အပိုင်း ၂၂၈
Viewers 29k

Chapter 228


ရုတ်တရက် ရှမိသားစုမှ အဖေနှင့်သမီးတို့က ဖုရှန်းက တစ်ဝက်မျှပွင့်နေသော တံခါးကို တွန်းဖွင့်ပြီး အထဲသို့ လမ်းလျှောက်ဝင်လာသည်ကို မြင်လိုက်ရသည်။


သူ၏ချောမောလှသော မျက်နှာက ယခုတွင် မဲမှောင်နေကြောင်း တွေ့လိုက်ရသည်။


သူ့ကိုကြည့်ရသည်မှာ မှုန်မှိုင်းနေပြီး သူ၏မျက်ဆံနက်နက်များတွင် အဆုံးမဲ့သော ဒေါသများ ရှိနေသည်။


"ဖုရှန်း..."


"ယောက်ျား..."


ရှကျင်းရော ရှချန်းပါ ဖုရှန်းပေါ်ထွက်လာမည်ဟု မထင်ခဲ့ကြပေ။


ရှကျင်းက ရှချန်းကို ဖုရှန်းက သူမနှင့်အတူခွဲနေပြီး သူမတို့နှစ်ယောက် အတူမနေတော့ဟု ပြောပြခဲ့သည်။


ရှကျင်းက အခုလတ်တလောတွင် ဖုရှန်း ခရီးထွက်နေမည်ဟု ထင်ခဲ့သည်။


ဤလူက ဤနေရာတွင် ပေါ်မလာသင့်ပေ။


"တော်လိုက်တဲ့ ရှကျင်း... မင်းသိပ်ကိုတော်ပါတယ်...ငါဒီလောက်နှစ်ပေါင်းများစွာကြာအောင် ကန်းနေခဲ့မယ်လို့ မထင်မိခဲ့ဘူး... ငါ ဒီလောက် နှစ်တွေအများကြီး အရူးလုပ်ခံခဲ့ရတာပဲ..."


ယခုအချိန်တွင် ရှကျင်းပြောခဲ့သော သူမ ရှအန်းအပေါ် ပြုလုပ်ခဲ့သည့် ဆိုးဝါးလှသည့် အရာများကို ပြန်ကြားယောင်မိရင်း သူ့ရှေ့ရှိ ယုတ်မာရက်စက်လှသောမိန်းမကို သတ်ပစ်ချင်လာသည်။


"ဖုရှန်း အရင်ဆုံးစိတ်လျော့ပါ... ကျင်းကျင်းက ဒေါသအလျောက်ပြောမိတာပါ... အမှန်တွေမဟုတ်လောက်ပါပဲ.."


ရှမိသားစုတွင် ပြဿနာတက်နေသည်။ ရှချန်းက နောက်ဆုံးတွင် ဖုမိသားစုကို အကူအညီလာတောင်းရသည်။ ထို့ကြောင့် သူဤကိစ္စများကို ဖုံးကွယ်ထားမည်ဟု ကြိုးစားခဲ့သော်လည်း ဖုရှန်းက အကုန်သိသွား၍ အရူးလုပ်၍မရတော့ပေ။


"ဦးလေးရှ... အဆင်ပြေပါတယ် သူ့ကို ကူညီပြီး ကာပေးမနေနဲ့တော့... အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီကိစ္စတွေကို သံသယဝင်ခဲ့တာ အတော်ကြာပြီ စုံလည်းစုံစမ်းနေခဲ့တာ... ဒါပေမဲ့ မထင်ထားမိတာက စုံစမ်းမှုရလဒ် ထွပ်မလာသေးခင်..."


ဖုရှန်းက ရှကျင်းကို ကြည့်လိုက်သည်။ သူ၏လေသံတွင် လှောင်ပြောင်မှုတို့ ပြည့်နေသည်။

"ကျွန်တော် ရလဒ်တွေတောင် မရသေးပဲ သူ့ဘာသာသူ ဝန်ခံခဲ့တယ်..."


"ရှင် ကျွန်မကို စုံစမ်းနေတယ်..."


ရှကျင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး ဖုရှန်းကို ဒေါသတကြီး ကြည့်လာသည်။ သူက သူမကို တိတ်တဆိတ်စုံစမ်းနေ ခဲ့လေသည်။


"ရှကျင်း... မင်းပြောစမ်းပါဦး... မင်း ရှရှင်းချန်ကေို ဘယ်ကရလာခဲ့တာလဲ... ငါနဲ့ရှအန်းရဲ့ သားအရင်းကို ဘယ်ကိုပို့လိုက်တာလဲ..."


