အပိုင်း၅၁
Viewers 5k

🥰 Chapter 51 ✅


ချွေးသုတ်ပြီးသွားသောအခါ မင်လျိုရီသည် တပတ်အပါးလေးတစ်ထည်ကို ယောင်ကျိကျိုး၏ ကျောနောက်တွင် ချွေးပြန်မစိုအောင်ခံထားပေးလိုက်သည်။ ထိုသို့အားလုံးပြုလုပ်ပြီးနောက် မင်လျိုရီသည် သက်ပြင်းချလိုက်ပြီး သူမခန္ဓာကိုယ်လဲသက်တောင့်သက်သာဖြစ်သွားသည်။ သို့သော် မင်လျိိုရီသည် ယောင်ကျိကျိုး၏ ကိုယ်အလေးချိန်ကို ထည့်မတွက်မိခဲ့ပေ။


မင်လျိုရီ စိတ်ကိုလျှော့ချလိုက်သည်နှင့် ယောင်ကျိကျိုး၏လေးလံသည့်ခန္ဓာကိုယ်က သူမအပေါ်သို့ပိကျလာသည့်အတွက် ရုတ်တရက်အော်မိသွားသည်။ သို့သော် မည်သူမှမတုန့်ပြန်လိုက်နိုင်ခင် သူမသည်မြေကြီးပေါ်ပြုတ်ကျသွားပြီး ယောင်ကျိကျိုးသည်လည်း ဒူးထောက်ရက်သား ပြုတ်ကျလာသည်။ 


ကံကောင်းသွားသည်မှာ ဝှီးချဲသည် တည်ငြိမ်နေသောကြောင့် ယောင်ကျိကျိုးသည် မြေပေါ်သို့ပြုတ်ကျမသွားခဲ့ပေ။ သူသာမြေပေါ်သို့ ခေါင်းနှင့်အရင် ကျသွားခဲ့လျှင် သေချာပေါက်ထိခိုက်မည်ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့်အဆင်ပြေခဲ့သည်။ 


ယိုလင်လင်သည် အနားသို့ရောက်လာကာ မင်လျိုရီကို ထူပေးလိုက်ပြီးစိုးရိမ်စွာပြောလာသည်။ 


"လျိုရီ ဘာဖြစ်သွားသေးလဲ" 


ဟဲယန်ဖုန့်သည် ယိုလင်လင်က မင်လျိုရီကို ကူညီပေးနေသောကြောင့် ယောင်ကျိကျိုးကို ကူညီရန်ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် မင်လျိုရီသည် ယောင်ကျိကျိုး၏မျက်နှာအကာမရှိတော့သည်ကို တွေ့သွားပြီး ချက်ချင်းပြောလိုက်သည်။


"သူ့ကိုမထိနဲ့ ငါလုပ်လိုက်မယ်"


ဟဲယန်ဖုန့်သည် သူမအသံကြောင့် လက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။ မင်လျိုရီက အမြန်ထကာ ယောင်ကျိကျိုးအားညင်သာစွာထူပေးပြီး စိုးရိမ်စွာဖြင့် အနားကပ်ကာရှင်းပြလိုက်သည်။ 


"ယောင်ကျိကျိုး ကျွန်မ မရည်ရွယ်ပါဘူး ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့နော်" 


ထိုသို့ပြောပြီး သူမက သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ သူကဇာတ်လိုက်တစ်ယောက်ပဲလေ အနာဂတ်မှာ သူသည် အင်အားကြီးမားလာမည်ဖြစ်သည်။ 


ယိုလင်လင်သည် မင်လျိုရီ၏လက်မောင်းတွင် ပွန်းပဲ့ရာကိုတွေ့ပြီး စိတ်ပူစွာအော်ပြောလိုက်သည်။ 


"လျိုရီ နင့်လက်မောင်းမှာခြစ်မိထားတယ် မြန်မြန် ဆေးထည့်ပြီးပိုးသန့်စင်လိုက်" 


