အပိုင်း ၂၃၆
Viewers 29k

Chapter 236


ရှချန်းက ရှအန်းကိုကြည့်နေလိုက်သည်။


ထိုအချိန်တွင်ရှအန်းက အေးစက်နေသောမျက်နှာအမူအယာဖြင့် စာချုပ်တွင် လက်မှတ်ထိုးနေချိန်ဖြစ်သည်။


သူမကိုကြည့်ရသည်မှာ ထိုစာချုပ်က ဘာမှအရေးမပါသည့်အလားပင်။


အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့နှလုံးသားထဲမှ ခါးသီးမှုတို့ကို ဖိနှိပ်ကာ နောင်တတကြီးပြောလိုက်သည်။

"ရှအန်း... ငါတို့ရှမိသားစုရဲ့ လုပ်ငန်းစုက မင်းလက်ထဲရောက်သွားလိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူး..."


"ဒီလိုဖြစ်လာမယ်မှန်းသာသိရင် ငါတို့ရှမိသားစုက မင်းကို မွေးစားခဲ့မှာမဟုတ်ဘူး..."


ရှချန်း၏ နောင်တတကြီးဖြစ်နေသည့်လေသံကြောင့် ရှအန်းက လှောင်ပြောင်လိုက်သည်။

"ဘာလို့လဲ... ရှင်က ရှင်တို့ မွေးစားခဲ့လို့ ကျွန်မမှာ အကျိုးအမြတ်တွေရသွားတယ် ထင်တာလား..."


သူမသာ ကူးပြောင်းလာခဲ့ခြင်းမရှိလျှင် မူလကိုယ်မှာ သေနေလောက်ပြီဖြစ်သည်။


သူမသေရုံမျှမက သူမ၏သမီးအရင်းကိုလည်း ရှမိသားစုထံမှ သွယ်ဝိုက်၍အသတ်ခံရဦးမည်ဖြစ်သည်။


သို့သော် ရှအန်းက ရှချန်းနှင့်စကားပြောရန်ပင် ပျင်းရိနေလေသည်။ စာချုပ်တွင်လက်မှတ်ရေးထိုးပြီးသည်နှင့် ရှအန်းက လုံခြုံရေးများခြံရံလျက် ထွက်ခွာသွားခဲ့သည်။


"ဘုရားရေ.... C.Hနောက်ကွယ်က ဘော့စ်က ရှအန်းတဲ့လား..."


"Oh My God! အံ့ဩစရာကြီး..."


ရှအန်းထွက်ခွာသွားသည်နှင့် အချိန်ကြာ တည်ငြိမ်နေခဲ့သော မီဒီယာသမားများက စတင်ဆွေးနွေးလေတော့သည်။ သူတို့ ရှအန်းအကြောင်း ဆက်လက်ပြောဆိုကြလေသည်။


မကြာမီ ရှအန်းက လူရှာဖွေမှုအများဆုံးစာရင်းတွင် ဗိုလ်ဆွဲသွားပြန်သည်။


ဤတစ်ကြိမ်တွင် ဖျော်ဖြေရေးအသိုင်းအဝိုင်းနှင့်ပတ်သတ်သော အရာများကြောင့် လူရှာဖွေမှုအများဆုံးစာရင်းထဲ ဝင်လာခြင်းမဟုတ်ပဲ စီးပွားရေးကဝိ တစ်ယောက်ဖြစ်နေသော သတင်းကြောင့် လူရှာဖွေမှုအများဆုံးစာရင်းထဲ ဝင်သွားခြင်းဖြစ်သည်။


....


[ထိတ်လန့်စရာပဲဟေ့... ရှအန်းက C.Hရဲ့ ဥက္ကဋ္ဌတဲ့...]


[C.Hကုမ္ပဏီကို ရှအန်းက တည်ထောင်ခဲ့တာလား...မဖြစ်နိုင်တာ... သူ့လို စတားလေးတစ်ယောက်က C.Hလို ကုမ္ပဏီကြီးကို တည်ထောင်နိုင်ပါ့မလား...]


[ရှအန်းကို အရမ်းလှတယ်လို့ထင်ခဲ့တာ အခုတော့ စီးပွားရေးသမားတစ်ယောက်ရဲ့ အော်ရာနဲ့ဆိုတော့ ပိုတောင်လှလာသေးတယ်... သူမကိုကြည့်ရတာ တလက်လက်ကိုတောက်ပနေသလိုပဲ]


[ဘုရားရေ... ရှအန်းကတော့ တကယ့်ကို role modelတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တာပဲ..]


[ရှအန်းက C.Hရဲ့ ထုတ်ကုန်တွေအကုန်ကြော်ငြာပေးပြီး C.Hထုတ်ကုန်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်နေတာ မထူးဆန်းတော့ပါဘူး... ကုမ္ပဏီရဲ့ဘော့စ်ကိုယ်တိုင်က ကြေငြာပေးမှတော့ ပိုက်ဆံချွေတာနိုင်တာပေါ့...]


