အပိုင်း ၂၃၉
Viewers 29k

Chapter 239


ရှအန်းက သူမ၏သားနှင့် စကားပြောပြီးနောက်တွင် သူမ၏သမီးအရင်းရှိရာမြို့ကို လေယာဉ်ပျံဖြင့် သွားလိုက်သည်။


မြို့ဟုပြောသော်လည်း တောင်တန်းများအနီးမှ နိုင်ငံငယ်လေးဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။


ထိုနေရာရှိ စီးပွားရေးလုပ်ငန်းများမှာ အတော်လေး တိုးတက်နေပြီဖြစ်သော်လည်း လေထုနှင့်ပတ်ဝန်းကျင်တို့မှာ ကောင်းမွန်နေဆဲဖြစ်သည်။


ထိုနိုင်ငံငယ်လေးထဲတွင် နေထိုင်ရသည့်ဘဝမှာ အတော်လေး သက်တောင့်သက်သာရှိလှပြီး သက်ကြီးရွယ်အိုများနေထိုင်ရန် အတောအလေးသင့်တော်လှသည်။


"ရှအန်းကျဲ... ရှောင်ရွှယ်ကို မွေးစားထားတဲ့ စုံတွဲမှာ အခုလက်ရှိ အတည်တကျအလုပ်မရှိကြသေးပါဘူး... ယောက်ျားက ကျူးတချင်းဖြစ်ပြီး ဆောက်လုပ်ရေးဆိုက်မှာ အလုပ်လုပ်နေပါတယ်.. မိန်းမက ဝမ်လန့်ကျီဖြစ်ပြီး စက်ရုပ်မှာ ယာယီဝန်ထမ်းလုပ်နေပါတယ်... သူတို့နှစ်ယောက်လုံးရဲ့ ဝင်ငွေက အတော်လေးနည်းပြီး မိသားစုသုံးယောက် စားဖို့ အနိုင်နိုင်ပါပဲ... ဒီနှစ်တွေထဲမှာ ပိုက်ဆံမစုနိုင်ခဲ့ပါဘူး..."


ရှုထျန်းထျန်းက ထိုမိသားစုအကြောင်း မိတ်ဆက်ပေးလိုက်သည်။


ရှအန်းက သူတို့၏အခြေအနေကို နားလည်လေသည်။


မူလပိုင်ရှင်၏ သမီးကို နှင်းများဝေနေသော နေ့တွင်တွေ့ခဲ့သဖြင့် ထိုစုံတွဲက သူမကို ကျူးပိုင်ရွှယ်ဟု နာမည်ပေးခဲ့လေသည်။

(ပိုင်=အဖြူရောင်၊ ရွှယ်=နှင်း)


ထိုနာမည်အတိုင်းပင် မူလပိုင်ရှင်၏သမီးက နတ်သမီးပုံပြင်များထဲမှ စနိုးဝှိုက်လေးလို ကြီးပြင်းလာခဲ့ရသည်။


သူမ၏ ဆံပင်များမှာ နက်မှောင်ပြီး အသားအရည်တို့မှာ နှင်းများလို ဖြူဖွေးလှသည်။ နှုတ်ခမ်းတို့မှာလည်း သွေးကဲ့သို့ နီနီရဲကာ သူမလေးက အလွန်လှပြီး ချစ်စဖွယ်ကောင်းပေသည်။


ထို့ကြောင့် သူမငယ်ငယ်ကတည်းက စနိုးဝှိုက်ဟူ၍ နာမည်ပြောင်လေး ရလာခဲ့သည်။


မူလပိုင်ရှင်၏သမီးက ဖုအန်းချီထက်ပင် လှသေးသည်။


မည်သိုပင်ဆိုစေ ရှအန်းက ရှကျင်းထက် အတော်လေးလှသဖြင့် မူလပိုင်ရှင်၏သမီးမှာ သာမန်သာသာ ဇာတ်လိုက်မထက် အပုံကြီးလှပေသည်။


သို့သော် ဖုအန်းချီက ဤစာအုပ်၏ ဇာတ်လိုက်မဖြစ်နေသည်။ သူမတွင် ရွှေလက်ချောင်းရှိပြီး အစားအသောက်ကောင်း အဝတ်အထည်ကောင်းတို့ကို ဖောဖောသီသီသုံးခဲ့ရသဖြင့် မူလပိုင်ရှင်၏သမီးထက် ပိုမိုကောင်းမွန်သည်မှာ ငြင်းမရပေ။


အရေးအကြီးအကြီးဆုံးအရာမှာ ဖုအန်းချီတွင် ဇာတ်လိုက်မ၏ ရောင်ခြည်စက်ဝန်းကြီးရှိပေသည်။ ထို့ကြောင့် ကျုးပိုင်ရွှယ်က မည်မျှပင် လှပနေပါစေ ဇာတ်လိုက်မ၏ ရောင်ခြည်စက်ဝန်းကြီးနှင့် ယှဉ်နိုင်ခြင်းမရှိပေ။


"ရှောင်ရွှယ်က အရမ်းတော်ကြီး လိမ္မာရေးခြားရှိတဲ့ ကလေးတစ်ယောက်ပါ... သူမလေးက ငယ်ငယ်ကတည်းက မိဘတွေအပေါ် သိတတ်လိမ္မာတယ်လို့ နာမည်ရှိတယ်လေ... သူက သူ့မိဘတွေအပေါ် အရမ်းရိုသေလေးစားတယ်... အခြားကလေးတွေက ကျောင်းဆင်းတာနဲ့ ကစားဖို့တွေးနေချိန် သူက သူ့မိဘတွေကို ကူညီပေးတယ်လေ..."