သူစေလွှတ်ထားသော လူများက ထိုကိစ္စကို အတိအကျမစုံစမ်းနိုင်ခဲ့ပေ။ သို့သော် ရှကျင်း၏ ဝန်ခံချက်ကို နားထောင်ပြီးနောက်တွင် ရှရှင်းချန်က ရှအန်း၏ သားအရင်းမဟုတ်ကြောင်း သေချာသွားခဲ့သည်။


ရှအန်း ကလေးမွေးနေချိန်တွင် မိန်းမယုတ်ရှကျင်းက တစ်စုံတစ်ခု လုပ်ခဲ့ပေလိမ့်မည်။


"ဘာ... ကျင်းကျင်း... သမီးတကယ်လုပ်ခဲ့တာလား...သမီးရှအန်းရဲ့ ကလေးကို လဲခဲ့တာလား..."


ဖုရှန်း၏စကားကိုကြားသောအခါ ရှကျန်းပ ထိတ်လန့်ကာ မူးဝေသွားတော့သည်။


ထိုအချိန်တွင် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိတော့သည်။ ယင်းကား...


"ရှအန်းရော အဲ့အကြောင်းသိရဲ့လား... သမီး သူ့ကလေးကိုလဲလိုက်တာရော သိလား..."


သူမ သာသိခဲ့လျှင် ပြီးဆုံးသွားပြီဖြစ်သည်။


"ဖုရှန်း.. ရှင်ဘာတွေပြောနေလဲ ကျွန်မ မသိဘူး..."


ရှကျင်းက သူမကွယ်ဝှက်ထားခဲ့သော အကြီးဆုံး လျှို့ဝှက်ချက်ကြီးကို ဖုရှန်းက သိနေမည်ဟု မထင်ခဲ့ပေ။


သို့သော် ထိုကိစ္စက တိုက်ဆိုင်သွားခဲ့ခြင်းဖြစ်သည်။ သူမက ဖုရှန်းက သံသယသာဝင်ပြီး မည်သည့် အရာကိုမှ ရှာတွေ့မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။


ရှအန်း၏ ကလေးကိုရှာရန်မှာ လုံးဝမဖြစ်နိုင်ပေ။


"ရှကျင်း ငါ့ကိုတွန်းအားမပေးစမ်းနဲ့.. ရှအန်းနဲ့ ငါ့ရဲ့ကလေးက ဘယ်မှာလဲ..."


ရှကျင်းနှင့် နှစ်ပေါင်းများစွာ အတူနေခဲ့ပြီးဖြစ်၍ ဖုရှန်းက ရှကျင်းကို နားမလည်ပဲ မနေပေ။ ရှကျင်းက မျက်တောင်ခတ်ရင်း သူမဘာမှ မသိသလို နေနေသော်လည်း အမှန်မှာ သူမက အရာအားလုံးကို သိနေ၍ဖြစ်သည်။


"ဖုရှန်း... ရှင့်မှာ လုပ်နိုင်စွမ်းရှိရင် ရှင့်လုပ်ပိုင်ခွင့်နဲ့ ရှာကြည့်ပေါ့..."


ဖုရှန်း၏ ဒေါသနှင့် ကြုံလိုက်ရသောအခါ ရှကျင်းက ခပ်ဖွဖွသာပြုံးလိုက်သည်။ သူမ၏လေသံတွင် လှောင်ပြောင်ရိပ်တို့ ပြည့်နေသည်။


ကြည့်ရသည်မှာ ဖုရှန်းက သူမကို နှစ်ပေါင်းများစွာ ကြာအောင် စုံစမ်းနေသည်ကို လှောင်ရယ်နေသကဲ့သို့ပင်။


သူက သူ့ကလေးအရင်း ဘယ်ရောက်နေလဲပင် မသိချေ။


"မင်း..."


ဖုရှန်း လက်သီးတင်းတင်းဆုပ်လိုက်သည်။ ထို့နောက် ရှကျင်းကို စူးစိုက်ကြည့်ပြီး ဘာမှမပြောပဲ လှည့်ထွက်သွာတော့သည်။


သူ စာကြည့်ခန်းထဲမှ လမ်းလျှောက်ထွက်လိုက်ပြီး ခဏမျှ ရပ်လိုက်ကာ ပြောလိုက်သည်။

"ရှကျင်း ဒီနေ့နေ့လည်မှာ မင်းဆီကို ကွာရှင်းစာချုပ်ပေးခိုင်းလိုက်မယ်..."


ထို့သို့ပြောပြီးနောက် နောက်ပင် လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။


ဖုရှန်း သူ့ရှေ့က ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ရှချန်းက သူ့အင်အားအကုန်လုံး ပျောက်ဆုံးသွားသလို ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။


"ပြီးသွားပြီ... ပြီးသွားပြီ...."


ရှချန်း အဆက်မပြတ် ရေရွတ်နေသည်။


နဂိုကတည်းက ဒေါသထွက်နေရသော ရှကျသ်းက ရှချန်း ရေရွတ်နေသည်ကိုကြားပြီး ပိုဒေါသထွက်သွားသည်။


"အဖေ... တော်လောက်ပြီ.. ပါးစပ်ပိတ်တော့...ဒီကိစ္စတွေက အဖေ့ကြောင့်မဟုတ်ရင် ဖြစ်လာမှကို မဟုတ်ဘူး.. ဘာလို့ ဒီနေ့မှ ရုတ်တရက်ကြီး လာမေးနေရတာလဲ..."