[C.Hရဲ့ပိုင်ရှင်က ရှအန်းကို စပွန်ဆာပေးနေတယ်လို့ပြောတဲ့လူတွေ လဲသေလို့ရပြီနော်... ရှအန်းမှာ ဘယ်သူ့ရွှေပေါင်လုံးကိုမှ ဖက်စရာမလိုတဲ့ အမျိုးသမီးဘော့စ်တစ်ယောက်ကွ]


[အိုး~ ရှအန်းနောက်ကွယ်မှာ C.Hကုမ္ပဏီပိုင်ရှင်ရှိတယ်တဲ့လေ ဟားဟားဟား.... ရယ်လိုက်ရတာ... သူတို့အဲ့လိုပြောကြေးဆိုတော့ နတ်ဘုရားမက သူ့ကိုယ်သူ စပွန်စာပေးနေတာပေါ့..]


[ရှက်စရာကြီးနော်.. အဲ့လူတွေ အခုထွက်လာပြီး တောင်းပန်ကြပါလား]


[အား.... ငါဘာမှဂရုမစိုက်နိုင်တော့ဘူး... ငါ့ရဲ့နတ်ဘုရားမက ဒီနေ့suitဝတ်ထားတာ အရမ်းမိုက်တာပဲ... ချစ်လိုက်တာနော်..]


[ငါတော့ ရှအန်း အကုန်လုံးကို ဘယ်လိုလုပ်ခဲ့လဲ သိချင်နေတာပဲ... စတားတစ်ယောက်အဖြစ် အောင်မြင်နေချိန်မှာ အရမ်းအလုပ်ရှုပ်နေမှာသေချာပေါက်ပဲ... ဒါကိုတောင် C.Hလို အံ့ဩစရာကုမ္ပဏီကြီးကို ထည်ထောင်လိုက်သေးတယ်... အရမ်းမိုက်တာပဲ...]


[C.Hကုမ္ပဏီကလည်း ဒီလိုအခြေအနေရောက်ဖို့ အချိန်ခဏပဲယူခဲ့ရတာနော်... ငါလည်းတကယ်သိချင်တာ... ရှအန်းက ဘယ်သူကြီးလဲ... တကယ့် ဉာဏ်ကြီးရှင်တစ်ယောက်လား]


[ရှအန်းက တကယ့်ကိုဉာဏ်ကြီးရှင်ပဲလေ.. ရှအန်း "Come on Challenger"မှာတုန်းက သူ့ရဲ့ဉာဏ်ရည်ကို ပြခဲ့တာ မှတ်မိတယ်မလား...]


...


ရှအန်းက C.H၏ ဥက္ကဋ္ဌဖြစ်ကြောင်း ဖော်ထုတ်ခံရပြီးနောက်တွင် အင်တာနက်ပေါ်တွင် ထိုအကြောင်းကို ပေါက်ကွဲလုမတတ် ဆွေးနွေးနေကြပြီဖြစ်သည်။


ကောမန့်များက မျိုးစုံနေပြီး ရှအန်းက ကုမ္ပဏီအကြီးစားကြီးကို တည်ထောင်ခဲ့ကြောင်း ထိတ်လန့်တကြားပြောဆိုနေကြသည်။ သူမက စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပေသည်။


အင်တာနက်ပေါ်တွင် မျိုးစုံသော ခံစားချက်တို့ပါဝင်သော ကောမန့်များ ပွထနေချိန်တွင် ရှမိသားစုတွင် စိတ်ရှုပ်ထွေးကာ ဒေါသထွက်နေကြလေသည်။


"ဒါအတုကြီးမလား.. ရှအန်းက ဘယ်လိုလုပ်ပြီး C.Hရဲ့ ပိုင်ရှင်ဖြစ်ရမှာလဲ... ပြီးတော့ သူက ငါတို့ကုမ္ပဏီကို ဝယ်လိုက်သေးတယ်..."


ကျိုးလန်ဟွားက သူမဖတ်မိသမျှကို မယုံနိုင်ဖြစ်နေသည်။ သူမက ရှအန်း C.H၏ ဥက္ကဋ္ဌဖြစ်နေကြောင်း လုံးဝမယုံနိုင်ပေ။


၎င်းက အမှန်သာဖြစ်ပါက ရှမိသားစုတွင် ဖြစ်ပျက်သမျှက ရှအန်း၏အစီအစဉ်များသာ ဖြစ်ပေရမည်။


"လန်ဟွား... အဲ့တာက အမှန်တွေပဲ... ရှအန်းက C.Hကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်နေတာ..."


ရှချန်းကိုယ်တိုင်ပင် မယုံနိုင်ဖြစ်နေသော်လည်း အမှန်တရားသာဖြစ်၍ သူ့ကိုယ်သူ လှည့်စား၍မရပေ။


"သူဘာလို့ ဒီလိုတွေ လုပ်ခဲ့ရတာလဲ... ကျွန်မတို့ရှမိသားစုက သူ့ကိုနှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးခဲ့တယ်... ကျွေးမွေးခဲ့တယ် အဆင့်မြင့်ပညာရေးကို သင်ယူစေခဲ့တယ်... သူကတော့ လက်စားချေတယ်တဲ့လား..."

