အပိုင်း ၂၃၄
Viewers 29k

Chapter 234


"ညီမဘက်က တို့ပြောတဲ့အတိုင်းလုပ်မှရမယ်....မဟုတ်ရင် အဲ့ကလေးမလေးရဲ့ မိသားစုမှာ အန္တရယ်ရှိလာနိုင်တယ်..."


ရှအန်းက ကလေးမလေးကို သူမ၏သမီးအဖြစ် အသိအမှတ်ပြုရမည်လား မပြုရမည်လား မသိသေးပေ။ ထို့ကြောင့် ရှုထျန်းထျန်းကို ကလေးမလေးက သူမ၏သမီးအရင်းဖြစ်ကြောင်း မပြောပြလိုက်ပေ။


အန္တရာယ်ရှိနိုင်ကြောင်း ကြားလိုက်သည်နှင့် ရှုထျန်းထျန်းက ချက်ချင်း လေးနက်လာခဲ့သည်။


"ဟုတ်ကဲ့... ညီမနားလည်ပြီ..."


ရှအန်း၏ အမူအယာက ချက်ချင်းလက်ငင်း သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။


"ဒါပေမဲ့ ရှအန်းကျဲ... ရှကျင်းက ဆိုက်ဘာအဖွဲ့ပါခေါ်ပြီး အစ်မမှာ စပွန်ဆာရှိပါတယ်ဆိုပြီး နာမည်လိုက်ဖျက်နေတယ်... ညီမတို့ ဘာလုပ်ကြမလဲ.."


ထိုကိစ္စက သိပ်မကြီးလှပေ။


အဆုံးတွင် ရှအန်းက C.H၏ ဥက္ကဋ္ဌဖြစ်ကြပြီး ဖြေရှင်းချင်ပါက မိနစ်ပိုင်းမျှသာ ကြာမည်ဖြစ်သည်။


"ဘာလုပ်ရင်ကောင်းမလဲ...."

ရှအန်းက စုပ်သတ်လိုက်ပြီး လှောင်သလိုပြောလိုက်သည်။


"ကျဲ..ရှကုမ္ပဏီကိုဝယ်ပြီး ရှမိသားစုကို နိုင်ငံထဲက အပြီးအပိုင်ပျောက်ကွယ်သွားအောင် လုပ်ဖို့ အစီအစဉ်ဆွဲနေတယ်..."


မူလက ဒေဝါလီခံရအောင် လုပ်မည်ဟုတွေးခဲ့သည်။


သို့သော် ကုမ္ပဏီမှ ကျွမ်းကျင်သူများ၏ အဆိုအရ ရှကုမ္ပဏီကိုဝယ်လိုက်ပါက ပိုမိုအကျိုးများမည်ဖြစ်ကြောင်း သိခဲ့ရပေသည်။


"..."

ရှုထျန်းထျန်းက သူမ၏နတ်ဘုရားမက လွှမ်းမိုးချယ်လှယ်နိုင်လှသည်ဟု ရုတ်တရက်ကြီး ခံစားမိသွားရသည်။


"စပွန်ဆာရှိတယ်ဆိုတဲ့ ကောလဟာလအတွက်တော့ စိတ်ထဲထားမနေနဲ့... အချိန်ကျရင် ကျဲရဲ့ အထောက်အထားကို တိုက်ရိုက်ထုတ်ပြဖို့ အစီအစဉ်ရှိတယ်..."


သူမက စပွန်ဆာဆိုသည်နှင့် ပတ်သတ်ပြီး ကောလဟာလများကိုဖတ်ကာ အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။


ကံကောင်းစွာဖြင့် အချိန်မှန်ရောက်လာပြီဖြစ်၍ သူမ ထပ်မံအောင့်အီးသည်းခံရန် မလိုတော့ပေ။


အမှန်အတိုင်းပြောရလျှင် သူမက တစ်စုံတစ်ခုကို မြင်ချင်နေသေးသည်။

ရှကျင်းသာ ရှကုမ္ပဏီရဲ့ ဒေဝါလီခံရတဲ့အကြောင်းအရင်းက သူမကြောင့်မှန်းသိသွားရင် ဘယ်လိုတုန့်ပြန်လိမ့်မလဲ..


တွေးကြည့်ရုံဖြင့် စိတ်ဝင်စားစရာကောင်းလှသည်။


....


အင်တာနက်ပေါ်ရှိ သတင်းတုများက ရှအန်းကို ဘာမှမဖြစ်စေသော်လည်း တစ်စုံတစ်ယောက်ကိုတော့ စိတ်အနှောင့်အယှက်ဖြစ်စေသည်။


'ဦးလေးပဲပြောတော့ အဲ့လိုလုပ်ရင် မကောင်းတဲ့မိန်းမကို သင်ခန်းစာပေးပြီး မာမားကို ကူညီနိုင်မယ်ဆို... အခုကြ ဘာလို့ မာမားကိုပဲ ပြောဆိုနေကြတာလဲ...'


