Chapter 13
Viewers 13k

🌌Chapter  13



ဇာ့ဂ်မျိုးနွယ်များ၏ မျိုးနွယ် ဗီဇလက္ခဏာများက တစ်ခါတစ်ရံ အလွန်ထူးဆန်းလှပေသည်။


အမျိုးသမီးဇာ့ဂ်က ပိုသန်မာလေလေ သူ၏ရမ္မက်ဆန္ဒများက နည်းပါးလေလေဖြစ်သည်။ အဆင့်အမြင့်ဆုံး S အဆင့် အမျိုးသမီးဇာ့ဂ်များဆိုလျှင် တစ်နှစ်ပတ်လုံး သူတို့၏ heat မဖြစ်နိုင်ကြခြင်းမျိုး ရှိပေသည်။ 


သိပ္ပံနည်းအရ ကြည့်မည်ဆိုပါလျှင် ၎င်းမှာ ဇာ့ဂ်ဥများကို သန္ဓေတည်ရန် စွမ်းအင်များစွာ လိုအပ်သောကြောင့် ဖြစ်ပေသည်။ ဥ၏ အဆင့်ကမြင့်လေလေ စွမ်းအင် ပိုလိုအပ်လေပင်။ စွမ်းအင်ကုန်ခမ်းမှုကို ရှောင်ရန်အတွက် အဆင့်မြင့်အမျိုးသမီးဇာ့ဂ်များ၏ ခန္ဓာကိုယ်ဇီဝကမ္မက အလိုအလျောက် သူတို့၏ heat ကို ဖိနှိပ်ပေးလိုက်သည်။


ဥပမာအားဖြင့် လင်းဖြစ်သည်။ သူက သန့်စင်ကာ ယခုအချိန်ထိ မထိတွေ့ရသေးဟု မော်ကွန်းတိုက်ထဲတွင် ဆယ်စုနှစ်တစ်ခုတိုင်အောင် ဆက်တိုက် မှတ်တမ်းတင်ထားသည် ဟူသည့် ကောလာဟလများ ရှိပေသည်။


တစ်ဖက်တွင် အမျိုးသားဇာ့ဂ်များကမူ အမျိုးသမီးဇာ့ဂ်များနှင့် ဆန့်ကျင်ဘက်ပင်။


အမျိုးသားဇာ့ဂ်က ပို၍ သန်မာလေလေ သူ၏ရမ္မက်ဆန္ဒနှင့် မျှော်မှန်းချက်များက ပိုကြီးမားလေပင်။ ယနေ့ခေတ် တော်ဝင်မြို့တော်ရှိ A အဆင့် အမျိုးသားဇာ့ဂ်များကြားတွင်  မော်ကွန်းတိုက်ထဲ၌ မှတ်တမ်းတင်ထားရသော အမျိုးသမီးဇာ့ဂ် အရေအတွက်မှာ 372 အထိရှိနေပြီ ဖြစ်သည်။


သို့သော် အမျိုးသားဇာ့ဂ်များ ရှားပါးသော ယနေ့တွင် မျိုးပွားရန် သင့်လျော်သော အရွယ်ရောက်သည်နှင့် ဥများများ ရရန်အတွက် အဆင့်နိမ့် အမျိုးသားဇာ့ဂ်များပင် သူအလိုရှိသလောက် အမျိုးသမီးဇာ့ဂ်များကို လက်ထပ်နိုင်ပေသည်။ 


အနည်းငယ်မျှသော အမျိုးသားဇာ့ဂ်များသည်သာ ထိုကဲ့သို့ အပြုအမူက သူတို့သက်တမ်းအား ကြီးကြီးမားမား ထိခိုက်စေသည်ကို သိကြပေသည်။


သို့သော်လည်း ၎င်းမှာ သူတို့ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားပင်။


-------


"ငါနေလို့မကောင်းဘူး..."


