ရှချန်းက ဘယ်လိုလုပ် ရိုးရှင်းနိုင်မှာလဲ...


သူသည် ရှအန်းနှင့် C.H ၏ဆက်ဆံရေးကို စုံစမ်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ စုံစမ်းမှု၏ရလဒ်က မည်သည့်ပြဿနာမှ မရှိပေ။


ရှအန်းနှင့် C.H ၏ဆက်ဆံရေးကအလွန်ရင်းနှီးနေသည်မှာ ထူးဆန်းသည်။


ထို့ကြောင့်..ရှချန်သည် ပိုမိုတိကျစွာ စဉ်းစားရန်လိုအပ်လာသည်။


ရှအန်းသည် သူမနှင့်C.Hကုမ္ပဏီ၏ဆက်ဆံရေးအပေါ် ရှချန်၏အတွေးများကို သိရှိသောအခါ သူမ၏ပါးစပ်အပြည့်ထည့်ထားသောရေများသည် ရှချန်း၏မျက်နှာပေါ်သို့ ဖျန်းလုနီးပါးဖြစ်အောင်အံ့သြခဲ့သည်။


ဖွီး


ရှအန်းသည် နှစ်ပေါင်းအတော်ကြာ မူလပိုင်ရှင်ကိုမဆက်သွယ်သော ရှချန်းက သူမကို ယခုလိုလာတွေ့လိမ့်မည်ဟု မတွေးထားခဲ့ပေ။ သူမသည် သူမ၏အဖေနှင့်တွေ့သောအခါ သူမ၏အဖေက သူမကို C.H၏သူဌေးနှင့် ချစ်ကြိုက်နေသည်ဟု ခန့်မှန်းခဲ့သည်။


ဟီးဟီး....ချစ်ကြိုက်နေသည်ဟူသောစကားမှာ သူမကိုလေးစားသောအားဖြင့်ပြောခြင်းဖြစ်သည်။ အမှန်မှာ ရှချန်က သူမကို C.Hသူဌေးက စပွန်ဆ။ဆွဲထားသည်ဟု ဆိုလိုချင်သည်ဖြစ်သည်။


ရှချန်၏စကားများကို ကြားပြီးနောက် ရှအန်း၏ ပါးစပ်အပြည့်ထည့်ထားသောရေများက သူ၏မျက်နှာပေါ်သို့ ပေစင်ကုန်သည်။


“မစ္စတာရှ.. ကျွန်မတောင်းပန်ပါတယ်..ဒါပေမဲ့.. ရှင်ပြောလိုက်တာက အရမ်းကိုအံ့သြဖို့ကောင်းတယ်…”


ရှအန်းက နောက်ဆက်တွဲစကားကိုဆက်မပြောဘဲ သူမ၏ပါးစပ်ကိုသာ သုတ်လိုက်ပြီး ရှချန်းအား အပြုံးများဖြင့် ကြည့်လိုက်သည်။


သူမက အလွန်အလုပ်များသည်။ ရှချန်းနှင့်ဖုန်းပြောပြီးနောက် သူမသည် ရှချန်းနှင့်တွေ့ခဲ့သည်။


အလိုလေး.. ဒီအချိန်မှာ သူမက အိမ်မှာ တီဗီကို ကောင်းကောင်းထိုင်ကြည့်နေရမှာ...


“ ရှအန်း.. မင်းရဲ့နှလုံးသားထဲမှာ ငါတို့ရှမိသားစုနဲ့ပတ်သတ်ပြီးမကျေနပ်ချက်တွေရှိနေမယ်ဆိုတာငါသိပါတယ်... ဒါပေမဲ့.ရှအန်း.. ငါက မင်း ဆယ်နှစ်ကျော်ကြာ အဖေလို့ခေါ်လာခဲ့တဲ့ မင်းရဲ့မွေးစားအဖေတစ်ယောက်ပါ... ငါတို့မှာ ပတ်သက်မှုတွေရှိနေတုန်းပဲလေ... မင်းက C.Hရဲ့သူဌေးနဲ့ဘယ်လိုပတ်သက်မှုမျိုးပဲရှိရှိ ကိစ္စမရှိဘူး.. မင်းကို ဆယ်နှစ်ကျော်ကြာပြုစုပျိုးထောင်ပေးခဲ့တာကိုထောက်ပြီး ငါ့ကိုကူညီနိုင်မလားဆိုတာကို မျှော်လင့်ရုံလေးပဲ...


ရှအန်း၏တုန့်ပြန်မှုကိုမြင်ပြီး.. ရှချန်းသည် သူ၏မွေစားသမီးက ဒီအချိန်မှာ အမှန်တကယ်ပြောင်းလဲသွားခဲ့သည်ကို သဘောပေါက်ခဲ့သည်။


နူးညံ့သိမ်မွေ့သောမိန်းကလေးတစ်ယောက်အဖြစ်ကျင့်သားရနေသော မိန်းကလေးကို ဘယ်တော့မှထပ်တွေ့ရတော့မည်မဟုတ်ပေ။


“ကူညီရမယ် ဟုတ်လား... မစ္စတာရှ...ကျွန်မ ရှင့်ကိုမကူညီနိုင်ဘူး...အခု C.Hရဲ့နေ့စဉ်သုံးထုတ်ကုန်တွေက ဘယ်လောက်တောင်ရောင်းကောင်းနေတယ်ဆိုတာ အားလုံးသိတယ်.. ကုမ္ပဏီရဲ့ဆိုင်ခွဲတွေကလည်း နိုင်ငံအနှံ့မှာဖွင့်ထားပြီး ရောင်းအားမြင့်တက်မှုအရှိန်အဟုန်ကလည်းအရမ်းကောင်းနေပြီ.. ဘာကြောင့် သူတို့က ထုတ်ကုန်အေဂျင်စီအခွင့်အရေးတွေကိုရောင်းမှာလဲ..."


ရှအန်းက ဥပက္ခာပြုကာ လှောင်ပြောင်သရော်သောလေသံဖြင့်ပြောလိုက်သည်.

“မစ္စတာရှ, လူတိုင်းကို အရူးတွေလိုမဆက်ဆံပါနဲ့.. ရှင်က C.Hကုမ္ပဏီနဲ့ပူးပေါင်းမယ်ဆိုရင် ကုမ္ပဏီက ရှင့်ကိုငွေတွေပေးနိုင်တယ်ပေါ့ဟုတ်လား..."


ရှချန်၏မျက်နှာသည် ခရမ်းပြာရောင်သို့ပြောင်းသွားသည်။ ရှအန်းပြောလိုက်သောစကားလုံးများက အလွန်အ

ဓိပ္ပါယ်သက်ရောက်သော်လည်း အားလုံးက အမှန်တရားများသာဖြစ်သည်။