ကျိုးလန်ဟွား၏မျက်နှာမှာ နီရဲလာတော့သည်။


"မျက်လုံးဖြူဝံပုလွေမ... မျက်လုံးဖြူဝံပုလွေမပဲ... သူက ဘယ်မျက်နှာနဲ့များ ကျွန်မတို့ ရှမိသားစုရဲ့ လုပ်ငန်းစုကို ယူရဲရတာလဲ.."


ကျိုးလန်ဟွားက အဖြစ်မှန်ကို လက်မခံနိုင်ပေ။ သူမက ရှအန်းရှေ့သို့သွားပြီး တိုက်ရိုက်သွားမေးရန် မစောင့်နိုင်တော့ချေ။


"သူက သေချာပေါက်ကို မျက်လုံးဖြူဝံပုလွေမပေါ့... ဒါပေမဲ့ အဲ့တာ ငါတို့သမီးရဲ့အမှားလေ... သူ့ကြောင့်သာမဟုတ်ရင် ရှအန်းက မျက်လုံးဖြူဝံပုလွေဆိုရင်တောင် ငါတို့ရှမိသားစုကို ပစ်မှတ်ထားပါ့မလား..."

ရှချန်းက အေးစက်စွာ မှတ်ချက်ချလိုက်သည်။


ရှအန်းက သူ့သမီးကြောင့် ဤအရာများကို လုပ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းနားလည်လေသည်။


"ယောက်ျား.. ရှင်ဘယ်လိုလုပ် ပြောရက်ရတာလဲ... ဒါတွေက ရှကျင်းနဲ့ ဘာဆိုင်လို့လဲ.. အဆုံးမှာ ရှအန်းကသာ ကျွန်မတို့ရဲ့ စည်းစိမ်တွေကို မျက်စိကျနေတဲ့လူလေ...."


...


ရှမိဘများ စကားများနေကြချိန်တွင် သူတို့သမီးက ပြဿနာအကြီးကြီးတက်နေပြီဖြစ်ကြောင်း မသိကြချေ။


ကံကောင်းစွာဖြင့် ဘေးဒုက္ခနှင့်မကြုံခင်တွင် ရှကျင်းက ရှအန်းက C..H၏ ဥက္ကဋ္ဌ ဖြစ်ကြောင်း သိသွားခဲ့သေးသည်။


အဆုံးတွင် ယခုအချိန်၌ C.Hက စောင့်ကြည့်ခံရဆုံး ကုမ္ပဏီတစ်ခုဖြစ်နေလေသည်။


ထို့အပြင် C.Hကလည်း စတားအကြီးစားတစ်ယောင်ဖြစ်သည်။


ထိုနှစ်ချက်က ပေါင်းစပ်သွားသောအခါတွင် လူတိုင်း အံ့အားသင့်သွားကြသည်။


"ဘယ်လိုဖြစ်နိုင်မှာလဲ...ရှအန်းက C.Hရဲ့ ဥက္ကဋ္ဌတဲ့လား...."


ထိုအချိန်တွင် ရှအန်းက C.H၏ ဥက္ကဋ္ဌဖြစ်ကြောင်း ဖတ်မိပြီးနောက်တွင် ရှေ့နေဆီမှ စာရသည်ထက် ပိုမိုဒေါသထွက်သွားခဲ့သည်။


သူမ၏စိတ်ထဲတွင် ရှအန်းက ကောင်းကောင်းမွန်မွန် မနေသင့်ကြောင်း ပြောလေသည်။


သူမထက် လုံးဝမသာသင့်ပေ။


ယခု ရှအန်း၏နောက်ခံနှင့်အတူ ရှအန်းက C.H၏ ဥက္ကဋ္ဌဖြစ်ပြီး ရှမိသားစု၏ ကုမ္ပဏီကိုဝယ်လိုက်ပြီး ရှမိသားစုကို အရှက်ရအောင်လုပ်လိုက်ကြောင်း သိလိုက်ရ၍ ရှကျင်း ငြိမ်ငြိမ်မနေနိုင်တော့ပေ။


သူမ သတင်းများအားလုံးကိုဖတ်ပြီးနောက်တွင် ရှအန်းကို ပြဿနာရှာလိုသော်လည်း မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသည်။


ရှအန်း၏ ရှေ့နေပေးပို့သည့် စာကိုလက်ခံရရှိပြီးနောက်တွင် ရှကျင်းက နယ်ခံရဲများထံမှ ဖမ်းဆီးခံလိုက်ရသည်။


သူမကို စောင့်နေသည့်အရာများမှာ ဥပဒေအရ တရားစီရင်ခံရခြင်းများသာဖြစ်သည်။