ထူးခြားဆန်းကျယ်သောလူကြီး '...'


'ခင်ဗျားက အသုံးမကျဘူး....'


ထူးခြားဆန်းကျယ်သောလူကြီး '...'


....


"ဘာ...ဘယ်သူ့ကိုမှ ရှာမတွေ့ဘူး ဟုတ်လား..."


မှုန်မှိုင်းမှိုင်းအခန်းထဲတွင် ရှကျင်းက သူမ၏ဖုန်းကို တင်းတင်းကြပ်ကြပ်ကိုင်ထားသည်။ သူမ၏ မျက်နှာက အရုပ်ဆိုးသွားပြီး ဒေါသသံများလည်း ထွက်ပေါ်လာသည်။


ရှအန်းထင်သလိုပင် အင်တာနက်ပေါ်တွင် ရှကျင်း၏ အတိတ်ဆိုးများကို အတင်ခံရသည်နှင့် ရှကျင်းက ရှအန်း၏ သမီးအရင်းကို သွားရှာခဲ့သည်။


ရှအန်း၏ သမီးအရင်းကို လူဆင်းရဲစုံတွဲမှ ကောက်ယူခဲ့သည်။ သူမ၏ ဒုက္ခပေးမှုကြောင့် ထိုစုံတွဲက ရှိသမျှငွေအကုန် ကုန်သွားရပြီး သူတို့၏သမီးနှင့် ရွာကိုပြန်သွားကြသည်။ သို့သော် ရှကျင်းက ထိုအချိန်မှစပြီး ရှအန်း၏သမီးအရင်းကို အာရုံပင် မစိုက့တော့ပေ။


သူမက ထိုစုံတွဲ၏ နာမည်ကိုပင် မသိချေ။


သူမက ရှအန်း၏သမီးက တောရွာတွင်နေထိုင်ရပြီး ခက်ခဲနေသည်ဟုသာသိသည်။ ၎င်းက လုံလောက်လေပြီ။ သူမဆက်လက်၍ စိတ်ထဲမထားတော့ပေ။


ထို့ကြောင့် ကလေးမ၏ နာမည်နှင့် မည်သည့်နေရာတွင် နေထိုင်သည်ကိုပင်မသိပေ။ သူမက ထိုကလေးမလေးကို အလေးအနက်ထားမနေခဲ့ပေ။


သို့သော် တစ်နေ့တွင် ထိုကလေးမကို ပြန်ရှာရမည်ဟု လုံးဝမထင်ခဲ့ပေ။


ထို့အပြင် သူမက အချက်အလက်များကို မမှတ်မိ၍ ရှာ၍မရပေ။


"ငါနင်ကို ဒီကိစ္စကို စုံစမ်းထားလို့ပြောတယ်လေ..."


ရှကျင်း၏လေသံထဲတွင် ဒေါသနှင့်အတူ စိတ်ပျက်လက်ပျက်ဖြစ်နေမှုတို့ ပြည့်နေသည်။


ရှကျင်းနှင့် ဖုန်းပြောနေသည့်လူမှာ ရှအန်း၏သမီးအကြောင်းစုံစမ်းရန် ရှကျင်းက ခိုင်းစေထားသူဖြစ်သည်။


ခြောက်နှစ် ခုနစ်နှစ်မျှကြာပြီဖြစ်၍ ထိုမိသားစုက မူလနေရာတွင် မနေကြတော့ပေ။


၎င်းက ရွာငယ်လေးသာဖြစ်၍ ရွာသားများကသိသင့်သော်လည်း သူထပ်မံသွားရောက်ပြီး စုံစမ်းသောအခါတွင် ဘာကိုမှ မတွေ့ခဲ့ပေ။


ရွာသားများက ထိုမိသားစု ဘယ်ပြောင်းသွားကြလဲမသိ၍ သဲလွန်စတို့က လမ်းစပျောက်သွားလေပြီ။


"သုံးစားလို့ကိုမရဘူး..."