အမှန်အတိုင်းပြောရလျှင် ရှုထျန်းထျန်းက ရှအန်း၏သမီးအရင်းကို စောင့်ကြည့်နေချိန်တွင် မိခင်မေတ္တာတို့ပင် ယိုဖိတ်လာခဲ့ရသည်။


ပထမဆုံး ကျူးပိုင်ရွှယ်က ရှအန်း၏ ပုံတူကို ချွတ်ပြီးစွပ်ထားသော ကလေးတစ်ယောက်နှင့် တူနေပြီး အထူးသဖြင့် သူမက ဉာဏ်ကောင်းကာ လိမ္မာရေးခြားရှိပေသည်။ အိမ်တွင် သူမ၏မိဘများကို ကူညီလုပ်ကိုင်ပေးပြီး အလွန်ချစ်စဖွယ်ကောင်းလှသည်။


သူမက သူမ၏နတ်ဘုရားမက ကလေးကို ပြန်ခေါ်ဖို့ အစီအစဉ်မရှိကြောင်း ခန့်မှန်းမိ၍ ရှအန်း၏စိတ်ကို ပြောင်းလဲနိုင်ရန် ကလေးမလေး၏ ကောင်းကွက်များစွာကို ပြောပြခဲ့သည်။


စုံတွဲက ကျူးပိုင်ရွှယ်ကို အလွန်ချစ်ကြပြီး ကလေးမလေးကလည်း ထိုစုံတွဲ၏ မိခင်မေတ္တာနှင့် ဖခင်မေတ္တာတို့ကို ခံယူပြီး အချစ်ခံရပေသည်။


သို့သော် သူမက သူမ၏နတ်ဘုရားမက ထိုသို့မလုပ်ပဲ သူမ၏သမီးအရင်းကိုပင် ရွေးချယ်ခွင့်မပေးပဲ ကိုယ့်အမေအရင်းကိုယ် သိရမည့်အခွင့်အရေးကို မပေးပါက အတော်လေးမတရားဟု တွေးနေမိသည်။


ထို့အပြင် အလွန်လည်း ရက်စက်လှသည်။


အဆုံးတွင် သွေးက ရေထက်ပျစ်လေသည်။ စုံတွဲက ကျုးပိုင်ရွှယ်ကို အဖေရော အမေလိုပါ ချစ်သော်လည်း သူတို့က သူမ၏ မိဘအရင်းများမဟုတ်ကြပေ။


"ထျန်းထျန်းက တို့ကို သွေးအေးတယ်လို့ ထင်နေတာလား..."


ရှအန်းက ရှုထျန်းထျန်း၏ အတွေးများကို နားလည်ပေသည်။


"ညီမ... ညီမက ရှောင်ရွှယ်ကို သူ့ရဲ့အမေအရင်းကို သိသင့်တယ်လို့ ထင်မိတာပါ... ကျဲက သူ့ကို ကျဲနဲ့နေမလား အဲ့ဒီ့စုံတွဲနဲ့ နေမလားလို့ ရွေးချယ်ခိုင်းလို့ရတာပဲလေ..."


ရှုထျန်းထျန်းက နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။ သူမက သူမ၏ နတ်ဘုရားမကို စိတ်မပျက်စေချင်သော်လည်း သူမ၏ အတွေးများကို မပြောပြပဲ မနေနိုင်တော့ပေ။


ရှုထျန်းထျန်း၏ စကားများကိုကြားပြီး ရှအန်းက ခေါင်းငြိမ့်ပြလိုက်သည်။


"ညီမပြေတာ မှန်တာပေါ့... ဒါပေမဲ့ ထျန်းထျန်းရယ်... ခုနစ်နှစ်အရွယ်ကလေးမလေးတစ်ယောက်ကို သူနဲ့တစ်သက်လုံး အတူတူနေခဲ့တဲ့လူတွေက သူ့ရဲ့ မိဘတွေမဟုတ်ဘူးလို့ ပြောရမှာကို ရက်စက်တယ်လို့များ မထင်မိဘူးလား... သူရဲ့ တကယ့်အထောက်အထားအစစ်ကလည်း တရားမဝင်သမီးပါလို့ပြောရမှာလေ...အထူးသဖြင့် သူ့ရဲ့အမေအရင်းက သူ့ကိုမွေးစားထားတဲ့လူတွေထက်တောင် မိခင်မေတ္တာရော ဖခင်မေတ္တာပါ မပေးနိုင်ဘူးဆိုတာကိုရောပေါ့..."


