Chapter 7
Viewers 1k

🌌 Chapter 7



လင်း အတိတ်ကဖြစ်ခဲ့သည့် တစ်ခုခုကို အမှတ်ရသွားသည်။


အတိအကျပြောရလျှင် အတိတ် မဟုတ်ပေ။ လတ်တလောမဟုတ်သော်လည်း အလွန်အိုဟောင်းနေသည့် အတိတ်လည်း မဟုတ်ပေ။


စုန့်ကျန်းရှူးက အစပိုင်းကတည်းက ထူးခြားထက်မြက်လွန်းသူ မဟုတ်ခဲ့ပေ။ လင်း သူ့ဖိုင်တွဲများကို ဖတ်ခဲ့ဖူးသည်။ သူက ဥာဏ်ရည်ထူးချွန်နေခြင်းမျိုး မရှိသော သာမာန်အမျိုးသားဇာ့ဂ်တစ်ယောက်သာလျှင် ဖြစ်သည်။


သူ့မျိုးရိုးဗီဇအကဲဖြတ်မှုက D အဆင့်ကိုရောက်ရုံမျှသာရှိသော ရလဒ်များကို ပြသခဲ့သည်။ အားနည်းသည့် အဆင့်နိမ့်ဇာ့ဂ်များပင် သူ့အား အလွယ်တကူ အနိုင်ယူနိုင်ပေသည်။


ပြောရလျှင် ထိုကဲ့သို့မျိုးရိုးဗီဇက ဇာ့ဂ်များအတွက် ကောင်းသည့်အရာ မဟုတ်ပေ။


၎င်းမှာ ဇာ့ဂ်ကြယ်၏ ဦးနှောက်မှတ်ဥာဏ်ဌာနမှ ဝမ်ကောနှင့် ဥာဏ်ရည်ထုံထိုင်းနေသည့် စုန့်ကျန်းရှူးအား တွဲဖက်ပေးလိုက်သည့်အချိိန်တွင် အရာအာလုံးပြောင်းလဲသွားခဲ့သည်။ 


ထိုအကြောင်းကို တွေးကြည့်လျှင် ထိုအချိန်က ကံကြမ္မာ၏သားတော်ဟု ခေါ်နိုင်သည့် စုန့်ကျန်းရှူး၏စွမ်းရည်များ စတင် ထွက်ပေါ်လာသည့်အချိန် ဖြစ်နိုင်ပေသည်။


ခြုံငုံပြောရလျှင် ဝမ်ကောက အဆင့်အမြင့်ဆုံး မဟုတ်သော်လည်း အလွန်ကောင်းမွန်သည့် အမျိုးသမီးဇာ့ဂ်တစ်ယောက် ဖြစ်နေသေးသည်။ သူက စစ်တပ်တွင် နှစ်အတော်ကြာနေထိုင်ခဲ့ပြီး အောက်ခြေမှစတင်ကာ သူ့လမ်းသူ ချိုးဖောက်ခဲ့ပေသည်။ သူ၏ရာထူးတိုးတစ်ခုခြင်းစီက စစ်တပ်တွင်လုပ်ဆောင်ခဲ့သည့် သူ့အောင်မြင်မှုတိုင်းကို သက်သေပြနေခဲ့သည်။


တွဲဖက်ပေးခြင်းခံလိုက်ရသည့်အချိန်တွင် သူက တပ်မှူးဖြစ်နေပြီ ဖြစ်သည်။


ဥာဏ်ရည်ထုံထိုင်းသော အမျိုးသားဇာ့ဂ်နှင့် တွဲဖက်ခံလိုက်ရချိန်တွင် သူ၏အမျိုးသားဇာ့ဂ်ကို ပြုစုစောင့်ရှောက်ပေးနိုင်ရန်အတွက် စစ်တပ်မှ သူ့ရာထူးအာဏာများကို ပိတ်ပင်လိုက်ကာ အိမ်တွင်သာနေထိုင်ရန် ကန့်သတ်ခံလိုက်ရသည်။ အနာဂတ်အတွက် မျှော်လင့်ချက်ဟူ၍ မရှိတော့ပေ။။


လင်းက အစပိုင်းတွင်တည်းက သူကိုယ်တိုင် ထိုကိစ္စများထဲ ပါဝင်ပတ်သတ်ပေသည်။


ဝမ်ကော၏ အမျိုးသမီးဖခင်က လင်း၏ဆရာဖြစ်ပြီး သစ္စာဖောက်မှုအတွက် လင်းစွပ်စွဲခံရချိန်တွင် လင်း၏အပြစ်ကင်းမှုကို လက်မလျော့တမ်း သက်သေပြပေးခဲ့သော လေးစားဖွယ် အမျိုးသမီးဇာ့ဂ်ပင် ဖြစ်သည်။