ထို့နောက် သူမလက်မောင်းကို ယိုလင်လင်ကဆွဲယူလိုက်သည်။ အောက်တွင်အခင်းရှိသောကြောင့် သူမအတွက်ထိခိုက်မူနည်းသွားသည်။ ယိုလင်လင်က ဆေးသေတ္တာဗူးကိုယူလာပြီး မင်လျိုရီ​၏ဒဏ်ရာအားဆေးထည့်ကာ ပတ်တီးစီးပေးလိုက်သည်။


မင်လျိုရီသည် ထိုဒဏ်ရာကိုစိတ်ထဲမရှိပေ။ ဒဏ်ရာအသေးအဖွဲလေးလောက်က သူမအတွက်ကိစ္စမရှိပေ။ သူမသည် ထိုနှစ်ယောက်နှင့်အတူ အခင်းပေါ်တွင် ပြန်ထိုင်လိုက်ပြီး စားသောက်ရင်းစကားဆက်ပြောနေလိုက်သည်။ 


ယိုလင်လင်က တစ်ခုခုကိုတွေးမိသွားသည့်ပုံဖြင့် ရုတ်တရက်ထမေးလိုက်သည်။ 


"လျိုရီ နင်အင်္ဂလိပ်လို ကျွမ်းလား" 


မင်လျိုရီသည် ယခုအချိန်တွင် အင်္ဂလိပ်စာလေ့လာနေဆဲဖြစ်သောကြောင့် ကျွမ်းကျင်သည်ဟုသတ်မှတ်၍မရသေးသော်လည်း သူမသည်သင်လွယ်တတ်လွယ်သူဖြစ်သည်။ ထိုအရာက ချဲ့ကားပြောခြင်းမဟုတ်ပေ။ သူမဘေးတွင် သက်သေကြီးတစ်ယောက်လုံးရှိနေလေသည်။ 


မင်လျိုရီက ယုံကြည်မှုရှိစွာပြောလိုက်သည်။ 


"မသိဘူးလေ ဒါပေမဲ့ ငါကသင်ယူတာတော့မြန်တော့ သိချင်ရင် ငါ့ဆရာကိုမေးကြည့်ပေါ့" 


ဟဲယန်ဖုန့်က ဘေးမှခေါင်းငြိမ့်ပြလိုက်သည်။ မင်လျိုရီသည် အမှန်တကယ်ဥာဏ်ကောင်းပြီး သင်ယူလွယ်သူဖြစ်သည်။ တစ်ကြိမ်သာသင်ရသေးသော်လည်း မင်လျိုရီသည် အကုန်လုံးကိုမှတ်မိပြီး နောက်တစ်နေ့ စာမေးပွဲစစ်ကြည့်သောအခါ အမှားမရှိပေ။


မင်လျိုရီက စကားဆက်သည်။


"ငါအခု advanced lvl ရောက်နေပြီလေ ငါ့ရဲ့ပန်းတိုင်က နှစ်လအတွင်းပြည်ပကိုထွက်နိုင်ဖို့ပဲ" 


ဟဲယန်ဖုန့်သည် သူမ​၏ပြောဆိုချက်များမှာ မှန်ကန်ကြောင်း အမူအရာလုပ်ပြလိုက်သည်။ 

မင်လျိုရီ​၏ ယခုအခြေအနေသည် ပြည်ပထွက်မည်ဆိုလျင် သူမအတွက်ပြဿနာမရှိပေ။ ပြည်ပတွင် အချိန်ကြာနေထိုင်နိုင်ရန် မဖြစ်နိုင်သေးရုံသာဖြစ်သည်။ 


ဟဲယန်ဖုန့်က မတူညီစွာပြောလာသည်။ 


"ဟုတ်တာပေါ့ ရှော့ပင်ထွက်ဖို့အတွက် သွားချင်တာဆိုရင်တော့ ပြဿနာမရှိပါဘူး" 


မင်လျိုရီက ကို့ရို့ကားရားနိုင်စွာပြုံးမိသွားသည်။ သူမက အခုလေးတင် ဂုဏ်ယူဝင့်ကြွားစွာပြောပြနေတာကို သူကဖျက်ဆီးပစ်လိုက်တယ်ပေါ့... 


