အပိုင်း၄၉
Viewers 6k

🥰 Chapter 49 ✅


သစ်ပင်အကြီးကြီး၏အောက်တွင် အပြာနှင့်အနီရောထားသည့် လေးထောင့်အကွက် အခင်းကြီးရှိသည်။ အိမ်အကူများသည် အခင်းအောက်တွင် ရေစိုခံအခင်းတစ်ခုကို ဂရုတစိုက်ခင်းပေးနေကြပြီး ကူရှင်အများအပြားလဲ ထပ်ခံခင်းကာ သူတို့ သခင်မနှင့် သူငယ်ချင်းဖြစ်သူတို့အချိန်ကောင်းလေးဖြတ်သန်းနိုင်ရန် ပြင်ဆင်ပေးနေသည်။ 


ခြံထဲတွင် ပျော်ပွဲစားထွက်ခြင်းဖြစ်သော်လည်း မင်လျိုရီသည် စားစရာအများအပြားပြင်ဆင်ထားသည်။ ပျော်ပွဲစားခြင်းတောင်းလေးထဲတွင် လှပသော စားပွဲတင်ပစ္စည်းများနှင့်ပြည့်နေပြီး အလှဆင်ရန် တဲအိမ်အသေးစားလေးများနှင့် ပြည့်နှက်နေတော့သည်။ ပတ်ပတ်လည်တွင် ပူဖောင်းနှင့် ပန်းများလည်းရှိပြီး နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနှင့် လေထုကို ပြီးပြည့်စုံသွားစေသည်။ 


ထိုအရာများကိုမြင်ပြီးနောက် ယိုလင်လင်သည် ခြံထဲကိုလျှောက်မကြည့်တော့ဘဲ အခင်းပေါ်တွင်ထိုင်ကာ မင်လျိုရီပြန်အလာကို စောင့်ဆိုင်းနေလိုက်သည်။ အဝေးမှ ယောင်ကျိကျိုး၏ဝှီးချဲကိုတွန်းလာသော မင်လျိုရီအား လှမ်းမြင်လိုက်သည်နှင့် ယိုလင်လင်သည် အော်ပြောလိုက်သည်။ 


"လျိုရီ မြန်မြန်လာ ငါမစောင့်နိုင်တော့ဘူး" 


မင်လျိုရီလည်း ယိုလင်လင်ကို စောင့်မနေစေချင်သောကြောင့် သူမကိုယ်တိုင်မသိလိုက်ဘဲ အရှိန်ကိုမြှင့်မိလိုက်သည်။ ယိုလင်လင်သည် ယောင်ကျိကျိုး၏ခေါင်းပေါ်တွင် နေကာဦးထုပ်ကိုတွေ့သောအခါ ချက်ချင်းကို အံ့အားသင့်သွားတော့သည်။ ထိုအရာများသည် မြင်ကွင်းကိုရှုပ်သွားစေသောကြောင့် ယိုလင်လင်ကပြောလိုက်သည်။ 


"နင်ပြောတော့ သူ့ကိုလေကောင်းလေသန့်ရှူပြီး နေရောင်ခံဖို့ အပြင်ခေါ်လာတာဆို ဘာလို့ အများကြီးဖုံးအုပ်ထားတာလဲ ကပ်စီးနည်းလိုက်တာ နင့်ယောက်ျားမျက်နှာကို ငါကြည့်မှာစိုးလို့မလား" 


မင်လျိုရီ ရုတ်တရက်အပြစ်ရှိစိတ်များခံစားလိုက်ရသည်။ သူမက တကယ်လဲ ယောင်ကျိကျိုး၏ မျက်နှာကို ယိုလင်လင်မြင်သွားမှာ ကြောက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ယောင်ကျိကျိုး​၏ သဘောကိုမသိသောကြောင့်ပင်။ သူစိတ်ဆိုးသွားရင် ဘယ်နှယ့်လုပ်ကြမလဲ...