ထိုအမျိုးသမီးဇာ့ဂ်ကြောင့်သာ မဟုတ်လျှင် ထိုအချိန်က ဘာအင်အားမှမရှိသေးသည့် လင်းက ကပ်ဆိုးကဲ့သို့သော အကျဥ်းထောင်မှ လွတ်မြောက်လာနိုင်လိမ့်မည် မဟုတ်ချေ။


အကျဥ်းထောင် ဟူသည်မှာ အပေါ်ယံသာဖြစ်သည်။ အမှန်တကယ်တတွင် အခြားသော ကလိန်းဇာ့ဂ်များကဲ့သို့ သူ့အား တစ်နေရာသို့ တိတ်တဆိတ်ပို့လိုက်မည်သာ ဖြစ်သည်။


သူ၏ ဆရာအား ကျေးဇူးဆပ်ရန်အတွက်ကြောင့်သာလျှင် လင်းက ဝမ်ကောအား လွတ်မြောက်အောင် လုပ်ရပေမည်။


မမျှော်လင့်စွာပင် ဝမ်ကောက ငြင်းပယ်ခဲ့သည်။


-------


လင်းက နူးညံ့သောခုံပေါ်တွင် ပျော့ပျောင်းစွာ မှီထိုင်နေပြီး သူ၏ခြေတံရှည်များအား မဟော်ဂနီရောင်သစ်သားခုံပေါ်သို့ ခေါက်တင်ထားလေသည်။


အနက်ရောင် စစ်တပ်ဦးထုတ်က သူ့မျက်နှာပေါ်သို့စောင်းကျနေပြီး သူ့မျက်လုံးများအား ဖုံးကွယ်နေ၍ စီးကရက်ထိပ်ပိုင်လေးအား ကိုက်ထားသည်ကိုသာမြင်ရလေသည်။ မီးခိုရောင်ပြာများက ရှည်လျားနေပြီး တုန်ခါကာ အောက်သို့ ပြုတ်ကျသွားလေသည်။


သေသပ်ပြီး လက်ရာမြောက်လှပသည့် စစ်တပ်ယူနီဖောင်းက ယခုအချိန်တွင် လျော့တိလျော့ရဲဖြစ်နေကာ သူ၏ဖျော့တော့သော လည်တိုင်အား ဖော်ပြထားလေသည်။ 


စစ်တပ်ငှာနချုပ်ရှိ အမျိုးသမီးဇာ့ဂ်များအားလုံး၏ အမြင်တွင် လင်းက အမြဲတမ်း ခန့်မှန်းရခက်သည့် အမျိုးသမီးဇာ့ဂ်တစ်ယောက် ဖြစ်ခဲ့သည်။


အချိန်အများစုတွင် သူက မည်သည်ကိုမှ ဂရုမစိုက်တတ်ပေ။ စစ်တပ်ယူနီဖောင်းအား မည်သည့်အခါမှ သေသပ်စွာ မဝတ်ဆင်သလို လမ်းလျှောက်ရာတွင်လည်း စစ်တပ်၏ စနစ်တကျပုံစံနှင့် မလျှောက်ချေ။


ယနေ့ ဤနေရာကို လာလည်ပတ်ပြီး မနက်ဖြန်ကျလျှင် ထိုနေရာကို စီးကရက် သွားတောင်းပေလိမ့်မည်။ သူ့အား ဗိုလ်မှူး ၅ ယောက်ထဲမှ တစ်ယောက်ဟု ပြောလျှင်မူ မည်သူမျှ လုံးဝပင် မယုံနိုင်ချေ။


တစ်ခုတည်းသော ကောင်းသည့်အချက်မှာ အလုပ်လုပ်ရာတွင် တော်ခြင်းဖြစ်သည်။ သူ့တွင် အကန့်အသတ်မရှိသော ခွန်အားများနှင့် ခံနိုင်ရည် ရှိပေသည်။ အခြားသော ဗိုလ်မှူးများက သူတို့တာဝန်များကို ပြီးဆုံးအောင် လုပ်ဆောင်ရန် တပ်ရေး ၅ ယောက် လိုအပ်ချိန်တွင် သူကမူ တစ်ယောက်သာ လိုအပ်ပေသည်။