အဆင့်နိမ့်အမျိုးသမီးဒေါက်တာက ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် မူလက ကျယ်ဝန်းပြီး တောက်ပနေသသည့် အထူးလူနာဆောင်က အမှောင်ထဲသို့ ကျရောက်သွားလေသည်။


လေထုက အေးမြသော မိုးရနံ့များဖြင့် ပြည့်နေကာ စိုထိုင်းပြီး လေးလံနေလေသည်။ ထိုမိုးရနံ့ကို ရှုမိသည့်အခါတွင် မိုးသက်မုန်တိုင်းများ ကျရောက်နေသော ညထဲသို့ ရောက်သွားသည့်အလား လူများအား ခံစားရစေသည်။


သို့သော် သွေးနှင့်သံချေး ရောနှောနေသော အနံ့ဖျော့ဖျော့လေးလည်း ရှိနေသည်။ မီးခိုးငွေ့များ ပြည့်နှက်နေသော စစ်မြေပြင်တွင် သေခြင်းနှင့်ရှင်ခြင်း နယ်နိမိတ်မှ  လေပြင်းက သယ်ဆောင်လာသည့် လောင်ကျွမ်းနေသော မထင်မရှားရနံ့ပင်။


အခန်းကျဥ်းလေးထဲ၌ ရနံ့နှစ်ခုက တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားသည်။


ဒီရေက သွေးနံ့များကို ပြေပျောက်သွားစေခဲ့ပြီးနောက် တစ်ဖန် စိတ်အားထက်သန်မှုများဖြင့် ပြည့်လျှမ်းသွားစေခဲ့သည်။ အခန်းတွင်း၌ မြင့်လိုက် ကျလိုက်ဖြင့် မရေမရာ ဝေဝေဝါးဝါး စီးဆင်းနေလျက်ပင်။


ရနံ့က နွေးထွေးသော သီးသန့်ဧရိယာလေးထဲတွင် စုပြုံနေလျက်သား...


လုမော့ မျက်လုံးများ မှေးကျဥ်းလျက် အိပ်ရာခေါင်းရင်းတွင်ရှိသော လိမ္မော်ရောင်အလင်းတန်းလေးအား ထွန်းလိုက်သည်။


အလင်းရောင်ကိုဖြတ်၍ ရင်းနှီးနေသော အရပ်ရှည်ရှည်ပုံရိပ်ကို တွေ့လိုက်ရသည်။


ပုံရိပ်က သူ့အနီးနားသို့ ချည်းကပ်လာခဲ့သည်။ ရှေ့သို့ လှမ်းလာတိုင်း အလင်းရောင်က သူ့ပေါ်သို့ထွန်းလင်းပေးနေခဲ့သည်။ သူ၏ ချောမွေ့သော ဘွတ်ဖိနပ်တစ်စုံ၊ အဝတ်ထူထူများဖြင့် တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားသော သွယ်လျသည့် ခြေတံရှည်များနှင့် နောက်ဆုံး ပိန်ပါးသော ခါးလိုင်း....ပြီးနောက်...၎င်းက အဆုံးပင်။


လုမော့ အားမလိုအားမရနှင့် အသံထွက်လိုက်သည်။


တစ်ဖက်လူက သူ့စိတ်အခြေနေကို သတိပြုမိသွားကာ ရယ်လျက် ပြောလိုက်သည်။

"သခင်..."


အမှောင်ထဲတွင် လုမော့ သူ့မျက်လုံးများအား ကျယ်ကျယ် ဖွင့်လိုက်သည်။

"ဒီကိုလာခဲ့..."