ကျူးပိုင်ရွှယ်က သူမ၏သမီးအရင်းဟုဆိုသော်လည်း သူမဤကမ္ဘာကိုရောက်ကတည်းက ပထမဆုံးတွေ့ခဲ့ရသည့် ဆွေမျိုးမှာ ရှရှင်းချန်သာဖြစ်ပေသည်။


သူမဘက်က အခုမှတွေ့သော လူတစ်ယောက်အတွက် ခံစားချက်များ ပြောင်းလဲမပေးနိုင်ပေ။


"...."


ရှုထျန်းထျန်း တိတ်ဆိတ်သွားရသည်။


၎င်းက အတော်ကြီးကို ခက်ခဲသော ရွေးချယ်မှုပင်ဖြစ်သည်။


ကျိုးပိုင်ရွှယ်က ရှအန်းဆီပြန်ရောက်လာလျှင် ငွေကြေးဥစ္စာတို့ ပြတ်လပ်မည်မဟုတ်သည်မှာ မှန်ပေသည်။


သို့သော် ကျူးတချင်းနှင့် ဝမ်လန့်ကျီတို့၏ မိခင်မေတ္တာနှင့် ဖခင်မေတ္တာကို ဆုံးရှုံးရပေလိမ့်မည်။


နတ်ဘုရားမက အစ ကတည်းက မာကျောသောလူဖြစ်ပြီး အေးစက်ကာ ခံစားချက်မဲ့သူပင် ဖြစ်နေနိုင်သည်။


ကလေးမလေးက ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြပေသည်။


ရှအန်းက မိခင်ကောင်းတစ်ယောက် မဟုတ်သည်မှာ သိသာလှပေသည်။


"ညီမ မှားသွားတယ်..."


အတော်လေး စဉ်းစားပြီးနောက်တွင် ရှုထျန်းထျန်းက စိတ်မချမ်းမသာဖြစ်သွားရသည်။


သူမပင်လျှင် ပြီးပြည့်စုံသော နည်းလမ်းကို မရှာကြံနိုင်ပေ။


"အစ်မက ကျူးမိသားစုကို သူတို့ရဲ့ဘဝတွေ တိုးတက်ဖို့ တိတ်တိတ်ကလေး ပိုက်ဆံထောက်ပံ့မလို့ပဲ..ဒါဆိုရင် ရှောင်ရွှယ်က ကောင်းမွန်တဲ့ ဘဝလေးမှာ နေနိုင်မှာပေါ့..."

ရှအန်းက သူမ၏ အစီအစဉ်ကို ရှင်းပြလိုက်သည်။


ရှုထျန်းထျန်းက ခဏမျှငြိမ်သက်သွားသော်လည်း ခဏအကြာတွင် မဝံ့မရဲပြောလာသည်။

"ရှအန်းကျဲ.. ကျဲက ကိုယ့်သမီးအရင်းကို ပြန်ခေါ်ဖို့ အစီအစဉ်မရှိဘူးလားဟင်...သူ့ရဲ့မွေးစားမိဘတွေက သူ့ကို ချစ်ခြင်းမေတ္တာပေးနိုင်ပေမဲ့ ညီမဘယ်လိုပဲ လူပြိန်းတစ်ယောက်လိုစဉ်းစားနေပါစေ အစ်မနဲ့ နေတာက ပိုကောင်းတယ်လို့ပဲ အဖြေထွက်နေတယ်..."


ရှအန်းက အမေကောင်းတစ်ယောက်ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ သူမ၏ လက်ရှိ အခြေအနေနှင့် အရင်းအမြစ်များက သာမန်လူများထက် သာလွန်ပေသည်။


နတ်ဘုရားမက သူတို့ကို ချမ်းသာလာအောင် ငွေပေးနိုင်သည်။


သို့သော် ထိုစုံတွဲက မစီမံတတ်ပါက ဒုံရင်းက ဒုံရင်းသာဖြစ်ပြီး ချမ်းသာလာမည်မဟုတ်ပေ။


ထိုအခါတွင် သူတို့တွင် ပိုက်ဆံရှိမည်ဆိုသော်လည်း ကလေးတစ်ယောက်အတွက် ကြီးပြင်းလာရန် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ပြောင်းရွှေ့ပေးနိုင်မည် မဟုတ်ပေ။


ထိုစုံတွဲက ကျူးပိုင်ရွှယ်အပေါ် တကယ်ကောင်းသော်လည်း သူတို့လက်အောက်တွင် ကြီးပြင်းပါက ကလေး၏အမြင်မှာ အကန့်အသတ်နှင့်သာ ရှိပေလိမ့်မည်။


သူမသာ နတ်ဘုရားမနှင့်နေလျှင် ထိုသို့ဖြစ်မည် မဟုတ်ပေ။