သူ၏ တမူထူးခြားပြီး သတိထားမိစရာ ငွေရောင်ဆံပင်နှင့် မျက်လုံးအနီရောင်များက သူ့အား မည်သည့်နေရာသို့ သွားသွား လူများ၏ အာရုံကိုဆွဲဆောင်နိုင်ပေသည်။


ရံဖန်ရံခါတွင် အမျိုးသမီးဇာ့ဂ်က ထူးခြားလှသည့် အကြည့်နက်နက်များဖြင့် ကြည့်တတ်သည်။ အောက်ခြေမရှိသော အသူရာချောက်နက်သကဲ့သို့ တစ်ချက်ကြည့်ရုံနဲ့တင် အောက်ခြေကို မမြင်ရချေ။


စစ်မြေပြင်တွင် စစ်သားများစွာက သူ၏ ထိုအကြည့်မျိုးကို မကြာခဏပင် တွေ့မြင်ဖူးပေသည်။


သုံရက်နှင့်သုံးည ကြာအောင် တိုက်ခိုက်ပြီးနောက် အလောင်းကောင်ပုံပေါ်တွင် ဓားရှည်တစ်ချောင်းနှင့် မတ်တတ်ရပ်နေကာ သူ၏ငွေရောင်ဆံနွယ်ရှည်များ၌ သားရဲများစွာ၏ သွေးများနှင့် စိုရွှဲနေပြီး ဆံပင်များအား နီရဲတောက်သွားစေသည်။


သူ့အနောက်တွင်မူ နေဝင်ချိန် သွေးနီရောင်နေလုံးက အုံ့မှိုင်းနေပေသည်။


စစ်မြေပြင်တွင် သူက ရူးသွပ်နေသောသူတစ်ယောက်ဖြစ်ပြီး စစ်မြေပြင်၏ အပြင်ဘက်တွင်မူ လူရမ်းကား တစ်ယောက်ဖြစ်၏။ 


ယခုတွင် ဝမ်ကောက ဗိုလ်မှူးက သူနှင့် အနည်းငယ်သဘောထားကွဲလွဲနေသည်ကို သတိပြုမိလိုက်သည်။


သူက အရိပ်ထဲတွင်ထိုင်နေပြီး ငွေရောင်ဆံပင်ရှည်များကမူ လက်မောင်းပေါ်တွင် ဖြာကျနေလျက် ကြေးရုပ်တုကြီးတစ်ခုကဲ့သို့ ဝမ်ကောအား တိတ်ဆိတ်စွာ စိုက်ကြည့်နေပေသည်။


သူ ထိုကဲ့သို့ မည်မျှကြာအောင် တိတ်ဆိတ်နေမိသည် မသိခဲ့ပေ။ မီးခိုးရောင်ဆေးလိပ်ပြာများက နောက်ဆုံးတွင် သူ၏သန့်စင်နေသော အနက်ရောင် ယူနီဖောင်းပေါ်သို့ ကျလာခဲ့သည်။


"ဝမ်ကော မင်းအဖေကတော့ မင်းကို အရမ်းစိတ်ပျက်သွားမှာပဲ..."


သူ့အသံက အေးစက်နေကာ ခံစားချက်ကင်းမဲ့နေသည်။

"ဘာလို့လဲ..."


ဝမ်ကော သူ့ခြေထောက်များက ရွံ့စေးအဖြစ်ပြောင်းသွားသကဲ့သို့ ခံစားမှုများ ပျောက်ဆုံးသွားသည်။


အစစ်အမှန် အဆင့်မြင့်အမျိုးသမီးဇာ့ဂ်တွင် ထိုကဲ့သို့ကြောက်စရာကောင်းလှသည့် ဖိနှိပ်နိုင်သည့် စွမ်းအားရှိပေသည်။


"ဘာကြောင့်လဲဆိုတော့..."

ဝမ်ကော သူပြောလိုက်သည့်အသံက ကွဲအက်နေသည်ကို ကြားလိုက်ရသည်။

"ကျွန်တော် သူ့ကိုချစ်လို့..."


"..."


"အရူး..."


လင်း ထိုအချိန်က သူ့စိတ်အခြေနေကိုပင် မှတ်မိနေသေးသည်။


အလွန်အမင်း အံ့အားသင့်မှု၊ ရယ်ချင်စိတ်များနှင့် အဓိပ္ပါယ်မရှိဟုပင် တွေးမိခဲ့သည်။


"မင်းသိပါတယ်..."