ထို့ကြောင့် သူကိုယ်ကို လုမော့ထံ ကိုင်းညွတ်လိုက်သည်။ သူ့နှာခေါင်းထိပ်လေးတွင် ချွေးစက်လေးများကတောက်ပနေပြီး ချွန်မြသောမေးရိုးက ကြော့ရှင်းစွာ ကွေးလိုက်လျက် သူ၏ငန်းဖြူရောင်လည်တိုင်အား လုမော့ထံ ပြလိုက်သည်။


နောက်ဆုံး၌ သူ၏ ထူးခြားလှပလှသော အနီရောင်မျက်ဝန်းတစ်စုံက နွေးထွေးလှသည့် အဝါရောင်အလင်းများနှင့် ပြည့်နှက်နေသည်မှာ ရွှေမှုန်လေးများ ဖြူးထားသကဲ့သို့ပင်။ 


လင်းက အနက်ရောင်လည်သာ လက်အိတ်တစ်စုံကိုဝတ်ထားပြီး ထိုလက်တစ်ဖက်ဖြင့် လုမော့၏ပခုံးကိုဖိလိုက်ကာ နောက်လက်တစ်ဖက်က သူ့(လင်း)ခေါင်းနောက်ကို ပို့လိုက်ပြီး နံနက်အစောပိုင်းကမှ စည်းထားခဲ့သော ဆံပင်ရှည်များကို ဖြည်ချလိုက်သည်။ 


ငွေရောင်တောင်ပနေသော ဆံပင်ရှည်များက စီးဆင်းနေသည့်ရေအလား လုမော့ထံ ကျဆင်းလာခဲ့သည်။


သူတို့နှစ်ယောက်က နီးကပ်လွန်းနေခဲ့သည်။


လုမော့ မသိစိတ်အရ နောင်ဆုတ်လိုက်ချင်သော်လည်း သူ့ပခုံးပေါ်မှလက်က နောက်မတွန့်သွားစေရန် သူ့ခေါင်းနောက်ဘက်အား ပြောင်းကိုင်ကာရှေ့သို့ဆွဲလိုက်သည်။ 


"နေဦး..."


သူ့နှုတ်ခမ်းပေါ်သို့ နူးနူးညံ့ညံ့ အထိတွေ့လေးရောက်လာခဲ့ပြီး သူ့လက်ကျန် အသက်ရှူသံများအား စားသုံးလိုက်သည်။


အမျိုးသမီးဇာ့ဂ်က လုမော့၏ပေါင်ကို ဖိမိမသွားစေရန် သတိထားပြီး ပေါင်ပေါ်တွင် နာနာခံခံထိုင်နေသည်။ သူ၏ခန္ဓာကိုယ်က လုမော့ပွေ့ဖက်ရန် အဆင်ပြေသည့် အနေအထားဖြင့်ရှိနေသည်။


လုမော့၏လက်များက အမျိုးသမီးဇာ့ဂ်၏ခါးသွယ်သွယ်လေးပေါ်သို့ ရစ်ပတ်ထားလျက် မခွဲနိုင်မခွာရက်ဖြစ်နေသည့်ပုံပင်။


တစ်မိနစ်ကြာသွားပြီး လုမော့ အသက်ရှုကျပ်လာမှသာလျှင် အမျိုးသမီးဇာ့ဂ်က သူ့အားလွှတ်ပေးလိုက်သည်။ 


သူ  လုမော့ထံ မှီလိုက်လျက် နားထဲသို့ တီးတိုးပြောလိုက်သည်။ သူ့အသံက ရယ်သံများစွက်လျက်ပင်။

"မကြောက်ပါနဲ့ အသက်ရှုဖို့ မမေ့နဲ့လေ..."


လုမော့ စိတ်အနှောင့်ယှက်ဖြစ်စွာ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး သူ့ပါးများက အနည်းငယ် လောင်ကျွမ်းနေခဲ့သည်။


စိုက်ကြည့်ခံနေရသော အမျိုးသမီးဇာ့ဂ်၏ လည်ချောင်းက တင်းကျပ်သွားပြီး လုမော့လက်ကို ဆွဲယူလိုက်သည်။

"တကယ်လို့ သခင် ဘယ်လိုလုပ်ရမှန်း မသိဘူးဆိုရင် ကျွန်တော် သင်ပေးနိုင်ပါတယ်..."