မင်လျိုရီက ရှင်းပြလိုက်သည်။ 


"မဟုတ်ပါဘူး သူ့အသားအရည်က sensitive ဖြစ်လို့ နေလောင်သွားမှာစိုးလို့ပါ...ဒီလိုလုပ်ထားမှ တော်ကာကျမှာ" 


ယိုလင်လင်သည် မင်လျိုရီ၏ အမူအရာကိုကြည့်ပြီး ယောင်ကျိကျိုး၏မျက်နှာကို တခြားလူမမြင်စေချင်မှန်း ခန့်မှန်းမိပြီးသားဖြစ်သည်။ မင်လျိုရီက ထိုသို့ပြောမှတော့ ထိုအတိုင်းပဲဖြစ်စေရမှာပေါ့။ 


ယိုလင်လင်က နှာရှုံ့ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ 


"နင်က ပျော်စရာကိုမကောင်းဘူး~"


မင်လျိုရီ စိတ်ထဲတွင် ဘယ်လိုမှမထားပေ။ သူမက ေယာင်ကျိကျိုးကို အခင်းပေါ်သို့ တွန်းသွားလိုက်ပြီး ယိုလင်လင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ 


ယိုလင်လင်က ချက်ချင်းသူမ​၏ဖုန်းကိုထုတ်ကာ မင်လျိုရီအား စိတ်လှုပ်ရှားနေသည့်အသံဖြင့်ပြောလိုက်သည်။ 


"ဒါ ငါတို့နှစ်ယောက်ရဲ့ ဒိတ်ပဲ ဓာတ်ပုံတူတူရိုက်ရအောင်" 


မင်လျိုရီက ယိုလင်လင်လုပ်သည့် ပို့စ်အတိုင်းကင်မရာရှေ့တွင် လုပ်လိုက်သည်။ သူတို့နှစ်ယောက်သည် ပန်းပွင့်လေးများအလား ပြုံးလိုက်ကြသည်။ ထိုအချိန်တွင် ရှောင်ဖန်းသည် အဝေးမှလျှောက်လာခဲ့ရာ သူမပုံသည် အလွန်ကိုစိုးရွံ့နေပုံပေါ်ပြီး အားယူကာမင်လျိုရီအားပြောလိုက်သည်။ 


"သခင်မ စာသင်မဲ့ဆရာရောက်နေပါတယ် အခုဧည့်ခန်းထဲမှာပါ" 


မင်လျိုရီသည် ဟဲယန်ဖုန့် စောစောရောက်လာမည်ဟုမထင်ခဲ့ရာ ကံကောင်းစွာဖြင့် သူတို့လည်း ဘာအစားအစာကိုမှ မထိရသေးပေ။ ထို့ကြောင့် သူမက ဟဲယန်ဖုန့်ကို နေ့လယ်စာအတူတူစားရန် ဖိတ်လိုက်လေသည်။ ယိုလင်လင်နှင့်လည်း သိပြီးသားဆိုတော့ နေရခက်စရာအကြောင်းမရှိပေ။ 


မင်လျိုရီက ချက်ချင်းပဲ ပြောလိုက်သည်။ 


"ဒါဖြင့် မစ္စတာဟဲ ကို ဒီမှာအတူလာစားဖို့မေးလိုက်ပါလား လင်လင်လည်း သူ့ကိုသိတယ်" 


ရှောင်ဖန်းက ခေါင်းငြိမ့်ကာ ပြန်ထွက်သွားတော့သည်။ သိပ်မကြာခင်မှာပင် ဟဲယန်ဖုန့်သည် သူမတို့ဆီသို့ လျှောက်လာလေသည်။ နွေရာသီ၏ အပူကြားတွင် သူ၏မျက်နှာအမူအရာသည် အေးစက်၍နေသည်။ ယိုလင်လင်က သူ့ကိုမြင်တော့ သူမလက်ကိုဝှေ့ရမ်းပြကာ ဟဲယန်ဖုန့်အား မြန်မြန်လာဖို့ အချက်ပြလိုက်သည်။ 