လင်း သူ့အား လက်ညိုးထိုးကာ ပြောလိုက်သည်။


"မင်း လက်ထပ်လိုက်ရင်တောင် မင်းရဲ့မှတ်တမ်းတွေကို ငါဖျက်ပစ်ပေးလိုက်လို့ ရတယ်...အဲ့လိုဆိုရင် မင်းရဲ့ အတိတ်က အပြစ်ကင်းနေသေးပြီး နောက်ထပ် ယောကျ်ားကောင်းတစ်ယောက်ကို ရှာလို့ရတယ်..."


"သူက အရမ်းကောင်းတယ်..."


လင်း : "..."


ထိုအချိန်တွင် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ဝမ်ကောက လင်း၏ ဖိနှိပ်နေမှုကို တွန်းလှန်နိုင်လိုက်ကာ ဒေါသတကြီး အော်ဟစ်လုနီးပါး ပြောလိုက်သည်။


"ခင်ဗျားက ဗိုလ်မှူးဖြစ်နေရင်တောင်မှ သူ့ကို ဒီလိုမျိုး အသရေပျက်အောင် ပြောခွင့်မပေးနိုင်ဘူး..."


လင်း ထိုအချိန်က သူ့အမူအရာမှာ အရောင်မျိုးစုံဖြစ်နေလောက်သည်ဟု ခန့်မှန်းကြည့်နိုင်သည်။


အံ့သြတုန်လှုပ်နေရာမှ သံသယဖြစ်သွားပြီး နောက်ဆုံးတွင် ရယ်မောလိုက်သည်။ စားပွဲပေါ်မှ သူ့ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး ခတ်မတ်မတ်ထိုင်လျက် လက်များဖြန့်ကာ ပြောလိုက်သည်။ 


"ကောင်းပါပြီ...မင်းရဲ့ ချီးထုပ်နဲ့ မင်းကြိုက်သလောက်သာ ပျော်နေလိုက်ပါ...တပ်မှူးဝမ်ကော..."


ထိုသို့ သောက်ရေးမပါသော ကိစ္စများကို သူ တစ်စက္ကန့်လေးပင် ဂရုမစိုက်တော့ပေ။


ထို့နောက်တွင်မူ ဝမ်ကောက သူ့စစ်တပ်ရာထူးမှ ဖြုတ်ချခံရပြီး အိမ်တွင်သာ အကျဥ်းကျနေပေလိမ့်မည်။ သူ ရှိခဲ့ဖူးသည့်တပ်ဖွဲ့နှင့် ဘာမှ မသက်ဆိုင်တော့ပေ။


မမျှော်လင့်စွာပင် နောက်တစ်နေ့တွင် ဝမ်ကောက စစ်တပ်ယူနီဖောင်းကို ဝတ်ဆင်ထားလျက် တပ်ဖွဲ့သို့ ပြန်ရောက်လာခဲ့သည်။


လင်း လှောင်ပြုံးပြုံးကာ တိုးတိုးလေးပြောလိုက်သည်။

"ဘာလဲ ...ပြန်ရောက်လာတာလား..."


ဝမ်ကော သူ့အား လေးလေးနက်နက်မျက်နှာနှင့် ကြည့်လိုက်သည်။

"ဗိုလ်မှူး...ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် လေးစားမှုရှိပါ..."


-------


နောက်ပိုင်းတွင် ထိုအမျိုးသားဇာ့ဂ်က သူ၏တစ်ဦးတည်းသော အမျိုးသမီးအဖော် ဝမ်ကောအား အိမ်တွင်နေ၍ သူ့ကို ပြုစုရမည့်အစား စစ်တပ်ဌာနချုပ်၌ ပြန်လည်တာဝန်ထမ်းဆောင်ရန် အမှန်တကယ် ခွင့်ပြုလိုက်သည်ကို သိလိုက်ရသည်။


မဆိုးပါဘူး...


၎င်းက ထိုကဲ့သို့သော အမျိုးသားဇာ့ဂ်ကို မြင်ဖူးသည့် ပထမဆုံးအကြိမ်ပင်။


သူက စီးကရက်တစ်လိပ်ကို ကိုင်ထားပြီး အတွေးထဲမျောနေခဲ့သည်။ သူ ခေါင်းလှည့်လိုက်သည့်အခါတွင် ရုံးခန်းတံခါးရှေ့တွင် သူ့အား အပြုံးလေးတစ်ခုနှင့် ရပ်ကြည့်နေသည့် ဆံပင်အမည်းရောင်နှင့် ကြည့်ကောင်းသည့် အမျိုးသားဇာ့ဂ်တစ်ယောက်ကို တွေ့လိုက်ရသည်။


"ခင်ဗျားက ဗိုလ်မှူးဖြစ်ရမယ် ဟုတ်တယ်မလား...ကျွန်တော် ကျွန်တော့်အမျိုးသမီးကို လာခေါ်တာပါ..."