လုမော့၏လက်က ယူနီဖောင်းအင်္ကျီထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ သူ့လက်က ပါးလွှာသော ရှပ်အင်္ကျီကိုထိမိသွားပြီး ထိုအောက်က နွေးထွေးလှသည့် အသားအရည်လေးကိုပါ ခံစားမိသွားသည်။


"သခင်...သခင်က ခုထိ ဆင့်ကဲပြောင်းလဲလို့ မပြီးသေးဘူးလေ..."


အမျိုးသမီးဇာ့ဂ်၏အသံက အနည်းငယ် တုန်ယင်နေခဲ့သည်။

"အဲ့ဒါကြောင့် ကျွန်တော်တို့ အကြိုစာချုပ်တစ်ခုကိုပဲ လုပ်လို့ရဦးမယ် ဒါပေမဲ့..."


သူ့ခေါင်းကိုငုံ့ကာ နှာဖျားလေးဖြင့် လုမော့၏လက်ကို ထိလိုက်ပြီး မျက်ခွံကိုပင့်တင်ကာ လုမော့အား ကြည့်လိုက်သည်။ 


"ကျွန်တော့်အတောင်ပံတွေကို ထိရတာကြိုက်လား..."


လေထဲတွင် အသံတစ်ခု ကြားလိုက်ရပြီး အမျိုးသမီးဇာ့ဂ်၏ နောက်ကျောမှ ထွက်ပေါ်လာသော ကြီးမားကာ ထွင်းဖောက်မြင်ရမတတ် လှပလှသည့် အတောင်ပံနှစ်စုံကို မြင်လိုက်ရသည်။


၎င်းတို့က လှပပေသည်။ အလွန်ပင် လှပလှသည့် အတောင်ပံများပင်။ အလွန်အမင်း လှပလွန်း၍ ဒဏ္ဍာရီလာ နတ်သူငယ်များ၏ အတောင်ပံများကိုပင် အမှတ်ရသွားစေသည်။


အလင်းရောင်ကို နောက်ခံထား၍ ဖော့စဖရက်ဓါတ်များဖြင့် တောင်ပံက အပြာရောင် အလင်းဖျော့ဖျော့လေးများထုတ်လွှတ်နေသည်။ သို့သော်ငြား ရှုထောင့်အနည်းငယ်သာ ပြောင်းလိုက်လျှင် အခြား အရောင်ပြောင်းလဲသွားလိမ့်မည်ပင်။


မတူညီသောရှုထောင့်အမျိုးမျိုးမှ ကြည့်လျှင် အတောင်ပံများက အမျိုးမျိုးသော  အရောင်လေးများကို ထုတ်လွှတ်ပေးလိမ့်မည်ပင်။


လုမော့ မနေနိုင်ဘဲ လက်ဆန့်ထုတ်၍ ထိုလှပသော အတောင်ပံများကို ထိကြည့်လိုက်သည်။

"အင်းး..."


အမျိုးသမီးဇာ့ဂ်ထံမှ တိုးညင်းသော အသံရှည်လေးထွက်ပေါ်လာကာ လုမော့၏ပခုံးပေါ်သို့ အားနည်းစွာ ပျော့ခွေကျသွားသည်။


လင်းက တိုက်ပွဲများစွာတွင် သူ့အား အကူအညီပေးခဲ့သော သန်မာကာ ထက်မြက်လှသည့် အတောင်ပံများက ၎င်းကို ခံနိုင်ရည်မရှိ ဖြစ်လိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်မိခဲ့ပေ။


လုမော့ အတောင်ပံများကို ထိလိုက်သည့် အခိုက် လင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။


အမျိုးသား၏ စပ်စုလိုစိတ်များ ပြည့်နေသော မျက်လုံးများကို ကြည့်ကာ လင်း သူ့မျက်နှာအား လက်များဖြင့် မဖုံးဘဲ မနေနိုင်တော့ပေ။ 

"ထားလိုက်ပါတောာ့...ဒီနေ့ ဒီမှာပဲ ရပ်ကြရအောင်... အာ့..."