ရှကျင်း ဒေါသတကြီး ဖုန်းချလိုက်သည်။


ဖုန်းကို ဘေးဘက်သို့ လွှင့်ပစ်လိုက်ပြီးနောက်တွင် ရှကျင်းက မသိစိတ်ဖြင့် လက်သည်းများကို ကိုက်မိပြန်သည်။


'ကလစ် ကလစ်'


သူမ လက်သည်းများကို ဆက်ကိုက်နေပြီး ယခုလက်ရှိ အဖြစ်အပျက်များက အဆိုးဘက်ကိုသာ ဦးတည်နေကြောင်း တွေးနေမိသည်။


ရှကျင်း မလွယ်ကူသလို ခံစားရပြီး ကြောက်နေလေသည်။ အခုလက်တလောတွင် သူမ၏ဘဝက အတော်လေးခက်ခဲလာလေပြီ။


အင်တာနက်ပေါ်တွင် သူမ၏ အတိတ်ဆိုးများအားလုံး ဖွင့်ချခံရ၍ ဖုမိသားစုက သူမအပေါ်ဆက်ဆံပုံမှာ ချက်ချင်းကြီး ပြောင်းလဲသွားခဲ့သည်။


သူမ၏ ယောက္ခမများနှင့် တွေ့သောအခါတွင် မျက်နှာပျက်ခဲ့ရလေသည်။


ပုံမှန်ဆိုလျှင် သူတို့က ဖုရှန်းသူမနှင့် ကွာရှင်းမည်ကို သဘောမတူညီကြပေ။ သို့သော် ယခုတော့ သူမ၏ ယောက္ခများမှာ ကွာရှင်းရန်ပင် အတင်းတိုက်တွန်းနေလေပြီ။


သူမနှင့် ခြောက်နှစ်ကြာ အတူနေခဲ့သော ယောက်ျားဖြစ်သည့် ဖုရှန်းကမူ အလွန်အမင်းကွာရှင်း ချင်နေလေပြီ။


ဖုရှန်းက သူမကို ညစ်ပတ်သည်ဟုတွေးနေကြောင်း ခံစားမိနေလေသည်။


သူမကလည်း ဖုရှန်းက အလွန်သဘောကျခြင်းမရှိပေ။


ရွံရှာစရာကိစ္စများစွာကို ကြုံခဲ့ရ၍ သူမက ယောက်ျားများကို အတော်လေး ရွံရှာလေသည်။


သူမ ဖုရှန်းနှင့်အတူ နေရခြင်းမှာ ရှအန်းပျော်နေသည်ကို မကြည့်ချင်၍ဖြစ်သည်။


ထို့အပြင် ဖုရှန်း၏ မိသားစုနောက်ခံက အလွန်ကောင်းလှသည်။ ဖုရှန်းအတွက် သူမ၏ ဆက်ဆံပေးမှုမှာ အချစ်စိတ်ဖြစ်သည်အထိ မရောက်ပေ။


သူမ ဂရုအစိုက်ဆုံးလူမှာ သူမ၏သမီးလေး အန်းချီသာဖြစ်သည်။


သူမ၏သမီးလေးက သူမ၏ကယ်တင်ရှင်လေး သူမ၏နတ်သမီးလေးဖြစ်သည်။


ကမ္ဘာပေါ်တွင်ရှိသမျှလူတိုင်းက သူမကိုစွန့်ပစ်နိုင်သော်လည်း သူမလေးတစ်ယောက်ကသာ သူမဘက်တွင်ရှိနေလျှင်ဖြစ်ပေသည်။


သို့သော် ယခုတွင် ဖုမိသားစုက သူမ၏သမီးလေးကို လုယူရန် ကြိုးစားနေကြလေပြီ။


သူမ၏ ရှက်ဖွယ်ကိစ္စများဖော်ထုတ်ခံလိုက်ရ၍ ရှမိသားစုက သူမက အရှက်မဲ့ပြီး မသန့်ရှင်းဘူးဟု ခံစားရ၍ သူမ၏သမီးလေးကို ခေါ်သွားကြခြင်းဖြစ်သည်။


'ကလစ် ကလစ်'


ရှကျင်း လက်သည်းဆက်ကိုက်နေသည်။ သူမ၏သမီးလေးကို မမြင်ရသည်မှာ နှစ်ရက်ပင် ရှိနေလေပြီ။


သူမ ချီချီကို ဘယ်လိုပြန်ယူရမလဲ...


ရှကျင်းစဉ်းစားနေချိန်တွင် ပုံရိပ်တစ်ခုက သူမရှေ့တွင် ပေါ်ထွက်လာပြီး သူမပါးစပ်ထဲတွင်ရှိနေသော လက်ကို ဖယ်ထုတ်လိုက်သည်။


"ကျင်းကျင်း... သမီးလေးရယ်... ဒီလိုတွေဖြစ်ရင်တောင် သမီးကိုယ်သမီးထိခိုက်အောင် လုပ်လို့မရဘူးလေ..."


ကျိုးလန်ဟွားက သူမရှေ့တွင် ပေါ်ထွက်လာသည်။


"အမေဘာလို့ ဒီကိုရောက်လာရတာလဲ..."


သူမအမေရောက်လာသည့် အကြောင်းအရင်းကို ခန့်မှန်းမိပေသည်။