ညင်သာသောအသံလေးနှင့် လင်း၏လက်ထဲမှ စီးကရက်က ပြုတ်ကျသွားခဲ့သည်။


-------


ယခု ပြန်ကြည့်လိုက်လျှင် ထိုမြင်မြင်းချင်းအချစ်ဟု ခေါ်ရာတွင် တွက်ချက်ထားမှုများ မည်မျှပါဝင်ခဲ့သည်ကို သူ စဉ်းစားနေမိသည်။


"လင်း...ကိုယ့်ကို ကြိုက်လား..."


"ငါမသိဘူး..."


"ဒါဆို တခြားနည်းနဲ့ စဥ်းစားကြည့်ရအောင်....ကိုယ်တခြားအမျိုးသမီးနဲ့ စကားပြောတာကို မြင်တဲ့အခါ စိတ်ဆိုးလား..."


"ဘာအတွက်မေးတာလဲ…"


"ဒါဆို မင်းငါ့ကို ကြိုက်နေတာ…"


အနက်ရောင်ဆံပင်နှင့် အမျိုးသားက ပျော်ရွှင်စွာ ပတ်ချာလည် လှည့်နေခဲ့သည်။ သူ့မျက်လုံးထောင့်များနှင့် မျက်ခုံးများတွင်မူ ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။


ထို့နောက်တွင် သူ့ခေါင်းအား လင်းထံသို့ စောင်းလိုက်လိုက်သည်။

"ကိုယ်လည်း မင်းကို ကြိုက်တယ်..."


အိုး...ဆိုတော့ ကြိုက်တယ်ဆိုတာ ဒါမျိုးလား...


လင်းက စုန့်ကျန်းရှူး၏မျက်လုံးများထဲကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲမှ နောက်ဆုံး သံသယလေးအား ဖိနှိပ်ပစ်လိုက်သည်။


လူတိုင်းက သူ စုန့်ကျန်းရှူးကို ချစ်နေသည်ဟု ပြောနေကြကတည်းက စုန့်ကျန်းရှူးအား သူ နင့်နင့်သည်းသည်း ချစ်လိုက်သင့်သည်။


အမှန်တွင် "အချစ်ကဘာလဲ" ဆိုသည်ကို သူတစ်ခါမှ မသိခဲ့ပေ။


-------


"ငါမင်းကို ခေါ်နေတယ်လေ…"


လင်း သူ့အမှတ်တရများထဲမှ ပြန်နိုးထလာခဲ့ပြီး သူ့မျက်နှာမှာ မသာမယာဖြစ်နေသည်။


သူနှင့်လုမော့ နှစ်ဦးလုံးက ကောင်တာရှေ့က ကုလားထိုင်များပေါ်တွင် ထိုင်နေကြသည် ဖြစ်သော်ငြား သူ့အရပ်က လုမော့ထက် ရှည်နေခဲ့သည်။ လုမော့ သူ့အား မကျေမနပ်ကြည့်ကာ မတ်တပ်ရပ်လိုက်ပြီး တင်စီးသည့်လေသံနှင့် ပြောလိုက်သည်။

"ဟေး...ငါမင်းကို မေးမယ်..."


လင်း ခေါင်းညိတ်လိုက်သည်။


သူ့ကြည့်ရသည်မှာ ယခင်ကရှိခဲ့ဖူးသော ရယ်နိုင်စွမ်းများ ပျောက်ဆုံးသွားပုံပေါ်သည်။ အတိတ်တုန်းကသာဖြစ်ခဲ့မည်ဆိုလျှင် သူကအမျိုးသားငယ်လေးအား ကောက်ချီလိုက်မည်ဖြစ်ကာ သူလေး၏ခြေထောက်များက လေထဲတွင် တွဲလောင်းကျနေပေလိမ့်မည်။ အမျိုးသား၏မျက်နှာလေးက ရှက်သွေးဖြာသွားပြီး သူ့ကိုယ့်သူ မကူညီနိုင်ဖြစ်ကာ နှလုံးသားတစ်ခုလုံး ကြောက်ရွံမှုများနှင့် ပြည့်နေပေလိမ့်မည်။


သို့သော်ငြား ယခုမူ သူ ဗလာသက်သက်နှင့်သာ ခေါင်းညိတ်ပြနိုင်ပေသည်။


 á€žá€°á€ˇá€”á€žá€œá€Żá€śá€¸á€žá€Źá€¸á€‘á€˛á€™á€žá€Ź ပျော်ရွှင်နေပြီသား ဆိုပေမယ့်ပေါ့...