လင်း၏မျက်လုံးများ ထိတ်လန့်မှုများဖြင့် ပြူးကျယ်သွားသည်။


အမျိုးသားက ရတနာတစ်ခုကို ရှာတွေ့သွားသည့်အလား တောင်ပံများကို လွှတ်ပေးရန် ငြင်းဆန်နေသည်။ ထိုအစား သူ့ပါးစပ်ကို အသာလေးဖွင့်လိုက်ကာ လင်း၏ အတောင်ပံထိပ်ဖျားလေးများအား သူ့နှုတ်ခမ်းဖြင့် ညင်သာစွာ ဖိကပ်လိုက်သည်။ 


အမျိုးသားက အပြည့်အဝ မနိုးထလာသေးပေ။ သူ့မျက်ဝန်းများမှာ သန့်စင်ကာ အပြစ်ကင်းစင်လျက် နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခုနှင့် လင်းအား စိုက်ကြည့်နေခဲ့သည်။


"မသွားပါနဲ့..."


"ခ...ခဏလေး..."

လင်း သူ့လက်ကို လုမော့ထံ ဆန့်ထုတ်လိုက်သော်လည်း လေထဲတွင်ပင် အင်အားမရှိစွာ ပြုတ်ကျသွားပြီး စောင်ကိုသာ ခက်ခက်ခဲခဲ ဆွဲယူနိုင်လိုက်သည်။


အချိန်နည်းနည်း ကျန်ပါသေးတယ်လေ...



-------



3 နာရီကြာပြီးနောက်…


အဆင့်နိမ့်အမျိုးသမီးဒေါက်တာက မျက်လုံးများဖွင့်ထားလျက် တံခါးဝ၌ စောင့်နေခဲ့သည်။ သူစောင့်သည်၊ ထပ်စောင့်သည်။ သူအိပ်မောကျခါနီးအချိန်တွင် ပိတ်ထားသည့်တံခါးက နောက်ဆုံးတွင် ကလစ်ဆိုသည့်အသံတစ်ချက်နှင့် ပွင့်သွားခဲ့သည်။ 


အမျိုးသားတစ်ယောက်သာလျှင် ထွက်လာခဲ့သည်။ဒေါက်တာက ကြောက်ရွံ့စွာ ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။

"အာ. အာ..."


လုမော့ သူ့လက်ကိုဆန့်ထုတ်ကာ တိတ်တိတ်လေးနေရန် အချက်ပြလိုက်သည်။

"သူ အရမ်းပင်ပန်းနေတယ်...သူ့ကို မနှောင့်ယှက်ပါနဲ့..."


စနစ်၏အေးစက်စက်အသံက သူ့စိတ်ထဲတွင်ပေါ်လာခဲ့သည်။

[သူ အရမ်းပင်ပန်းနေတာမဟုတ်ဘူး သူက သေတော့မှာ...]


လုမော့မျက်ဝန်းများ ဝင်းလက်သွားသည်။

"ဒါဆို ငါ့ရဲ့အမှိုက်ဆန်မှုတန်ဖိုးကရော..."


စနစ် : [ အဲ့အကြောင်း စဥ်းတောင် မစဥ်းစားနဲ့ ... သူက အေးခဲလွန်းလို့ သေတောင်သေတော့မယ်...]


လုမော့ အလွန်ဝမ်းနည်းသွားသည်။

[အင်းပါ...]


"ဟမ့်..."