ဒါက အရမ်းကို မလေးစားရာကျမနေဘူးလား' 


သို့သော် မင်လျိုရီသည် ဘယ်တုန်းကမှ စာသေချာ မလေ့လာခဲ့ပေ။ ထို့ကြောင့် သူမတွင် ရှက်နေစရာမလို။ 


"ဒါပေါ့ လူတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာ အရင်သင်ယူပြီးမှ ကျန်တဲ့အရာတွေကို ဖြည်းဖြည်းချင်းသင်ယူတာပေါ့" 


ယိုလင်လင်သည် ထိုနှစ်ယောက်၏ စကားဝိုင်းအား နားမလည်ပါချေ။ 


'နေ့စဥ်စကားပြော အသုံးအနှုန်းတွေသိရင်တော်ပြီလေ သူကဘာကို ထပ်လေ့လာချင်သေးတာလဲ လျိုရီက ဒီနိုင်ငံမှာမနေတော့ဘူးလား'


ယိုလင်လင်သည် ရှုပ်ထွေးစွာမေးခွန်းထုတ်လိုက်သည်။ 


"လျိုရီ နင်ပြည်ပကိုအကြာကြီးခရီးထွက်ပြီး အဲ့မှာနေဖို့ ဆုံးဖြတ်ထားတာလား" 


မင်လျိုရီ သူမခေါင်းကို ခါလိုက်သည်။ ပြည်ပကိုသွားတာကကောင်းပေမဲ့ သူမနိုင်ငံမှာနေထိုင်တာလောက်တော့ ဘယ်ကောင်းပါ့မလဲ။ 


'အခုလို စာလေ့လာနိုင်သည့်အခွင့်အရေးက သူမဆီရောက်လာမှတော့ ဘာလို့ မဖမ်းဆုပ်ရမှာလဲ...'


သူမ ယခုလို စာကိုကြိုးကြိုးစားစား တစ်ခါမှမလုပ်ခဲ့ဖူးပေ။ မင်လျိုရီက နူးညံ့စွာပြောလိုက်သည်။ 


"မဟုတ်ပါဘူး ပြည်ပထွက်ပြီး စာလေ့လာရုံပါပဲ" 


ယိုလင်လင်၏ မျက်နှာတွင်ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ မင်လျိုရီသည် အခုကတည်းက ကျိကျ်တက်ချမ်းသာနေပြီးဖြစ်သော်လည်း ပြည်ပသို့ထွက်ကာ စာလေ့လာချင်နေသေးသည်။ ချမ်းသာသည့်လူတွေက ဒီထက်ပိုချမ်းသာချင်ကြပြီး ဆင်းရဲတဲ့သူတွေက တဖြည်းဖြည်း ပိုဆင်းရဲလာကြတာမထူးဆန်းတော့ပေ။ 


ယိုလင်လင်က ပြောလိုက်သည်။


"လျိုရီ နင်ကအခု ချမ်းသာနေတာတောင် ထပ်ကြိုးစားချင်နေသေးတယ် အရမ်းလေးစားဖို့ကောင်းတာပဲ...ငါနင့်ဆီက သင်ယူရမယ်" 


မင်လျိုရီ ကို့ယို့ကားယားပြုံးပြလိုက်သည်။ ဘာကိုကြိုးစားတာလဲ...သူမ နိုင်ငံခြားဘာသာစကားကို လေ့လာတယ်ဆိုတာက ယောင်ကျိကျိုးနိုးလာတာနဲ့ အထုတ်ဆွဲပြီး ပြည်ပကိုပြေးလို့ရအောင်ဖြစ်သည်။ ဒသို့သော်ယခုအခြေအနေသည် ထိုအကြောင်းအားပြောပြရန် အချိန်ကောင်းမဟုတ်ပေ။ 


မင်လျိုရီက မနေတတ်စွာ ပြောလိုက်သည်။ 


"နင်ငါ့ဆီက သင်ယူစရာမလိုပါဘူး လူတိုင်းမှာ မတူညီတဲ့ အကြံဥာဏ်တွေရှိကြတာပဲ" 



🥰