လုမော့ မေးမော့ကာ ပြောလိုက်သည်။

"မင်း တစ်လကို ငွေဘယ်လောက် လောက်ဝင်လဲ..."


လင်း အကြမ်းဖျင်းခန့်မှန်းကာ ဂဏန်းတစ်ခုကို ရွတ်ပြလိုက်သည်။


လုမော့ : "..."


အရမ်း အရမ်းကောင်းတယ်...


လုမော့ လက်ထပ်မှတ်ပုံတင်ဖောင်ကို ပုတ်လိုက်သည်။

"သူ့ကို အလုပ်သွားခိုင်းလိုက်..."


"မင်းက ငါ့မိန်းမဖြစ်ပြီဆိုမှတော့ ပိုက်ဆံကိုကောင်းကောင်းရှာပြီး ငါ့ဆီကို ချမ်းသာကြွယ်ဝတဲ့ ကံကြမ္မာကို ယူဆောင်ပေးရမယ်..."

လုမော့ လက်ထပ်မှတ်ပုံတင်ဖောင်ကို ထိလိုက်ပြီးချမ်းသာသည့်အနာဂတ်ကို စိတ်ကူးယဥ်နေသည်။ ထို့နောက် ခေါင်းလှည့်ပြီး အဆင့်နိမ့်အမျိုးသမီးကို မေးလိုက်သည်။

"သူက ပိုက်ဆံတွေ ဝှက်ထားရင်ရော..."


ဝန်ထမ်းတစ်ယောက်အနေဖြင့် ယခုကဲ့သို့သော အခြေအနေကိုကြုံတွေ့ရသည်မှာ ဤအဆင်နိမ့်အမျိုးသမီးအတွက် ယခုက ပထမဆုံးပင် ဖြစ်သည်။


သူ၏အထင်သေးစက်ဆုပ်မှုအား မထိန်းထားနိုင်တော့လုနီးပါးပင်။

"အဲ့ဒီအတွက်လည်း ကြီးကြပ်မှုရှိပါတယ်..."


အမျိုးသမီးဇာ့ဂ်များအား အပြင်ထွက် အလုပ်လုပ်ခွင့်မပြုပေ။ အိမ်၌နေ၍ အမျိုးသားဇာ့ဂ်အား ပြုစုပေးရန်မှာ သူတို့၏ဖြစ်ရိုးဖြစ်စဥ် သဘာဝတာဝန်ပင် ဖြစ်သည်။ အလွန်အမင်း ရမ်းကားကြမ်းတမ်းသော အမျိုးသားဇာ့ဂ်များသာလျှင် သူတို့၏အမျိုးသမီးများကို အပြင်ထွက်ကာ ပိုက်ဆံရှာခိုင်းလေသည်။


သို့သော် အမျိုးသမီဇာ့ဂ်များ ထိုသို့လုပ်ရန် ဆန္ဒရှိသည်မှာ ရှားပါးပေသည်။ ၎င်းက သူတို့အလုပ်များကို မကြိုက်သောကြောင့်မဟုတ်ဘဲ အလုပ်နှင့်ယှဥ်လျှင် သူတို့၏အမျိုးသားကိုသာ ရွေးချယ်ကြသောကြောင့်ဖြစ်သည်။ 


အမျိုးသမီးကို အမှန်တကယ် ဂရုစိုက်သည့် အမျိုးသားဇာ့ဂ်များကသာလျှင် သူတို့၏နာမည်ဂုဏ်သတင်း ထိခိုက်နိုင်ခြေကို စွန့်စားပြီး သူ့ကို လွတ်လပ်ခွင့်ပေးမည်ဖြစ်သည်။ 


သို့သော် သူ့ရှေ့မှ အမျိုးသားဇာ့ဂ်ကမူက...