ထိုအခိုက် အထင်သေးမှု အပြည့်ပါသော အေးစက်စက်လှောင်သံက လုမော့အာရုံကို စွဲဆောင်သွားသည်။ သူ့ခေါင်းကိုလှည့်ကာ ထွင်းဖောက်မတတ်ကြည်လင်သောမှန်ကို ဖြတ်၍ ဘေးအခန်းမှ စုန့်ကျန်းရှူးပါ နိုးလာသည်ကို တွေ့လိုက်ရသည်။


သူ့ခန္ဓာကိုယ်တစ်ဝက်ခန့်အား ပတ်တီးများဖြင့်စည်းထား၍ မံမီတစ်ကောင်နှင့်တူပြီး ရယ်စရာကောင်းလှသည်။ လုမော့ပါးစပ်ထောင့်များ မနေနိုင်စွာ ကွေးညွတ်သွားသည်။


စုန့်ကျန်းရှူး၏ မျက်လုံးများက လုမော့အားအရှင်လတ်လတ်စားချင်သည့်အလား စိုက်ကြည့်နေကြသည်။ 


သို့သော် အဆုံး၌ တစ်ဖက်လူက သည်းခံလိုက်ပုံရကာ အဆင့်နိမ့်အမျိုးသမီးဒေါက်တာအား နွေးထွေးစွာပြောလိုက်သည်။

"ဘယ်လိုနေလဲ...အခု စစ်ဆေးလို့ရပြီလား..."


စုန့်ကျန်းရှူးက လုမော့နှင့်လင်း စာချုပ်မချုပ်ရသေးသည်ကို မြင်နိုင်သောကြောင့် သူ့တွင် အချိန်ရှိသေးသည်။ နောက်မကျသေးမီ အစပိုင်းကတည်းက တစ်ဖက်သူအား အချိန်မီ သတ်နိုင်သရွေ့ ပြဿနာမရှိပေ။ 


အဆင့်နိမ့်အမျိုးသမီးဒေါက်တာက ခေါင်းညိတ်ကာ နံဘေးမှ စက်ကိရိယာကို ဆွဲယူလိုက်ပြီး လုမော့အားပြောလိုက်သည်။

"ကျေးဇူးပြုပြီး ဒီမှာထိုင်ပြီး အင်္ကျီလက်ခေါက်တင်ထားပေးပါ..."


"ကောင်းပါပြီ..."


ပြောင်လက်နေသော ဆေးထိုးအပ်က လုမော့ လက်မောင်းတွင်းသို့ ဖောက်ဝင်သွားကာ အနီရောင်သွေးများက ပုလင်းထဲသို့ ဖြည်းညင်းစွာ စီးဝင်သွားသည်။


စုန့်ကျန်းရှူးပါးစပ်တွင်  အပြုံးတစ်ခုပေါ်လာသည်။


လုမော့ လက်တစ်ဖက်ဖြင့် မေးကိုထောက်လျက် ရုတ်တရက် ပြောလိုက်သည်။

"စုန့်ကျန်းရှူး မင်းပိုက်ဆံအများကြီး ရှိပါ့မလား...မရှိရင်လည်း မေ့လိုက်ပါတော့...ကားတစ်စီးစာလောက်ကတော့ တစ်လအတွင်းပြန်ရတယ်...တကယ်လို့ မင်းရှုံးသွားရင်..."


သူ့မျက်လုံးများကို ကျဥ်းမြောင်းကာ ရယ်လိုက်သည်။

"ဝမ်ကောရဲ့ ကံကြမ္မာအခွင့်အလမ်းက ဘယ်လောက်ကျန်သေးလဲဆိုတာ ငါစိုးရိမ်မိသား...မရှိတော့ဘူးဆိုရင်တောင် အဲ့ဒါလေးနဲ့တော့ မင်းအတွက် လုံးဝ ဆုံးရှုံးသွားမှာတော့ မဟုတ်ဘူးမလား..."


(T/N- ဝမ်ကောရဲ့ ပိုက်ဆံအာဏာတွေ မကျန်တော့ရင်တောင် အဲဒါလေးမရှိတော့ရုံနဲ့တော့ မင်းမပြိုလဲလောက်ဘူးမလားလို့ မေးချင်တာပါ)


ဟမ့် သူ့ကို လှည့်စားဖို့ ကြိုးစားနေသေးတယ်...