ရှကျင်းက ဤနေ့များတွင် ဖုရှန်းကို မကျေမနပ်ဖြစ်နေလေသည်။ သူမ၏ မျက်နှာအစစ်ကို ပြသပြီး အရာတိုင်းကိုအမှန်အတိုင်း ပြောပြဖြစ်ခဲ့မည်ဟု လုံးဝမထင်ခဲ့ပေ။


သို့သော် ယခုတော့ ဖုရှန်းက အားလုံးကို သိသွားလေပြီ။


"ကျင်းကျင်း သမီး အခုလက်ရှိ အဖေတို့ ရှမိသားစုရဲ့ အခြေအနေကို နားမလည်ပါဘူး... အဖေတို့ ရှမိသားစုက အခွံပဲရှိတော့တာ..."


နောင်တ တကြီးဖြစ်နေသော လေသံဖြင့် ရှကျန်းက ရှကျင်းကို ယခုလက်ရှိ အခြေအနေကိုရှင်းပြနေသည်။


ယခုမှ ရှကျင်းက သူမ၏အိမ်က သူမထင်သလောက် အင်အားမကြီးကြောင်း သိသွားပြီဖြစ်သည်။


ပို၍မထင်မှတ်ထားသည်မှာ သူမတို့မိသားစုက ဒေဝါလီခံရလုနီးနီးဖြစ်နေလေသည်။


ထို့အပြင် ကိစ္စတိုင်း၏ လက်သည်တရားခံက ရှအန်းကြောင့်ဖြစ်သည်။ သူမအထင်သေးခဲ့သော မိန်းမတစ်ယောက်ကြောင့်ဖြစ်နေသည်။


"ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


ရှကျင်းက ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး...အဖေလိမ်နေတာပါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


"ကျင်းကျင်း...အဖေမလိမ်ပါဘူးကွယ်... အကုန်လုံး အမှန်အတိုင်းပြောပြနေတာပါ..."


ရှချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်လိုက်သည်။ ရှမိသားစုကို ကယ်နိုင်မည့် အကြံတစ်ခုကို သူရသွားခဲ့သည်။


"ကျင်းကျင်း...ဖုရှန်းပြောတာ အမှန်လား.. သမီးရှအန်းရဲ့ကလေးကို တကယ်သူများကိုပေးပစ်တာလား..."


၎င်းကသာ မှန်နေပါက ရှမိသားစု၏ ကံကြမ္မာအတွက် ကတ်တစ်ကတ်ရသွားပြီဖြစ်သည်။


"အဖေပြောနေတာ သမီးဘာမှမသိဘူး..."

ရှကျင်းက တည်ငြိမ်စွာပြောလိုက်သည်။


"ရှကျင်း... အခုလိုဖြစ်နေမှတော့ အဖေ့ကို မလိမ်နဲ့တော့... သမီး ရှအန်းရဲ့ ကလေး ဘယ်မှာရှိလဲ တကယ်သိရင် အဖေတို့ရှမိသားစုကို ကယ်ကောင်းကယ်နိုင်တယ်... အဲ့ကလေးကိုပြန်ပေးလိုက်ရင် သူက အဖေတို့ရှမိသားစုကို အလွှတ်ပေးလောက်မှာ..."


ရှကျန်းက သူ့အကြံကိုထုတ်ပြောလိုက်သော်လည်း ရှကျင်းက ရယ်စရာကောင်းသည်ဟုသာ ထင်နေသည်။


"အဖေ... အဲ့တာက တကယ့်အဖြေလို့ထင်လား... အဲတာက ရှအန်းကို သမီးတို့ရှမိသားစုကို ပိုမုန်းအောင် လုပ်မှာမဟုတ်ဘူးလား..."

ရှကျင်းက အလွန်အမင်း လှောင်ပြောင်နေသလို ပြောလိုက်သည်။


"အဲ့တာက အဖြေပဲ.... အဖေတို့သာ သူ့ကလေးကို ကတ်တစ်ခုလို အသုံးချနိုင်ရင်... ရှအန်းက အဖေတို့ ရှမိသားစုကို အလွတ်ပေးနိုင်တယ်..."


ရှကျင်းက ရှချန်းပြောနေသည်က ရှအန်းကို ဆန့်ကျင်ကာ ထိခိုက်အောင်လုပ်လိုသည့်အကြောင်း ဖြစ်ကြောင်း သိသွားခဲ့သည်။


"အဖေ့ကို သမီးအမှန်အတိုင်းပြောပြမယ်... သမီး ဒီကိစ္စကို ပြောဖို့ မကြံထားပေမဲ့ အဖေကတောင်းဆိုနေမှတော့ ကူညီပေးပါ့မယ်..."


ရှချန်းက သူ့သမီးက မိသားစုကို ကူညီမည်ဟုပြော၍ ပျော်သွားခဲ့သည်။


သို့သော် သူ့သမီးက တကယ်ကူညီမည်မဟုတ်ဟု မထင်ခဲ့ပေ။