လောဘကြီးပြီး ဂုဏ်မောက်သည့် ဆံပင်အနက်ရောင်နှင့် အမျိုးသားဇာ့ဂ်ကို ကြည့်လျက် အဆင့်နိမ့်အမျိုးသမီး၏ပါးစပ်များက မနေနိုင်ဘဲ တွန့်သွားသည်။ 


ရိုးရှင်းသိသာလှစွာပင် သူကအဆိုးရွားဆုံး ဆန်ကုန်မြေလေး အမျိုးသားပင် ဖြစ်သည်။


ဒီလောက်စွမ်းအားကြီးတဲ့ အမျိုးသမီးဇာ့ဂ်က ဘယ်လိုလုပ်ပြီး ဒီလိုအမျိုးသားဇာ့ဂ်နဲ့ တွဲလိုက်တာလဲ...သေချာပေါက် သူလှည့်စားခံရတာပဲ ဖြစ်ရမယ်...


အဆင့်နိမ့်အမျိုးသမီး၏ ကရုဏာအကြည့်များအောက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခုက လင်း၏ နှုတ်ခမ်းထောင့်စွန်းလေးတွင် ဖျတ်ခနဲပေါ်လာသည်။


ရေပေါ်ကို လျှပ်ပျံပြေးသွားသည့် ငှက်လေးတစ်ကောင်လိုပင် ခဏအတွင်းတွင်ပင် ပျောက်သွားသည်။ 


သူ လုမော့ကို ကြည့်လိုက်သည်။ အမျိုးသားဇာ့ဂ်က ချွေးထွက်နေသော လက်ဖဝါးကို အင်္ကျီလက်အောက်ရှိ ဘောင်းဘီချုပ်ရိုးကြောင်းအား တိတ်တိတ်လေးသုတ်လိုက်သည်။ 


လင်း : "..."


အပြုံးဖျော့ဖျော့လေး တစ်ခုက လင်း၏နှုတ်ခမ်းထောင့်စွန်းလေးတွင် ထပ်မံ ဖြတ်ပြေးသွားခဲ့သည်။


"အကုန်လုံး မှန်မမှန် အတည်ပြုပြီးသွားပြီလား..."


လုမော့ လက်ထပ်မှတ်ပုံတင်ဖောင်ကို ထပ်မံအတည်ပြုလိုက်သည်။ အထူးသဖြင့် [အမျိုးသမီးက လက်ထပ်ပြီးနောက်တွင် သူ့နေရာအား ထိန်းသိမ်းကျန်ရှိနေမည်လား]ဟူသည့်နေရာအား အချိန်အတန်ကြာ ကြည့်ရှုစစ်ဆေးခဲ့သည်။ သူ၏လေးနက်သည့် အမူအရာက သံသယမဝင်နိုင်အောင် ဖြစ်စေသည်။


သူက တစ်ကယ့်ကို ဆန်ကုန်မြေလေးကောင်ပဲ...


ထို့နောက် လက်ထပ်မှတ်ပုံတင်ဖောင်အား ဂရုတစိုက်နှင့် ဝန်ထမ်းအား လွှဲပေးလိုက်လေသည်။


အဆင့်နိမ့်အမျိုးသမီးက ထွက်ခွာသွားသော သူတို့၏နောက်ကျောများကို ကရုဏာသက်စွာ ကြည့်ကာ အကူညီမဲ့စွာပင် ခေါင်းယမ်းလိုက်သည်။


အမျိုးသားတွေများ…


-----


Hover ကားအား မြေအောက်ကားပါကင်တွင် ရပ်ထားခဲ့သည်။


ယခုအချိန်တွင် လူတိုင်းက လူသူရှင်းလင်းနေသည့်လမ်းကြားမှ ထွက်လာသော အမျိုးသားဇာ့ဂ်အား ကြည့်ရန် ပြေးထွက်လာကြသည်။ ကားပါကင်တွင် ကားများအပြည့်ဖြစ်နေပြီး လင်းနှင့်လုမော့က သူတို့ကားကို လမ်းပေါ်သို့ရောက်ရန် တိုးဝှေ့ထွက်လာကြရသည်။ 


လုမော့ သရော်လိုက်သည်။

"စည်းမျဥ်းစည်းကမ်းတွေကို နားမလည်တဲ့ အဆင့်အတန်းနိမ့်ကျတဲ့လူတွေ..."


သူ့အပြုံးက နှလုံးသားမှလာခြင်းဖြစ်ပြီး နံဘေးမှ စနစ်ပင်လျှင် ပြင်းပြင်းထန်ထန် လက်ခုပ်သြဘာပေးလိုက်သည်။


ဖြောင်း ဖြောင်း


[ပိုင်ရှင် အရမ်းတိုးတက်လာပြီ...]