သေချာစွာပင် စုန့်ကျန်းရှူးက အရူး မလုပ်ခံပေ။ သူက အေးစက်စွာ ပြန်ပြောလိုက်သည်။

"ငါမင်းကို တစ်ခုသတိပေးလိုက်ချင်တယ်...မင်း ခွင့်ပြုချက် မရှိဘဲ တားမြစ်ဆေးဝါးတွေသုံးထားပြီး အဆင့်မြင့် အမျိုးသားဇာ့ဂ်ကိုတောင် ဒဏ်ရာရအောင်လုပ်လိုက်သေးတယ်...မင်းချိုးဖောက်တဲ့ပြစ်မှုက တစ်ခုတည်းတောင် မဟုတ်ဘူး အမျိုးသားဇာ့ဂ်ဆိုရင်တောင် ပြုပြင်ရေးစင်တာကို ပို့ခံရမှာပဲ..."


"ဖြစ်နိုင်ပါတယ်..."

လုမော့ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါတို့ဘာလို့ နောက်ထပ် မလောင်းကြမှာလဲ..."


စုန့်ကျန်းရှူး နောက်အနည်းငယ် ဆုတ်ကာ သူ့နှလုံးသားထဲ၌ မကောင်းသည့်ခံစားချက်ကြီး ရလိုက်သည်။


သို့သော်ငြား လုမော့၏ ယုံကြည်ချက်ပြည့်ဝနေပုံကိုကြည့်ကာ စိတ်တည်ငြိမ်သွားသည်။ လူတစ်ယောက်က အပြစ်ပိုရှိလေလေ တည်ငြိမ်သကဲ့သို့ ဟန်ဆောင်လေလေပင်။ 


သို့သော် ၎င်းမှာ မသေခင်စပ်ကြား ကြိုးစားရုန်းကန်မှုလေး တစ်ခုပေ။


စုန့်ကျန်းရှူး : " ကိစ္စမရှိဘူး..."


လုမော့ စားပွဲကိုညွှန်ပြလိုက်သည်။

"ငါနိုင်ရင် မင်းရဲ့အင်ပါယာကြယ်မှာ နေထိုင်ခွင့်ကို ငါ့ကိုပေးရမယ်..."


စုန့်ကျန်းရှူး၏ တွေဝေသွားသော မျက်လုံးများကို ကြည့်လိုက်ပြီး လုမော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ ကြောက်သွားတာလား..."


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"


စုန့်ကျန်းရှူး သွားများဖိကြိတ်လိုက်သည်။

"မင်းရှူံးရင်ရော..."


"ငါပိုင်တဲ့ပစ္စည်းတွေထဲက ကြိုက်ရာတစ်ခု ယူသွားလို့ရတယ်..."


လုမော့ ဂရုမစိုက်သည့်ပုံနှင့် ဘယ်လက်အား ယမ်းလိုက်သည်။

"စက်ရုံ၊ ငွေသား၊ သတ္တုတွင်း အုပ်ချုပ်တဲ့ လုပ်ပိုင်ခွင့် ကြိုက်ရာယူ..."


စုန့်ကျန်းရှူး လုမော့အား မျက်နှာထားတင်းတင်းဖြင့်ကြည့်လိုက်သည်။

"မင်း သေချာလား..."


လုမော့က သူထိုင်နေသော ထိုင်ခုံနောက်ကျောသို့ မှီလိုက်သည်။

"ငါဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး..."