ဟဲယန်ဖုန့်သည် အနည်းငယ် အေးစက်ပြီး မဖော်ရွေသော်လည်း ယိုလင်လင်၏နွေးထွေးစွာကြိုဆိုမှုကိုဖြင့် မငြင်းပယ်နိုင်ပေ။ သူကိုယ်တိုင်ပင်မသိလိုက်ဘဲ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး ခုန်ပေါက်ကာလာခဲ့သည်။ ဟဲယန်ဖုန့်သည် သူကိုယ်တိုင်ပြုမူလိုက်သည့်အရာကိုပင် မယုံနိုင်ဖြစ်သွားရသည်။ သူ့အား တစ်စုံတစ်ယောက်မှ ထိုကဲ့သို့ နွေးနွေးထွေးထွေး မကြိုဆိုခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ 


သူက ထိုနှစ်ယောက်ဆီသို့ ပြေးလာလိုက်ပြီး ဝင်ထိုင်လိုက်လေသည်။ ဝင်ထိုင်လိုက်ချင်းချင်းပဲ ယိုလင်လင်သည် သူ့ဆီသို့ကိုလာအေးအေးလေးတစ်ဗူးကို ကမ်းပေးလိုက်သည်။ ဟဲယန်ဖုန့်ကို ကြည့်ကာ သူမက ပျော်ရွှင်စွာ ပြောလိုက်သည်။ 


"မတွေ့ရတာကြာတာတောင်မှ ချောမောနေတုန်းပဲနော်"


မင်လျိုရီလဲ ဘေးတွင်ထိုင်ကာ ဟဲယန်ဖုန့်အား အစားအစာများနှင့် အအေးများကို အားမနာဘဲ စိတ်ကြိုက်ယူစားရန် ပြောလိုက်သည်။ ထို့နောက် သူမက ယောင်ကျိကျိုးနှင့် ကျွီဖုန်းအတွက် သီးသန့်ပြင်ဆင်လာသည့် ကိုမာဝင်လူများသာ စားနိုင်သည့် နေ့လယ်စာဗူးများကို ထုတ်လိုက်ပြီး အဆင်သင့်ပြင်လိုက်သည်။ 


ယိုလင်လင်သည် ဗူးကိုယူကာ ဖွင့်ကြည့်လိုက်သည်။ 


"ဝါးး အရသာရှိမဲ့ပုံပဲ" 


ထို့နောက် မထိန်းနိုင်ဘဲမြည်းကြည့်လိုက်သည်။ မုန့်သည်အေးနေကာ ထူးခြားသည့်အရသာရှိသည်။ အပြင်မှာရောင်းတာတွေနှင့် ယှဥ်ကြည့်စရာပင်မလို

ပေ။ ယိုလင်လင်သည် နားရွက်ချိတ်မတက် ပြုံးကာပြောသည်။


"ဒါကအရမ်းအရသာရှိတာပဲ ကျွီဖုန်းစားပြီးရင် ငါလဲနည်းနည်းစားကြည့်မယ်" 


မင်လျိုရီပြုံးလိုက်သည်။ ယိုလင်လင်သည် အမှန်တကယ်ကို ကလေးစိတ်ရှိသူဖြစ်ပြီး ကျွီဖုန်းနဲ့ပင် လုစားနေလေသည်။ ထိုအရာများသည် ယောင်ကျိကျိုးနှင့် ကျွီဖုန်းအတွက်ဖြစ်သော်လည်း သူမအားလုံးအတွက်လဲ ပိုပြင်ဆင်ထားခဲ့သည်။


မင်လျိုရီက ပြုံးကာ ပြောလိုက်သည်။ 


"ဒါတွေက သူတို့အတွက် သီးသန့်ပြင်လာတာ ငါတို့အတွက်က ဟိုမှာရှိတယ် သစ်သီးတွေအပြည့်ပဲ...သူများဟာကို သွားမလုစားနဲ့တော့ ပြန်ရောက်ရင် အဲလိုဟာမျိုးစားကြမယ် အဲထက်တောင် အရသာရှိဦးမှာ" 



🥰