သူက ရုတ်တရက်ကြီး ဥာဏ်အလင်းပွင့်သွားသည့်ပုံပင်။ မျှော်လင့်ချက်မရှိသည့် အခြေအနေရောက်နေလျှင်ပင် အသက်ရှင်သန်ရာ လမ်းတစ်ခုကို ဖောက်နိုင်ပေသည်။


သူကိုယ်တိုင်ပင် အလွန်ကျွမ်းကျင်နေသည်ဟု ခံစားလိုက်ရသည်။


လုမော့ ကားကို ပျင်းရိစွာညွှန်ပြလိုက်သည်။

"အဲ့ကားကို မောင်းထွက်လာခဲ့..."


"ဟုတ်ကဲ့ သခင်..."


အလွန်ခမ်းနားသော အနက်ရောင်ကားက ဖြည်းညင်းစွာ မြှောက်တက်သွားပြီး လုမော့က လေထဲမှ ပွင့်နေသောတံခါးကို စိုက်ကြည့်လိုက်သည်။

"သေစမ်း… ခွေးမ ငါ့ခြေထောက်တွေကို ချိုးပစ်ချင်နေတာလား..."


ရိုင်းစိုင်းကြမ်းတမ်းသော စကားများကို သုံး၍ သူ့အား လက်လွတ်စပယ်ပင် စွပ်စွဲအပြစ်တင်လိုက်ပြီး သူ့ရှေ့တွင် ဖြည်းညင်းစွာ ကားရပ်သွားသည်အထိ ဆဲဆိုနေခဲ့သည်။


သူ၏ D အဆင့်အမျိုးသားဇာ့ဂ်တစ်ယောက်၏ ခံ့ညားလှသော လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။


"ငါ့ကိုကူ..."


ထို့နောက်တွင် အေးစက်ကြည်လင်နေသည့် ရယ်သံတစ်ခုကို ကြားလိုက်ရသည်။


[အမှိုက်ဆန်မှုတန်ဖိုး +10]


[အဓိကဇာတ်ဆောင်ထံမှ အထင်းသေးခြင်း ခံရပါသည်။ အမှိုက်ဆန်မှုတန်ဖိုး +100]


စနစ်၏အသံမှာ ထူးထူးခြားခြား ကျယ်လောင်ကာ  ခံစားချက်များနှင့် ပြည့်နေသည်။ 

[လက်ထောက်ဗျူဟာက သင့်ကို သတိပေးပါတယ် : အဓိကဇာတ်ဆောင်ထံမှ ပြင်းထန်သည့် အပြစ်တင်သံများ မကြာခင် ရရှိပါတော့မယ်… အမှိုက်ဆန်မှုတန်ဖိုးတွေ အများကြီး ရောက်လာမှာကို ကိုယ်ဟန်အနေအထား ခပ်မိုက်မိုက်နဲ့ ကြိုဆိုလိုက်ပါ...]


အများကြီးလား...


လုမော့ ရုတ်ခြည်း သူ့ခေါင်းကို လှည့်ကာ အသံလာရာဘက်ကို ကြည့်လိုက်သည်။


ခန္ဓာကိုယ်ပေါ်တွင် ပတ်တီးများနှင့် အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်လုံးများရှိသည့် ငယ်ရွယ်ချောမောသော အမျိုးသားဇာ့ဂ်တစ်ယောက်က သူ့အားဒေါသထွက်စွာ ကြည့်နေလေသည်။


ဂုဏ်ယူနေသော အစိမ်းရောင်ပန်းသီးပင်ကြီးနှင့်တူစွာ သူ့နောက်ကျောအား မတ်ထားပြီး လမင်းကြီးကဲ့သို့ တောက်ပ၊ကြည်လင်စွာ ထွက်ပေါ်လာလေသည်။


လုမော့ အသက်ပြင်းပြင်းရှူလိုက်သည်။

"ဟင်းးး..."


ညီအစ်ကိုရေ...အရသာက ပြင်းလွန်းတယ်ကွာ...အာ...



🌌🌌🌌


Eng Translator၏ မှတ်ချက် -

အားလုံးပဲ စိတ်မပူကြပါနဲ့ လင်းက စုန့်ကျန်းရှူးနဲ့ တစ်ခါမှ တရားဝင်ဆက်ဆံရေးမျိုး မရှိဖူးပါဘူးနော်၊ စုန့်ကျန်းရှူးက လင်းကို ဦးနှောက်ဆေးထားတာပါ