လုမော့အား သံသယဖြင့် စိုက်ကြည့်နေသော စုန့်ကျန်းရှူး၏ မျက်ဝန်းများတွင် အလင်းရောင်တစ်ခုဖြတ်ပြေးသွားခဲ့သည်။ ထိုအေးအေးသက်သာ အမူအရာတွင်းမှ အမှားတစ်ခုခုကို ရှာဖွေနေသည့်အလားပင်။


၎င်းက သူ့ဘဝ၏ အခက်ခဲဆုံး ရွေးချယ်မှုများထဲက တစ်ခု ဖြစ်နိုင်ပေသည်။


အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး အဆင့်နိမ့်အမျိုးသမီးဒေါက်တာ၏ မျက်နှာက ချွေးများဖြင့် ဝင်းလက်နေခဲ့သည်။ သွေးနမူနာပုလင်းကို ကောက်ကိုင်ကာ စမ်းသပ်ခန်းသို့ သွားတော့မည့်အချိန် လုမော့က နောက်မှ လှမ်းဆွဲထားလိုက်သည်။


လုမော့ပြုံးလိုက်ကာ သူ့လက်အား ကြည့်လိုက်သည်။

"ဒေါက်တာ...လက်တွေက ဘာလို့ တုန်နေတာလဲ..."


အဆင့်နိမ့်အမျိုးသမီးက မသိစိတ်ဖြင့် စုန့်ကျန်းရှူးအားလှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ၏ မျက်နှာက ချက်ချင်း သုန်မှုန်သွားခဲ့သည်။


မူလက သူ စစ်ဆေးချက်ရလဒ်များ မထွက်မချင်းလောင်းကြေးအား အချိန်ဆွဲထားချင်ခဲ့သည်။ တစ်ခဏလေးအတွင်းမှာပင် အဆင့်နိမ့်အမျိုးသမီးဒေါက်တာက သူ(စုန့်ကျန်းရှူး)၏ပရိသတ်အကြီးစားတစ်ဦးဖြစ်ကြောင်း သိသွားခဲ့ပြီး စစ်ဆေးချက်ရလဒ်များကို သူ့အား ကျိန်းသေ အရိပ်အမြွက်ပေးမည် ဖြစ်သည်။


"မြန်မြန်လုပ်လေ..."


လုမော့ လေချွန်လိုက်သည်။

"သွေးဖောက်ပြီးပြီးချင်း အချိန်မလွန်ခင် မြန်မြန်ဆုံးဖြတ်ချက်ချနော်...ငါထပ်ပြီး သွေးအဖောက် မခံချင်ဘူး..."


စုန့်ကျန်းရှူး၏ မျက်လုံးများက သံသယနှင့်မသေချာမှုများဖြင့် ရှေ့နောက်ရွေ့လျားနေသည်။ ၎င်းအမူအရာများက သူ့မျက်နှာတွင် သိသာထင်ရှားနေပြီး ချွေးအေးများ ထွက်လာခဲ့သည်။


ဝမ်ကော အလွန် စိုးရိမ်သွားသည်။

"သခင် မဟုတ်ရင်လည်း အဲ့အကြောင်း မေ့လိုက်ပါတော့..."


စုန့်ကျန်းရှူးက ဒေါသထွက်တော့မည့်အတိုင်း သူ့အား တင်းမာခက်ထန်နေသည့် အကြည့်တစ်ချက်ပေးလိုက်သည်။ သို့သော် နောက်တစ်ခဏ၌ တစ်ခုခုကို တွေးမိသွားသည့်အလား ရယ်လိုက်သည်။


လုမော့ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မင်း ဘာရယ်တာလဲ..."


စုန့်ကျန်းရှူး၏ သန့်စင်နေသော အနက်ရောင်မျက်လုံးများက လုမော့ကို စိုက်ကြည့်ကာ

"ဘာမဆိုလို့ မင်းပြောလိုက်တာလား..."


လုမော့ခေါင်းညိတ်လိုက်သည်။

"သေချာပေါက်ပဲ..."


စုန့်ကျန်းရှူး သူ့လက်ကို ဆန့်ကာ ညွှန်ပြလိုက်သည်။

"ဒါဆို ငါသူ့ကို လိုချင်တယ်..."


သူက လင်း၏အခန်းရှိရာသို့ ညွှန်ပြလိုက်ခြင်းပင်။



🌌🌌🌌